Author: lubo601 |
7:29 PM |
|

တစ်ခုခုလုပ်သင့်တယ်ဆိုရင် should + verb နဲ့သုံးတယ် ။ ( ဒါများ သူပြောမှလား ) ဥပမာ
You should go. မင်းသွားသင့်တယ် ။
***သတိထားရမှာက မင်းသွားသင့်တယ် ဆိုတာ အနာဂတ်ကို ရည်ညွှန်းတယ် ဆိုတာပါ ။ မသွားရသေးလို့ သွားသင့်တဲ့အကြောင်း ပြောနေတာ မဟုတ်လား ။
***အခု ပြောချင်တာကတော့ အတိတ်မှာတုန်းက လုပ်သင့်ရဲ့နဲ့ မလုပ်ခဲ့လို့ နောင်တရသံလေး သို့မဟုတ် အပြစ်တင်သံလေးနဲ့ ပြောတာကိုပါ ။ အဲဒါကို
should have + past participle နဲ့ သုံးရတယ် ။ past participle ဆိုတာက ငယ်စဉ်တောင်ကျေးတုန်းက မြန်မာပြည်ကျောင်းတွေမှာ သင်လေ့ရှိတဲ့ Verb 3 ဆိုတဲ့ဟာပါ ။ go = Verb 1, went = Verb 2 , gone = Verb 3 လို့ သင်တတ်ကြတယ်လေ ။ ဘယ်လိုဘဲ သင်လွှတ်လိုက်လိုက် နားတော့ လည်သွားခဲ့တာဘဲ ....ဟီး ။ အဲတော့ ဆက်ရရင် ဥပမာ
You should have gone to the interview. အင်တာဗျူးကို မင်းသွားသင့်ခဲ့တယ် ( မသွားလိုက်လို့ အပြစ်တင်တဲ့ သဘော ၊ ပြီးသွားပြီ ၊ အတိတ်ကို ပြန်ပြောပြီး ဒေါသထွက်နေတာလေ ၊ ဒီတော့ အဲဒါကို သွားပြီး You should go to the interview လို့ မပြောရဘူး )
I should have accepted the offer. အဲဒီ ကမ်းလှမ်းမှုကို ကျမ လက်ခံသင့်ခဲ့တယ် ။
She should not have said that . သူမ အဲဒါကို မပြောသင့်ခဲ့ဘူး ( ခုတော့ ပြောပြီးသွားပြီ...ကွိုင်ဘဲ )
He should have sent me a message at least . သူ ကျမကို message လေးတော့ အနည်းဆုံး ပို့သင့်ပါတယ် ။ ( ခုတော့ စောင့်လိုက်ရတာ လည်ပင်းရှည် )
I should have studied harder . ငါစာကို ဒီထက် ပိုကြိုးစားခဲ့သင့်တယ် ။ ( ခုတော့ အမေ့သား ဘ၀...အဟင့် )
အင်မတန် လွယ် အင်မတန် အသုံးဝင်ပါတယ် ၊ အင်မတန်လည်း အသုံးများပြီး အင်မတန်လည်း မှားနေကြတာမို့ should have + Verb 3 ဆိုတာကိုသာ ခေါင်းထဲ အသေမှတ်ထားလိုက်ပါ ။ တခုခုကို လုပ်သင့်ရဲ့နဲ့ မလုပ်ခဲ့လို့ နောင်တ သို့မဟုတ် အပြစ်တင် ကြိမ်းမောင်းပြီး အတိတ်ကို ရည်ညွှန်းတယ် ဆိုတာပါ မမေ့ကြပါနှင့် ။
I should not have loved him .
ကျမ သူ့ကို မချစ်သင့်ခဲ့ပါဘူး ။ ( ခုတော့ ကလေး ၂ ယောက်ထွက်လာတာဘဲ အဖတ်တင်တယ် ) ကဲ...ဒီလောက်ဆို မှတ်မိမယ် ထင်ပါတယ်နော် ။

အတိတ်မှာတုန်းက လုပ် '' သင့် '' တာကို မလုပ်ခဲ့လို့ အခုအချိန်မှာနောင်တရတဲ့ အနေနဲ့ ပြောရင် I should do လို့ မပြောရဘဲ I should have done လို့ ရေးရတာကို ပြောခဲ့ပြီးပါပြီ ။ ဥပမာ
You should have told me earlier.
မင်းငါ့ကို ဒီထက်အရင် ပြောခဲ့သင့်တယ် ။ ( အခုတော့ မဖြစ်သင့်တာဖြစ်ကုန်ပြီ )
They should have kept their promise.
သူတို့ကတိကို တည်ခဲ့သင့်တယ် ။ ( ကတိဖျက်လို့ ဒေါသနဲ့ ပြောတဲ့စကား )
I should not have drunk too much . ငါအလွန်အကျွံမသောက်ခဲ့သင့်ဘူး ။ ( အခုတော့ ကျွဲခိုးပေါ်ကုန်ပါပေါ့လား )
အဲဒီလိုအသုံးတစ်ခု အခု ထပ်ပြောပြပါရစေ ။
အတိတ်မှာ လုပ်'' နိုင် '' ရက်နဲ့ မလုပ်ခဲ့ရင် could + have + V3 ကို သုံးပါတယ် ။ ဥပမာ
I could have helped him . သူ့ကို ငါကူညီနိုင်ခဲ့သားဘဲ ( ဒါပေမယ့် မကူညီခဲ့ဘူး )
I could have gone to Oxford University but I preferred Harvard.
အောက်စဖို့ကို ငါသွားတက်နိုင်ခဲ့သားဘဲ ။ ဒါပေမယ့် ဟာဗတ်ကို ပိုသဘောကျတယ်လေ ( နောက်ဘ၀မှ ဂလို ဟန်ပါပါနဲ့ ပြောပစ်ဦးမယ် )
She could have married him but she didn't want to.
သူမက သူ့ကို လက်ထပ်နိုင်ခဲ့သားဘဲ ။ ဒါပေမယ့် ယူမှမယူချင်တာကိုး ( ဖြစ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တဲ့ အဓိပ္ပါယ် )
They could have bought a house here 20 years ago but chose not to.
သူတို့ ဒီမှာ လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းက အိမ်ဝယ်လို့ ရသားဘဲ ။ ဒါပေမယ့် မ၀ယ်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြတယ် ။ ( တတ်နိုင်ရက်နဲ့ မလုပ်ခဲ့ )
လုပ်နိုင်ရက်နဲ့ မလုပ်ခဲ့လို့ အပြစ်ပြောချင်တဲ့အခါလည်း သုံးတယ် ။
***************************
You could have phoned me to let me know.
မင်းကွာ...ငါ့ကို အသိပေးဖို့ ဖုန်းဆက်လို့ရသားနဲ့ ( မဆက်ခဲ့ဘူး )
They could have helped me instead of just sitting there.
ထိုင်နေမယ့်အစား သူတို့ ငါ့ကို ကူညီလို့ရနိုင်ရက်နဲ့ ( မကူညီခဲ့ကြဘူး )
I could have done more to help you. Sorry.
မင်းကို ငါ ဒီထက်ကူညီလို့ ရနိုင်ရက်သားနဲ့ကွာ ။ ဆောရီး ( မစောတော့ဘူး ပြောင်ရေ )
I couldn't have managed without you.
မင်းမပါဘဲ ငါ manage လုပ်နိုင်မှာမဟုတ်ဘူးကွာ ( မင်းကို ကျေးဇူးတင်တယ်ဆိုတဲ့သဘော )
I couldn't have got the job. He was always going to appoint his nephew.
ငါအလုပ်ရနိုင်သားဘဲ ။ ( ဒါပေမယ့် ) သူက သူတူကို ခန့်ဖို့ လုပ်ပြီးသား။
ဖြစ်နိုင်တာကို ခန့်မှန်းပြီး ပြောရာမှာလည်းသုံးတယ် ။
***********************************
Mary could have taken the earlier train.
မေရီက ဒီထက်စောတဲ့ ရထားကို စီးရင်လည်း စီးလာနိုင်တာဘဲ ။ ( မေရီရထားပေါ် ရောက်နေချိန် မျှော်နေသူတွေက ခန့်မှန်းပြောတဲ့စကား )
Mg Mg could have told her.
မောင်မောင်က သူမကို ပြောရင် ပြောလိုက်မှာနော် ( ခုလောက်ဆို သူမသိနေလောက်ပြီ )
She could have overheard what I said.
ငါ ပြောတာကို သူမ မတော်တဆ ကြားသွားနိုင်လောက်တယ်.....( တိန် )
ဒီ Link ကို သွားကြည့်ပါဦး
https://www.facebook.com/photo.php?fbid=403340573071186&set=a.356850597720184.81083.100001857416736&type=3&theater
0 comments:
Post a Comment