Tuesday, December 4, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၂)

သစ်ထူးလွင်



Posted: 04 Dec 2012 07:03 AM PST
ဒီဇင်ဘာလ ၄ ရက် နံနက် ၁၀ နာရီခွဲ အချိန်၌ မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်  ခုံအမှတ် ထုတ်ပေးသည့် ကောင်တာရှေ့တွင် ကျောင်းသား ကျောင်းသူများ စုပြုံတိုးဝေ့ ကာ ခုံအမှတ် ထုတ်ယူ ကြသောကြောင့် ပထမနှစ် ကျောင်းသူနှစ်ဦး ဒဏ်ရာရရှိသွားပါသည်။ သက်ဆိုင်ရာ ဝန်ထမ်းများ၏ ညံ့ဖျင်းသော စီမံ ကွပ်ကဲမှုကြောင့် ယခုကဲ့သို့ ဝရုန်း သုံးကားဖြစ်ကာ ကျောင်းသား ကျောင်းသူများ ဒဏ်ရာ အနာတရ ဖြစ်ရကြောင်း ကျောင်းလာအပ်သည့်  မိဘတစ်ဦးက ပြောဆိုသည်။

by Myanmar News Now

ကောင်တာရှေ့တွင် ကျောင်းသား ကျောင်းသူများ စုပြုံတိုးဝေ့

Posted: 04 Dec 2012 06:54 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၎

ပဲခူးရိုးမ အနီး တိုက်ကြီး မြို့နယ် ရွှေမြိုင်သာယာ ကျေးရွာတွင် ဒီဇင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီ အချိန် ခန့်က ဆင်ရိုင်း တစ်ကောင် ဝင်ရောက် နှောက်ယှက်မှု ကြောင့် ၄ နှစ် အရွယ် ကလေး တစ်ဦး ဆင်းနင်း၍ သေဆုံး သွားကြောင်း ယင်း ဒေသခံ များက ပြောကြားသည်။

သေဆုံးသူ မောင်ပိုးချစ်၏ ခြံဝိုင်း အတွင်းသို့ ဆင်းရိုင်း ဝင်လာစဉ် ဖခင် ဦးမြင့်ကျော်ဦး က ပြန်လည် ထွက်သွားရန် ဒန်အိုးများ တီး၍ ခြောက်လှန့် နေစဉ် လေးနှစ် အရွယ် မောင်ပိုးချစ်သည် ကြောက်လန့်ပြီး အိမ်ထဲမှ ထွက်ပြေးစဉ် နေအိမ် အရှေ့ ၁၀ ပေ အကွာတွင် ဆင်နင်း ခံရသော ကြောင့် ဦခေါင်း ကွဲကြေ ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆင်မှာ ဟိုင်းဆင်ဟု ယူဆ ရပြီး အရပ်၁၂ ပေခန့်မြင့်ကာ ည ၈ နာရီခွဲ အချိန် ခန့် ကပင် ရွာထဲသို့ ဝင်ရောက် နှောက်ယှက်ကာ ည ၁၀ နာရီ အချိန်ခန့်တွင် မောင်းပိုးချစ်တို့ ခြံဝန်း ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ၄င်းဖြစ်စဉ်ကို တိုက်ကြီး ရဲတပ်ဖွဲ့ စခန်း မှ ( ပ ) ၁၄ / ၁၂ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ရဲတပ်ကြပ် တစ်ဦးက The Voice Weekly ၏ မေးမြန်မှုကို ပြန်လည် ဖြေကြားသည်။

၎င်းကျေးရွာတွင် လူနေ အိမ်ခြေ ၁၅ လုံး အောက်သာ ရှိပြီး တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ၁၂ မိုင်ခန့် ကွာဝေးကြောင်း၊ ၄င်းနှင့် နီးစပ်သည့် ရွာများ တွင်လည်း မကြာခဏ တောဆင် ရိုင်းများ ဝင်ရောက် နှောက်ယှက်မှု ရှိကြောင်း အဆိုပါ ရဲတပ်ကြပ်မှ ထပ်မံ ပြောကြားသည်။

The Voice Weekly


Posted: 04 Dec 2012 06:37 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၎

မကြာခဏ မိုင်းကွဲလေ့ ရှိသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပေါ်၌ ဒီဇင်ဘာလ ၃ရက်နေ့ ည ၁၁နာရီခွဲ အချိန်တွင် မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ပြီး ခရီး သွားလာမှု ကို ၄နာရီခန့် ရပ်ဆိုင်း ခဲ့ရကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့မှ သိရသည်။

မိုးညှင်း မြို့နှင့် ၇မိုင်ခန့် အကွာ ညောင်ကုန်း ဘူတာ နှင့် နမ္မား ဘူတာကြား မိုင်တိုင် အမှတ် ၆၄၀/ ၂၂ - ၂၃ ကြားတွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး သံလမ်း တံချောင်း အရှည် ၅ပေခန့် ပျက်စီး သွားကြောင်း အထက်ပါ ရုံးမှ သိရ သည်။ “လူတွေ ထိခိုက် ပျက်စီးတာ မရှိဘူး” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်း မီးရထား လမ်းကို ညတွင်းပင် ပြင်ဆင်မှုများ ပြုလုပ် ခဲ့ပြီး ဒီဇင်ဘာ ၄ရက်နေ့ နံနက် ၄နာရီ ၁၀မိနစ်တွင် ခရီး သွားလာမှုကို ဖွင့်လှစ် လိုက်ကြောင်း မိုးညှင်းမြို့ မီးရထား ရုံးက ပြောကြားသည်။

မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပေါ်ရှိ တံတားများ မကြာခဏ မိုင်းကွဲလေ့ ရှိသောကြောင့် တံတား များတွင် လုံခြုံရေး ချထားခြင်း ကြောင့် လုံခြုံရေး မချထားသော လမ်းပိုင်း နေရာကို ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က မိုင်းခွဲခြင်း ဖြစ်ကြောင်း မိုးညှင်း အခြေစိုက် တပ်ရေးဗိုလ်ကြီး တစ်ဦးက မှတ်ချက် ပေးသည်။

The Voice Weekly အနေဖြင့် ကေအိုင်အေ အရာရှိ များကို အကြိမ်ကြိမ် ဆက်သွယ် သော်လည်း ညနေ လေးနာရီထိ ဆက်သွယ်၍ မရသေးပေ။

The Voice Weekly


Posted: 04 Dec 2012 06:18 AM PST
တော်ဝင် သစ် အချောထည် အလုပ်သမားများ အင်းစိန် အလုပ်သမားရုံးမှ မရမ်းကုန်းမြို့နယ် အလုပ်သမား ဦးစီးဌာန (အနောက်ပိုင်း ခရိုင်ရုံး)သို့ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ရာ လမ်းခရီးတွင် သက်ဆိုင်ရာ အာဏာပိုင်များ က သုံးကြိမ်တိုင် တားမြစ်သော်လည်း ဆက်လက် လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Dec 2012 06:01 AM PST
ကချင် ပြည်နယ် မိုးညှင်း မြို့နယ်တွင်း နေထိုင် သူများထံမှ တစ်အိမ် ထောင်လျှင် ဆန် (၂)တင်းနှင့် ဆား (၂)ပိသာ KIA(104)ဗျူဟာ တပ်သို့ ပေးဆောင်ရန် စာပို့ ထားကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေး အဖွဲ့ထံက သိရှိရသည်။ "KIA (104)ဗျူဟာတပ်က နမ္မားမှာရှိတဲ့ အုပ်စု (၆)အုပ်စုကို ဆန်နဲ့ဆား တောင်းတယ်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2012 05:50 AM PST
မြန်မာနိုင်ငံ ဘုရားသုံးဆူ မြို့နယ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့  တရားမ၀င် ၀င်ရောက် သူများ၌ အသက်(၁၈) နှစ်မပြည့် သေးသည့် ကလေးငယ် (၁၈)ဦး ပါဝင်၍ ထိုင်းနိုင်ငံမှ တာဝန်ရှိ သူများက ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက် အလုပ် လုပ်ကိုင်မည့် မြန်မာ နိုင်ငံသား (၆၇)ဦးတွင် ကလေး(၁၈)ဦး ပါဝင်ခြင်း ဖြစ်ပြီး၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Dec 2012 05:39 AM PST
ဆားလင်းကြီးရဲစခန်းမှ လက်ပန်တောင်းတောင် သပိတ်စခန်းများကို လာရောက်၍ကူညီထောက်ပံသည့် ကယားလူမျိုး ကိုသက်တင်၏ ၂ဃ/၃၈၄၂ ချောကလက်ရောင် အမျိုးအစား တိုယိုတာဗစ် ကားအား ၂၉.၁၁.၂၀၁၂ရက်နေ့ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲအပြီးတွင် သိမ်းဆည်းသွားပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Dec 2012 05:28 AM PST
တောင်ငူမြို့ အရှေ့ (၈)မိုင် အကွာတွင် တည်ရှိသော ရှေးဟောင်း သမိုင်းဝင် မြတ်စောညီနောင် ဘုရားဝင်း ရွှေဟင်္သာ စေတီရင်ပြင် တနင်္လာထောင့်ရှိ အချင်း ၂ ပေ၊အမြင့် ၃ ပေ၊ ထု ၂ လက်မခွဲ အလေးချိန် ပိဿာ ၈ဝ ခန့် ကာလတန်ဖိုး ငွေကျပ် သိန်း ၂ဝ တန်ဖိုးရှိ
ကြေးခေါင်းလောင်းကြီး ပျောက်ဆုံး သွားကြောင်း----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Dec 2012 05:21 AM PST
၁၃ နှစ်ကြာ ပိတ်ပင်ထားသည့် မြန်မာနိုင်ငံ၏ အထင်ကရ တက္ကသိုလ်တစ်ခု ဖြစ်သော ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင် ရန်ကုန် စက်မှု တက္ကသိုလ်) ကို ဒီဇင်ဘာ ၃ ရက်က ပြန်လည် ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်ကြီးအား ၁၉၉၉ ခုနှစ်မှ စတင်ကာ ကျောင်းသူ၊ ကျောင်းသားသစ်များ တက်ရောက်နိုင်ခွင့် မရှိတော့ဘဲ ပိတ်ပင် ခံခဲ့ရခြင်း ဖြစ်ကာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Dec 2012 10:18 PM PST
ရန်ကုန်မြို့တော် စီပင်သာယာ နယ်နိမိတ် အတွင်း ဆေးရောင်စုံ နံရံပန်းချီ (Graffiti) ရေးဆွဲခြင်းကို ပိတ်ပင် လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့တော် ခန်းမ၊ ရန်ကုန်မြို့ အမိန့်အမှတ် (၁/၂၀၁၂) အမိန့် ပြဌာန်းချက် အရ သိရှိရသည်။ အဆိုပါ အမိန့် ပြဌာန်းချက်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ  


Posted: 03 Dec 2012 09:46 PM PST
လက်ပံတောင်းတောင် အရေးကိစ္စ ဆန္ဒပြမှုများနှင့် ပတ်သတ်၍ ဖြေရှင်းရန်မှာ အကောင်းဆုံး ဆုံးဖြတ်ချက် ချမှတ်နိုင်မည့် အပိုင်းနှင့် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိပြီး ဥာဏ်အမျှော် အမြင်ကြီးကြီး ထားကာ  ဖြေရှင်း ရမည် ဖြစ်ကြောင်း (၈၈)မျိုးဆက် ကျောင်းသား များထံမှ သိရှိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Dec 2012 09:35 PM PST
ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေတွင်းလုပ်ငန်းမှာ ပင်မ လုပ်ပိုင်ခွင့် ရထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ နဲ့ သူမှ တဆင့် တနိုင်တပိုင် လုပ်ပိုင်ခွင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်နေကြတဲ့ ရွှေတွင်း တူးသူတွေအကြား အငြင်းပွားမှု ကို ဖြေရှင်းဖို့ ရမည်းသင်းမြို့မှာ ပြီးခဲ့တဲ့ ရက်က တွေ့ဆုံ ကြပေမယ့် အဖြေမရကြပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိုးထိမိုးမိရွှေတွင်းလုပ်သား အငြင်းပွားမှု

Posted: 03 Dec 2012 09:30 PM PST
အမေရိကန် သမ္မတ အိုဘားမားက ဆီးရီးယား သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်ကို သူပုန်တွေနဲ့ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အတွင်းမှာ ဓာတု လက်နက်တွေ သုံးစွဲမယ့် ကိစ္စမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ သတိပေး ပြောကြား လိုက်ပါတယ်။

မစ္စတာ အိုဘားမားက ပြောကြားရာမှာ အာဆတ်ဒ်နဲ့ သူ့လက်အောက်က လူတွေကို တကမ္ဘာလုံးက စောင့်ကြည့် နေကြတဲ့ အကြောင်းနဲ့ ဆီးရီးယား အနေနဲ့ ကိုယ့် ပြည်သူ လူထု အပေါ်မှာ ဒီလို ဓာတု လက်နက် တွေကို သုံးစွဲ တိုက်ခိုက်မယ် ဆိုရင် အဲဒီ မှားယွင်းတဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံရမယ့် အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မစ္စတာ အိုဘားမားက ဒီကိစ္စတွေကို ကျူးလွန်သူ တွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ ဓာတုလက်နက် တွေရဲ့ အစိတ်အပိုင်း တွေကို နေရာ ပြောင်းရွေ့နေတဲ့ အထောက်အထား တွေကို တွေ့ရှိ ထားတယ်လို့ အမေရိကန် အရာရှိ တွေက ပြောပါတယ်။

အစောပိုင်းကတော့ ဆီးရီးယား က အဲဒီလို သူ့ပြည်သူ လူထု အပေါ်မှာ ဓာတု လက်နက် သုံးပြီး တိုက်ခိုက်တာမျိုးတွေ လုပ်မှာ မဟုတ်တဲ့ အကြောင်းကို ငြင်းဆို ထားပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

ဆီးရီးယားကို သတိပေးလိုက်တဲ့ သမ္မတ အိုဘားမား

Posted: 03 Dec 2012 09:26 PM PST
ဆီးရီးယား နိုင်ငံမှာ အခြေအနေတွေ ပိုမို ဆိုးဝါးလာနေ တဲ့အတွက် ကုလသမဂ္ဂက အရေးမကြီးတဲ့ ဝန်ထမ်းတွေကို ဆီးရီးယား ကနေ ပြန်လည် ရုပ်သိမ်း နေပါတယ်။ ဒမတ်စကပ်စ် မြို့အပြင် ဘက်မှာ ရှိနေတဲ့ လူသားချင်းစာနာတဲ့ အကူအညီပေးရေး လုပ်ငန်းတွေအားလုံး ကိုလည်း လတ်တလောမှာ ရပ်ဆိုင်းထားတော့မှာ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆီးရီးယားက ကုလဝန်ထမ်း တခိျု့ကို ပြန်ခေါ်လိုက် ပါတယ်။

Posted: 03 Dec 2012 09:12 PM PST
ဒီဇင်ဘာ ၄ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Dec 2012 05:32 PM PST
ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 03 Dec 2012 05:30 PM PST
ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာပို့ စ် ဂျာနယ် အတွဲ ၄ အမှတ် ၄၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Dec 2012 05:09 PM PST
လက်ပံတောင်း တောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဆန္ဒပြ သပိတ် မှောက်သူ တွေကို အာဏာပိုင် တွေက အင်အားသုံး ဖြိုခွင်း ခဲ့တဲ့ အပေါ် မကျေနပ်တဲ့ ဆန္ဒပြမှုတွေ အတွင်း ဖမ်းဆီး ခံရသူတွေကို တနင်္လာနေ့က တရားရုံး တွေမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂ ရက် တနင်္ဂနွေ နေ့က ဖမ်းဆီး ခံခဲ့ကြရတဲ့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တနင်္ဂနွေ နေ့က ကိုမိုးသွေးနဲ့ ကိုအောင်စိုးတို့ ဖမ်းဆီးခံခဲ့ရ

Posted: 03 Dec 2012 05:01 PM PST
အစ္စရေး သိမ်းပိုက် ထားတဲ့ ပါလက်စတိုင်း နယ်မြေမှာ အခြေချ နေထိုင်သူ တွေ အတွက် အိမ်ရာသစ်တွေ ထောင်နဲ့ချီ ပြီး တိုးချဲ့ ဆောက်မယ့် အကြံကို ပြန်စဉ်းစားဖို့ အစ္စရေး အပေါ် သံတမန် ရေး ဖိအား ပေးမှု တွေ တိုးလာ နေပါပြီ။ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိဂ်ကလဲ တရားမဝင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Dec 2012 04:31 PM PST
နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန် နေတဲ့ ကြားကပဲ ဒုံးပျံ လွှတ်တင်ဖို့အတွက် တပ်ဆင်မှု အဆင့်တွေကို မြောက်ကိုးရီးယားက လုပ်ဆောင်နေ ပါတယ်။ ဆိုဟေး ဂြိုလ်တု လွှတ်တင်ရေး စခန်းမှာ ဒုံးပျံ လွှတ်တင်ဖို့ အတွက် တပ်ဆင်မှု အဆင့်တွေနေနဲ့ ပထမဆုံး အဆင့် ပြီးသွားပြီလို့ သိရပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Dec 2012 04:24 PM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အသစ်ကို တနင်္လာ နေ့ နေ့စွဲနဲ့ အသစ် ပြန်ဖွဲ့ လိုက်ပါတယ်။ စနေနေ့ တုန်းက အဖွဲ့ဝင် ၃ဝ နဲ့ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင် ကို ဖျက်သိမ်း လိုက်ပြီး အသစ် မှာတော့ ၁၆ ဦးသာ ပါဝင်ပါတယ်။ ကော်မရှင် ဥက္ကဌက ဒေါ် အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...