နိုဘယ်ဆုရှင် မာသာထရီဆာ၏ မိဘမဲ့ဂေဟာ တစ်ခုတွင် ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်
by Moenge Aung on Thursday, December 13, 2012 at 5:11pm ·
- ဘယ်လိုပဲဖြစ်စေ လူတွေဟာ မကြာခဏ အကျိုးသင့် အကြောင်းသင့်
မဟုတ်တာတွေ လုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်း လုပ်တတ်ကြတယ်။
ဘယ်လိုပဲဖြစ်စေ........ သူတို့ကိုခွင့်လွှတ် လိုက်ပါ။
- သင်က သနားကြင်နာတတ်ရင် လူတွေက သင်ဟာ တစ်ကိုယ်ကောင်း စိတ်ရှိသူ ဟန်ပြကြင်နာပြနေသူလို့ စွပ်စွဲလာကြာလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ ...... သနားကြင်နာမြဲသနားကြင်နာပါ။
- သင့်ဘ၀မှာ အောင်မြင်နေပြီဆိုရင် မိတ်ဆွေတုတွေ ရလာနိုင်သလိုရန်သူ
စစ်စစ်တွေလည်း ရလာလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ..........အောင်မြင်အောင် ဆက်ကြိုးစားပါ။
- လူတွေက သင့်ကို လိမ်လည်လှည့်ဖျား ကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ......... ရိုးသားဖြောင့်မတ်ပါ။
- သင်နှစ်ပေါင်းများစွာ တည်ဆောက် ထားတဲ့ ဘ၀တစ်ခုကို တစ်ဦး တစ်ယောက်က နေ့ချင်း ညချင်း ဖျက်ဆီးပစ်လိုက်နိုင် ပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ ........ တည်ဆောက်မြဲ တည်ဆောက်ပါ။
- သင်ကငြိမ်းအေးမှုနှင့် စိတ်ချမ်းသာမှုကို ရှာဖွေတွေ့ရှိပြီဆိုရင် သူတို့က မနာလို ၀န်တိုမှုတွေ ဖြစ်ကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ..........စိတ်အေးချမ်းအောင်နေပါ။
- သင်ဒီနေ့ ကောင်းမှုပြုလုပ်တာကို လူတွေက မနက်ဖြန် မေ့ပစ်ချင် မေ့ပစ်ကြ လိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ..........ကောင်းတာကိုပဲ ဆက်လုပ်ပါ။
- လောကကြီးကို သင်အပေးနိုင်ဆုံး အကောင်းဆုံးတွေ ပေးဝေလိုက်ပါ။
ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး။
ဘယ်လိုပဲဖြစ်စေ..........လောကကြီးကို အကောင်းဆုံး ပေးဆပ်မြဲပေးဆပ်ပါ။
နောက်ဆုံး ခွဲခြမ်းစိတ်ဖြာ လိုက်တော့ သင်မြင်တဲ့ အတိုင်းပါဘဲ သင်နဲ့တရား
သာ အတူရှိတော့ တာပါ။ ငါ ၊မင်း ၊သူတစ်ပါး အကြားမှာ ဘာမှမရှိပါဘူး။ ။
နေနိုင်ယင် စိတ်ထားတတ်ယင်အကောင်းဆုံးပေါ့ဗျာ။
ReplyDelete