How to get Andriod L performance
MYMC - MYMHOT |
Posted: 06 Jul 2014 07:33 AM PDT
Andriod ရဲ့ performance ကောင်းကောင်းတွေကို ရဖို့ Andriod L ကိုစောင့်နေဖို့ မလိုပါဘူး။ ဒီဆောင်းပါးမှာ Andriod Device တွေကို ဘယ်လို မြင့်တင်မလဲ ဆိုတဲ့ အဆင့် လွယ်လွယ်လေး တွေကို တင်ပြ လိုက်ပါတယ်။
ပြီးခဲ့တဲ့
ဇွန်လက San Francisco မှာကျင်းပ ခဲ့တဲ့ Google I/O developer conference
မှာ Google ပာာ Andriod OS အတွက် update တစ်ခုကို ကြေညာ ခဲ့ပါတယ်။
code-named အရ Andriod L လို့ခေါ်တဲ့ နောက်ဆုံး ဗားရှင်းပာာ အဆင့်မြင့်
ထားတဲ့ Notification system, user interface, unlock features တွေနဲ့
battery-saving mode အသစ်တို့ ပါဝင်ပါတယ်။ အဆိုပါ update ပာာ
ဒီနှစ်ကုန်ပိုင်းမှာ devices တွေကို တရားဝင် ပေးမှာ ဖြစ်ပါတယ်။ ART runtime
အသစ်ကြောင့်လည်း double app performace ကိုရရှိမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လူတွေပာာ device က ART ကို enable လုပ်ဖို့ Andriod L မလိုဘူး
ဆိုတာကို သတိမထား မိကြပါဘူး။
Google ပာာ ART ကို ၂၀၁၃ ခုမှာ Nexus 5 နဲ့ Android 4.4 KitKat နဲ့တွဲကာ စတင်မိတ်ဆက် ခဲ့ပါတယ်။ ART enable လုပ်တဲ့ အဆင့်မှာ device တွေပာာ Andriod 4.4 KitKat နဲ့ run နေဖို့ တော့လိုပါတယ်။ ဒါပေမယ့် ခုချိန်မှာ Andriod 4.4 Kitkat တိုင်းတော့ ART ကို support မလုပ်သေး ပါဘူး။ HTC One M8, Samsung Galaxy S5, Moto X, Moto G, Nexus 5, နဲ့ 2013 Nexus 7 တို့မှာ support လုပ်ပေးတာကို စမ်းသပ် ပြီးသွား ပါပြီ။ နောက်ပြီး LG G2 ကိုးရီးယား model မှာလည်း ART ကို enable လုပ်လို့ ရပါတယ်။

ကဲ။ ART ကိုဘယ်လို enable လုပ်မလဲ ဆိုတော့ အရင်ဆုံး Setting Menu ကိုသွားပါ။ အဲဒီကနေ About Phone ဆိုတာ ရှိပါတယ်။ ပြီးရင် build number အပေါ်မှာ ခုနှစ်ကြိမ်လောက် click လုပ်ပါ။ ဒီလိုဆိုရင် device ရဲ့ Developer Options မှာပိုပြီး advance ဖြစ်တဲ့ setting တွေကို ပြင်လို့ ရပါပြီ။ ပြီးရင်တော့ Setting Menu ကို Developer Options ကိုပြန်သွားပါ။ အဲဒီမှာ Select Runtime ဆိုတာ တွေ့ပါမယ်။ ART ကိုရွေးလိုက်ပါ။ reboot ပြန်လုပ် ပြီးသွားရင် device ပာာ runtime အသစ်အတွက် apps တွေကိုပြန်ပြီး စီစဉ်ပါ လိမ့်မယ်။ ဒါပာာ မိနစ် အနည်းငယ်လောက် ကြာမှာ ဖြစ်ပြီး ပြီးသွားခဲ့ ရင်တော့ ပိုပြီးကောင်း လာတဲ့ performance ကိုတွေ့လာ ရမှာပါ။

တစ်ခုတော့ သတိထား စရာ ရှိပါတယ်။ apps အကုန်လုံးပာာ ART runtime နဲ့အဆင် မပြေပါဘူး။ ဒါကြောင့် app တစ်ခုခုက ဖွင့်လို့ မရတာ ဒါမှမပာုတ် software update လုပ်တဲ့ အချိန်မှာ ပြဿနာ တစ်ခုခု ဖြစ်နေမယ် ဆိုရင် ခုနက လုပ်ခဲ့တဲ့ အစီအစဉ် အတိုင်း Dalvik mode ကိုပြန်ပြင် လိုက်ပါ။
Images from cnet, andriodpit, andriodcentral. Source from cnet.com

0 comments:
Post a Comment