`` ညနှင့် လနှင့် ဘ၀နှင့်... ထပ်တူ...´´
ည.....
လ မရှိခဲ့လည်း ပြောင်းလဲခြင်းတွေမဖြစ်...
ဘာတစ်ခုမှ မဆန်းသစ်ပါဘူး....။
လ.....
ည မရှိလျှင်
ကြည်လင်ခြင်းကင်း
လှပခြင်း၊ အေးမြခြင်း၊ နူးညံ့ခြင်းတွေနဲ့
ချစ်ပုံပြင်တွေ ပျောက်ဆုံး
နောက်ဆုံး သုံးမရနိုင်တော့ဘူး.....။
ဘ၀.....
မှောင်မည်းနေတဲ့ ညမှာ
လမင်းလေး သာစေချင်ရဲ့.....
သာခဲ့လျှင်လည်း.... ကြာစေချင်လေရဲ့...။
ကြာခဲ့လျှင်လည်း... တည်တံ့စေချင်ရဲ့.....။
တည်တံ့ခဲ့လျှင်...
နောက်ဆုံးတော့
ပျောက်ဆုံးသွားမှာ ကြောက်နေရဦးမယ်...။
တစ်ခါတလေ သာတဲ့လကို
ဘ၀မှာ အမြတ်တနိုး
တန်ဘိုးတွေ ထားရင်း
မျှော်လင့်ခြင်းတွေနဲ့ ရှင်သန်။
တစ်ခါတစ်ခါတော့လည်း...
အမှတ်တရ ကျန်ရစ်
ဒဏ်ရာတွေကိုပဲ
ချစ်ဖြစ်၊ လွမ်းဖြစ်နေသေးတယ်...။
(ကွန်ဆူးမား)(၁၂-၇-၂၀၁၃)
0 comments:
Post a Comment