Sunday, November 8, 2015

ကျွန်တစ်ယောက်နဲ့ စကားပြောခဲ့ခြင်း

သူများတွေကတော့ လက်သန်းမှာ မနေ့က စွန်းပေထားတဲ့မင်တွေကို မပျက် ပျက်အောင် ဖျက်ကြသတဲ့။ ထားလိုက်ပါဗျာ။ သမိုင်းဝင်လက်သန်းတွေပါ ဘာကြောင့် ပျက်စေချင်ရတာလဲ။ ကျွန်တော်ကတော့ ပျက်မှာ တောင်စိုးရိမ်နေသဗျ။
ဒီမနက် မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်တော့ ကျွန်တော့်မျက်စိက သူ့ ဘယ်ဘက်လက်သန်း ကိုရောက်သွားတယ်။ သူ့လက်သန်းမှာ ဘာမင်မှ မစွန်းဘူး။
“မင်း .. မနေ့က မဲ မပေးခဲ့ဘူးနဲ့တူတယ်”

“ဟုတ်တယ် .. ငါဘယ်သူ့ကိုမှ မယုံလို့”
“မင်းကိုယ်မင်းရော ယုံကြည်မှုရှိရဲ့လား”
သူကြောင်သွားတယ်။ ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်ပြီး
“ဘာဖြစ်လို့လဲကွ”
ကျွန်တော်က သူ့ကို …
“ငါ … နောက်ထပ် ၅ နှစ် ငါ့စိတ်နဲ့ ငါ့လိပ်ပြာ သန့်သွားပြီ။ ဘာကြောင့်လဲဆိုတော့ အာဏာရှင်ဖြုတ်ချရေးမှာ ငါ လက်သန်းလေးနဲ့ တစ်ချက်ဝင်တောက်ခွင့်ကို အမိအရ လုပ်နိုင်ခဲ့လို့။ မင်း နောက်ထပ် ၅ နှစ်တိတိ အာဏာ ရှင်တွေပြုတ်ကျရေးမှာ ငါ မပါခဲ့ပါလားဆိုပြီး စိတ်ထဲမှာ နောင်တရမဆုံးဖြစ်နေလိမ့်မယ်”
သူဘာမှ ဆက်မပြောတော့ဘူး။ ကျွန်တော်ကဆက်ပြီး
“ဒီနေ့ကစပြီး မင်း .. ဒီမိုကရေစီအကြောင်း သိပ်မရေး .. သိပ်မပြောနဲ့တော့ကွာ။ ဘာကြောင့်လဲဆိုတော့ မင်း ဒီမိုကရေစီကိုမှ မယုံတာ။ ပြည်သူအများစုကိုမှမယုံတာ။ မင်းကို ထမင်းကျွေးတဲ့လက်ကို မင်း ပြန်မကိုက်သင့် ဘူးလောက်ပဲ မင်းကထင်နေတာ။ အဲဒီထမင်းရှင်က မင်းကို ထမင်းသိုး ဟင်းသိုးလောက် ကျွေးတာကို မင်းက ကျေးဇူးရှင်လို့ သတ်မှတ်နေမှတော့ မင်းကို ငါ ဘာမှဆက်ပြီး ပြောစရာ အကြောင်းမရှိတော့ပါဘူးကွာ။ ငါ့ လက်ဖက်ရည်ဖိုး ငါရှင်းသွားမယ်။ မင်းတိုက်တဲ့ လက်ဖက်ရည် ငါမသောက်ချင်ဘူးကွ …”
၉.၁၁.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...