Friday, December 14, 2012

Nuremberg Laws on Reich Citizenship, 1935 = Union of Bumar Citizenship Acts, 1982


by U U Mhaw Sayar on Friday, December 14, 2012 at 1:00am 

(မြန်မာသံတော်ဆင့် သတင်းစာမျက်နှာမှ)

သွေးနဲ့စပ်ပြီးတော့ နိုင်ငံသားဖြစ်ခွင့် ဆုံးဖြတ်တယ်ဆိုတာကို မိတ်ဆွေတို့ ဘယ်လိုနားလည်ကြသလဲဗျို့.. မြန်မာနိုင်ငံဟာ သွေးနဲ့ ဆုံးဖြတ်တဲ့နိုင်ငံဖြစ်တယ်လို့ ဦးခင်ရီက ပြောလိုက်ပါပြီ ။ ဒီလိုဆုံးဖြတ်တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ် တဲ့။ လုပ်ချလိုက်ပြန်ပြီ ၀န်ကြီးရာ ။ အခန့်မသင့်ရင် ကျနော် မှော်ဆရာလည်း ယိုးဒယားလူမျိုးအဖြစ် ကျမ်းကျိန်စရာမလိုဘဲ လူမျိုးပြောင်းခံရပြီး မောင်းထုတ်နေမှဖြင့ှ် ဒုက္ခ..
ကျနော်သိသလောက် နိုင်ငံအများစုမှာ နိုင်ငံသားအဖြစ် စဉ်းစားတဲ့အခါ ထိုပုဂ္ဂိုလ်မွေးဖွားရာ နိုင်ငံ (jus Soli) ဒါမှမဟုတ် ထိုပုဂ္ဂိုလ်မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသား ဖြစ်မှု (jus sanguinis) ဥပဒေတွေအပြင်၊ မျိုးဆက်နဲ့ စဉ်းစားတာတွေလည်း ရှိပါတယ်။ ဦးခင်ရီပြောသလိုသာဆိုရင် ဘယ်သူနဲ့မှသွေးမနှောဘဲ လူမျိုးတစ်စုထဲ သီးသန့်ကြီး ရှိနေသလားဆိုတာ သိရအောင် ၀န်ကြီးမင်းကိုပဲ အရင်ဆုံး စစ်ဆေးကြည့်သင့် တယ်။ တမျိုးတော့ မထင်လိုက်ပါနဲ့။ တိုင်းပြည်အကျိုးအတွက် မို့ပါ .. ၀န်ကြီးမင်းရဲ့ အပြင်ပန်းသဏ္ဍာန်ကို ကြည့်ရင် အသားရောင်က Indian နဲ့ ပိုနီးစပ်ပေမဲ့၊ မျက်လုံးကတော့ Chinese.. အဲ စိတ်ဓါတ်ကတော့ မြန်မာ မှ မြန်မာ ပဲ။ ဒီတော့ သေချာအောင် ၀န်ကြီးမင်းက စ ပြီး မျိုးဆက်သွေးကိုစစ်ကြည့်တာ ပိုကောင်းလိမ့်မယ်။

တော်ကြာ ၁၉၇၈ ခုနှစ်က ရိုဟင်ဂျာတွေကို ကမ္ဘာကျော်သွားအောင် လုပ်ပေးခဲ့တဲ့ နဂါးမင်းစစ်ဆင်ရေးကို အစအဆုံးအဓိကဦးစီးပြီး မွတ်ဆလင်တွေကိုနှိပ်ကွပ်မောင်းနှင်ခဲ့တဲ့ ရခိုင်ပြည်နယ်ကောင်စီဥက္ကဌဟောင်း ဗိုလ်မှုး ကျော်မောင် လို ဖြစ်နေပါဦးမယ်။ ဗိုလ်မှုးကျော်မောင် နဲ့ သူ့မိန်းမ နှစ်ယောက်လုံးက တကယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ.. ၊ ၁၉၉၀ ရွေကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့ နိုင်ငံသား အစစ်ဆေးခံတဲ့အခါကျမှ ဘင်္ဂါလီရခိုင်စစ်စစ်ကြီး ဖြစ်တယ်ဆိုတာပေါ်သွားလို့ ၀င်ပြိုင်ခွင့် မရခဲ့ဘူးလေ..။
ကျနော်တို့ ပြည်သူတွေဆိုတာ ၀န်ကြီးမင်းလို ဒီကိစ္စနဲ့ပက်သက်ပြီး professional မဟုတ်တော့ ကမ္ဘာပေါ်မှာ အဲဒီလို သွေးနဲ့နိုင်ငံသားဖြစ် မဖြစ်ဆုံးဖြတ်တဲ့ နိုင်ငံ တကယ်ရှိလား ၊ မရှိဘူးလား ဆိုတာ မသိဘူးပေါ့.. ဒါပေမဲ့ သေချာသိတာတစ်ခုတော့ ရှိတယ်ဗျ ။ နာဇီပါတီအာဏာရလာပြီးနောက် ဂျူးလူမျိုးတွေကို ခွဲခြားနှိပ်ကွပ် ဆက်ဆံဖို့အတွက်ရည်ရွယ်ပြီး ခုဝန်ကြီးမင်းပြောသလိုပဲ သွေးနဲ့ နိုင်ငံသားဖြစ် မဖြစ် ဆုံးဖြတ်တဲ့လို့ ဥပဒေအသစ် ထုတ်ခဲ့ပါတယ်ဗျ ။ ကျနော်တို့ နိုင်ငံသားဥပဒေက နာဇီဥပဒေနဲ့ တူနေတာ ဂုဏ်ယူစရာပဲနော် ၀န်ကြီး .. ။ အဲဒီဥပဒေထွက်လာပြီး ယခင်ထဲကရှိနေတဲ့ ဂျူးတွေဟာ ဒုတိယတန်းစားနိုင်ငံသားတွေ ဖြစ်သွားပြီး တဖြေးဖြေး နဲ့ အစိုးရ၀န်ထမ်း ဖြစ်ခွင့်တွေ ၊ ပညာသင်ကြားခွင့်တွေ ပိတ်ပင်ခံလာရပါတယ်။ နောက်ဆုံး စစ်ကြီး ဖြစ်လာ တော့ အခွင့်ကောင်းယူပြီး ရက်စက်စွာ genocide လုပ်တာပါ ခံခဲ့ရပါတော့တယ်။ ဒါတွေလဲ ၀န်ကြီးမင်း သိပြီးသားတွေပါ။


Nuremberg Laws on Reich Citizenship, 1935 = Union of Bumar Citizenship Acts, 1982

နောက်ပြီး ဟင်္သာစီမံချက်တွေ ၊ နဂါးမင်းစစ်ဆင်ရေးတွေ အကြောင်းထည့်ပြောသွားတော့ အဲဒီတုန်းက နိုင်ငံခြားသားဘင်္ဂါလီတွေများ ရောပြီးဝင်ရောက်လာသေးလားလို့ ကျနော်လည်း မဆီမဆိုင်စိုးရိမ်စွာနဲ့ ပြန်လေ့လာကြည့်မိပါတယ်။ အဲဒီတော့မှ ၀န်ကြီးမင်းတို့က ကျနော်တို့ရဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး လိမ်ညာရက်တယ်လို့ ၀မ်းနည်းပက်လက် ဖြစ်သွားရပါတော့တယ် .. ။ ကြည့်ပါဦး။ အဲဒီတုန်းက မြန်မာစစ်တပ်ရဲ့ ဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့သူတွေကို ပြန်လက်ခံတဲ့အခါမှာ ရိုဟင်ဂျာလူမျိုးများအဖြစ် လက်ခံ ခဲ့တာတဲ့ ။ ဒါနဲ့များ အဲဒီနာမည်နဲ့လူမျိုး တခါမှမရှိပါဘူး၊ ဒီကလူတွေ မဟုတ်ပါဘူးနဲ့ ခု တမျိုး တော်ကြာတမျိုးနဲ့ အရူးချီးပန်းလျောက်ပြောရင်း လူထုကို အိပ်မက်တွေပေးပြီး အပျော်ကြံခဲ့တာပေါ့လို့ သဘောပေါက်လိုက်ပါတယ်ခင်ဗျာ ..။

(ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူများကို ဟင်္သာစီမံချက်ဖြင့် ပြန်လက်ခံခဲ့သော သက်သေခံစာ)

ကဲဗျာ.အချိန်မရှိသေးလို့လောလောဆယ် ဒီလောက်ပဲ။ ဆက်လာပါဦးမယ် ။ stateless ဆိုတာ ဘာလဲ။ ဘယ်လိုကြောင့် stateless persons တွေ ဖြစ်လာတာလဲ ။ Rohingya ဟာ ဘယ်လို stateless မျိုးလဲ။ UNHCR မဟာမင်းကြီးက ဦးသိန်းစိန်ရဲ့ စကားကို ဘာကြောင့် ပယ်ချခဲ့တာလဲ။ တွေးစရာတွေ သိချင်စရာတွေ အများကြီး .. အဲဒါတွေကိုသိထားမှ လက်တွေ့ကျတဲ့အဖြေကို အကောင်းဆုံးပံ့ပိုးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။


ဦးဦး မှော်ဆရာ
(၁၄.၁၂.၂၀၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...