Thursday, December 24, 2015

Blood donation rules သွေးလှူခြင်းဥပဒေသများ

Tint Swe


ဆရာမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေရှင်။ ကျမအသက် ၃၂ နှစ်ထဲမှာပါ။ သွေးလှူတာ ၄ လ တစ်ကြိမ်ခြား ၃ ခါဆက်တိုက် ရှိပါပြီ။ မိန်းကလေးတစ်ယောက်အနေနဲ့ ၄ လတစ်ကြိမ် သွေးလှူခြင်းကို ဆက်တိုက်လုပ်သွားမယ်ဆိုရင် ဖြစ်ပေါ်လာမည့် အားနည်းချက် အားသာချက်များကို သိချင်ပါသဖြင့် လေးစားစွာဖြင့်မေးမြန်းအပ်ပါသည်ဆရာ။
ထိခိုက်ဒဏ်ရာလူနာ၊ အကြီးစားခွဲစိတ်လူနာ၊ မီးလောင်လူနာ၊ Haemophilia သွေးရောဂါလူနာ၊ သွေးအားနည်းလူနာ၊ စသူတွေဟာ ၂၄ နာရီမပြတ်ရှိနေတာမို့ ဆေးရုံ-ဆေးခန်းတွေမှာ သွေးလှူမဲ့သူဆိုတာ အမြဲလိုအပ်နေတာပါ။
ဒါကြောင့် ကျေးဇူးပြုပြီး သွေးလှူကြပါ။ သွေးအုပ်စု (အို) တွေက လှူရတာပိုများတယ်။ လူဦးရေရဲ့ ၄၅%-၅၁%-၅၇% ရှိတယ်။ သွေးလှူခြင်းဥပဒေသတွေဟာ သွေးလှူဘဏ်တခုနဲ့တခု မတူပါ။
အရည်အချင်းတွေ
• ရိုးရိုးသွေးလှူချင်ရင် အသက် ၁၇ နှစ်ပြည့်ပြီးဖြစ်ရမယ်။ တချို့နေရာတွေက ၁၆ နှစ်ဆိုလဲလှူနိုင်တယ်။
• သွေးဖိအား BP အထက်ဂဏန်း ၁၈ဝ အထက်မကျော်စေရ၊ အောက်ဂဏန်း ၁ဝဝ ထက်မနည်းစေရ။
• သွေးလှူမဲ့သူဟာ အသက် ၅ဝ ထက်မကြီးစေရ။ ကိုယ်အလေးချိန် ၄၅ ကီလို (၉၉့၂ ပေါင်) ထက် မနည်းစေရ။
• ကိုယ်အပူချိန် ၉၉့၅ ဒီဂရီ ဖါရင်ဟိုတ်ထက် မကျော်စေရ။
• သွေးမလှူခင် Hemocrit စစ်တဲ့အခါ ပုံမှန်ထက် ၃၈% နည်းနေရင် မလှူရပါ။ Haemoglobin 12.5 g/dl အနည်းဆုံး ရှိနေရမယ်။
အမျိုးသမီးစေတနာရှင်တွေ
• ရာသီလာနေတုံးမှာလဲ လှူနိုင်ပါတယ်။ တချို့ဆေးရုံတွေက ပြောနိုင်တယ် ရာသီလာနေတုံး စောင့်ပါအုံး။
• ကိုယ်ဝန်တားဆေး၊ သွေးဆုံးလို့ ဟော်မုန်း အစားထိုးဆေးသုံးနေရင်လဲ လှူနိုင်တယ်။
• ကိုယ်ဝန်ဆောင်နေရင် မလှူရပါ။ မွေးဖွါးပြီးနောက် ၆ လ စောင့်ပါ။ ကလေးနို့တိုက်နေသူ၊ လတ်တလော ကိုယ်ဝန်ပျက်ထားသူ မလှူရသေးပါ။
သွေးမလှူနိုင်သူတွေ
• လိင်ဆက်ဆံဖေါ်များသူတွေ မလှူရပါ။
• မူးယစ်ဆေးစွဲနေသူတွေ မလှူရပါ။
• အသားဝါ၊ Rubella ရူဘဲလားရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ငှက်ဖျားရောဂါ ရှိနေသူတွေ မလှူရပါ။
• နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသဲရောဂါတွေ၊ သွေးရောဂါတွေနဲ့ ပန်းနာမရှိရပါ။
မလှူခင် စစ်ဆေးခြင်း
• သွေးလှူမဲ့သူမှာ HIV အိတ်ခ်ျအိုင်ဗွီ၊ (ဘီ) နဲ့ (စီ) အသဲရောင်ရောဂါ၊ ဆစ်ဖလစ်ရောဂါမရှိတာကို စစ်ဆေးပါမယ်။
သွေးမလှူခင်
• နေမကောင်းလို့သောက်ရတဲ့ဆေး ၄၈ နာရီအတွင်း သောက်မထားရ။
• အရက် သောက်ပြီးနောက် ၄၈ နာရီစောင့်ပါ။
• သွေးမလှူခင်မှာ (၃ နာရီကြိုတင်ပြီး) ထမင်းကောင်းကောင်းစားခဲ့ပါ။
စောင့်ပါအုံး
• အသည်းရောင် (အေ) ဖြစ်ဘူးပြီးနောက် ၃ နှစ်ကြာရမယ်။
• ပြီးခဲ့တဲ့ ၆ လ အတွင်း ခွဲစိတ်ကုသမှုအကြီးစား လုပ်ထားရသူ မလှူရသေးပါ။
• တက်တူးထိုးထားသူဆိုရင် တက်တူးထိုးပြီးနောက် ၁၂ လ (တနှစ်) စောင့်ရမယ်။ တက်တူးထိုးတုံးက အပ်အဟောင်း သုံးထားရင်၊ အပ်ကမသန့်ရင် အသဲရောင်ရောဂါရှိနိုင်လို့ဖြစ်တယ်။ အပ်စိုက်ကုသမှု ခံယူထားသူတွေ။ အလှအပကွင်းတွေ တပ်ဆင်ထားသူက ကိစ္စမရှိပါ။
• လူကိုက်တာခံရလို့ အရေပြားစုတ်ပြဲသွားရင် ၁၂ လစောင့်ရမယ်။
• ကျန်းမာရေးအတွက် ဆေးတွေသောက်ထားတာနဲ့တော့ ယေဘုယျပြောရရင် စောင့်စရာမလိုပါ။ သွေးတိုးဆေး ဆိုရင်စောင့်ရမယ်။ ပိုးသေဆေး (ဗက်တီးယားနဲ့ ဗိုင်းရပ်စ်တွေအတွက်) ဆိုရင်တော့ ၂ ရက်စောင့်ပါ။ ဆီးချိုထိုးဆေး (အင်စူလင်) ထိုးထားရင် ၂ ပါတ်စောင့်ပါ။
သွေးလှူပြီးရင်
သွေး ၄၅ဝ စီစီလှူလိုက်ရင် သွေးအရည် (ပလာစမာ) ထုထည် ၇-၁၃% ကျသွားမယ်။ ၂၄ နာရီနေရင် ပြန်ပြည့်မယ်။ ခါတိုင်းထက် ရေ၊ အရည် (အရက်ကလွဲပြီး) ၄ ခွက် (၈ အေင်စ) ပိုသောက်ပါ။ သွေးလှူပြီးနောက် ဆေးလိပ်သောက်ရင်၊ အရက်သောက်ရင်၊ ပူအိုက်တဲ့အခန်းထဲနေရရင်၊ ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထံလုပ်ရင်၊ အစာမစားပဲ ဥပုသ်စောင့်ရင်၊ မတ်တပ်အကြာကြီးရပ်နေရရင် ခေါင်းမူးနိုင်တယ်။ သွေးလှူပြီးနောက် သွားရည်စာကြွေးတာ စားသောက်ပါ။ ပုံမှန်အလုပ် (ကျောင်းတက်၊ ရုံတက်) လုပ်နိုင်ပါတယ်။
သွေးလှူရင် ကျန်းမာရေးပိုကောင်းသလား
မပြောနိုင်ပါ။ ရောင်းကုန်ကြောညာတွေလို အကောင်းချည်း မပြောသင့်ပါ။ ပြောနိုင်တာက သွေးလက်ခံရယူတဲ့သူမှာ ကျန်းမာရေးပိုကောင်း (အသက်ကယ်) နိုင်ပြီး သွေးလှူတဲ့သူဟာ စည်းကမ်းနဲ့အညီလှူရင် ကျန်းမာရေး မထိခိုက်ပါ။ သွေးလှူလိုက်လို့ AIDS ကူးမလာစေပါ။ သွေးလှူဘဏ်စည်းကမ်းအလိုက် သွေး ၃၅ဝ-၄၅ဝ စီစီ ထုတ်ယူမယ်။ လူတိုင်းမှာ သွေး ၅-၆ လီတာ ရှိတယ်။ သွေးလှူပြီးနောက် ၂၄-၄၈ နာရီမှာ ထုထည်အရပြည့်လာမယ်။ သွေးနီဥတွေက နောက် ၅၆ ရက်မှာ ပြန်ပြည့်ပြီ။ နောက်တခါသွေးလှူဘို့ ၃-၄ လ စောင့်ရမယ်။ (အသေးစိတ်ကို စာတပုဒ်သပ်သပ်ရေးထားပါတယ်။)
ဇီဝိတဒါန၊ ပီတိရပြီး ကျေနပ်နိုင်ကြပါစေ။
ဖတ်လိုက ဖတ်နိုင်တဲ့စာတွေ -
1. Anemia (အနီးမီးယား) သွေးအားနည်းရောဂါ http://dts-medicaleducation.blogspot.in/…/hb-gdl-celiac-dis…
2. Anemia and low Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ http://doctortintswe.blogspot.com/…/anemia-and-low-blood-pr…
3. Aplastic anemia အေပလပ်စတစ် သွေးအာနည်းရောဂါ http://doctortintswe.blogspot.com/20…/…/aplastic-anemia.html
4. Blood donation rules သွေးလှူခြင်းဥပဒေသများ http://dts-medicaleducation.blogspot.in/…/blood-donation-ru…
5. Blood Donation မြတ်သော နီသော သွေး http://dts-medicaleducation.blogspot.com/…/blood-donation.h…
6. Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယား http://dts-medicaleducation.blogspot.com/2011/11/b-ab-o.html
7. Blood Groups for blood donation သွေးအုပ်စုဇယား http://doctortintswe.blogspot.com/2015/09/blood-groups.html
8. Blood groups သွေးအုပ်စုများ အနည်း-အများ http://doctortintswe.blogspot.com/2015/09/blood-groups.html
9. Blood Types and Paternity Determination သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး
10. Folic acid ဖေါလစ်-အက်စစ် http://doctortintswe.blogspot.com/2014/11/folic-acid.html
11. Iron supplements သံဓါတ်အားဆေး http://doctortintswe.blogspot.com/…/11/iron-supplements.html
12. Low white blood cell count သွေးဖြူဥနည်းခြင်း http://doctortintswe.blogspot.com/…/low-white-blood-cell-co…
13. Medical check-up before marriage အိမ်ထောင်မပြုခင် ဆေးစစ်ချင် http://dts-medicaleducation-adult.blogspot.in/…/medical-che…
14. Microcytic hypochromic Anemia သွေးအားနည်းရောဂါများ http://doctortintswe.blogspot.com/…/microcytic-hypochromic-…
15. Rh blood group system (အာရ်အိတ်ခ်ျ) သွေးအုပ်စုခွဲနည်း http://dts-medicaleducation.blogspot.in/…/rh-blood-group-sy…
16. Thalassemia (သာလာဆီးမီးယား) သွေးအားနည်းရောဂါ http://doctortintswe.blogspot.com/2014/12/thalassemia.html
17. သွေးအုပ်စုပဟေဠိ အဖြေညှိခြင်း http://dts-medicaleducation.blogspot.in/20…/…/blog-post.html
ဒေါက်တာတင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...