Saturday, July 20, 2013

ဘာသာစကားကို အထိရောက်ဆုံး ဖြစ်အောင် ဘယ်လိုအသုံးပြုမလဲ

Posted by Mr.Thinker on July 19, 2013 at 20:54 in သုတ/ရသ ဆောင်းပါး၊ကဗျာ နှင့် ကာတွန်းများ

နိဒါန်း

ဘာသာစကားဟာ ကျွန်တော်တို့အတွက် အစွမ်းထက်ဆုံး လက်နက်ကိရိယာတစ်ခု ဖြစ်ကောင်း
ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို နားလည်ဖို့အတွက် ဘာသာစကားကို နား
ထောင်ရာမှာ၊ ဖတ်မှတ်လေ့လာရာမှာသုံးပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ အတွေးခေါ်အယူဆတွေကိုထုတ်ဖော်ဆက်သွယ်ဖို့လည်း ပြောဆိုခြင်း၊ ရေးသားခြင်းဖြင့် ဘာသာစကားကို ကြားခံအဖြစ်သုံးရတာပါဘဲ။ အဲဒီတော့ တကယ်လို့သာ ခင်ဗျားဟာဘာသာစကားကို ထိထိရောက် အသုံးပြုနိုင်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်အကြောင်းကို ပိုပြီး နားလည်လာဖို့ အခွင့်လမ်းတွေများလာမှာဖြစ်သလို ခင်ဗျားရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့
လူတွေကလည်း ခင်ဗျားရဲ့ အတွေးအမြင်၊ လိုအပ်ချက်၊ ခံစားမှုတွေကို ပိုပြီးနားလည်လာမှာဖြစ်ပါတယ်။ ဒီတော့ ခင်ဗျား ဘာ ဆိုလိုတယ်၊ ဘာလိုအပ်တယ်ဆိုတာ သိရှိသွားကြလို့ ဆက်ဆံရေးလုပ်ငန်းနယ်ပယ်မှ အောင်မြင်မှုတွေ ပိုမိုရရှိဖို့ အခွင့်လမ်းတွေ များလာမှာ မုချပါဘဲ။



ဘာသာစကားကို သုံးနူန်းပုံလိုက်ပြီး အမျိုးမျိုးခွဲခြားလေ့လာကြပါတယ်။ ဥပမာ..formal..

အခန့်သုံး၊ စာသုံး၊ informal or colloquial အရပ်သုံး၊ အပေါ့သုံး၊ slang ဘန်းစကား စသည်

ဖြင့် ရှိပါတယ်။ ပြောဟန်အားဖြင့်လည်းခွဲခြားပါသေးတယ်။ ဥပမာ၊ pompous ကိုယ်ရည်သွေး

ပြောဟန်၊ conversational စကားပြောစမြည်ပြောဆိုဟန်၊ friendly ဖော်ရွေဟန်၊ direct

လိုရင်းတိုရှင်းပြောဟန်၊ impersonal ဖြစ်စဉ်ဦးစားပေးဟန်၊ stiff တင်းမာသည့်ဟန် စသည်တို့

ဖြစ်ပါတယ်။

ကဲ အခုတော့ ကျွန်တော်ကနေ ဘာသာစကား ထိရောက်စွာအသုံးပြုရာမှာ သုံးတဲ့ အလွန်အရေး

ပါတဲ့ ခွဲခြားပုံနည်းလမ်းတစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။

ဒါကတော့ "abstraction အထည်မဲ့ခြင်း" "concreteness" အကောင်အထည်ရှိခြင်း"

"generality အများနှင့်ဆိုင်၍ မတိကျခြင်း" "specificity အသေးစိတ်ဆန်၍ တိကျခြင်း"

ဆိုတဲ့ အမျိုးအစား နှစ်ခု အပြန်အလှန်အားဖြင့် လေးခု ခွဲခြား၍ လေ့လာခြင်းဖြစ်ပါတယ်။

ဘာသာစကားကို ဒီနှစ်မျိုးနဲ့ခွဲခြားလေ့လာခြင်းက ကျွန်တော်တို့ကို ဘယ်လို ဘာသာစကားဟာ

နားလည်ဖို့ လွယ်တယ်၊ ရှင်းတယ်၊ ဘယ်လိုဘာသာစကားဟာ နားလည်ဖို့ခက်တယ် ဆိုတာကို

သိရှိစေပါတယ်။ ဥပမာ ခင်ဗျားအသုံးပြုတဲ့ဘာသာစကားဟာ အကောင်ထည်မဲ့လေလေ၊ အများ

နဲ့ဆိုင်ပြီး မတိကျလေလေ၊ ခင်ဗျားရဲ့ဆိုလိုရင်းကို လူတွေသေချာနားလည်ဖို့ ခက်လေလေပါဘဲ။

အပြန်လှန်အားဖြင့် ခင်ဗျားရဲ့ပြောဟန်၊ ရေးဟန်ဟာ အကောင်အထည်ပြစကားလုံးတွေ၊ ဥပမာ

ထင်သာမြင်သာတဲ့စကားတွေများလေလေ၊ အသေးစိတ်ကျလေလေ ခင်ဗျားရဲ့ဆိုလိုရင်းပိုပြီး

ရှင်းလင်း လွယ်ကူလာလို့ လူတွေပိုနားလည်လေလေဖြစ်ပါတယ်။

ကဲတစ်ခုချင်းစီကို အသေးစိတ်လေ့လာကြည့်ရအောင်။

အကောင်အထည်မဲ့စကားနှင့် အကောင်အထည်ပြစကား

အကောင်ထည်မဲ့စကား Abstract terms

အကောင်အထည်မဲ့စကား ဆိုတာ ရုပ်ပုံသဏ္ဍန်မရှိဘဲ စိတ်ကူးအယူဆ၊ အတွေးအမြင်သက်သက်

ကိုဖော်ပြပြီး စိတ်နဲ့သာသိမြင်နိုင်တဲ့ abstract terms တွေကိုဆိုလိုတာဖြစ်ပါတယ်။

ဥပမာ၊ love ချစ်ခြင်းမေတ္တာ၊ success အောင်မြင်မှု၊ freedom လွတ်လပ်ခြင်း၊ good

ကောင်းသော၊ democracy ဒီမိုကရေစီ၊ communism ကွန်မြူနစ်ဝါဒ စတဲ့စကားလုံးမျိုးတွေ

များစွာပါတဲ့ ဘာသာစကားကို ဆိုလိုတာပါ။ ဒီစကားလုံးတွေကို ကြားရဖန်များလို့သာ ကျွန်တော်

တို့ နားလည်တယ်ထင်နေကြတာပါ၊ တကယ်တော့ သေချာရှင်းလင်းအောင် နားမလည်ပါဘူး။

တကယ်တော့ ဒီစကားလုံးအများစုရဲ့ အဓိပ္ပါယ်ဟာ တသတ်မှတ်တည်းရှိနေပါဘူး....

ဥပမာ love - ချစ်ခြင်းမေတ္တာ ဆိုတဲ့ စကားလုံးကို ကြည့်ပါ။ "Love" ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်

တို့ငယ်ငယ်ကလေးတည်းကလေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတုန်းက သဘော

ပေါက်ခဲ့တာနဲ့ အရွယ်ရောက်တော့ သဘောက်ပေါက်တဲ့အဓိပ္ပါယ်ကမတူတော့ဘူး။ တခါ အရွယ်

ရောက်ပြီးစနဲ့ ရင့်ကျက်လာတဲ့အခါ သဘောပေါက်ပုံကမတူပြန်ဘူး။ "Love is good" လို့ပြော

ရင်ရုတ်တရက်တော့ နားလည်ဖို့လွယ်တယ်ရှင်းတယ်ထင်ရပါတယ်၊ ဒါပေမဲ့ သေချာစဉ်းစားကြည့်

ရင်တော့ နောက်ကွယ်က အဓိပ္ပါယ်ဟာ အလွန်ကျယ်ပြန့်နေပြီးေ၀၀ါးသွားစေပါတယ်။ တစ်

ယောက်တည်းကိုဘဲ တစ်သက်လုံးချစ်တာကောင်းတယ်ပြောတာလား၊ တစ်ယောက် နဲ့မတဲ့

ရင် ခွဲပြီး နောက်တစ်ယောက်ထပ်ချစ်တာကောင်းတယ်ပြောတာလား၊ မိခင်အချစ်လား၊ ချစ်သူ

ချင်းအချစ်လား၊ စသည်ဖြင့် အဓိပ္ပါယ်များစွာပါဝင်နေပါတယ်။

ကဲနောက် တစ်လုံးဖြစ်တဲ့ freedom လွတ်လပ်ခြင်းကို ကြည့်ပါ။ "I want freedom" လို့ပြော

လိုက်ရင် နားလည်လွယ်တယ်ထင်ရပါတယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်တော့ မိန်းမနဲ့

ကွာရှင်းချင်လို့ပြောတာလား၊ ကိုယ်ပိုင်အလုပ် လုပ်ချင်လို့ပြောတာလား၊ တစ်ယောက်တည်း

အခန်းငှားနေချင်လို့ပြောတာလား မသေချာပါဘူး၊ အဓိပ္ပါယ်မတိကျဘူး။

ကဲစောစောကပြောခဲ့တဲ့ abstract terms တစ်ခုစီလည်း အလားတူပါဘဲ။ အဓိပ္ပါယ် အမျိုးမျိုး

ထွက်နိုင်တဲ့ အရည်သွေးတွေရှိနေလို့ မတိကျခြင်းကိုဆောင်နေပါတယ်။

ကဲဒီတော့ကိုယ့်ရဲ့ ဆိုလိုရင်းကို ရှင်းရှင်းသဘောပေါက်စေချင်ရင် ဒီလိုစကားလုံးမျိုးတွေကို သုံးတဲ့အခါ သတိထားဖို့လိုပါတယ်။ abstract terms တွေကိုချည်း ဆက်တိုက်ရှည်းလျားစွာ သုံးမယ်ဆိုရင်တော့ ခင်ဗျားရဲ့ဆိုလိုချက်ကို အများက ရှင်းရှင်း သဘောပေါက်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ ကိုယ့်ရဲ့စိတ်ကူး၊ အယူဆတွေကို သုံးတဲ့အခါ ဒီလို abstract terms တွေကို

သုံးရတာပါဘဲ။ ဒါပေမဲ့ သိထားရမှာက ဒီလိုစကားလုံးတွေဟာ ခင်ဗျားဆိုလိုရင်းကို တပါးသူ

ဒက်ခနဲ နားလည်သွားအောင် အကူညီမပေးနိုင်ဘူးဆိုတာဘာဘဲ။

အကောင်အထည်ပြစကား Concrete terms

အကောင်အထည်ပြစကားဆိုတာ ကတော့ စိတ်နဲ့မဟုတ်ဘဲ အခြားတိကျတဲ့ အမြင်၊ အကြား

စတဲ့ အာရုံများနဲ့ ကြားသိ ထိတွေ့နိုင်တဲ့ အရာဝတ္ထုများ၊ ဖြစ်ရပ်များကို ဖော်ပြတဲ့ စကားဖြစ်

ပါတယ်။

ဥပမာ၊ spoon, table, nose ring, mask, green, hot, walking စတဲ့စကားလုံးတွေပါဝင်

ပါတယ်။ ဥပမာ a spoon လို့ပြောလိုက်လို့ နားမလည်ရင် လက်ညိုးထိုးပြနိုင်တဲ့စကားလုံး

မျိုးပေါ့ဗျာ။ (freedom လိုစကားလုံးမျိုးကို ခင်ဗျားကို ကိုင်ပြလို့ ဆွဲခေါ်လာပြီးပြလို့မရဘူးလေ)

ဆိုခဲ့တဲ့ abstract terms တွေဟာ အခြေနေ၊ အချိန်အခါလိုက်ပြီး အဓိပ္ပါယ်ပြောင်းလဲတတ်ပေ

မဲ့ spoon လို concrete term မျိုးကတော့ မပြောင်းလဲတတ်ပါဘူး။ ဥပမာ spoon, puppy,

hot ဒီစကားလုံးတွေဟာ ထင်သာမြင်သာရှိသလို ကျွန်တော်တို့ငယ်ငယ်တုန်းက သိတဲ့အဓိပ္ပါယ်

နဲ့ ကြီးမှ သိတဲ့ အဓိပ္ပါယ်ကလည်း မကွာလှပါဘူး။

ဥပမာ၊ I want success. လို့ပြောလိုက်ရင် ခင်ဗျားဘယ်လို၊ ဘယ်အခြေနေ၊ ဘာကိုရည်ရွယ်

ပြောတယ်ဆိုတာမရှင်းလင်းပါဘူး။ ဒါပေမဲ့ I want a gold Rolex on my wrist and a

Mercedes in my driveway. လို့ပြောလိုက်ရင်တော့ ခင်ဗျားဆိုလိုတဲ့ success ဟာသေ

ချာရှင်းလင်းပြီးနားလည်ရလွယ်လာပါတယ်။

ဥပမာ နိုင်ငံရေးသမားတွေဟာ abstract terms တွေကို အသုံးများပါတယ်။ သူတို့သုံးပုံကတော့

''We'll direct all our resources to the satisfying needs of our constituents."

စသည်ဖြင့်ဖြစ်ပါတယ်။ မတိကျ မသေချာလှပါဘူး။ အောက်က concrete terms တွေကိုသုံးတဲ့

စာကြောင်းနဲ့ နိုင်းယှဉ်ကြည့်ပါ။

"I'' spend $ 10 million of your taxes on a new highway that will help my biggest campaign contributor."

ကဲ ဒီလောက်ဆိုရင် abstract terms နဲ့ concrete terms တို့ရဲ့ကွာခြားချက်ကို နားလည်

လောက်ပါပြီ။ စာရေးသားရာမှာဖြစ်စေ၊ စကားဆိုရမှာဖြစ်စေ ခင်ဗျား ဆိုလိုတာကို ဒက်ခနဲ

တဖက်သားနားလည်စေချင်ရင်တော့ ရှင်းပါတယ်၊ ခင်ဗျားဟာ abstract terms တွေကိုထက်

concrete terms တွေကို ဦးစားပေးသုံးရမှာမဟုတ်လား.......................

..............ကဲ နောက်ရက် ကျမှဘဲ generality နဲ့ specificity ဘယ်လိုကွားခြားသလဲဆိုတာ

တင်ပြတော့မယ်......ခုတော့နားကြပါစို့လာ....

(Southwest Tennessee Community College ရဲ့ အင်္ဂလိပ်စာဌာန၊ တွဲဖက်ပါမောက္ခ

ဆရာ John Friedlander ၏ဆောင်းပါးကို ကိုးကားပါသည်)

ဥက္ကာ

Read more: ဘာသာစကားကို အထိရောက်ဆုံး ဖြစ်အောင် ဘယ်လိုအသုံးပြုမလဲ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A915362&xgs=1&xg_source=msg_share_topic#ixzz2ZdFnQpmc

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...