Friday, July 19, 2013

လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်ဘောက်ဂျာအား ဖမ်းဆီးခြင်း အပေါ် ကန့် ကွက်ခြင်း

July 19, 2013 at 7:37am

၁။ ၂၀၁၃ ခုနှစ် ဇူလိုင်လ(၁၈) ရက်နေ့ တွင် လူ့ အခွင့်အရေးလှုပ်ရှားတက်ကြွသော ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာ အားမြစ်ကြီးနားမြို့ ရှိ သူမ၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သတင်းရရှိပါသည်။ ဒေါ်ဘောက်ဂျာသည်ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးဖြစ်သောနိုင်ငံသား အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများ အဖွဲ့ (Civil Rights Defenders) ကဥပဒေအထောက်အကူပြု ကွန်ယက် (Legal Aid Network) ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူလျှက်ဆားဗီးယားနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ် များအား လေ့လာရေးခရီးစဉ်စီစဉ်ခဲ့ရာတွင်(ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၇ ရက် ၂၀၁၃ ခုနှစ်) အတွင်း   လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူတဦးအနေဖြင့် ပြည်တွင်းမှ ရှေ့နေ (၉) ဦး နှင့် အတူပါဝင်ခဲ့ သူဖြစ်သည်။


၂။   ဒေါ်ဘောက်ဂျာအား ဖမ်းဆီးသူ ရဲများက မည်သည့်အကြောင်းပြချက်ဖြင့်ဖမ်းဆီးသည်ကို မပြောကြောင်း သိရ သည်။ နိုင်ငံသားတဦးအား ရဲက မိမိ၏ ၂၄ နာရီ ချုပ်နှောင်ပိုင်ခွင့်ကိုကျော်လျှက် ဖမ်းဆီးမည် ဆိုပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၇၅(၁) အရ လူဖမ်းဝါးရမ်းပါရ မည့်အပြင် ကျင့်ထုံးပုဒ်မ (၈၀) အရ ဖမ်းဆီးရသည့်အကြောင်း ရင်းကို ပြောရန်တာဝန်ရှိသည်။လိုအပ်လျှင် ဖမ်ဝါးရမ်းကိုပြရပါမည်။ ဒေါ်ဘောက်ဂျာအားဖမ်းဆီးမှုမှာ ဥပဒေ နှင့်  ဆန့် ကျင်လျှက်ရှိသည်။ချက်ခြင်း ခြွင်းချက်မရှိ ပြန်လွှတ်ရန် တောင်းဆိုသည်။

၃။ ခိုင်လုံသော အကြောင်းတစုံတရာဖြင့်ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲဆိုရန် ရှိမည် ဆိုသော်လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၇၆) အရ ဖမ်းဆီးထားသူအား ခံဝန်ချုပ်ဖြင့် အချုပ်မှ လွှတ်ပေးခွင့် ရှိ သည်။ သို့မဟုတ် ကျင့်ထုံး ပုဒ်မ (၈၁) အရ ဖမ်းဆီးထားသူကို နှောင့်နှေးခြင်းမရှိဘဲ သက်ဆိုင်ရာတရားရုံးရှေ့ သို့ ခေါ်ဆောင်သွားရမည်။ ဖမ်း ၀ါးရမ်း အတည်ပြုသူ ရဲအရာရှိ သို့ မဟုတ် အခြားသူသည်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပြဌာန်းချက် နှစ်ရပ် အနက် တရပ်ရပ်ကို အမြန်ဆုံးဆောင်ရွက်ရန်အတိအလင်း တောင်းဆိုသည်။

၎။ ဒေါ်ဘောက်ဂျာအားဖမ်းဆီးပြီးနောက် မြန်မာနိုင်ငံတွင် တည်ဆဲဖြစ်သော ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပြဌာန်းချက်များနှင့် အညီဆောင်ရွက်ခြင်းမရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၉ မတရားတားဆီးကန့် ကွက်မှုနှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၄၀ မတရားချုပ်နှောင်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ဒေါ်ဘောက်ဂျာအားမတရားဖမ်းဆီးသူ မည်သူ့ ကို မဆို ဥပဒေကြောင်းအရ ပြန်လည် အရေးယူဆောင်ရွက်သွားမည်။

၅။ ၁၉၇၇ ခုနှစ်တွင်ကုလသမဂ္ဂက ချမှတ်အတည်ပြုခဲ့သည့် ဖမ်းဆီးချုပ်နှောင်ခံရသူများအပေါ် ဆက်ဆန်မှုနှင့် စပ်လျှဉ်း၍အနိမ့်ဆုံးစံထားရမည့် စည်းမျဉ်းများကို ကိုးကားလျှက် ဒေါ်ဘောက်ဂျာအား ဖမ်းဆီးထားစဉ်အတွင်းအောက်ပါ အခွင့်အရေးများ ပေးအပ်ရန် တောင်းဆိုသည်။

         (၁) ဖမ်းဆီးခံရပြီးနောက် ကျမ္မာရေးစစ်ဆေးခွင့် ရှိရမည်။
         (၂) မိသားစု နှင့် ဆက်သွယ်ခွင့်ရှိရမည်။
         (၃) ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့်၊လူမှုရေး ကူညီထောက်ပံ့ မှုများ ရယူခွင့်ရှိရမည်။
         (၄) ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလ အတွင်းသင့်တင့်လျှောက်ပတ်သော စား၊၀တ်၊ နေရေးကို စီစဉ် ဆောင်
              ရွက်ပေးရမည်။
         (၅) ရှေ့ နေ၊ ရှေ့ ရပ်နှင့် တိုင်ပင်ခွင့်ငှားရမ်းခွင့် ပေးရမည်။
         (၆) ဖမ်းဆီးချုပ်နှောင်ခံနေရစဉ်အတွင်းမည်သည့် ပုံစံနှင့်မျှ နှိပ်စက်ညှင်းပမ်းမှု မရှိရ။
         (၇) ပြစ်မှု ကျူးလွန်သူဖြစ်ကြောင်းတရားရုံးက မဆုံးဖြတ်မခြင်း အပြစ်ကင်းမဲ့သူ ဖြစ်ကြောင်း မှတ်ယူကာ
              ဖမ်းဆီးချုပ်နှောင်ထားသော အမှုစစ်ဆေးသောရဲအရာရှိများက ဖမ်းဆီးခံရသူအပေါ် ကောင်းမွန်စွာ
              ဆက်ဆန်ရမည်။
          (၈) အမြန်ဆုံး တရားရုံးတင် စစ်ဆေးခွင့်ရအောင်စီစဉ်ဆောင်ရွက်ပေးရမည်။

(၆) ဒေါ်ဘောက်ဂျာကဲ့သို့လူ့ အခွင့်အရေးလှုပ်ရှားတက်ကြွသူ တဦးအား တရားမဲ့ ဥပဒေမဲ့ အလွယ်တကူ ဖမ်းဆီးပြ ခြင်းမှာအခြား သာမန်ပြည်သူတရပ်လုံးအား ခြိမ်းခြောက်ခြင်းဖြစ်သည်။ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းအတွင်းမြေဧက နှစ်သိန်းနှစ်သောင်းကျော်အား ဦးဌေးမြင့်ပိုင်ဆိုင်သည့်ယုဇနကုမ္ပဏီက မတရားသိမ်းထားသည့် မြေမှုနှင့်  စပ်လျှဉ်း၍ မြေသိမ်းခံရသဖြင့် ပြန်လည်လှုပ်ရှားတောင်းဆိုတိုက်ပွဲဝင်နေသာဒေါ်ဘောက်ဂျာသော်လည်းကောင်း အခြားလယ်သမားများသော်လည်း ထိထိရောက်ရောက် ဆက်လက် တောင်းဆိုလှုပ်ရှားနိုင်ခြင်းမရှိတော့စေရန်ဟန့် တားလိုက်ခြင်းဖြစ်သည်။ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အသွင် ဆောင်စစ်အစိုးရကကချင်ပြည်နယ် လူထုနှင့် ကချင်ပြည်နယ်လူထုပိုင် မြေယာများအပေါ် မတရားဆက်လက် လက်ဝါး ကြီးအုပ်ချုပ်ကိုင်သုံးစွဲသွားရန် ခြေလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။

အသေးစိပ်သိလိုပါလျှင်

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေ အထောက်အကူပြုကွန်ယက် တည်ထောင်သူ                        နေ့ စွဲ။ ၂၀၁၃ ခုနှစ် ဇူလိုင်လ(၁၉) ရက်
ဖုံး (၄၆) (၀) ၇၆၁၁၅၆ ၂၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...