Wednesday, November 4, 2015

အပြောင်းကောင်းလို့

Tin Nyunt


ပြင်ဝမ်ဆိုတဲ့ ခေါင်းဆောင်ကြီး ဒီနေ့ သတင်းစာတိုက်တွေကို လိုက်စစ်မယ်ဆိုတော့ ပါတီခေါင်းဆောင်တွေ၊ ပါတီဖော်လံဖားတွေ အလုပ်ရှုပ်ကြသပေါ့။ တကယ်တော့ ပြင်ဝမ် စိတ်ဆိုးနေတာ။ မနေ့က မေစုဆိုတဲ့ အမျိုးသမီး အတိုက်အခံ ခေါင်းဆောင်တစ်ဦးရဲ့ သတင်းကို နိုင်ငံတော်ပိုင် “ဖွတ်လင်း” နဲ့ “ကြုံမှေး” သတင်းစာကြီး နှစ်စောင်မှာ ဖော်ပြ လိုက်တာကြောင့် ခေါင်းဆောင်ကြီး စိတ်ဆိုးနေတယ်ဆိုပြီး သတင်းစာတိုက်က တာဝန်ရှိသူ တွေကိုခေါ်ပြီး ဆူဖို့ ရောက်လာတာ။
ပြင်ဝမ်ကားဆိုက်တော့ အနားပြာတွေက ခြေထောက်ကို နဖူးနဲ့ ဦးတိုက်ပြီး
“ဝမ်စွေ့ .. ဝမ်စွေ့ .. ဝမ်ဝမ်စွေ့ … ပြင်ဝမ် သက်တော်ရာကျော် အုပ်စိုးပါစေ” ဆိုပြီး ဝိုင်းအော်ကြတာ။ ဒါကလည်း သာကေတိုးရီးယားနိုင်ငံရဲ့ ထုံးဓလေ့။
“လုတို့ လုပ်ပုံ ဘာကောင်းလဲ။ ဝကို မနေ့က ခေါင်းဆောင်ကြီး တိမ်စုလျောင်ခေါ်ဆူတယ်။ ဘာဖြစ်လို့ “မေစု” ဆိုတဲ့ စာလုံးနဲ့ ဓာတ်ပုံ ငါတို့ သတင်းစာမှာ ဖော်ပြရတာလဲ။ အဲဒီတာဝန်ရှိတဲ့ နှစ်ကောင် ရှေ့ထွက်”
ကြောက်ကြောက်နဲ့ သတင်းအယ်ဒီတာချုပ်နှစ်ယောက် ရှေ့ထွက်လိုက်တယ်။

“ကဲ .. လူထုခုံရုံးတင်မယ်။ မောင်မင်းတို့ အပြစ်ရှိလား”
ရှိတယ်လို့ပြောလည်းသေ၊ မရှိဘူးလို့ပြောလည်းသေ၊ မရှိဘူးလို့ပြောရင် သေတာတောင် အခေါင်းထဲ မသေရမှာမို့
“ရှိပါတယ်” လို့ ပြောလိုက်ကြတယ်။
ပြင်ဝမ်က ခါးကြားကသေနတ်ထုတ်ပြီး အယ်ဒီတာချုပ်နှစ်ယောက်ကို ပစ်သတ်လိုက်တယ်။ ဒါဟာ သာကေ တိုးရီးယားနိုင်ငံရဲ့ မထူးဆန်းတဲ့ တရားစီရင်ရေးပဲ။
“နောက်နေ့ကစပြီး ငါပြောထားမယ် .. “စု” ဆိုတဲ့ စာလုံး ငါတို့ သတင်းစာမှာ ယောင်လို့တောင် မသုံးနဲ့။ သုံးရင် သေဒဏ်။ “စု” ဆိုတဲ့ စာလုံးနေရာမှာ “ဖွတ်” ဆိုတဲ့ စာလုံးကို ပြောင်းသုံးစေ..အမိန့်”
နောက်တစ်နေ့ထုတ် သတင်းစာမှာ
“ပြည်ထောင်ဖွတ်ဝန်ကြီး ကျင်ပေါင်ဆန်းသည် သမဝါယမဝန်ကြီးဌာနက ဖွင့်လှစ်သော ငွေဖွတ်ငွေချေးဌာန ဖွင့်လှစ်ပွဲသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြား။ ကျင်ပေါင်ဆန်းက ပြည်သူတို့ ငွေကြေးများကို ဖွတ်ဆောင်းသင့် ကြောင်း၊ ဖွတ်ဆောင်းခြင်းအကျိုးကြောင့် ချမ်းသာသုခရနိုင်ကြောင်း၊ နိုင်ငံတော် သမ္မတကြီးကလည်း ပြည်သူများ စံပြုစေရန် ယခုအခါ တစ်ရက်လျှင် တစ်ဝမ် ဖွတ်ဆောင်းနေကြောင်း၊ သမ္မတကြီး တိမ်ဖွတ်လျောင် ကိုအလေးအမြတ်ထားပြီး ဖွတ်ဆောင်းကြပါရန် တိုက်တွန်းကြောင်း” ဆိုတာ ပါလာတယ်။
ကွန်ပျူတာသမားက “စု” တွေကို “ဖွတ်” လို့ အော်တို ပြောင်းခိုင်းလိုက်လို့ အဲဒီနေ့ထုတ် သတင်းစာမှာ “စု” ဆိုတဲ့ စကားလုံးမှန်သမျှ “ဖွတ်” ဖြစ်သွားပြီး နောက် တစ်နေ့မှာ ပြင်ဝမ်ခေါင်းကို သေနတ်နဲ့ ပစ်သူဟာ တိမ်ဖွတ်လျောင် ကိုယ်တိုင်ဖြစ်နေပါတော့တယ်။
(တရုတ်နိုင်ငံ ကွန်မြူနစ်သတင်းစာတစ်စောင်ကို ကိုးးကားပါတယ်)
၃.၁၁.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...