""အပို မလုပ်တဲ့ ဗိုလ်ချုပ်""
Author: lubo601 |
6:42 PM |
2 Comments |
Nge Naing shared Ko Nay Myo's photo.
(၁)
ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှအစိုးရနှင့် လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် အင်္ဂလန်သို့မသွားမီ နယ်ခြားဒေသများ၏ အရေးအကြီးဆုံး အဓိကအကျဆုံး
ဖြစ်သော ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရောက်ရှိလာသည်..။ ရှမ်းပြည်နယ်တစ်ဝန်း မှ စော်ဘွားကြီး ၊ လတ် ၊ ငယ်များနှင့် ဆွေးနွေးရန်က တစ်ကြောင်း တောင်ကြီးမြို့ အနီးဝန်းကျင်ဒေသ နှင့် ကယားပြည်နယ် လွိုင်ကော်တွင် လူထုအား ပောာပြောရန်ကတစ်ကြောင်း စသည်ဖြင့် ရသမျှအချိန်အတွင်း လုပ်ရန်အလုပ်များနှင့် ရောက်လာသည်..။ ၂၃ ရက်နေ့ တောင်ကြီးရောက်သည်..။ ကြိုဆိုသူများထုံစံအတိုင်း အုန်းအုန်းကျွက်ကျွက်..၊ တောင်ကြီး တွင် နံနက်စာစားပြီး မိုင်တစ်ရာခန့်ဝေးသည့် လွိုင်ကော်မြို့သို့ ခရီးဆက်ထွက်ခွါခဲ့ရာ တောင်ကြီးမြို့ မှ ပြည်သူ့ရဲဘော်များ လုံခြုံရေးလိုက်ပါသွားကြသည်..။ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့ ဓမ္မာရုံတွင် လူထုဟောပြောပွဲလုပ်သည်..။ တရားပွဲ လူထုတွေ့ဆုံပွဲများ အပြီးတွင် တောင်ကြီးမြို့သို့ ညနေ နေ၀င်စအချိန်တွင် ဗိုလ်ချုပ်တို့ ပြန်ရောက်ကြသည်..။ ဗိုလ်ချုပ်၏ သူငယ်ချင်းဖြစ်သူ ကိုသာဒွန်းညို အိမ်တွင်တည်းခိုကြသည်..။
နောက်တစ်နေ့ ၂၅ ရက်နေ့ နံနက်စောစောတွင် ဗိုလ်ချုပ်အိပ်ရာကနိုးသည်..။ ဗိုလ်ချုပ်အိပ်ရာကထပြီး အိမ်ပေါ်မှဆင်းကာ ခြံထဲတွင် ဟိုဟိုသည်သည်ကြည့်သည်..။ အိမ်နောက်ဘက် မြေကွက်လပ်တွင်ရှိ ကြေးဝါခေါင်းတပ် ရေစက်ပိုက်တိုင် တစ်တိုင်ကိုတွေ့သည်..။ ဗိုလ်ချုပ်သည်ထိုရေတိုင်သို့သွားပြီး ကြေးဝါခေါင်းကိုလှည့်ဖွင့်ကြည့် သည်..။ ရေကျလာသည်..။ ဗိုလ်ချုပ်က လက်နှစ်ဖက်ကို လက်ခုပ်ခွက်လုပ်၍ ရေခံကာ အာလုတ်ကျင်းသည်..။ မျက်နှာသစ်သည်..။ ထိုအချိန်တွင် အိမ်ပေါ်ထပ် ၀ရန်တာမှ အလန့်တကြားအော်ဟစ်ပြောဆိုသံကို ဗိုလ်ချုပ်ကြားရသည်..။
"ဟယ်..ဗိုလ်ချုပ်..၊ ဗိုလ်ချုပ်ကြီးရှင့်.. အဲ့ဒီမှာမသစ်ပါနဲ့.. အဲ့ဒါသုံးရေတွေ..ဒီမှာ ဗိုလ်ချုပ်အတွက် မျက်နှာသစ်ဖို့ အားလုံးပြင်ဆင်ထားပါတယ်ရှင့်... " အလန့်တကြားအော်ပြောသူမှာ ကိုသာဒွန်းညိုအိမ်မှ အိမ်ရှင်အမျိုးသမီးတစ်ဦးဖြစ်သည်..။ သူက အလန့်တကြားနိုင်သလောက် ဗိုလ်ချုပ်က မျက်နှာသစ်ရာမှ ခပ်အေးအေးပင် အိမ်ဝရန်တာပေါ်ဘက်သို့ လှည့်၍မော့ကြည့် လိုက်ရင်း ပြန်အော်လိုက်သည်..။
"ရေချင်း အတူတူပဲလေ..." တဲ့...။
အမျိုးသမီးကြီးက အိမ်ရှင်တို့ဝတ္တရားအပြင် သူကြည်ညိုလေးစားသော ဗိုလ်ချုပ်အတွက်..၊ ဒေါ်ခင်ကြည်အတွက် စသည်ဖြင့် အမွှေးဆပ်ပြာ..၊ မျက်နှာသုတ်တဘက်အနု..၊ သွားပွတ်တံ..၊ ကြွေခွက်..၊ စစ်ထားသောသောက်ရေကို မျက်နှာသစ်ရန် မျက်နှာသစ်ရေ စပ်ရန်ရေနွေး စသည်ဖြင့် ခံ့ခံ့ညားညား လုပ်ထားသော်လည်း ဗိုလ်ချုပ်၏ အတွင်းစိတ်အရင်းခံ က ဖြစ်ပေါ်လာသော စကားသည်ကား အမျိုးသမီးကြီး၏ နားတွင် ပဲ့တင်ထပ်သွားသည်..။ အပိုမလုပ်တဲ့ ဗိုလ်ချုပ်ရဲ့ ခုနှစ်လုံးတည်းသောစကား...."ရေချ င်း အတူတူပဲလေ...."
နောက်တစ်နေ့ ၂၅ ရက်နေ့ နံနက်စောစောတွင် ဗိုလ်ချုပ်အိပ်ရာကနိုးသည်..။ ဗိုလ်ချုပ်အိပ်ရာကထပြီး အိမ်ပေါ်မှဆင်းကာ ခြံထဲတွင် ဟိုဟိုသည်သည်ကြည့်သည်..။ အိမ်နောက်ဘက် မြေကွက်လပ်တွင်ရှိ ကြေးဝါခေါင်းတပ် ရေစက်ပိုက်တိုင် တစ်တိုင်ကိုတွေ့သည်..။ ဗိုလ်ချုပ်သည်ထိုရေတိုင်သို့သွာ
"ဟယ်..ဗိုလ်ချုပ်..၊ ဗိုလ်ချုပ်ကြီးရှင့်.. အဲ့ဒီမှာမသစ်ပါနဲ့.. အဲ့ဒါသုံးရေတွေ..ဒီမှာ ဗိုလ်ချုပ်အတွက် မျက်နှာသစ်ဖို့ အားလုံးပြင်ဆင်ထားပါတယ်ရှင့်...
"ရေချင်း အတူတူပဲလေ..." တဲ့...။
အမျိုးသမီးကြီးက အိမ်ရှင်တို့ဝတ္တရားအပြင် သူကြည်ညိုလေးစားသော ဗိုလ်ချုပ်အတွက်..၊ ဒေါ်ခင်ကြည်အတွက် စသည်ဖြင့် အမွှေးဆပ်ပြာ..၊ မျက်နှာသုတ်တဘက်အနု..၊ သွားပွတ်တံ..၊ ကြွေခွက်..၊ စစ်ထားသောသောက်ရေကို မျက်နှာသစ်ရန် မျက်နှာသစ်ရေ စပ်ရန်ရေနွေး စသည်ဖြင့် ခံ့ခံ့ညားညား လုပ်ထားသော်လည်း ဗိုလ်ချုပ်၏ အတွင်းစိတ်အရင်းခံ က ဖြစ်ပေါ်လာသော စကားသည်ကား အမျိုးသမီးကြီး၏ နားတွင် ပဲ့တင်ထပ်သွားသည်..။ အပိုမလုပ်တဲ့ ဗိုလ်ချုပ်ရဲ့ ခုနှစ်လုံးတည်းသောစကား...."ရေချ
(၂)
"အပိုအလုပ်တွေ.."ဟု မျက်နှာထားနှင့် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်....
ဗိုလ်ချုပ်သည် ရှမ်းပြည်သို့ ဒုတိယအကြိမ်လာသည်မှာ ပင်လုံညီလာခံအတွက်ဖြစ်သည်..။ လာရောက်ရခြင်းရည်ရွယ်ချက်က ကြီးမားလှပါဘိ..။ မြန်မာတ

စ်နိုင်ငံလုံး လွတ်လပ်ရေးရဖို့ နှင့် တောင်တန်းပြည်မ သွေးစည်းရေးအတွက် နောက်ဆုံးအဆင့် ပေးသရာဇ် အကြီးအကဲများ နှင့် စေ့စပ်ညှိနှိုင်းရေးကိစ္စဖြစ်သည်..။
ဗိုလ်ချုပ်ဖြတ်သွားရာမြို့ရွာများက တစ်ခံနက် အားပေးကြ..၊ ကြိုဆိုကြ..ကျွေးမွေးချင်ကြသည်..။ ဗိုလ်ချုပ်ဖြတ်သွားတာကိုပင် တကူးတက အလုပ်ပျက်ခံ၍ လာကြည့်ကြသည်..။ ပြီးတော့ စကားအရာမှာ အရေးတယူလုပ်ပြောကြသည်..။ ဗိုလ်ချုပ်တို့ တောင်းကြီးက စထွက်ခွာပြီး နောက်တစ်နေ့လုံးလိုလို "ခုချိန်ဆို ဗိုလ်ချုပ်တို့ ဟိုပုံးရောက်လောက်ပြီ.." "ခုချိန်ဆို ဗိုလ်ချုပ်တို့ မိုင်းပွန်ရောက်လောက်ပြီ.." "ခုချိန်ဆို ဗိုလ်ချုပ်တို့ လွိုင်လင်ရောက်လောက်ပြီ.." စသည်ဖြင့် ဗိုလ်ချုပ်ကို အရေးတယူကြည်ညိုခင်မင်ကြသည်..။ ဗိုလ်ချုပ် ရောက်လာသည့်ကိစ္စသည် အရေးကြီးသည်ဟုသာ အားလုံးက သာမန်သိမှတ် ထားကြသည်..။ အားလုံးကလည်း ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်ရေးအရ ချစ်ခင်ကြသူများဖြစ်သည့် အလျောက် ဗိုလ်ချုပ် ပင်လုံမှပြန်လာလျှင် တောင်ကြီး၌ ဗိုလ်ချုပ်အပန်းဖြေရန် အတွက် ပျော်ပွဲရွှင်ပွဲဖြေဖျော်ပွဲကြီးတစ်ခု ပြုလုပ်ရန်တိုင်ပင်ထားကြသည်..။ ပွဲကြီးလုပ်ဖို့ ငွေတွေ ၀ိုင်းထည့်ကြရာ မကြုံစဖူး များပြားလှပေသည်..။ ကိုယ့်အစီအစဉ်နှင့်ကိုယ် စီစဉ်နေကြခြင်းဖြစ်သည်..။ အောက်ပြည်မှ ဗိုလ်ချုပ် အလွန်နှစ်သက်သော နိုင်ငံကျော်ဇာတ်မင်းသားကြီး လူရွှင်တော် ဦးစပါယ်ရှယ် ကိုပင်ဆက်သွယ်ငှါးရမ်းကြသည်..။ ဦးစပါယ်ရှယ်ကလည်း ဗိုလ်ချုပ်အတွက် အလကား ကပေးမည်ဟုဆိုသည်..။
ဗိုလ်ချုပ်ကို ဂုဏ်ပြုလိုသော စေတနာတစ်ခုတည်းဖြင့် စီစဉ်ကြခြင်းဖြစ်သော်လည်း တကယ့်တကယ် တွင် ထိုသတင်းသည် ၁၉၄၇ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပင်လုံမြို့သို့ ပင်လုံညီလာခံလာရောက်ကြသော တောင်ကြီး ကလော ညောင်ရွှေ တို့မှ ကျောင်းသားများ သပိတ်ကောင်စီဝင်များထံမှ ဗိုလ်ချုပ်ထံရောက်သွားသည်..။ ဗိုလ်ချုပ်က ယခုလို တိုင်းပြည်အတွက် အရေးကြီးနေချိန်တွင် အပြန်မှာလည်း အပန်းမဖြေအားကြောင်း ပွဲလမ်းသဘင်များကို စီစဉ်ထားတာတွေဖျက်လိုက်ရန်နှင့် စုပေါင်းရရှိထားသောအလှူငွေများ ကို ရပ်ရွာကောင်းကျိုးတွင် အဓ်ပ္ဂာယ်ရှိရှိ အသုံးပြုလိုက်ရန်ကို တောင်ကြီးသို့ ပြန်မည့်သူများအား သေချာစွာ မှာကြား လိုက်လေသည်..။ ထို့ကြောင့် တောင်ကြီးတွင်ပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲအစီအစဉ် ပျက်သွားသည်..။ နောက်နှစ်ရက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်အောင်မြင်စွာ ချုပ်နိုင်ခဲ့ကြသည်.။ တောင်ကြီးတွင် ပွဲလုပ်ဖို့အရှိန်မသေသေးသော လူကြီးအချို့က ပင်လုံစာချုပ်အောင်မြင်မှုကို အကြောင်းပြချက်ပေါ်သဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညတွင် တောင်ကြီးဒေသခံလူကြီးများက "ပင်လုံအောင်ပွဲအတွက် တောင်ကြီးမှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုဖို့အတွက် စီစဉ်ထားပါတယ်..ဗိုလ်ချုပ်.." ဟု ပြောလိုက်ရာ...
"အပို အလုပ်တွေ.." ဟု ဗိုလ်ချုပ်က မျက်နှာထားနှင့် ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်..။
သို့မို့ကြောင့် လွန်ခဲ့သော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တောင်ကြီးမြို့၌ ဗိုလ်ချုပ်ကို ခြိမ့်ခြိမ့်သဲ ဂုဏ်ပြုရန်စီစဉ်ထားသော်လည်း "အပို အလုပ်တွေ.." ဟူသော ဗိုလ်ချုပ်၏ စကားငါးလုံးနှင့် ကျေပျက်သွားလေတော့သည်..။
သြော်..အပိုမလုပ်တဲ့ ဗိုလ်ချုပ် ပါတကား.....။
(အရှေ့ရိုးမဂျာနယ်.. စိုင်းခ၀မ်ဆိုင် ၏ "အပို မလုပ်တဲ့ ဗိုလ်ချုပ်" မှ ထုတ်နှုတ်ပေးလိုက်ပါသည်..)
(ဗိုလ်ချုပ် အကြောင်းတွေကို ပြန်ရှာပြီး post တင်တိုင်း အကြောင်းအရာတွေက ရေးစရာ များသလောက် ဓါတ်ပုံဆိုတာက နည်းလွန်းနေတာပါပဲ..။ ဓါတ်ပုံ နဲ့ အကြောင်းအရာတွဲမိဖို့ အင်မတန်မှ ခက်ခဲတာမို့ သမိုင်းဝင် ဗိုလ်ချုပ်ရဲ့ ရှားပါးဓါတ်ပုံများနှင့် တွဲဖက်၍ ဖော်ပြနေရခြင်းကို နားလည်ခွင့်လွတ်စေချင်ပါသည်..။ ခင်မင်စွာဖြင့်..., နေမျိုး..)
____________________________________
Reference and Credit to -ကို နေမျိုး
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
ဗိုလ်ချုပ်မို့ပါ။
ReplyDeleteဗိုလ်ချုပ်မို့ပါ။
ReplyDelete