"ပုံခြင်း၏ တခြားတဖက်၌ (သို့) ဘုံရန်သူ သတ်မှတ်ခြင်း၏ အခြားသော စာမျက်နှာများ"
by Maung Maung Oo on Tuesday, December 18, 2012 at 7:34am
အချိန်ကား မှောင်စပျိုး..
နေရာကား ဒိုင်းမွန်းပလာဇာအပေါ်ထပ် ၀ရန်တာမှ ခုန်ချရန် ပုံပုံဦးအားယူလိုက်သည်။ နောက်မှ ဆတ်ခနဲ ဆွဲလိုက်သောကြောင့်သာ အောက်သို့ ကျမသွားခြင်းပင်။
"ဘာလုပ်တာလဲဗျ" နောက်မှ လှမ်းဆွဲလိုက်သော ပုံချုပ်ကြီး ချာလတန်က မေးလိုက်သည်။
"ကျနော် သေပါရစေဗျာ။ မီဒီယာတွေ ပြည်သူတွေက ဒီလောက်တောင် ဝိုင်းအပြစ်တင်နေကြချိန်မှာ ဆရာဝန်မောင်ပုံမယ်ပုံတွေက လူကြားသူကြားထဲမှာ ပေါ်ပေါ်ထင်ထင်ကြီးကို ပုံပြလိုက်ကြတော့ ကျနော်ရှက်လွန်းလို့ ဆရာဝန်ဘ၀မှာ ဆက်မနေချင်တော့ဘူးဗျာ။ သေပါရစေ။" ပုံပုံဦးဖြေသည်။
"ဘာလို့များ အဲလောက်တောင် ရှက်သွားရတာလည်း ဆရာပုံရယ်။ ခင်ဗျားက ဒီလိုပျော့ညံ့တတ်သူ မဟုတ်ပါဘူး။" အံ့သြသော မျက်နှာဖြင့် ပုံချုပ်ကြီးက မေးပြန်သည်။
"ကျနော်တင်ရှက်တာ မဟုတ်ပါဘူး။ အဲဒီဆရာဝန်မောင်ပုံမယ်ပုံလေးတွေကို သူတို့ကို မြန်မာစာသင်ပေးခဲ့တဲ့ ဆယ်တန်းပြ ဆရာတစ်ယောက်ဆို ရှက်လွန်းလို့ မျက်နှာဒါးနဲ့ လှီးလိုက်တာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်။ သူတို့ကို မြန်မာစာသင်ပေးဖူးတဲ့ ပထမအမ်ဘီက မြန်မာစာဆရာတစ်ယောက်လည်း ဒီမောင်ပုံမယ်ပုံတွေ အကြောင်းသိရလို့ စိတ်ညစ်ပြီး ၀ါဆေးသောက် သေကြောင်းကြံတာ အောင်မြင်သွားတယ်။ အဲဒီဆရာက မသေခင် သူ့တပည့်တွေကို စာတစ်စောင်ရေးထားခဲ့တာ ဒီမှာဖတ်ကြည့်။" စာတစ်စောင်ကို ပုံပုံဦးက လက်လှမ်းပေးလိုက်သည်။ "ဇာတ်လမ်းအစက ဆရာဝန်တစ်ယောက်က (ဆရာဝန်များအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ) ဆိုတဲ့ စာတစ်ပုဒ်ကို ဖွဘုတ်မှာ ရေးရာက စတယ်လို့ သိရတယ်။ မူရင်းစာက ဒီမှာ" အသင့်ပါလာသည့် စာရွက်များကို ပုံချုပ်ကြီးသို့ ပေးပြန်သည်။ ပုံချုပ်ကြီးက ဖတ်ရင်း ပြုံး၊ ပြုံးရာမှရီ၊ ရီရာမှ ဝါးလုံးကွဲ။
(မှတ်ချက်။ - - ။ မဖတ်ရသေးသူများ ဖတ်ရန် *** www.facebook.com/notes/တစ်ခါတစ်လေရေးဖြစ်တဲ့-ဒိုင်ယာရီ/ဆရာဝန်များအား-ဘုံရန်သူအဖြစ်-သတ်မှတ်ချေမှုန်းကြ/461252917245933 ***)
"တော်တော်ကတ်သီးကတ်သပ်ရေးတဲ့ သရော်စာပဲဗျ။ ဒါနဲ့ ခင်ဗျားရဲ့  ဆရာဝန်တွေနဲ့ ဘာဆိုင်လို့တုန်း။" ပုံချုပ်ကြီးက မေးပြန်သည်။
"ဆရာဝန် တချို့ က မောင်ပုံမယ်ပုံ ဖြစ်လွန်းသဗျ။ အဲဒီ့စာကို သရော်စာလို့ မသိဘဲ ရေးသူကို ဝိုင်းဆဲကြတာ ကျနော်လိုက်ဖတ်ကြည့်ပြီးမှ သတ်သေချင်စိတ်ပေါက်သွားတာ။ ဟိုမြန်မာစာဆရာပေးသွားတဲ့ သူ့တပည့်တွေထံပေးစာကို အရင်ဖတ်ဗျာ"
+++++မြန်မာစာဆရာ၏ သူ့တပည့်များထံ ပေးစာမူရင်း++++++
ဆရာဝန်များအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ ဆိုတဲ့ ခေါင်းစဉ်ကိုကြည့်လိုက်။ ဒီလိုမျိုး လွန်လွန်ကျွံကျွံ ရေးတာမျိုး မရှိခဲ့ဘူးဖူး။ ဒါကို ဖတ်လိုက်ကတည်းက လွန်ကျွံဖွဲ့နွဲ့ထားတာကို သိရမယ်။ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ ဆိုတဲ့ အရင်စစ်အစိုးရဲ့  စာသားကို ယူသုံးထားတာ။ နောက် ဘုံရန်သူအဖြစ် မျိုးပြုတ်အောင် လုပ်မယ်ဆိုတဲ့ မကောင်းကြံလိုစိတ်ဟာ အင်မတန်ပေါ်လွင်လာတယ်။ ဒါကြောင့် ဆရာဝန်တွေကို တိုက်ခိုက်နေသူတွေဟာ မကောင်းဘူးလို့ အဓိပ္ပါယ်ပေါက်တယ်။ အဲ- တည့်တည့်တွေးရင်တော့ ဆရာဝန်တွေကို ရန်ပြုမယ်ဆိုတဲ့ အဓိပ္ပါယ်။ ဒီလောက်စာရေးချောတဲ့ စာရေးသူဆရာဝန်တစ်ယောက်ဟာ ကိုယ့်ဆရာဝန်တွေကို ဒီလို ပြောပါ့မလား တွေးသင့်တယ်။
(စိတ်ထဲမတွေ့ရင် မတွေ့သလို like လုပ်၊ share လုပ်၊ comment ၀င်ပေး) တာတွေဟာ မကောင်းဘူးလို့ ဆိုလိုတာ။ ကိုယ့်စိတ်ကို ကိုယ်မထိမ်းနိုင်တဲ့သူ။ အပေါ်ယံတွေးသူလို့ ဆိုလိုတာ။ ("မကျေနပ်ရင် ဘလော့ပစ်လိုက်" ဆိုတဲ့ လက်သုံးစကားနဲ့ ရွပ်ရွပ်ချွံချွှံ တော်လှန်တယ်) လို့ ငေါ့ထားတာ။ ( ကြီးကြီးငယ်ငယ် လူမျိုးဘာသာကျားမရွေး ဘယ်သူမှ ဗိုလ်မထားဘဲ ဝေဖန်ဆဲဆိုခဲ့တာ ရိုင်းလွန်းလို့ ကျုပ်ပဲလို့ လုံးချလိုက်တာ။ အားလုံးကို သူသိသူတတ်လို့ Arrogant ဖြစ်တာကို ဆော်တာ။ (ယဉ်ကျေးဖို့ မလိုဘူး။ တစ်ခြားရှုထောင့်ကနေ စဉ်းစားဖို့မလိုဘူး။ တစ်ဖက်သားခံသာအောင်၊ လုပ်ချင်လာအောင် ဆွဲဆောင်ပြောဆိုဖို့ နည်းလမ်းရှာဖို့ မလိုဘူး။ ဆဲဖို့ပဲလိုတယ်။ ပွဲဆူအောင်လုပ်တာဟာ အဖြေပဲ) - ဆိုတာက Civilized မဖြစ်တာကို တီးတာ။
(positive criticism) အပြုသဘောနဲ့ ဝေဖန်တာဟာ ကောင်းတဲ့အရာ။ ဒါကို လက်မခံတဲ့ဒီစာရေးသူ (တနည်း - ဆရာဝန်တွေကို ဆော်ချင်သူ) ဟာ အတွေးအခေါ်ညံ့တယ်၊ ရှုတ်ချဖို့ပဲ တတ်တယ်။ ကောင်းလာအောင် ဘယ်လိုလုပ်သင့်တယ်လို့ မဝေဖန်တတ်ဘူးလို့ သမတာ။ (သူသေကိုယ်သေ တိုက်ခိုက်ခြင်းဟာ တိုးတက်ခြင်းရဲ့ လမ်းစပဲ။) ဆိုတာက သူသေကိုယ်သေ တိုက်ခိုက်ခြင်းဟာ တိုးတက်ခြင်းရဲ့ လမ်းစမဟုတ်ဘူးလို့ ပြောင်းပြန်ပြန်ယူရတယ်။
(police case ကိုတောင် ရဲအရေးပိုင်တဲ့ ရာဇ၀တ်မှုလို့ ရေးလိုက်တဲ့ ဆရာဝန်တွေ။ "သပိတ်မှောက်သဖြင့် မီးသင့်လာသော ဘုန်းဘုန်းလူနာများအမှု" ဆိုပြီး တုံးအသစ်လုပ်ပြီးမှ ထုပါလား။) တကယ်လုပ်လို့ ရသလား၊ လုပ်သင့်သလား စဉ်းစားကြည့်။ မရနိုင်တာကို တောင်းဆိုနေတဲ့ လူပြိန်းတွေလို့ ဆိုလိုတာ။ (တစ်သက်လုံး ရေးနေကျအတိုင်း ရာဇ၀တ်မှုလို့ ရေးလိုက်ရင် အဆဲခံနိုင်ရတယ်ဆိုတာတောင် မတွေးမိဘူးလား။) တစ်သက်လုံးရေးနေကျ လို့ သုံးလိုက်တာဟာ လုပ်ရိုးလုပ်စဉ်ပါလို့ ဆိုလိုတာ။ (တရားရုံးကို ကိုယ်တိုင်လိုက်ရှင်းပါလား။) မဖြစ်နိုင်တာတွေ တောင်းဆိုတာဖြစ်လို့ တောင်းဆိုသူဟာ လူအလူနုံလို့ ဆိုလိုတာ။ ( ဆေးရုံမှာ လူနာတွေနဲ့ လုံးလည်ချာလည် လိုက်နေရတာကလွဲလို့ အားနေကြတာပဲ မဟုတ်လား။) လုံးလည်ချာလည် လိုက်နေသူက အားနေပါ့မလား။ တမင်ရေးတာ။
(ဆေးရုံမှာ ဘာဖြစ်ဖြစ်၊ ဖြစ်သမျှ ဆရာဝန်က တာဝန်ယူရမှာပေါ့။) ဆိုတဲ့တစ်ပိုဒ်လုံးက အဆင်မပြေဖြစ်တာမှန်သမျှသည် ဆရာဝန်တွေပေါ်မှာချည့် တာဝန်မရှိကြောင်း ရေးတာ။ (ကုရင်အချိန်မီသေးတဲ့ ရင်သားကင်ဆာ) လွန်လာတော့မှ ဆေးရုံမှာ ရောက်လာလို့ ပိုက်ဆံတွေ သောက်သောက်လဲ ကုန်တာ ဆရာဝန်ပေါ်မှာ တာဝန်ရှိရဲ့ လား၊ ဘယ်သူ့မှာ တာဝန်ရှိနေတာလဲ ရှင်းနေတာကို ဆရာဝန်ပဲ အပြစ်တင်နေကြတယ်လို့ ဆိုလိုတာ။ ..........
+++++++++
"တော်ပြီကွာ သဘောပေါက်ပြီ။ ကျန်တာတွေ ပြီးမှ အေးအေးဆေးဆေးဖတ်မယ်။ ဒါနဲ့ မောင်ပုံ၊ မယ်ပုံတို့က ဘယ်လိုမန့် ကြလို့ မင်းက စိတ်ညစ်ပြီး သေကြောင်းကြံချင်ရတာတုန်း" ပုံချုပ်က မေးပြန်သည်။
"သူတို့ မန့်ထားတာတွေထဲက တချို့ ကို print ထုတ်လာတယ် ဆရာချာ။ ဝိုင်းပြီး Like လုပ်ထားသူ အရေအတွက်ပါ ဆရာ ကြည့်လို့ရမယ်။ ဒီမှာ...." ဟု စာရွက်များကို ပုံပုံဦးက ကမ်းလိုက်သည်။
++++ကွန်မန့်များ+++++
ကိုယ်တိုင် ဆရာဝန်မို့ပြောတာ မဟုတ်ပါဘူး ။ ဆရာဝန်ကို ဆဲရင် ဆရာဝန် ကုမရတဲ့ ရောဂါ ဖြစ်တယ်တဲ့ ( SGP မက US သွားကု ကု )..... နှစ် ၃၀ မှာ မကြာခဏ ကြုံဘူးလို့ပါ..။ အဆဲခံရတာတော့ ဆရာဝန် စိတ် တကယ်ရှိရင် ဘယ်လိုမှ မနေပါဘူး ။ လူနာကောင်း ပြီးရောဆိုပြီး ..။ ခလေး လူနာ၊ အရူး လူနာဆို တံတွေးနဲ့ထွေး ၊ ရန်တောင် ပြုတာခံရသေးတယ် .........
11 December at 10:27 · Like · 57
ယူတိုင်းပြည်ကို အုပ်ချုပ်တဲ့ အခါ Health drainage system ကြီးပြောင်းလိုက်ပေါ့။တိုင်းပြည်ကြီး တိုးတက်မှာပါ ဟ။ ဘ
်သူမှလူမထင်ပဲ မှန်တယ်ထင်လို့ လျှောက်ပြောတာလောက်တော့ ထမင်းစားတဲ့ဦးနှောက်တိုင်းလုပ်နိုင်တယ်။
11 December at 11:07 via mobile · Like · 8
what the fuck moron is that......this article is totally clear that written by stupid numb son of bitch,,,,if u think u r the right person n patriot,,why ur fucking mouth got silent when military government Than Shwe had power in hand n why u now speak up .,,,,hahaha,,absolutely obvious that burma is not deserved with democracy because of ur idiot guys,,,
11 December at 11:13 · Like · 10
အဲ့ဒါဆိုလည်းမင်းပဲဆရာဝန်လုပ်လိုက်ပါလား???ဒီလောက်တောင်မကောင်းပြောချင်နေရင်..
11 December at 11:41 via mobile · Like · 14
ဟုတ်ကဲ့ ဟုတ်ပါတယ် လူယုတ်မာစစ်စစ်ကြီးတွေပါ...ဒါပေမယ့် သူများကိုလက်ညှိုးတချောင်းထိုးရင် ကိုယ်ဘက်ကို သုံးချောင်းပြန်ထိုးတက်လို့ အခုရေးတဲ့သူဟာဘယ်လောက်တောင်ယုတ်မာတက်မလဲ ဆိုတာစဉ်းစားသာကြည့်ပေတော့...ကိုယ်တို့ကတော့ အနာပေါ်တုပ်ကျတာမဟုတ်လို့ စိတ်ထဲဘယ်လိုမှမရှိပါဘူး...ဟီးဟီ..တကယ်လူယုတ်မာစစ်စစ်ပါရှင် လူသူတော်ကောင်းကြီးက ပြောတော့လည်းခံရမှာပဲ...
11 December at 11:57 · Like · 16
ကြည့်ရတာ အမျိုးထဲမှာ ပညာတတ်တစ်ယောက်မှပါပုံမရဘူး အနီးနာမှာ DR ဆိုတာလေတောင်ရူဖူးပုံမရဘူး ဒီစာရေးတဲ့ကောင် အမျိုးထဲမှာ ငါးယောက်ပေါင်းလို့ ဆယ်တန်းအောင်ပုံမရဘူး ငါထင်တာတော့ DOCTOR တောင်စာလုံးပေါင်းတတ်မဲ့ကောင်မဟုတ်ဘူး
11 December at 12:33 · Like · 15
ရေရေလည်လည်မိုက်တယ်ဗျာ တကယ့်က်ုမိုက်တယ် လေးစားတယ်ဗျာ ဒါပေမဲ့ မြန်မာပြည် ဖွဘုတ်က လူတွေက ကြောက်တတ်တယ်ဗျ ခင်ဗျားနဲ့ ပြိုင်ပြီး ရန်ဖြစ်ရဲမှာမဟုတ်ဘူး ဒီလိုလုပ်။ youtube မှာပြနေတဲ့ အယ်ဂျာဇီးပြားရဲ့ video ကိုသွား ကလော်တုတ်ချေ။ ကျုပ်တော့ တစ်ချက်သွားပစ်တာ ဟိုကဆယ်ချက်ပြန်ပစ်လိုက်လို့ အမြီးကုတ်ပြီးပြန်ပြေးလာရတယ်။ခင်ဗျားအရည်အချင်းနဲ့ဆို ဖြစ်ပါတယ်ဗျာ လုပ်စမ်းပါဗျ။ အားပေးနေမယ်နော်.... ဟုတ်....
11 December at 12:54 via mobile · Like · 7
ဆရာဝန်ဖြစ်ဖို.ဥာဏ်မမှီတဲ့လူတွေကဒီလိုဘဲမနာလိုဖြစ်တတ်ပါတယ်...ဟဟ။ အပင်မြှင့်လို. လေတိုက်ခံရတယ်လို.ဘဲသဘောထားပါတယ်။ ဝေဖန်တယ်ဆိုတာပါးစမ်ပါတဲ့လူတိုင်း၊ စကားပြောတတ်တဲ့လူတိုင်းလုပ်တတ်ပါတယ်။ ဒီစာကိုတွေ.တော့ comment တွေအများကြီးရေးပြီးချေပချင်ပေမယ့်မရေးတော့ပါ။လမင်းကိုခွေးဟောင်တယ်လို. ဘဲသဘောထားပါတယ်(ဥပမာပေးတာနော်)။ ခင်ဗျားဦးနှောက်နုပါသေးတယ်။ကလေးအတွေးတွေနဲ.သူများကိုမပုတ်ခတ်နဲ.။ ကိုယ်ကိုကိုယ်ဘဲကောင်းအောင်အရင်ကြိုးစားလိုက်ပါဦး။ပြီးမှသူများကိုဝေဖန်ပေါ့။
11 December at 12:58 · Like · 7
လော က မှာ ဘယ် နေ ၇ာမဆို ဆိုး သူ ကောင်း သူ ၇ှိ တယ် ကွ အဆိုး ကြီး ပဲကြည်. ပြီး သိမ်း ကျူံး ပြော တာ က တော.အောက် တန်း စား ကလေ က ချေဆန် လွန်း ပါ တယ်၊ဆ၇ာ ၀န် တွေ မ၇ှိ ၇င် နင်.နှမ၊အမေ၊ဆွေ မျိုးတွေ ကို နင် ကိုယ်တိုင် ကု မလို.လား၊စာေ၇းတာ အပြုသဘော လည်းမဆောင်၊ဝေဖန်ေ၇းလည် မ ပာုတ်၊အတွေး အ ခေါ် ကအယ်ကိုင် ဒါ လို လို၊လမ်း ဘေးမှာ မူးပြီး ဆဲ နေ တယ် အောက် တန်းစား လို လို...typing ၇ိုက် တတ် တိုင်း စော က် ၇ူး လို လျောက် မေ ၇း ၇ဘူး ကွ၊
11 December at 13:09 · Like · 5
ထမင်းစာပြီးအသိညဏ်ရှိတဲ့ လူဆိုရင်စကားကိုဆင်ခြင်ပြီးပြော
ကိုယ်လိုရာဆွဲမပြောကြနဲ့
ု ဘယ်နိုင်ငံ ကဘာဘွဲ့ရတာလာမပြောနဲ့
မေးလိုက်အုံးမယ် မြန်မာပြည်ကဆေးရုံတွေမှာအလုပ်လုပ်ဖူး လား?
ငွေမက်လို့ဆရာဝန်လုပ်ရအောင် မင်းတို့အစိုးရလစာကဘယ်လောက်ရလို့လဲ
ကိုယ်မသိတဲ့ဟာတွေကိုလျှောက်မပြောစမ်းပါနဲ့
ဆေးရုံမှာဆရာဝန်တွေအိတ်စိုက်နေရတာ ကောသိကြလို့လား
ဆရာဝန်အားလုံးဟုပြောဆိုခြင်းသည်ရင့်သီး လွန်းပါသည်
မင်းတို့လိုလူတွေကြောင့် ဆရာဝန်တွေလဲလူဆိုးတွေဖြစ်ကုန်ကြပြီ
11 December at 13:44 via mobile · Like · 4
မင်းကလူလေးသုံးယောက်လောက်မကောင်းတာနဲ့ ဆရာဝန်အားလုံးကိုဘုံရန်သူအဖြစ်သုံးတဲ့..မင်းစကားလုံးတွေပြန်ပြင်လိုက်ပါ
11 December at 15:10 · Like · 2
ဒါဆိုစစ်တပ်ထဲကကော..မကောင်းတဲ့သူသုံးလေးယောက်မကရှိတယ်..မင်းဘုံရန်သူအဖြစ်သတ်မှတ်ပြီး..မင်းတွန်းလှန်လိုက်ပါလား
11 December at 15:10 · Like · 4
ဆရာဝန်အားလုံးဟာ လူယုတ်မာတွေချည်းပဲ..ဒီစကားလုံးနောက်ဆိုထည့်မသုံးနဲ့ ..မင်းအမျိုးတယေက်မကောင်းမင်းတို့ တမျိုး လုံးကိုထည့်ရေးရင်ကြိုက်မလားကွ..
11 December at 15:15 · Like · 1
မင်းကစာတော့ရေးတတ်ပါတယ်..ဒါပေမယ့်စဉ်းစားဥာဏ်မရှိတဲ့ကောင်ဘဲ..ကြည့်ရတာ..
11 December at 15:15 · Like
ခေါင်းစဉ်ဘဲဖတ်ပီး like ထားတဲ့ ဆရာဝန်တွေ ကို အံ့သြတယ်။
မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ပညာတတ်မရှိတဲ့ လူက ယင်ကောင်Brain လောက်နဲ့ စဉ်းစားပီးတင်တာကို ပက်ပက်စက်စက် Share ထားကြတာ ...... အနာဂတ်ဆိုတာကြီးကို တွေးတောင်မတွေးရဲ ဘူး။
ဒီနိုင်ငံမှာ နေမကောင်းမဖြစ်အောင် နေနိုင်ကြပါစေ။
အမျိုးအားလုံးကို "စ" မှာဆေးကုနိုင်တဲ့ လူများဖြစ်နိုင်ကြပါစေ။
11 December at 17:01 · Like · 1
မသေမချင်းမှတ်ထား ပိုက်ဆံမက်ရင် ဒီနိုင်ငံမှာ ဘယ်သူမှ ဆရာဝန် မလုပ် ဘူးကွ။ တခုတော့ ရှိ တယ် ကိုယ့်လက် ၅ ချောင်းတောင်မှ တစ်ချောင်မှ မညီဘူးဆိုတာ သတိရ။ ဆရာဝန်အားလုံး လူယုတ်မာဆိုတာတော့  အတော့် ကိုများလွန်းတယ်။။။
ဘယ်ကျောင်းနဲ့  ဘာဘွဲ့ တွေ ရခဲ့ လို့ ဒီလို အရေးအသားမျိုး ကိုရေးထားတာလဲ စဉ်းစားလို့ ကို မရဘူး ။။။
11 December at 17:06 · Like · 3
ဆရာ့အရေးအသားက ဟိုဘက်လိုလို ဒီဘက်လိုလိုဖြစ်နေတယ် ပြောချင်တာတွေအကုန်ရောမွှေထားတယ်
သရော်စာ စစ်စစ်ကြီး လို့  မယူဆပါ့
11 December at 18:54 via mobile · Like · 6
ယခုစာရေးတဲ့ဆရာခင်ဗျား
ကျွန်တော်ဟာ နယ်မြို့လေးမှာဆေးခန်းဖွင့်နေတဲ့ဆရာဝန်တစ်ယောက်ပါ။ကျွန်တော့်ကိုရွာကလူနာတွေက ဖုန်းနဲ့လူကြုံနဲ့ပင့်ကြပါတယ်။ Home visitအတွက်ဆေးဖိုးအပါအဝင်၂၀၀၀မှ၅၀၀၀ကျပ် သာရပါတယ်။သာသနဝန်ထမ်း(ဘာသာမရွေး)နှင့်အမှန်တကယ်နွမ်းပါးသူများကိုအခမဲ့ကုပေးပါတယ်။ကျွန်တော်သွားတဲ့ဒေသကိုဆိုင်ကယ်ကယ်ရီငှားရင်၁၅၀၀ မှ၂၀၀၀ပေးရပါတယ်။ကျွန်တော့်ဘွဲ့ နဲ့လုပ်နေရတာတွေကိုလွှဲပေးချင်ပါတယ်။ရမ်းကုနဲ့ အိမ်တိုင်ချွတ် ကုပြီးမှဆရာဝန်ဆီမှာ ရောက်လာရောဂါကကျွမ်းနေ။နောက်းးဆုံး
11 December at 21:40 via mobile · Like · 4
ဆရာပဲမီးလောင်နေတဲ့အမှိုက်ပုံရွက်ခဲ့ရတာတွေ ခဏခဏကြုံခဲ့ရပါတယ်။ရောဂါကုရတာလွယ်ပါတယ်။ရောဂါရှာရတာခက်တာပါ။ဘာရောဂါများကွာ ငါ့ဘာဆေးသောက်ပျောက်တာကြာပေါ့ဆိုတဲ့ ဆရာရမ်းကုများအတွက်အပင်ပန်းခံရောဂါရှာပေးရတာဘယ်သူတွေလဲ။ဆမကိုင်ဆရာဝန်ကြောင့်လူနာတိမ်းပါးသွားရင်အပြစ်ရှာချင်ပြီး ဆမ မရှိဘာမရှိ ဆေးကုနေသူများကြောင့် သေသွားရတာတွေကို ဘယ်လိုလုပ်မလဲ။ဆရာခင်ဗျား ယခုနေမကောင်းဖြစ်နေလျှင် TVမှကြေငြာသောဆေးများနှင့်မက ရမ်းကုနှင့်သာကုပါ။အမြစ်ပြတ်ပျောက်ကင်းလျှင် ကျွန်တော် ဆရာဝန် မလုပ်တော့ပါ။တောင်သူလုပ်စားပါတော့မည်။
11 December at 21:54 via mobile · Like · 5
*ဆေးရုံမှာ ဆေးမရှိလည်း ဆရာဝန်မှာ တာဝန်ရှိတယ်။ ဒီဆေးကဘာလို့ မရှိရတာလဲ။ ရှိအောင်လုပ်ပေး။ ဆရာဝန်ပဲဟာ ဆေးမရှိ ဆေးဖိုးစိုက်ပြီး ကုပေါ့။ လာသမျှလူနာ စိုက်မကုရအောင် ခင်ဗျားတို့ ဆရာဝန်စိတ်မရှိဘူးလား။ *.......... ဆေးရုံကလခနဲ့ မရှိဆင်းရဲအကုန် ကိုယ်က ဆေးဝယ်ပေးရင် လောက်ပါ့မလား။ ခင်ဗျားစိုက်ပေးမယ်ဆိုလာခဲ့။ ကိုယ် မလုပ်နိုင်ပဲ လာလေကျယ်နေတယ်... ဘာတွေလုပ်ပေးနေတယ်ဆိုတာ မသိဘဲနဲ့များ။
11 December at 21:50 · Edited · Like · 2
ရေးထားတာကို သိပ်ကြိုက်ဗျာ
ဒါပေမင့် စာရေးချာဂျီးက မြန်မာဆရာဝန်တွေကိုအထင်မကြီးရင် နိုင်ငံခြားထွက်ကုဗျာ။
ဒီကဆရာဝန်တွေကတော့ ဒီကလူတွေကို ကုပေးနေမှာပဲ။
စာရေးချာကြီးကို တခုလောက်အကြံပြုမယ်နော် ဒီကဆရာဝန်တွေနဲ့ရောဂါမကုပါနဲ့ ဆရာဝန်တွေရဲ့မေတ္တာစူးမှာစိုးလို့။
စာရေးဆရာကျန်းမာပါစေ။ ခလုပ်မထိဆူးမငြိပါစေနှင့်။ရမ်းကုလက်မှလွတ်ပါစေ။
ဒါဟာမြန်မာဆရာဝန်တွေရဲ့ စစ်မှန်တဲ့စေတနာပါပဲ။
11 December at 23:56 via mobile · Like · 8
ကျွန်တော်ဒီစာရေးတဲ့လူကိုတကယ်သနားတယ်
ခင်ဗျာခုဖျားနာခဲ့ရင် ဆရာဝန်ပြရဲသေးလား
ဆရာဝန်တွေကတော့ခင်ဗျာကိုကိုယ်တတ်တဲ့ပညာနဲ့အစွမ်းကုန်ကုသပေးအုံးမှာပါ
အားလုံးကစေတနာ မေတ္တာ ဂရုဏာ ရှေ့ထားအလုပ်လုပ်နေကြတာ
ဒီနိုင်ငံမှာရှိတဲ့ resources နဲ့ဒီနိုင်ငံကလူနာတွေကိုအစွမ်းကုန်ကုပေးနေကြတာ
ကိုယ့်ပြည်ကိုချစ်တယ် ကိုယ်လူမျိုးကိုချစ်တယ် ကိုယ့်နိုင်ငံသားတွေအတွက် အစွမ်းကုန်ကုပေးမယ် ဝေဖန်ရေးသမားကြီးအပါအဝင်ပေါ့
12 December at 00:05 · Edited · Like · 7
gara gaara ရေအကြိမ်တစ်ရာဖတ်လည်းဒီအဓိပ္ပာယ်ပဲ သနားစရာကောင်းပါတယ် ဆေးရုံများများလာလေ့လာပေါ့ကွာ မင်းလည်းဆေးကျောင်းသားပဲ
12 December at 00:08 · Like · 2
မင်းမမှားပါဒီမိုကရေစီခေတ်မှာလွှတ်လပ်စွာဆန္ဒထုတ်ဖေါ်ပိုင်ခွင့်ရှိတယ်
ဒီဝေဖန်ရေးသမားလိုပေါ့
But we are doctors ပါ တို့တွေ့အနှစ်နှစ်အလလစာတွေသင်ခဲ့တာဘာအတွက်လဲ
ဘယ်သူဘယ်လိုသရော်ပါစေ တို့တွေခံယူချက်မပြောင်းဖို့လိုပါတယ်
သရော်ပိုင်ခွင့်က people right ^^
12 December at 00:17 · Like · 5
ဒါဆိုစာတိုင်းကိုယုံကြည်လို့မရတဲ့ခေတ်ေ၇ာက်နေပြီကိုး။ သိပ်ရင်နာစရာကောင်းတာပဲ။ စာဖတ်တဲ့သူတွေတောင်စာမဖတ်ရဲလောက်အောင်ဖြစ်သွားအောင်လုပ်တဲ့ခေတ်ကြီးကျမမီနေပါသေးလားလို့တွေးမိတယ်။ ဆရာဝန်ဆဲချင်ရင်ဗြောင်ဆဲပြီး။ နောက်တော့မှ Satire ဆိုပြီးလုပ်လိုက်တယ်။ လူလည်ကျတယ်လို့ဘဲမြင်တယ်။ စာပေနဲ့လူလည်ကျတဲ့အလုပ်မလုပ်သင့်ပါဘူး။ စာဆိုတာလူတိုင်းကိုအကျိုးပြုတဲ့စာမျိုးကိုရေးမှစာရေးသူရဲ့စေတနာကိုသဘောပေါက်ပါမယ်။
12 December at 01:13 · Like · 3
အစိုးရရုံး တွေမှာသာလုပ်စားနေတဲ့  ၀န်ထမ်းကြီးငယ် တွေကို ကျုပ်တို့က ဟုတ်ကဲ့ ပါဆရာဆိုပြီးချိုချို သာ သာ နဲ့ ပြောမယ်။ ဆေး ရုံေ ရာက်လာရင် တော့ ခဏစောင့် ရတာနဲ့တွေ့ပြီပဲ။ မီးပွင့် သွားမယ်။
(ဒီစာသားလေးလဲဖက်ကြည့်ပါဗျာ ဘယ်ဘက်ကရေးပေးထားတာလဲလို့)
12 December at 07:43 via mobile · Edited · Like · 2
မင်း ဘက် က ကြီး
ငါ့ဘက်က ယ ပါ
တခြား field ကို လက်ညိုးထိုးနေရအောင်
မင်းတို့ field ပေါင်းစုံမှာရော ခြွင်းချက်မရှိပြည့်စုံကြရရဲ့လား
12 December at 10:43 via mobile · Like · 2
လှေနံနှစ်ဘက်မနင်းပါနဲ့ဆရာရယ်...Comment ရေးတဲ့လူတွေမျက်စိ လည်ကုန်ပြီ...နောက်တစ်ခါရေးရင်တစ်ဘက်ဘက်ကိုဖိသာနင်းလိုက်ပါတော့..
12 December at 12:34 · Like · 4
Health Minister ............do u hear now ? are u reading this? this is for you and your department. When writer refers to ' Doctors ' . that means . you . all heads of departments are responsible. you should stand up and explain why .' health department clinical service ' did not meet the requirement of emergency medical needs of community.. do you understand .. ' meet the requirement ' . ? .. Go and explain now. Move your bums. . don't just sit on the chair.
12 December at 12:49 · Like · 4
သြော်သြော် တရားရစရာကောင်းလိုက်ကြတာ လူတွေလူတွေ ဘာမှမသိဘဲရမ်းသမ်းပြောချင်နေကြ
13 December at 11:09 via mobile · Like
မင်း က အဲလိုပြောတော့ မင်းမှာ ဘာကောင်းကျိုးရလဲ မင်းကိုမင်းစာလေးနှစ်ကြောင်းလောက်ရေးတတ်တယ်ဆိုပြီးဆရာကြီးလာလုပ်မနေနဲ့
13 December at 11:14 via mobile · Like
ဒီလိုရေးတဲ့သူကရောသူ့အတွက်သူတပါးအတွက်အကျိုးရှိစေမဲ့အရာဘယ်လောက်လုပ်ပြီးပြီလဲသူတပါးကူိုပြောမယ်ဆိုရင်ကိုယ်ရဲ့လူပ်ရပ်တွေကိုအရင်ကြည့်ပါအုံး။ဆရာဝနဆိုတာလူပဲလေ။အသွေးအသားနဲ့ဝမ်းစာအတွက်ပိုက်ဆံ့တော့ရှာရမှာပေါ့။တခုပြောချင်တာကဆရာဝန်ကြီးတွေကပိုက်ဆံ့နွေမက်လွန်းလိုလူနာအယောက်တရာကြည့်နေတာမဟုတ်ပါအဒီလူနာတွေဟာအဒီဆရာကုသပေးဒရမှာဖြစ်တဲ့လူနာမို့ပါ။လူနာတိုင်းကိုအိပ်စိုက်ကုရအောင်သူတို့စီးပွာရေးသမားမဟုတ်ဘူး။တွေ့ကရလူကိုကောက်ကုရအောင်ဘူတွေကရိုးသားကြမယ်ထင်လား။ဆေးရုံတတ်သမျှလူတိုင်းစရိတ်ထောက်ပံ့ဖို့ဆိုတာနိုင်ငံတော်စီးပွာရေးတောင့်တင်ဖို့လိုတယ်။တဦးချင်းစီနိုင်ငံကြီးသာပီသကြရင်ကိုယ်ကျရာတာဝန်ကိုကျေပွန်စွာလုပ်င်တနေ့မှာတော့
13 December at 11:20 via mobile · Like · 4
တော်တော်အသေးစိတ်ကိုလေ့လာထားတာပဲ အားအားယားယား၁၀၉ ၁၁၀နဲ့တူတယ် အဲလောက်တောင်မုန်းနေရင်လူ့ပြည်မှာမနေနဲ့ ငရဲပြည်သွားနေပါလာ်း
14 December at 11:10 via mobile · Like
++++++++++++++++++++++++++++++++++
"တချို့ ကလည်း အပြင်စာဖတ်တာနည်းလို့လို့ ထင်မြင်ချက်ပေးကြတယ်။ ဒါပေမဲ့ စာရေးဆရာဆရာဝန်တွေ ထွက်နေသေးတော့ ဟုတ်မှ ဟုတ်ရဲ့ လားလို့ စဉ်းစားစရာလို့ ဆရာဝန်တွေက ပြန်တုံ့ပြန်တယ်။ သို့သော် ဦးတေဇတို့ရှိနေတာနဲ့ မြန်မာပြည်တစ်ပြည်လုံးဟာ ဆင်းရဲတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောနိုင်လို့လား။" ပုံပုံဦးပြောသည်။
"ဆရာဝန်တွေ ဒီသရော်စာကို နားမလည်ရင် သူတို့ကုမှာ ရင်လေးတယ်လို့ တချို့ က ပြောတယ်။ တကယ်တော့ လူနာတစ်ယောက်ဆီက စကားတစ်လုံး ကြားလိုက်ရင် တည့်တည့်အဓိပ္ပါယ်ရော၊ Hidden Agenda လို့ခေါ်တဲ့ အဆိုပါစကားကို ပြောထွက်အောင် လှုံဆော်လိုက်သော လူနာစိတ်ထဲက အတွေးအခေါ်ခံစားချက်ကိုကော နားလည်ရမှာ။ ဒီတော့ အဲဒီမောင်ပုံတချို့ ဟာ ဒီလိုလူနာမျိုးကို ကိုင်တွယ်နိုင်ပါ့မလား သံသယ ဖြစ်တယ်။" ဆရာချာ ငိုင်ပြီး နားထောင်နေသည်။
"တည့်တည့်ပြောတဲ့ အဓိပ္ပါယ်ကိုပဲ နားလည်ပြီး သွယ်ဝိုက်တဲ့ အဓိပ္ပါယ်ကို နားမလည်တာကို Psychiatry စိတ်အထူးက ပညာရပ်မှာ Concrete Thinking လို့ ခေါ်တယ်မဟုတ်လားဆရာချာ။ ဥပမာ - မိုးလွန်မှ ထွန်ချ - လို့ ပြောလိုက်ရင် အချိန်ကုန်မှ အလုပ်ကို စတယ်ဆိုတဲ့ သွယ်ဝိုက် အဓိပ္ပါယ် ကို လူကောင်းတွေက နားလည်သော်လည်း စိတ်ကဇင့်ကလျား Schizophrenia ဝေဒနာသည်တွေက - မိုးလွန်မှ ထွန်တုံးနဲ့ စထွန်တာကိုပြောတာ - လို့ ပဲ နားလည်တာကို Concrete Thinking လို့ ခေါ်တယ်မဟုတ်လား။ ဒီတော့ ကျနော်တို့ ဆေးကျောင်းသားတွေကို အရည်အတွက် တိုးမြှင့်ခေါ်လိုက်မိတုန်းက သေသေချာချာ ဆေးမစစ်လိုက်မိလို့ များ စိတ်ကဇင့်ကလျား Schizophrenia ဝေဒနာသည်လောင်းလေးတွေ ပါလာမိသလားလဲ စိုးရိမ်တယ်ဆရာ။ ဒါကြောင့် ဆရာဝန်တချို့က တည့်တည့် အဓိပ္ပါယ်ကိုပဲ နားလည်ပြီး သွယ်ဝိုက်သရော်ထားတာတွေကို နားမလည်တာ ဖြစ်နိုင်တယ်ဆရာ။ သရော်စာ ဖြစ်ပါတယ် ဆိုတာကို ပြောပြီးတော့လည်း တချို့ ဆရာဝန်လေးတွေက ဆရာဝန်တွေကို သရော်တဲ့ စာဖြစ်လို့ သရော်စာလို့ ခေါ်တယ်လို့ ထင်တုန်း".. ပုံပုံဦးစကားဆုံးသော်လည်း ဆရာချာကား မတုန်မလှုပ်ကျောက်ရုပ်ကြီးလို ရပ်နေသည်။ ခဏနေသော် ပါးစပ်မှ ( သွယ်ဝိုက် အဓိပ္ပါယ် .. Concrete Thinking ... Schizophrenia) ဟူသည့် စကားလုံးများကို ဆီမန်းမန်းသလို တတွတ်တွတ် ရွတ်နေပြန်တော့သည်။
"သွယ်ဝိုက် အဓိပ္ပါယ် ..
Concrete Thinking ...
Schizophrenia ...
သွယ်ဝိုက် အဓိပ္ပါယ် ..
Concrete Thinking ...
Schizophrenia ...
သွယ်ဝိုက် အဓိပ္ပါယ် ..
Concrete Thinking ...
Schizophrenia ...
သွယ်ဝိုက် အဓိပ္ပါယ် ..
Concrete Thinking ...
Schizophrenia ... "
မိနစ်ပိုင်းကြာသော် ရုတ်တရက်ဆိုသလို ဆရာချာသည် ၀ရန်တာဖက်ဆီသို့ ပြေးသွားလေတော့သည်။ ပုံပုံဦး သတိဝင်လာသော် ဆရာချာကား လက်ရမ်းပေါ်မှတဆင့် အောက်သို့ ခုန်ချရန် ပြင်ဆင်ပြီးနေလေသည်။ ပုံပုံဦးလည်း ဒရောသောပါး သွားဆွဲချရသည်။ အဘယ့်ကြောင့် တက်သွားပြီး ခုန်ချရန်ကြံသည်ကို မေးသော် - မီဒီယာတချို့ နှင့် ရင်ဆိုင်နေရချိန်တွင် မောင်ပုံတချို့ ကြောင့် စိတ်ဓါတ်ကျသွားပြီး သတ်သေချင်လာသောကြောင့် ဟု ဆရာချာက စိတ်ပျက် လက်ပျက် ဖြေရှာသည်။ ဒီလိုတော့ မဟုတ်သေး၊ နောက်တနည်း သူ့မှာ အကြံရှိပါသည်ဟု ပုံပုံဦးက ပြောပြီး ဆရာချာအနားတွင် တီးတိုးပြောဆိုလေသည်။
++++++++++++
ဆန္ဒထုတ်ဖေါ် ခြင်း ဟု ရေးထားသော ဗီနိုင်းကို ဆရာချာနှင့် ပုံပုံဦးတို့ ရှေ့ တွင် ထောင်ထားသည်။
ဆရာချာ၏ လက်ထဲမှ ဆိုင်းဘုတ်တွင်ကား
"(တခါတလေမှ ရေးတဲ့ ဒိုင်ယာရီ) ဟူသော ကလောင်အမည်မှ (လုံးဝရေးခွင့်မပြုသော ဒိုင်ယာရီ)ဟူသော အမည်ပြောင်းလဲရေး --- ဒို့အရေး" ဟုရေးသားထားပြီး
ပုံပုံဦးလက်ထဲတွင်ကား
"မောင်ပုံမယ်ပုံတို့ နားမလည်သော စတိုင်ယာ သရော်စာစာပေ ဖေ့စ်ဘွတ်ပေါ်တွင် - ပပျောက်ရေး ---- ဒို့အရေး" ...ဟု ရေးထားသည်ကို လူအများ တွေ့ရလေတော့သည်။
ပိုးသာကုန် မောင်ပုံစောင်းမတတ်
ပုံပုံဦး
မှတ်ချက်။ . . . ။ အထက်ပါပုံပုံဦးရေးသောစာသည် သရော်စာ ဟုတ်မဟုတ် ဆုံးဖြတ်ထင်မြင်ချက်ပေးနိုင်ရန် "စုံစမ်းရေး ကော်မရှင်" ဖွဲ့စည်းပြီး ဖြစ်ကြောင်းနှင့် စတင် စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မြန်မာစာဆရာ၏ သူ့တပည့်များထံ ပေးစာမူရင်း အပြည့်အစုံကို ကော်ပီတောင်းယူနိုင်ကြောင်း အသိပေးအပ်ပါသည်။
0 comments:
Post a Comment