သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၁၂)
သစ်ထူးလွင်
|
- မြင်းခြံဆန္ဒထုတ်ဖော်မှု ဦးဆောင်သူနှင့် ဗ.က.သများအား အာမခံဖြင့် ပြန်လွှတ်
- ကျပ် ၁ သိန်းခွဲအောက် ၃ ဂျီ ဖုန်းတွေ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြန့်မယ်
- အသုံးအနှုန်းကို မနှစ်သက်၍ အောင်မှိုင်းဆန်းနှင့်အဖွဲ့ အာမခံယူရန်ငြင်းဆန်
- ငါးပိရည်မှာ ဓာတ်မြေဩဇာထည့်ခြင်း ရှိ၊ မရှိ FDA စစ်ဆေးမည်
- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည့် နေရာတွင် အသေးစား ပေါက်ကွဲမူ တစ်ခုဖြစ်ပွား၊ အဖွဲ့ ချုပ် အမျိုးသမီးအဖွဲ့ ဝင်သုံးဦး ဒဏ်ရာရ
- အဖမ်းအဆီး အစစ်အဆေးများစတင်
- ဆွီဒင်လက်နက် မြန်မာလက်ထဲရောက်သွားမှု ရှင်းလင်းဖို့ အိန္ဒိယကို တောင်းဆို
- စစ်တပ်က သိမ်းထားသော ဂွမြို့နယ်မှ လယ်ဧက ၁၀၀၀ ကို ပြည်ထောင်စု လွှတ်တော်က စစ်ဆေး
- နိုင်ငံတွင်းရှိ စားသောက်ကုန်ပစ္စည်း ၈၀ ရာခိုင်နှုန်းတွင် ဓာတုအဆိပ်သင့် ပစ္စည်းများ ပါဝင်
- KIO ဌာနချုပ် အနီး တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်များသုံး တိုက်ခိုက်
- မိုဘိုင်းအင်တာနက်အသုံးပြုခများ
ကို တက္ကသိုလ်ကျောင်းသားများအတွက် သီးသန့်လျှော့ချပေးမည် - တိုင်ကြားမှုအများဆုံးရှိသည့် ချောင်းသာသို့ မြေယာစုံစမ်းရေးကော်မရှင်ရောက်
ရှိစစ်ဆေး - ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် HR Journal အမှတ်စဉ် (173)
- ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁၆
- မြ၀တီတွင် ကလို့ထူးဘော(ကရင်အမျိုးသားတပ်မေ
တာ်)မှ ဆန္ဒထုတ်ဖော် - တန်ဖိုးနည်3းG မိုဘိုင်းဖုန်းများမကြာမီရော
င်းချပေးတော့မည် - မြန်မာ့လေကြောင်းမှ ဖော်ကာ F-28 လေယာဉ် ထားဝယ်လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့
- ဆန္ဒထုတ်ဖော်သူတွေအဖမ်းခံရ (အသံဖိုင်)
- ဒီဇင်ဘာလ(၁၅)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ် ... Vol-1,No-40
- ဒီမိုကရေစီ ဖော်ဆောင်ရေး စစ်တပ်ဟန့်တား
- အစိုးရကနေ တောင်းပန်ဖို့ ရွှေညဝါပန်ကြား
- အင်တာနက် ထိန်းချုပ်ရေး အငြင်းပွားဆဲ
- အမျိုးသား ပြန်လည်သင့်မြတ်ရေး မျှော်လေလေဝေး
- ပြည်ခိုင်ဖြိုးမှ အန်အယ်လ်ဒီသို့ အလှူငွေပေးအပ်
- ဒီဇင်ဘာလ(၁၇)ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၃၁)
Posted: 14 Dec 2012 04:46 AM PST
လက်ပံတောင်းတောင် အရေး ဆန္ဒပြခဲ့သည့် မြင်းခြံမြို့နယ် ဗ.က.သ အဖွဲ့ဝင်များနှင့် ဦးဆောင်သူများ ကို စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)ဖြင့် တရားစွဲ ဆိုမှုပြုလုပ်၍ အာမခံဖြင့် ပြန်လည် လွှတ်ပေး လိုက်ပြီဖြစ်သည်။ ထိုအာမခံ ပြုလုပ်မှုတွင် လူပုဂ္ဂိုလ်(၂)ဦးမှ ပိုင်ဆိုင်မှု (၅)သိန်းရှိသည့် အထောက်အထားပြကာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Dec 2012 04:36 AM PST
ကျနော်တို့ အခု ဈေးနှုန်းတွေ တဆင့်ပြီးတဆင့် လျော့ချနေတော့ လာမယ့် ဒီဇင်ဘာ အကုန် ဇန်န၀ါရီ လဆန်းပိုင်း မှာတော့ ကျနော်တို့ ၁ သိန်းခွဲနဲ့ အောက်ကို ရောင်းနိုင်မှာ ဖြစ်ပါတယ်။ ဇန်န၀ါရီ လလောက်မှာ ရောင်းနိုင် မယ်လို့ မှန်းပါတယ်။ ၅၀၀၀ တန် ကိစ္စကတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Dec 2012 04:04 AM PST
အာမခံ ခံဝန် လက်မှတ် ရေးထိုးရာ စာရွက်ပေါ်၌ သုံးနှုန်းထားသော အသုံးအနှုန်း များအား မနှစ်သက်၍ အာမခံယူရန် ငြင်းဆန် ရခြင်း ဖြစ်သည်ဟု ဗကသ ကျောင်းသား အောင်မှိုင်းဆန်းက သီးသန့်ပြောကြား လိုက်သည်။ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် တရားရုံးမှ ပြန်လည် ခေါ်ထုတ်လာစဉ် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေး ယူခြင်းခံထားရသူ အောင်မှိုင်းဆန်းက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Dec 2012 03:47 AM PST
မြန်မာပြည်သူ အများ စားသုံးကြတဲ့ ငါးပိရည်မှာ ဓာတ်မြေဩဇာတွေ ထည့်သွင်း ပြုလုပ်ခြင်း ရှိ၊ မရှိ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန(အက်ဖ်ဒီအေ)က စစ်ဆေးဖို့ လုပ်နေပြီလို့ အဲဒီဌာနက ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။ ပြည်တွင်း ဂျာနယ်တချို့မှာ ငါးပိရည် ပြုလုပ်ရာမှာ ဈေးကွက်ထဲကို မြန်မြန် ရောက်စေဖို့ စိုက်ပျိုးရေးလုပ်ငန်းသုံး ယူရီးယား ဓာတ်မြေဩဇာ ထည့်သွင်း အသုံးပြုနေတယ်လို့----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Dec 2012 03:38 AM PST
မြိတ်ခရိုင် ကျွန်းစုမြို့ နယ် ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် စင်အား သန့် ရှင်းရေး ပြုလုပ်နေစဉ် ပေါက်ကွဲမူအ သေးစားတစ်ခု ယနေ့ သုံးနာရီအ ချိန်တွင် ဖြစ်ပွားခဲ့သည်။
သန့် ရှင်းရေး ပြုလုပ် နေသူများမှ ကန်မော်ကျေး၇ွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် သုံးဦး ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 14 Dec 2012 12:45 AM PST
လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်းတဲ့ အပေါ် မကျေနပ်တဲ့ အထွေထွေ သပိတ် စတင်ပြီး နောက်တရက် ဒီဇင်ဘာ ၁၃ ရက်နေ့ ညမှာ အစိုးရဘက်က ဒီသပိတ်မှာ ပါဝင် ပတ်သက်သူ ကျောင်းသားနဲ့ အရပ်သားတွေကို စတင်ခေါ်ယူ စစ်မေးနေပါပြီ။။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၃ ရက် ညက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုအောင်မှိုင်းဆန်းကို အမှတ် ၁၀ ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဗကသ ကျောင်းသားတဦးက ပြောပါတယ်။ ည ၈ နာရီ ၁၅ မိနစ်မှာတော့ မဟာအောင်မြေမြို့နယ် နယ်မြေခံနယ်ထိန်းရဲက ကုန်ဈေးနှုန်း ကျဆင်ရေး အဖွဲ့က ကိုသိန်းအောင်မြင့်ကို မဟာအောင်မြေမြို့နယ် နေအိမ်ကနေ အမှတ် ၇ ရဲစခန်းကို လာခေါ်သွားတယ်လို့ ဇနီးသည် ဒေါ်ခက်ခက်တင်က ပြောပါတယ်။ ခရိုင်မှူး ၁ က မေးစရာရှိတယ်လို့ ပြောဆို ပြီး ဖမ်းဝရမ်းမပါဘဲ ခေါ်ဆောင်သွားတာလို့ သူက ပြောဆိုပြီး လတ်တလော ဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ဆန္ဒပြပွဲတွေနဲ့ ပတ်သက်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။ အဲဒီညမှာပဲ မန္တလေးမြို့မှာ ဗကသကျောင်းသား ကိုကျော်ကြီးကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သံဃာ အသိုင်းအ၀ိုင်းထံက သိရပါတယ်။ အထွေထွေသပိတ်ကို ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဦေးဆာင်ကော်မတီက ပြောခွင့်ရ သံဃာကို မေးမြန်းကြည့်ရာမှာတော့ ဒီနေ့မနက်ပိုင်းအထိ သံဃာအဖမ်းအဆီးခံရတာ မကြားသိရသေးဘူးလို့ မိန့်ကြားပါတယ်။ မြင်းခြံနဲ့ မုံရွာမှာတော့ ကျောင်းသားတချို့ကို အဖမ်းအဆီးကြားတယ်လို့ မိန့်ပါတယ်။ ဒီဇင်ဘာ ၁၄ မနက် ၉ နာရီခွဲခန့်မှာ မုံရွာမြို့က ဒေါ်နုနဲ့ ဗကသကျောင်းသား ကိုရဲရင့်ကျော်ကို ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ)က လာရောက်ခေါ်ယူနေကြောင်းနဲ့ အထူးသတင်းတပ်ဖွဲ့က ရဲတွေ စောင့်ဆိုင်းနေကြောင်း ဒေါ်နုက ပြောပါတယ်။ ဒေါ်နုနဲ့ လာရောက် ခေါ်ဆောင်တဲ့ သတင်းရဲတပ်ဖွဲ့ဝင်ကို မေးမြန်းထားပါတယ်။ အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ by အေးနိုင် (ဒီဗွီဘီ)
| ||
Posted: 14 Dec 2012 12:38 AM PST
ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ပိတ်ဆို့ ဒဏ်ခတ် ထားမှုကို ဖောက်ဖျက်ပြီး ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်သွား တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့ ဆွီဒင် အစိုးရက အိန္ဒိယ အာဏာပိုင် တွေကို တောင်းဆို လိုက်ပါတယ်။ မြန်မာ စစ်တပ်ဟာ ကချင်စစ်ပွဲ အတွင်း ဆွီဒင်လုပ် လက်နက်တွေ အသုံးပြုခဲ့တယ် ဆိုတဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Dec 2012 03:35 AM PST
ရခိုင်ပြည်နယ် တောင်ဘက် အစွန်ဆုံး ဂွမြို့နယ်တွင် စစ်တပ်က သိမ်းထားသော လယ်မြေများကို ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် တစ်ခြားမြေများ စစ်ဆေးရေး ကော်မရှင်က ဒီဇင်္ဘာလ ၁၂ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်ဟု သိရသည်။
စစ်ဆေးမူနှင့် ပတ်သက်ပြီး လွှတ်တော် စစ်ဆေးရေး ကော်မရှင်တွင် ပါဝင်သူ မြေပုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ယခုလို ပြောသည်။ “ ဂွမှာကျတော့ ဒီကမ်းသာယာ ကမ်းခြေက လယ်ကဧက ၃၀၇ ဒဿမ ၇၂ ဧကပေါ့။ အဲဒါကို ခလရ ၅၅ က ကမ်းခြေနားမှာ ရှိတဲ့ အတွက် သိမ်းထားတာပေါ့လေ။ အခုအဲဒါတွေကို လယ်သမား တွေက ပြန်လိုချင်တယ်။ အခုအချိန်ထိ ဘာမှမလုပ်ဘဲ ဒီအတိုင်းထားတယ်။ လယ်မြေတွေဆိုရင် စစ်တပ်က သီးစား ချထားတယ်။ အုန်းခြံတွေ ကိုတော့ ကန်ထရိုက် စနစ်နဲ့ပေးထားတယ်။ ဘာမှ တပ်က အဆောက်အဦးတွေ ဆောက်တာလည်း မရှိဘူး။ သစ်ပင်တွေလည်း စိုက်တာလည်း မရှိဘူး။ လယ်သမားတွေက ကျွန်တော်တို့ လွှတ်တော် လယ်ယာမြေ ကော်မရှင်ကို တိုင်ကြားတဲ့အတွက် ကျွန်တော်တို့က နှစ်ဦးနှစ်ဘက် လာရောက် စစ်ဆေးတားပါ” ဟု ဦးဖေသန်းက ပြောသည်။ သံတွဲ အခြေစိုက် ခလရ ၅၅ သည် ၁၉၉၄- ၁၉၉၅ ခုနှစ် ကတည်းက အဆိုပါ လယ်မြေများကို သိမ်းယူထားသည်။ လက်ရှိ ဂွမြို့ရှိ ကမ်းသာယာ ပင်လယ် ကမ်းခြေ အခြေ အနေကိုလည်း သူက ယခုလို ဆက်ပြောသည်။ “ ဂွမြို့နယ်မှာ ရှိတဲ့ ကမ်းသာယာ ကမ်းခြေက ငပလီကမ်းခြေလို သိပ်ပြီးသာယာတဲ့ ကမ်းခြေ တစ်ခုပါဘဲ။ အဲဒါကို ဟိုတယ် ဆောက်မယ်ဆိုပြီး အစက အနီးအနားကလယ်တွေကို သိမ်းတယ်။ တဘက်ခြမ်းမှာ နည်းနည်း အဆောက် အဦးတွေ ဆောက်ပြီး နောက်တဘက်ခြမ်းမှာတော့ လုံးဝ မဆောက်ဘူး။ ဆောက်ထား တာတွေလည်း အခုတော့ အကုန်လုံး ပျက်စီး ကုန်ပါပြီ။ ဂွရဲ့ လက်ရှိ အခြေအနေ အရ အဲဒီ နေရာကို နိုင်ငံခြားသား ဧည့်သည် ဖြစ်ဖြစ် ပြည်တွင်းက ဧည့်သည် တွေ ဖြစ်ဖြစ် လာဖို့ဆိုတာ မလွယ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ မီး၊ ရေက အစ ၀န်ဆောင် မှုတွေ လမ်းပမ်း ဆက်သွယ်မှုတွေ တော်တော့်ကို အခက်အခဲပါ။ အဲဒါနဲ့ ဘယ်သူမှ မရောက်နိုင်တဲ့ အဲဒီလို နေရာမျိုးမှာ စိတ်ကူးယဉ်ပြီး ပင်လယ် ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်လာမယ် ဆိုပြီး မြေကို ကြိုတင် သိမ်းယူတဲ့ သဘောမျိုးနဲ့ စစ်တပ်က သိမ်းယူထားတာ ဖြစ်တယ်။ ဘာမှ လုပ်တာ မရှိဘူး။ သီးစား ချထားတယ်။ အုန်းပင်တွေကို ကန်ထရိုက်သဘောမျိုးနဲ့ ဌားထားတယ်။ အကုန်လုံးက ၅ မိုင်ခန့်ထိ ရှည်လျှားတယ်။ တကယ့် ရှုခင်းတွေ လှပတဲ့ ကမ်းသာယာ ကမ်းခြေပါ။” ခလရ ၅၅ မှ ဂွမြို့ ကမ်းသာယာ ကမ်းခြေတွင်သာမက ကျိန္တလီ ကျေးရွာတွင်လည်း ၁၀ မိုင်ခန့်ရှည်လျားသည့် လယ်ဧက ၇၀၀ ကျော်ကို စစ်တပ်က ၁၉၉၄ က သိမ်းထားပြီး ယခုအချိန်ထိ ဘာမှ မလုပ်ကိုင်ဘဲ ပစ်ထား သဖြင့် တောင်သူများ အနေဖြင့် အထူးနစ်နာနေရသည်ဟု ဆိုသည်။ “ သိမ်းထားတာက အခုနှစ်ပေါင်း ၂၀ ခန့်ရှိပြီ ဘာမှမလုပ်ဘူး။ အဲဒါကို လယ်သမားတွေက ထပ်ပြီး တိုင်ပြန် ရော။ ဒါကြောင့် ကျွန်တော်တို့ ဂွနဲ့ ကျိန္တလီက လယ်ဧက ၁၀၀၀ နီးပါးကို လာရောက် စစ်ဆေးတာပါ” ဟု ဆိုသည်။ ယခုကဲ့သို့ လယ်မြေများကို စစ်တပ်က မလိုအပ်ဘဲ သိမ်ထားခြင်း အပေါ် သူက ယခုလို ပြောသည်။ “ တပ်ဧရိယာမှာ ကျတဲ့လယ်မြေတွေ၊ ဒါမှမဟုတ် တပ်နဲ့ နီးစပ်တဲ့ လယ်မြေတွေဆိုရင်တော့ လယ်သိမ်းတာကို ကျွန်တော် တို့စဉ်းစားလို့ ရသေးတာပေါ့။ ဒါပေမဲ့ တပ်က တခြား၊ ရှိတဲ့ လယ်က အဝေးကြီးမှာ လာပြီး သိမ်းထားတယ် ဆိုတော့ ဒါက မဖြစ်သင့်ဘူး ထင်ပါတယ်။ တပ်အတွက် လုပ်ဆောင်ချက်လည်း ဘာမှမရှိဘူး၊ တပ်အတွက် ဘာမှ အကျိုးမရှိ သလို နိုင်ငံတော် အတွက်လည်း ဘာမှ အကျိုးမရှိဘဲနဲ့ အဲဒီမှာ တပ်ရေး ဗိုလ်ကြီးတို့ တပ်ရင်းမှူးတို့ အဲသလို လုပ်နေတာ။ သီးစား ချထားတယ်ပေါ့။ လယ်သမားတွေကို အဲဒီလို သီးစားခကို တောင်းစားနေတာ နှစ်ပေါင်းများစွာ ကြာသွားပြီ။ ဒီအပေါ်မှာ ကျွန်တော်တို့က အဲလို မဖြစ်သင့် ဘူးထင်တယ်။ ဘာဖြစ်လို့ဆိုတော့ လယ်သမားတွေက ကိုယ့်မြေကို ကိုယ်လိုချင်မှာဘဲလေ။ နိုင်ငံတော် အတွက်လည်း အကျိုးရှိ တယ်။ ဒါမှမဟုတ် တပ်တိုးချဲ့ဖို့အတွက် အဆောက်အဦးတွေ ဆောက်လုပ်ဖို့ လိုအပ်တယ် ဆိုရင်တော့ ဟုတ်ပါတယ်” ဟု ဆိုသည်။ ယခုအခါ အထက်မှ တပ်ရင်း တပ်ဖွဲ့များကို သီးစားချခြင်း၊ တပ်သက်သာ ရန်ပုံငွေ ရှာခြင်းများ မပြုလုပ်ကြန် ညွန်ကြားထားသော်လည်း တချို့ တပ်ရင်းများသည် သိမ်းယူထားသော လယ်မြေများကို ဆက်လက် သီးစားချနေတုန်း ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ နိုင်ငံအတွက် ရုပ် ပျက်ဆင်းပျက်ဖြစ်စေသည်ဟု ယူဆကြောင်း ဦးဖေသန်းက ဝေဖန် ပြောဆိုသည်။ ယမန်နေ့ကလည်း လွှတ်တော် စစ်ဆေးရေး ကော်မရှင်သည် ခလရ ၅၅ ကတာ ၀န်ရှိသူများ၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် လယ်သမားတို့ကို သံတွဲ မြို့နယ်တွင် သိမ်းယူထားသော လယ်မြေ အမူ ၄ ခုကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ဒုတိယ အကြိမ် ရခိုင်ပြည်နယ် အတွင်း လွှတ်တော် ကော်မရှင်က စစ်ဆေးခဲ့သော အမူများမှာ သံတွဲတွင် ၄-မှု၊ ကျိန္တလီတွင် ၁မှုနှင့် ဂွမြို့တွင် (၁) မူနှင့် ကျောက်ဖြူတွင် (၇) မူတို့ ဖြစ်ကြပြီး စစ်ဆေး တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ပြည်ထောင်စုလွတ်တော်ကို တင်ပေးရမည် ဖြစ်ကြောင်း သိရသည်။ နိရဉ္စရာသတင်းဌာန
| ||
Posted: 13 Dec 2012 11:46 PM PST
မြန်မာနိုင်ငံတွင်စားသောက် အသုံးပြု နေသော ကုန်ပစ္စည်း ၈၀%မှာ ဓါတုအဆိပ် သင့်ပစ္စည်းများ ပါဝင် နေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ ''ထုတ်လုပ်သူများ ကလဲ တခြားတနေ ရာမှာ စားသုံးသူ ဖြစ်နေမှာပါဘဲ။ အဲ့ဒါကြောင့် ကိုယ်ချင်း စာစိတ်လေး နဲ့ စိုက်ပျိုးကြရောင်း ချကြရင်ကောင်းမှာဘဲ''ဟု ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 10:52 PM PST
တလ အတွင်း နိုင်ငံရေး စတင် ဆွေးနွေးမည်ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ပြီးနောက် ချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးတွင် သောကြာနေ့ နံနက်ပိုင်းမှ စတင်၍ အစိုးရဘက်မှ စစ်ရဟတ် ယဉ်များနှင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်ဟု----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 10:31 PM PST
၂၀၁၃ ခုနှစ်တွင် ကောက်ခံသွားမည့် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခ များတွင် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အတွက် အသုံးပြုခ များအား လျှော့ချပေးရန် အစီအစဉ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 10:19 PM PST
ဧရာဝတီတိုင်း အတွင်းမြေယာ အသိမ်းခံရမှု အတွက် အများဆုံး တိုင်ကြားခဲ့သော ချောင်းသာ ကျေးရွာ သို့ မြေယာ စုံစမ်းရေး ကော်မရှင် အတွင်းရေးမူး ဦးသိန်းထွန်း ဦးဆောင်သော အဖွဲ့ရောက်ရှိ စစ်ဆေးနေသည်။
မြေယာကိစ္စ တိုင်ကြားမှု များတွင် ဧရာဝတီတိုင်းမှာ (၁၇၆)မှုဖြင့် တိုင်ကြားမှု အများဆုံးဖြစ်ပြီး ပုသိမ် မြို့နယ်၌ (၆၂)မှုနှင့် ချောင်းသာကျေးရွာ တစ်ခုတည်းမှာပင် (၃၇)မူဖြင့် တိုင်ကြားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။ “မှတ်ပုံတင်ပြီးသား တိုင်စာတွေကိုပဲ အဓိက စစ်ဆေးတာပါ၊ မြေသိမ်း တိုင်စာတွေ ကတော့ အများကြီးပဲ၊ ဒါတွေ ကို စိစစ်ပြီး မှတ်ပုံတင်တာပါ၊ တချို့တိုင်စာတွေက နိုင်ငံတော် သမ္မတတို့ ဒေါ်အောင်ဆန်းစုကြည်တို့ကို လိပ်မူ ပြီး တိုင်ထားတာတွေရှိတယ်၊ ဒါကြောင့် မြေယာကိစ္စတိုင်မယ်ဆိုရင် နောက်ဆိုမြေယာစုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌသို့ ဆိုပြီး လိပ်မူပြီးတိုင်မယ်ဆို လုံလောက်ပါတယ်” ဟု မြေယာစုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောသည်။ တိုင်ကြားမှုများကို စစ်ဆေးသည့်အခါ မူလမြေပိုင်ရှင်များ၏ ခိုင်လုံသော အထောက်အထားစာရွတ် စာတမ်းများ၊ ယခုပိုင်ဆိုင်သည့် လုပ်ငန်းရှင်များမှ ခိုင်လုံသော အထောင်အထားများကို တွေ့ဆုံ၍ တပြိုင်နက်ဖြေရှင်းစေသော နည်းလမ်းဖြင့် ဆောင်ရွက်နေသော် လည်း လုပ်ငန်းရှင်များမှ လိုက်နာမှုအားနည်းနေကြောင်း ဒေသခံတို့က ဆိုသည်။ “ကျွန်တော်တို့ဆီကို (၁၀)ရက်နေ့က နေစပြီး ကုမ္ပဏီတွေထဲကဆို မက်စ်မြန်မာ၊ မြန်မာမေဖလားဝါးရယ် သုံးခု လောက်ပဲ လာတယ်၊ သိမ်းထားတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေက အများကြီးပဲ၊ လာတဲ့ကုမ္ပဏီ(၃)ခုကလည်း အချို့က အထောက်အထားတွေ မပါသေးလို့ နောက်မှ တင်ပြမယ်ဆိုတော့ အားလုံးရှေ့မှာ ချမပြရဲသလို ဖြစ်နေ တယ်”ဟု ချောင်းသာဒေသခံ တောင်သူ ဦးလှမြင့်က ပြောသည်။ စုံစမ်းရာတွင် မြေသိမ်းခံတောင်သူများမှာ မိမိတို့လုပ်ကိုင်ခဲ့သောကာလများ “ ဒေသခံတွေက စိုးရိမ်နေကြလို့ပါ၊ နှစ်ဘက်တွေ့ဆုံတဲ့ပွဲမှာ တိုင်ကြားသူရော အတိုင်ခံရသူတွေပါ တွေ့ဆုံ ဖြေရှင်း ရမှာပါ တိုင်ကြားသူကသာ ဖြေရှင်းနိုင်မယ်ဆိုရင် အတိုင်ခံရတဲ့သူတွေက ခုခံချေပပိုင်ခွင့်တွေ ဆုံးရှုံးမှာပါ၊ ကျွန်တော်တို့ကတော့ ရတဲ့အထောက်အထားတွေကိုပဲ လွှတ်တော်ကိုအမှန်အတိုင်း တင်ပြသွားမှာပါ” ဟု မြေယာစုံစမ်းရေးကော်မရှင် ဧရာဝတီမှ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စား ချောင်းသာသို့ရောက်ရှိနေသော မြေယာစုံစမ်းရေးကော်မရှင် ဧရာဝတီအဖွဲ့ကို တိုင်းလွှတ်တော်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ်များမှာ ရှေ့ပြေးအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးနေပြီး ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှ ချောင်းသာကျေရွာမှာ လယ်မြေဧက (၆၃၅)ဧကကို ၁၉၉၃ခုနှစ်က ကမ်းခြေစီမံကိန်းအတွက် သိမ်းယူခဲ့ပြီး ၂၀၀၆ခုနှစ်က ထပ်မံ၍ (၅၅) ဧကကျော်ကို မြို့မြေကွက်ဖော်ထုတ်ရန်ဟုဆိုကာ သိမ်းယူခဲ့၍ ဒေသခံအများစု၏ လူမှုစီးပွားဘ၀များပျက်စီးခဲ့ ရကြောင်း ဒေသခံများက ဆိုသည်။ ပြည်ထောင်စုလွှတ်တော်မြေယာစုံစမ် မျိုးမင်းထွန်း (မြစ်မခ) by Myit Makha Mediagroup | ||
Posted: 13 Dec 2012 10:15 PM PST
| ||
Posted: 13 Dec 2012 09:56 PM PST
ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁၆
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 09:51 PM PST
လက်ပံတောင်းတာင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက် ဖြိုခွင်းခြင်းနှင့် ကချင်ပြည်နယ် အတွင်း ထိုးစစ် ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)မှ မြ၀တီမြို့တွင်း၌ လှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 13 Dec 2012 09:41 PM PST
တန်ဖိုးနည်း မိုဘိုင်းဖုန်းများ လာမည့် ၂၀၁၃ နှစ်ဦးပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး အတွင်းတွင် အရောင်း ဌာနကြီး ၁၈ ခု ဖွင့်ကာ စတင်ရောင်းချ တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။ အဆိုပါသတင်းနှင့် ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 09:27 PM PST
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြိတ်-ရန်ကုန် ခရီးစဉ်အဖြစ် ပျံသန်းခဲ့သည့် လေယာဉ်ခရီးစဉ် အမှတ် XY - AGA ဖော်ကာ F - 28 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန် တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်အမှုထမ်း ၅ ဦး၊ ခရီးသည် ၇၀ ဦးတို့ဖြင့် ထွက်ခွာလာရာ ၀၈၃၀ အချိန်ခန့်တွင် ညာဘက် အင်ဂျင် ချို့ယွင်းသဖြင့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 09:05 PM PST
မန္တလေးတိုင်းအတွင်း ကြေးနီတောင်အရေး သံဃာ့ အထွေထွေ သပိတ် ဆန္ဒ ထုတ်ဖော်မှုမှာ ဝန်းရံ ပါဝင်ခဲ့သူ ဗကသမှ ၃ ဦး လူထုပုံရိပ် သတင်းထောက် ၁ ဦး ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ အထက်ဗမာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့် အပါအဝင် ၅ ဦးကို အာဏာပိုင်တွေက ဒီကနေ့ည ၈း၃၀နာရီ ဝန်းကျင်မှာ ဖမ်းဆီးသွားပါတယ်။ အဲဒီလို လာရောက် ဖမ်းဆီးရာမှာ ဖမ်းဝရန်း မပါဘူးလို့ သိရပါတယ်။ အလားတူ မုံရွာမှာ သံဃာတော်တွေနဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုရဲရင့်ကျော်နဲ့ အန်တီနု ဆိုသူကိုလည်း ဒီကနေ့ညမှာပဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို Burma VJ Media မှ ဆက်သွယ် မေးမြန်း ထားပါတယ်။
အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 08:55 PM PST
ဒီဇင်ဘာလ(၁၅)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ် ... Vol-1,No-40
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 08:22 PM PST
ဒီမိုကရေစီရေး တိုးတက်လာဖို့ အတွက် စစ်တပ်က အခုအချိန်အထိ အဟန့်အတား ဖြစ်နေစေတယ်လို့ The ASEAN Inter-Parliamentary Myanmar Caucus (AIPMC) AIPMC မြန်မာ့အရေး ဆောင်ရွက် တဲ့ အမတ်များအဖွဲ့က သတိပေးလိုက်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Dec 2012 08:27 PM PST
လက်ပံတောင်း သပိတ် ဖြိုခွဲခံရမှု အတွင်း ဒဏ်ရာရ သံဃာတော်တွေကို အစိုးရဘက်က ဝန်ချ တောင်းပန်ဖို့ လိုကြောင်း ရွှေညဝါ ဆရာတော်က ပြောပါတယ်။ အစိုးရဘက်က မြင်သာ ထင်သာရှိတဲ့ တောင်းပန်မှု လုပ်ပေးဖို့ သံဃာတော်တွေ တောင်းဆိုတာဟာ တရားမျှတကြောင်း ဆရာတော်က မိန့်ပါတယ်။ -----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 13 Dec 2012 08:04 PM PST
ဒူဘိုင်းမှာ ၁၁ ရက်ကြာအောင် စေ့စပ် ညှိနှိုင်း ခဲ့ပေမယ့်လဲ အင်တာနက် ထိန်းချုပ်မှု ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် မူကြမ်း ထုတ်ပြန်ဖို့ မရေရာဘဲ အလှမ်းဝေး နေဆဲ ဖြစ်ပါတယ်။
အစိုးရ တွေကို အင်တာနက် ထိန်းချုပ်ခွင့် တွေ ပေးလာနိုင်လို့ ကမ္ဘာ့ နည်းပညာ ဆက်သွယ်ရေး စာချုပ်ကို လက်ရှိ ပုံစံနဲ့ လက်မှတ် မထိုး နိုင်ဘူးလို့ အမေရိကန် ဘက်က ပြောပါတယ်။ ကုလ သမဂ္ဂ ဦးဆောင် ညှိနှိုင်းမှုနဲ့ ကျင်းပတဲ့ ဒူဘိုင်း အစည်းအဝေး မှာ ဗြိတိန်၊ ကနေဒါ နဲ့ တခြား နိုင်ငံ အတော်များများ ကလဲ အလားတူ သဘောထား မျိုး ထုတ်ပြန် ခဲ့ကြ ပါတယ်။ အင်တာနက်ကို ပိုမို ထိန်းချုပ်ဖို့ ထောက်ခံ တဲ့ နိုင်ငံတွေ အုပ်စုကို ရုရှ က ဦးစီး နေတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြု နေတဲ့ စာချုပ်ကိုတော့ ၁၉၈၈ ခုနှစ် က လက်မှတ် ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။ ဘီဘီစီ(မြန်မာပိုင်း)
| ||
Posted: 13 Dec 2012 07:59 PM PST
ကချင်ပြည်နယ် အတွင်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်အောက်ခံ မြန်မာ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွား ခဲ့သည်မှာ တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးကို အဆုံးသတ် ပစ်ခဲ့သော ထိုတိုက် ခိုက်မှုများကား ထောင်ပေါင်းများစွာ သော ဒုက္ခသည် များနှင့် နေရပ်စွန့် ခွာထွက်ပြေးရသူ များကို ဖန်တီးခဲ့ ပြီး ကချင်ပြည်နယ်ကို မြန်မာနိုင်ငံ အတွင်း အရပ်သားများ အတွက် အန္တရာယ် အထူပြောဆုံး နေရာ တစ်ခု ဖြစ်အောင် လုပ်ဆောင် ခဲ့သည်။ ကျွန်တော်သည် ကချင်ပြည် နယ်မှဖြစ်ပြီး ဒုက္ခသည်များအကြား တွင် စေတနာ လုပ်အားပေးတစ်ဦး အဖြစ် လောလောဆယ် နေထိုင်လျက် ရှိသည်။ ဤဒုက္ခသည်များအတွက် အနာဂတ်ဆိုသည်မှာ မျှော်လင့်ချက် နည်းနည်း မျှသာ ရှိပါသည်။ မကြာခင်တစ်ချိန်ချိန်တွင် သူတို့၏ နေအိမ်များသို့ ပြန်နိုင်လိမ့်မည် ဟူ သော မျှော်လင့်ချက် နည်း နည်းလေး ဖြစ်ပါသည်။ ဤကြောက်မက်ဖွယ်ရာ လုံခြုံမှုကင်းမဲ့သော အခြေအနေတွင် ကလေး အများအပြား မှာ ကျောင်း တက်ရန် မတတ်နိုင်ကြပါ။ မြန်မာနိုင်ငံ၏ ဤတိုက်ပွဲဒဏ် ခံဒေသမှ ဒေသခံပြည်သူများ အတွက် အမေရိကန်သမ္မတဘားရက်အိုဘားမား ၏ မကြာမီက ဤတိုင်းပြည်သို့ လာရောက်သည့် သမိုင်းဝင်ခရီးစဉ် မှ မည်သို့သော မျှော်လင့်ချက်မျှ ထွက်ပေါ် မလာခဲ့ပါ။ အိုဘားမားက ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြော ကြားရာတွင် ကချင်ပဋိပက္ခကို ထည့်သွင်း ဖော်ပြသွားသဖြင့် ကချင် အတော်များများ ပျော်ရွှင်နေကြစဉ် ဤရည်ညွှန်းပြောဆိုမှုက မြန်မာ အစိုးရကို ဤဒေသသို့ စစ်တပ်များ တိုးပို့အောင် ဆွပေးသလို များ ဖြစ်လေမလားဟု ခံစားနေရသူများလည်း ရှိနေပါသည်။ မကြာသေးမီ အစိုးရက ဤ ဒေသသို့ နောက်ထပ်တပ်များ ထောင်ချီပို့ခဲ့ပြီးနောက် ကချင်ပြည် နယ်တွင်း နေရာ အတော် များများတွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်ခဲ့ပါ သည်။ ထို့ပြင် ကပ်လျက်ရှိသော မြောက်ပိုင်း ရှမ်းပြည်တွင်လည်း အလားတူဖြစ်ခဲ့ပါသည်။ အခြေအနေက ပို၍ပင် ဆိုးရွားလာခဲ့သည်။ အစိုးရ တပ်များနှင့် ကေအိုင်အို သူပုန် များကြား တိုက်ပွဲများနေ့စဉ်ပေါက် ကွဲဖြစ်ပွားနေပြီး အရပ်သားများမှာ ကျွဲနှစ်ကောင် ခတ်သည့်ကြားမှ မြေစာပင် ဖြစ်နေရပါသည်။ ရွာသားထောင်ပေါင်းများစွာမှာ သူတို့၏ နေအိမ်နှင့် လယ်ယာများ ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ အိမ်ရာပစ္စည်း အတော်များများမှာ အစိုးရတပ်များ၏ ဖျက်ဆီးခံကြရ သို့မဟုတ် တစ်တိတစ်တိ ခိုးယူခံကြ ရပါသည်။ အမျိုးသမီးများနှင့် ကလေးများအပါအဝင် ရွာသူရွာ သားအများအပြားမှာ ယခုအခါ ကချင်ပြည်နယ် တွင်း ခြေခင်း လက်ခင်း မသာသော တောကြိုအုံကြား တွင် ကုတ်တွယ်နေကြရပါသည်။ ထိုနေရာတွင် အေးခဲသော ရာသီဥတုဒဏ်ကို သူတို့ခံကြ ရသည်။ အမိုးအကာနေစရာ မရှိ၊ ရှားပါးသော အစားအစာ အထောက်အပံ့များ ကိုသာ မှီခိုနေကြရသည်။ စစ်သားများ၏ မတော်မတရားပြုမှုနှင့် အကြမ်းဖက် မှုများကို ကြုံတွေ့နေကြရသည်။ အစိုးရတပ်များ အတွက် ခဲယမ်း မီးကျောက်များ အတင်းအဓမ္မ သယ်ခိုင်းခြင်းနှင့် မိုင်းကာဒိုင်းများသဖွယ် လုပ်ဆောင် ခိုင်းခြင်းများ ခံစားနေ ကြကြောင်း၊ ဒေသခံပြည်သူ များက ကျွန်တော့်ကို ပြောပြကြသည်။ ဗလက္ကာရ ပြုမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု သတင်းများလည်း ကြားခဲ့ရ သည်။ တစ်ဖက်တွင်လည်း ကေအိုင်အို တပ်မှူးများ က ကျေးရွာသူ ကျေး ရွာသားများကို စစ်သားအဖြစ် အမှုထမ်းရန် ဆက်လက်စုဆောင်း နေကြပါသည်။ မကြာသေး မီက ဒုတိယကမ္ဘာစစ် အတွင်း ကျော်ကြားခဲ့သော လီဒိုလမ်းမပေါ်မှ ကာမိုင်းရွာကလေးတွင် အစိုးရတပ်များက လယ်သမားများ ကို ဝါးတုတ်များ ဖြင့် ရိုက်နှက်ညှဉ်း ပန်း မေးမြန်း စစ်ကြော ခဲ့ကြကြောင်း ဤအဖြစ်အပျက် ကို သိမြင်သူများ၏ အဆိုအရ ကြားသိရပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ အနှံ့အပြားရှိနေလင့်ကစား သမ္မတ ဦးသိန်းစိန်အစိုးရက ညှိနှိုင်းဖျန်ဖြေ သူများမှ တစ်ဆင် |
[Message clipped] View entire message
0 comments:
Post a Comment