Tuesday, December 4, 2012

မြန်မာ့ဒီမိုကရေစီသမားတို့ မေ့မထားသင့်တဲ့ (၁၂၇) ခုနှစ်ပြည့်ပါတော်မူနေ

မြန်မာ့ဒီမိုကရေစီသမားတို့ မေ့မထားသင့်တဲ့ (၁၂၇) ခုနှစ်ပြည့်ပါတော်မူနေ့
Tuesday, December 04, 2012

တက္ကသိုလ်စိန်တင်- ““တစ်ထောင့်နဲ့နှစ် ရာ လေးဆယ့်ခုနှစ်ခုနှစ်မှာ အတည် တန် ဆောင်မုန်းလဆုတ် ရှစ်ရက်ကိုတော့ဖြင့် မမေ့နိုင်ပါသည်။ ယနေ့တိုင်ပါအတည် မမေ့နိုင်ပါပြီ။ ယနေ့တိုင်ပါအတည် ရေ မြေ့ရှင်ကို ယူငင်သွားတော့ လူရှင်များက ကြေကွဲကြလို့ ရေနည်းငါးပုံညီ။ သြော် သီပေါရာဇာပါတော်မူရှာပြီ””

သမိုင်းသုတေသီ- ““အလဲ့..ဒီလိုတော့ လည်း တို့စာရေးဆရာ
တက္ကသိုလ်စိန်တင် အသံက ဘယ်ဆိုးလို့လည်းဗျ။ ဆရာကြီး ဂီတစာဆို ရွှေတိုင်ညွှန့် ရေးဖွဲ့ပြီး အဆို တော်ကြီး စိန်ပါတီ သီဆိုခဲ့တဲ့ ပါတော်မူ သီချင်းကို သီဆိုနေတာ ဘာအဓိပ္ပာယ် လဲဗျာ””

တက္ကသိုလ်စိန်တင်- ““ဘာအဓိပ္ပာယ်လဲ ဆိုတော့ ဒီလိုဗျ။ လာမယ့် တန်ဆောင် မုန်းလဆုတ် (၈) ရက်ဆိုရင် ကျုပ်တို့ရဲ့ ရေမြေ့ရှင် သီပေါဘုရင်နဲ့ မိဖုရားခေါင် ကြီး စုဖုရားလတ်တို့ နယ်ချဲ့သမား လက် ကို ပါတော်မူသွားကြရှာတာ (၁၂၇) နှစ် ပြည့်ခဲ့ပြီဆိုတာ သတိပေးချင်လို့ ပါ  ဗျာ””

သမိုင်းသုတေသီ- ““ပြောပါဦးဗျ။ သီပေါ ဘုရင်နဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ်တို့ နယ်ချဲ့ဗြိတိသျှစစ်တပ်ကြီးရဲ့အဖမ်းအဆီး ခံခဲ့ရပြီး တိုင်းပြည် ကျွန်ဖြစ်ခဲ့တာ ဦး ကောင်းလိမ်ထုတ် မင်းဆက်ပြုတ် ဆိုတဲ့ စကားအတိုင်း ကင်းဝန်မင်းကြီး ဦး ကောင်းမှာ တာဝန်ရှိခဲ့သလား””

တက္ကသိုလ်စိန်တင်-  ““ဦး=(၁)၊ ကောင်း =(၂)၊ လိမ်=(၄)၊ ထုတ်(၇)။ ပါတော်မူခဲ့ရ တဲ့ သက္ကရာဇ် ၁၂၄၇ခုနှစ်ကို စွဲမှတ်ရစ် အောင် ဒီအဆိုစကားကို ရေးသားခဲ့ကြ တာ ကင်းဝန်မင်းကြီး ဦးကောင်း နစ်နာ လှတယ်””။

သမိုင်းသုတေသီ- ““နို့.. မဟုတ်ဘူး လား။ ကင်းဝန်မင်းကြီး ဦးကောင်းဟာ မြန်မာနိုင်ငံ နယ်ချဲ့ဗြိတိသျှရဲ့ လက် အောက် ကျွန်သဘောက် ဘ၀ရောက်ခဲ့ ရတာ သူ့ကြောင့် မဟုတ်ဘူးလား။ အမှန် တရားက ဘာပါလဲ။ သိရင် ပြောဗျာ။ နား ဆင်ချင်တယ်””။

တက္ကသိုလ်စိန်တင်- ““နားဆင်ချင်ရင် ပြောဖို့ပြင်ထားတာနဲ့ အတော်ပါပဲ။ ကဲ ဒီလိုပါဗျာ””။မြန်မာ့ ဦးစွန်း မြေသို့ ယွန်းခဲ့ရ သော ၁၂၄၇ခုနှစ်
တန်ဆောင်မုန်းလ ဆုတ် (၈)ရက်သည် လာမည့် တန်ဆောင် မုန်းလဆုတ် (၈)ရက်မှာ (၁၂၇)နှစ် တင်းတင်း ပြည့်ခဲ့လေပြီ။ မြန်မာတွေ
သူ့ကျွန်ဖြစ်ခဲ့ရသော သက္ကရာဇ် ၁၂၄၇ ခုနှစ်ကို မှတ်သားရ လွယ်အောင် ဦးကောင်းလိမ်ထုတ်၊မင်း ဆက်ပြုတ်ဟု ဆိုစကား ထားရစ်ခဲ့ရာ၌ တကယ့်ဖြစ်ရပ်မှန် တရားခံမှာ ကင်းဝန် မင်းကြီး ဦးကောင်းမဟုတ်ခဲ့ချေ။ အမှန် ဆိုလျှင် ဒွေးနှစ်ဖော်သံဝါညှိစဉ်က မပြေး သော်ကန်ရာရှိတာကြောင့် ဆိုသည့် ဂရိတ်ဦးဖိုးစိန်ကြီးဇာတ်ထဲမှာ သီဆိုခဲ့ သည့် သီချင်းလိုပင် ကင်းဝန်မင်းကြီး ဦးကောင်း၏ ခြေရာလက်ရာ အချို့သည် ပါတော်မူ ဇာတ်လမ်းတွင် တစ်ခန်းတစ် ကဏ္ဍပါဝင်နေသည်ကို ငြင်းကွယ်၍မရ။
မြန်မာ့နန်းတွင်း၌ မင်းတုန်းမင်း တရားကြီးနတ်ရွာလားပြီး နောက်ပေါ်ပေါက်
ခဲ့သော နန်းလု လူသတ်ပွဲကြီးတွင် မပါဝင်ဘဲ လွတ်ပြေးသွားသူ ညောင်ရမ်း မင်းသားသည် ဗြိတိသျှ နယ်ချဲ့သမားတို့ ၏ လက်ထဲ၌ ရှိနေသည်။
သီပေါမင်းသားကို ရှင်ဘုရင်တင် ပေးခဲ့လျှင် ထိုမင်သားကို မိမိက ကယ် တင်ရှင်အဖြစ် လွှမ်းမိုးနိုင်မည်လား စိတ်ကူးကစားခဲ့သော ကင်းဝန်မင်းကြီးသည် သီပေါဘုရင်နေရာ၌ ညောင်ရမ်းမင်းသား နှင့် ရှင်ဘုရင်နေရာလဲရန် ကြံစည်ဖူး သည်။ ထို့ကြောင့်ပင် ဗြိတိသျှ
လက်ထဲတွင် ရှိနေသော ညောင်ရမ်းမင်းသားထံသို့ ကင်းဝန်မင်းကြီးက ဘဏ္ဍာငွေထောက်ပံ့ ပေးပို့ခဲ့သည့် ခြေရာလက်ရာ သမိုင်းစာ အချို့ရှိခဲ့ဖူးသည်။ဗြိတိသျှ နယ်ချဲ့အစိုးရသည် ကလိန်ကကျစ်
လုပ်ပြီး အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ၊ ဆင်နွှဲခဲ့သော ခရစ် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဗြိတိသျှစစ် သင်္ဘောဦးခန်း၌ ညောင်ရမ်း မင်းသားကို ဘုရင်မင်းမြတ်တို့ အဆောင်အယောင် ၀တ်ဆင်စေပြီး တင်ဆောင်ခေါ်ယူခဲ့ သည်ဟု ၀ါဒဖြန့််သတင်းလွှင့်ခဲ့သည်။ကင်းဝန်မင်းကြီး ဦးကောင်း 
အပါ အ၀င် မြန်မာဘုရင်၏ မူးမတ်ဝန်ကြီး အချို့သည် နယ်ချဲ့ဗြိတိသျှတို့၏ လှည့် ကွက်ကို အဟုတ်ကြီး မှတ်ထင်လျက် ဗြိတိသျှစစ်တပ်ကြီး ရတနာပုံမန်္တလေး၊ နေပြည်တော်ကို သိမ်းယူပြီးလျှင် ညောင်ရမ်းမင်းသားကို ဘုရင်တင်မည်ဟု မျှော် လင့်နေကြကြောင်း သမိုင်းမှတ်တမ်း ဟောင်း
တစ်ခုကဆို၏။ ဗြိတိသျှ စစ်တပ် ကြီးသည် ၁၈၈၅ နိုဝင်ဘာလတွင် ရတ နာပုံနေပြည်တော်၊ မန္တလေးမြို့သို့ ချီ တက်လာသည့်အခါ ကင်းဝန်မင်းကြီး ဦးကောင်းသည် မိမိမျှော်လင့်ထားသည့် အတိုင်း ညောင်ရမ်းမင်းသားသည် ဗြိတိသျှ စစ်တပ်နှင့်အတူပါရှိလာမည်ဟု မျှော် လင့်နေဆဲဖြစ်သည်။ သို့သော် ထိုအချိန် တွင် ညောင်ရမ်းမင်းသားသည် နာဖျား မကျန်းဖြစ်ပြီး ဗြိတိသျှပိုင် နယ်မြေ၌ ကွယ်လွန်အနိစ်္စရောက်ခဲ့ပြီးဖြစ်သည်။ ဗြိတိသျှတို့သည်
ညောင်ရမ်းမင်းသား သက်ရှိထင်ရှားမရှိတော့သည့် သတင်းကို ဖုံးအုပ်သိုဝှက်ထားပြီး မန္တလေးနေပြည်တော်သို့ စစ်ချီခဲ့ခြင်းဖြစ်တော့သည်။

သမိုင်းသုတေသီ- ““ဒီဖြစ်ရပ်ကို ဆန်းစစ် ကြည့်ရင် ကင်းဝန်မင်းကြီး ဦးကောင်းဟာ ဗြိတိသျှ နယ်ချဲ့သမားရဲ နိုင်ငံရေး ပရိသတ်စက်ကွင်းထဲ အလိုအလျောက် သက်ဆင်းသွားမိခဲ့တာ ထင်ရှားတယ်””

တက္ကသိုလ်စိန်တင်- ““ဟုတ်ပါတယ်။အဲဒါ မမှန်ကန်တဲ့ လမ်းစဉ်ကို ဗြိတိသျှတို့ တီထွင်ကြိုးစားလာနိုင်ခွင့်ရအောင် မြန်မာ ဘုရင် အစိုးရအဖွဲ့ထဲက တန်ခိုးအကြီး ဆုံး ပုဂ်္ဂိုလ် ကင်းဝန်မင်းကြီး ဦးကောင်း ရဲ့ မဟာအမှားပဲ။ ကင်းဝန်မင်းကြီး ဦး ကောင်းဟာ အင်္ဂလန်နိုင်ငံ၊
ပြင်သစ်နိုင်ငံ တွေမှာ ခေတ်စားနေတဲ့ ပြည်သူ့အုပ်ချုပ် ရေးပါလီမန်စနစ်ကို နမူနာယူပြီး ရတနာပုံနေပြည်တော်မှာ ပုံတူကူးဖို့ အကြံကြီး ကြံစည်တယ်။ ဒီအကြံအစည်နဲ့ ညောင် ရမ်းမင်းသားကို နန်းတင်ဖို့ ကြိုးစားစဉ် ဗြိတိသျှလှည့်ကွက်ထဲဝင်သွားတာပဲ””။

သမိုင်းသုတေသီ- ““မျက်မှောက်ခေတ်၊ ဒီမိုကရေစီဖော်ဆောင်နေသူတွေ (၁၂၇) နှစ်ပြည့် ပါတော်မူနေ့မှာ သည်သာဓက ကိုဆင်ခြင်သတိထား သင်ခန်းစာယူရ တော့မှာပဲ။

တက္ကသိုလ်စိန်တင်- ““သိပ်မှန်ပါတယ် ဗျာ””။

တက္ကသိုလ်စိန်တင်
Hot News

Tuesday, December 04, 2012

တက္ကသိုလ်စိန်တင်- ““တစ်ထောင့်နဲ့နှစ် ရာ လေးဆယ့်ခုနှစ်ခုနှစ်မှာ 
အတည် တန် ဆောင်မုန်းလဆုတ် ရှစ်ရက်ကိုတော့ဖြင့် မမေ့နိုင်ပါသည်။ ယနေ့တိုင်ပါအတည် မမေ့နိုင်ပါပြီ။ ယနေ့တိုင်ပါအတည် ရေ မြေ့ရှင်ကို ယူငင်သွားတော့ လူရှင်များက ကြေကွဲကြလို့ ရေနည်းငါးပုံညီ။ သြော် သီပေါရာဇာပါတော်မူရှာပြီ””

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...