Saturday, November 7, 2015

ယုံကြည်စိတ်

Tin Nyunt

ရွေးကောက်ပွဲမှာ ညစ်ပတ်တယ်၊ ယုတ်မာနည်း မျိုးစုံသုံးတယ်ဆိုတာတွေကတော့ အာဏာရှင်တွေ ကြီးစိုးတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပါခင်ဗျာ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ တစ်နိုင်ငံလုံး မယုတ်မာနိုင်ပါဘူး။ တစ်နိုင်ငံလုံး မညစ်ပတ်နိုင်ပါဘူး။
ကျွန်တော်တို့ အခွင့်အရေးရထားတဲ့ မဲပေးရမယ့်နေရာတွေမှာ ကိုယ်က အကောင်းဆုံးလုပ်၊ အသန့်ရှင်းဆုံး မဲပေး၊ စိတ်ဓာတ်အဖြူစင်ဆုံးထား၊ စိတ်ကောင်းနှလုံးကောင်းနဲ့ရွေး၊ ဦးနှောက်နဲ့ဝေဖန်၊ အပီပြင်ဆုံး လုပ်ဆောင် ခဲ့ဖို့ပဲလိုပါတယ်။ လူတိုင်း ကိုယ့်မဲတစ်ပြားဟာ အလကားဖြစ်မသွားစေရဘူးလို့ စိတ်ထားနိုင်ရင်တော်ပါပြီ။
ဒီအချိန်ကျမှ မဲသွားပေးပါကွာလို့ အတင်းအဓမ္မတိုက်တွန်းနေစရာလည်း မလိုတော့ပါဘူးဗျာ။ လူတိုင်းမှာ ကိုယ်စီတာဝန်ရှိတာ လူတိုင်းသိကြပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ခံစားချက်တွေကို အဓမ္မလုပ်လို့မရပါဘူး။

လောကမှာ အဓမ္မတွေ ရေရှည်မစိုးမိုးနိုင်ပါဘူး။ သူတို့စိုးမိုးထားတယ်ဆိုရင်လည်း ပြည်သူကို ကြောက်ရွံ့ထိတ်လန့်တဲ့စိတ်တွေနဲ့ စိုးမိုးနေရတာဖြစ်တဲ့အတွက် အမြဲတန်း လုပ်လေမှားလေဖြစ်နေမှာ သေချာပါတယ်။ ပြည်သူ့မေတ္တာစူးတာပေါ့။
ခုချိန်အထိ ညစ်ပတ်သူတွေက ညစ်ပတ်ပြီး ဘာတွေလုပ်လုပ်၊ မညစ်ပတ်သူတွေကလည်း သူ့အလုပ် သူလုပ်၊ သူ့လမ်းသူလျှောက်နေကြတာပဲဗျ။ အဓမ္မတွေ ဘယ်လိုပဲ စိုးမိုးနေပါစေ ဓမ္မကို နောက်ဆုံးတစ်ချိန်မှာ မကျော် လွှားနိုင်ပါဘူး။
လူတိုင်းတာဝန်ကျေရင် အာဏာရှင်တွေ မနေနိုင်ပါဘူး။ နောက်ဆုံး ထွက်သက်ရောက်ချိန်မှာ ဘယ်လောက်ပဲ ယတြာတွေလုပ်လုပ်၊ ဘယ်လိုပဲ ယုတ်မာသည်ဆိုစေ အမှန်တရားတွေက အောင်ပွဲခံရမယ်ဆိုတာ ယုံကြည် စိတ်နဲ့ မဲပေးလိုက်ကြပါ။ အာဏာရှင်ပြုတ်ကျမယ် မပြုတ်ကျဘူးဆိုတာ ကျွန်တော်တို့ လက်ထဲမှာ ရောက်နေ ပါပြီ။
၇.၁၁.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...