# စမူးဒေါင်း
-*-*-*-
သူငယ်ချင်းနှစ်ဦး မူးပြီးပြန်လာကြသည်။
အိမ်ပြန်ရောက်အောက် မပြန်နိုင်ဖူးဟု ယူဆကြသဖြင့် တည်းခိုခန်းတစ်ခန်းတွင်ဝင်အိပ်ကြသည်။
အခန်းထဲရောက်တော့ မူးမူးနှင့်မီးခလုပ်လိုက်စမ်းကြသည်။ မတွေ့။ သို့နှင့် အမှာင်ထဲမှာပဲ အိပ်ဖို့ပြင်ဆင်ကြသည်။
နှစ်ယောက်သား ခုတင်ပေါ်တက်ကြရင်း တစ်ယောက်ကိုတစ်ယောက် စမ်းမိကြသည်။
ဟေ့ရောင်သူငယ်ချင်း ငါ့ခုတင်မှာ လူတစ်ယောက်ရှိနေတယ်ကွ ငါ့ကိုလာစမ်းနေတယ်
အေး ငါ့ခုတင်ပေါ်မှာလည်းလူတစ်ယောက်ရှိနေတယ် ဒီကောင်လည်းငါ့ကို လာစမ်းနေတယ်
မထူးဘူးဟေ့ရောင် ကိုင်ပေါက်ကြရအောင်
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကိုင်ပေါက်ကြသည်။ တစ်ယောက်ခုတင်ပေါ်တွင်ကျန်၍တစ်ယောက်ခုတင်အောက်ကျသွားသည်။ ခုတင်အောက်က ငမူးက ဤသို့ပြော၏။
ဟေ့ရောင် သူငယ်ချင်း ငါ့ခုတင်ပေါ်ကကောင်ကို ငါမနိုင်ဘူး ဒီကောင်က ဗလကောင်းတယ်ကွ ငါ့ကိုခုတင်ပေါ်က ပစ်ချတယ်
ခုတင်ပေါ်ကျန်နေသောငမူးကဤသို့ပြောသည်။
ငါ့ခုတင်ပေါ်ကကောင်ကိုတော့ ငါကန်ချလိုက်ပြီ
ထူးပါဘူး သူငယ်ချင်းရယ် လာငါနဲ့ပဲ လာအိပ်တော့
ချစ်ချစ်ခင်ခင်နှင့်ဖက်အိပ်ကြလေ၏။ ။
မှ-ကိုဆန်း

0 comments:
Post a Comment