Wednesday, July 9, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၇)

သစ်ထူးလွင်


Posted: 09 Jul 2014 04:48 AM PDT
 စစ်ကိုင်းတိုင်း ကောလင်းမြို့က မီးရထားရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို ကောလင်းမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။ မီးရထားရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရဆိုပြီး ကောလင်းမြို့က မီးရထားရဲတပ်ဖွဲ့တွေကို ဆီးစစ်ရာမှာ မူးယစ်ဆေးဝါးသုံစွဲတာ ပေါ်လွင်တဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပြီးခဲ့တဲ့ မတ်လက တရားစွဲဆိုတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မီးရထားရဲတပ်ကြပ်အပါအ၀င် ရဲတပ်သား ၁၆ ဦးကို
Posted: 09 Jul 2014 04:38 AM PDT
 ၉ ရက် ဇူလှိုင်လ ၂၀၁၄ ခုနှစ်  တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာနှင့် ပန်လုံးကျေးရွာကြားတွင် ယနေ့ ဇူလှိုင်လ ၉ ရက် ညနေ ၁၃း၀၀ နာရီမှ ၁၆း၂၀ နာရီ အချိန်ထိ တအာင်းတပ်မတော် ဗျူဟာ(၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၇၁၇)နှင့် မြန်မာစစ်တပ် တပ်မ(၇၇)တို့ အပြန်းအထန် ရင်ဆိုင်တိုင်ပွဲ ဖြစ်ပွား လျှက်ရှိသည်။ တိုက်ပွဲတွင်တအာင်းတပ်မတော်ဖက်မှထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု
Posted: 09 Jul 2014 04:31 AM PDT
ဇူလိုင် ၉ ။  ရန်ကုန်-မန္တလေး အဝေးပြေးအမြန်လမ်းမကြီးနှင့် TOLE GATE များတွင် အရေးပေါ်လူနာတင်ယာဉ် (AMBULANCE) များဖြတ် သန်းသွားလာသည့် အတွက် ယာဉ်ဖြတ်သန်းအသုံးပြုခ ကောက်ခံ ခြင်းများရှိပါက တိုင် ကြားနိုင်ကြောင်းသိရသည်။ "မန္တလေးမြို့မှာ့ မေ ၇-ရက်နေ့ကကျင်းပတဲ့ လူငယ်ဖိုရမ်မှာ လူနာတင်ယာဉ်တွေကိုအမြန်လမ်းမှာ လမ်းအသုံး ပြုခကောက်ခံတာ ကင်းလွတ်ပေးဖို့ တင်ပြလာတာရှိတယ်။လူနာတွေဆေးရုံ သယ်ပို့ပေးတဲ့အခါ ကြံ့ကြာမှု မရှိ
Posted: 09 Jul 2014 04:29 AM PDT
ဇူလိုင် ၉ ရက်။ စစ်ကားများနှင့်သံချပ်ကာ ကားများ မန္တလေးမြို့တွင်းမောင်းနှင် သွားသောကြောင့် ဒေသခံများ စိတ်လှုပ်ရှား မေးမြန်းမှုများဖြစ်ပေါ် ခဲ့ကြောင်းဒေသ ခံများက ပြောဆိုသည်။ "ဇူလိုင်(9)ရက်နေ့လည်လောက်က စစ်ကားတွေနဲ့ သံချပ်ကာကားတွေ မန္တလေးကျုံးမြို့အရှေ့ပေါက်ကနေ တန်းစီ ထွက်လာတယ်။ ပြီးတော့ ၂၆လမ်းအတိုင်းနောက်ဘက်ဆင်းလာပြီး ဘူတာကြီးရှေ့လမ်းအတိုင်း မျက်ပါးရပ် စစ်တပ် ထဲဝင်သွားတာပါ။တွေ့တဲ့လူတွေက လန့်ပြီး
Posted: 09 Jul 2014 03:50 AM PDT
 ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ဒီနေ့ ဗဟန်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။ ကိုထင်ကျော်နဲ့အဖွဲ့ဟာ မရမ်းကုန်းမြို့နယ်က မြေသိမ်းမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလက ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ အကူအညီသွားရောက် တောင်းခံ ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကိုထင်ကျော်တို့အဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကိုထင်ကျော်ကို ဗဟန်းမြို့နယ်တရားရုံးက ပုဒ်မ ၁၈
Posted: 09 Jul 2014 03:45 AM PDT
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အား ဇူလိုင်လ (၁၀) ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် အာဂျင်တီးနားနဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အိမ်ရှင်ဘရာဇီးနှင့် ဂျာမဏီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂျာမဏီအသင်းက အိမ်ရှင် ဘရာဇီးအား ၇ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီး ယနေ့ညပွဲစဉ်တွင် အနိုင်ရရှိမည့် အသင်းအား
Posted: 09 Jul 2014 03:45 AM PDT
 ဘရာဇီလ်းနိုင်ငံမှာ ယှဉ်ပြိုင်ကစားနေတဲ့ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် ဒုတိယနေ့အဖြစ် အာဂျင်တီးနားနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နယ်သာလန်နဲ့ ကစားမယ့် အာဂျင်တီးနားမှာတော့ အားထားရတဲ့ ကွင်းလယ်သမား ဒီမာရီယာဟာ ဒဏ်ရာကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး အဂွာရိုကတော့ ဒဏ်ရာကနေ သက်သာလာပြီး ကြံ့ခိုင်လာပြီလို့ အသင်းဆရာဝန်ကြေ
Posted: 09 Jul 2014 03:42 AM PDT
 ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ စောထွန်းထွန်းကို ဇူလိုင် ၄ ရက်နေ့က ထောင်ဒဏ်  ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ တောင်ငူခရိုင် တရားရုံးက ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေ ၃ နဲ့  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့  တောင်ငူမြို့နယ် အမှတ် ၁ ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ အသက် ၃၄ နှ
Posted: 09 Jul 2014 03:37 AM PDT
နေပြည်တော် ဇူလိုင် ၈ ဇူလိုင် ၆ ရက် ညပိုင်းက နေပြည် တော် စည်ပင်ဧည့် ရိပ်သာရှေ့မီးပွိုင့် ၌ ခရီးသည်တင် ယာဉ်တစ်စီးကို ဂျစ်ကားတစ်စီးက နောက်မှ ဝင်တိုက်မိ ခဲ့သဖြင့် မော်တော်ယာဉ် မီးသီးအချို့ ပျက်စီးပြီး လူတစ်ဦး အနည်း ငယ် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုကားလမ်း စည်ပင်ရိပ်သာ ရှေ့မီးပွိုင့်၌ ည ၁၁ နာရီခန့်က ဦးရဲ မြင့်မောင်းနှင်သော နေပြည်တော်-မကွေး ခရီးသည်တင်ယာဉ်သည်
Posted: 09 Jul 2014 03:33 AM PDT
  “အပ္ပမာဒေါ အမတ ပဒံ ပမာဒေါ ပစ္စုနော ပဒံ အပမတ္တာန မိယန္တိ ယေပမတ္တာ ယထာမတာ။” အဓိပ္ပါယ်ကား – “ကုသိုလ်ကောင်းမှုမမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်၏၊ ကောင်းမှုကုသိုလ်၌မေ့လျော့ခြင်းသည် ပူပန်ဆင်းရဲအဖန်တလဲလဲသေရခြင်း၏ အကြောင်းဖြစ်၏။ ကုသိုလ်ကောင်းမှု၌ မမေ့ မလျော့သောသူတို့သည် မသေရာနိဗ္ဗာန်သို့ ရောက်ကြမည်ဖြစ်၍ မသေသောသူများဖြစ်ကြသည်။ ကုသိုလ်ကောင်းမှု၌ မေ့လျော့သောသူတို့သည်
Posted: 09 Jul 2014 03:20 AM PDT
ရေတာရှည် ဇူလိုင် ၉  ဇူလိုင်လ (၃) ရက်နေ့၊ နံနက် (၃)နာရီအချိန်ခန့်က ရေတာရှည်မြို့နယ်၊ သပြေတန်း ကျေးရွာ တောင်ဘက် ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် ယာဉ်တစ်စီးကအရှိန်လွန်ကာ မြင်းလှည်းအား ဝင်တိုက် မိခဲ့ပြီး မြင်းလှည်းပေါ် တွင် လိုက်ပါလာသူ နှစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ် မှာ ရေတာရှည်မြို့ မြောက်ဘက် (၄)မိုင်ခန့်အကွာ သပြေတန်း ကျေးရွာ အနီးရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၁၉၄/၂ နှင့် ၁၉၄
Posted: 09 Jul 2014 03:18 AM PDT
ကျွန်းလှ ဇူလိုင် ၇  စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကျွန်းလှ- ငါးဘတ်အိုင်ကားလမ်း တပ်ကုန်းကျေးရွာအနီးတွင် ဇူလိုင် ၃ ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့မှ ဆီသယ်ယာဉ် ၁ဂ/... ယူဒီ ကောင်တာဂါလန် ၃၂ဝဝ ရှစ်ဘီးယာဉ် တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ဆီသယ်ယာဉ်ပေါ်တွင် ယာဉ်မောင်း တင်ကိုလတ် (ခ) ကိုလတ် (၄၇)နှစ် မြောက်ဥက္ကလာပ မြို့နယ် ရန်ကုန်မြို့နေသူနှင့် ယာဉ်နောက်လိုက် သက်နိုင်ဦး (၃၁)နှစ်
Posted: 09 Jul 2014 03:03 AM PDT
 ရန်ကုန်၊ ဇူလိုင် ၉ ၈.၇.၂၀၁၄ရက်နေ့ ၂၀၃၀အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မနုနုရင်(၃၁)နှစ်မှာ ခင်ပွန်းဖြစ်သူ သက်နိုင်ဦး(၂၆)နှစ်နှင့်အတူ ဒညင်းကုန်း ဘူတာဈေးရှိ ၎င်းတို့ ဆိုင်ခန်းတွင် အိပ်စက်ရန် ခြင်ထောင် ထောင်နေစဉ် ၂၀၂၀ အချိန်ခန့်က ခင်ပွန်းဖြစ်သူ သက်နိုင်ဦးနှင့် ကုန်းစိမ်းချသည့် ကိစ္စဖြင့် စကားများခဲ့သူ ရာဇာ(ခ) ရာဇာထွန်းမှာ သံတုတ်ကိုင်ထားပြီး ၎င်းနှင့်အတူ ဓါးရှည်ကိုင်ထားသည့် အမျိုးသားတစ်ဦးေ
Posted: 09 Jul 2014 03:01 AM PDT
 ရန်ကုန်တိုင်း မြို့တော်စည်ပင် နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရပဲ ဆောက်ထားတဲ့ အဆောက်အဦ စုစုပေါင်း ၂၀၀၀ ကျော်ရှိနေပြီး အဲဒီအထဲက တချို့ကို ဥပဒေကြောင်းအရ တရားစွဲ ထားတယ်လို့ စည်ပင် အဆောက်အဦ အင်ဂျင်နီယာ ဌာန၊ ဌာနမှူး ဦးသန်းဌေးက  ပြောဆိုပါတယ်။ ဇွန်လ ၇ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းပွဲမှာ သူက ခုလို ပြောဆိုလိုက်တာဖြစ်ပြီး အဲဒီ ခွင့်ပြုချက်မဲ့ ဆောက်ထားသူတွေကို ဥပဒေ ပြဋ္ဌာန်းချက်ပါ အတိုင်း အမြင့်ဆုံး ထောင်ဒဏ်
Posted: 09 Jul 2014 02:58 AM PDT
ဂျူလိုင် ၉ ရက် ၂၀၁၄  နှစ်ဘက်စစ်ရေး တင်းမာနေသည့် ကျေးသီးမြို့နယ် အတွင်းက တာ့ဖါဆောင် တံတား အခြေစိုက် စောင့်ကြပ်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့မှ ဖယ်ရှားပေးရန် အစိုးရ ဘက်မှ ထပ်မံ ဖိအားပေးသည်ဟု ဌာနချုပ် အရာရှိ တဦးကပြောသည်။ ဂျူလိုင် ၈ ရက်နံနက်ပိုင်းက သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကိုယ် စားလှယ်နှင့် အစိုးရ ကိုယ်စားလှယ်တို့ နေပြည်တော် ၌ တွေ့ဆုံကြကြောင်း၊ ထိုသို့တွေ့ဆုံစဉ်
Posted: 09 Jul 2014 02:55 AM PDT
 ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အဖြစ် တာဝန်ပေး ခန့်အပ်ခံရသူ ဗိုလ်ချုပ်အောင်လင်းဒွေး သည် ရခိုင်ကိုရောက်ရှိသည့်နှင့် ချက်ချင်း မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကို သွားရောက်စစ်ဆေး ခဲ့သည်ဟု သိရသည်။ ယခင်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်၏ နေရာတွင် ပြောင်းရွှေ့ တာဝန် ခန့်အပ်ခံရသူ ဗိုလ်ချုပ် အောင်လင်းဒွေးသည် မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် မောင်တောမြို့နယ်မှ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ထိ များမကြာမီက
Posted: 09 Jul 2014 02:46 AM PDT
 အကောက်ခွန် ဦးစီးဌာနဟာ ၂၀၁၄ ဧပြီကနေ ဇွန်လ အထိ ၃ လတာ အတွင်း အကောက်ခွန်မဲ့ ပစ္စည်း တန်ဘိုးစုစုပေါင်း ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံဖိုးနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီဖမ်းဆီးရမိမှုတွေဟာ စီးပွား- ကူးသန်း ၀န်ကြီးဌာနက ဦးဆောင် အကောင်အထည် ဖော်နေတဲ့ မှောင်ခိုဖမ်းတဲ့ မိုဘိုင်းတင်းမ် အဖွဲ့တွေက ဖမ်းဆီးရမိမှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးရမိမှုတွေထဲမှာ ရန်ကုန် လေဆိပ်နဲ့
Posted: 09 Jul 2014 02:44 AM PDT
 အစိုးရတပ်နဲ့ ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့စဉ်ကတည်းက ရပ်နားထားခဲ့ရတဲ့ ကချင်ပြည်နယ်က ကျောက်စိမ်း လုပ်ကွက်တွေကို ပြန်လည်တူးဖော် လုပ်ကိုင်ခွင့်ပြုတော့မယ်လို့ သတ္တုတွင်း ၀န်ကြီးဌာန ကျောက်မျက်ရတနာ လုပ်ကွက် ခွင့်ပြုမိန့်ချထားပေးရေး ကော်မတီက ဇူလိုင် ၈ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ ကေအိုင်အိုအဖွဲ့တို့အကြား
Posted: 09 Jul 2014 02:41 AM PDT
 ရန်ကုန်၊ ဇူလိုင် ၉ ၈.၇.၂၀၁၄ရက်နေ့ ၂၁၂၀အချိန် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းအတိုင်း မြောက်မှတောင်သို့မောင်းနှင်သော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ)ယာဉ်သည် ညောင်ပင်မှတ်တိုင်အနီး အရောက် လမ်း၏ယာဘက်အစပ်မှ လမ်းလျှောက် နေသူများ ဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်း မြို့နယ်နေ ဦးသန်းထွန်း (၄၀)နှစ်နှင့် ဦးမောင်အုန်း (၃၉)နှစ်တို့ (၂)ဦးကို ၀င်ရောက်တိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်
Posted: 09 Jul 2014 02:39 AM PDT
 ရန်ကုန်၊ ဇူလိုင် ၉  ၈.၇.၂၀၁၄ ရက်နေ့ ၂၁၂၅ အချိန် တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်-ပြည်ရထား လမ်း၊ မိုင်တိုင်အမှတ်(၄၃/၁၀)၊ တံတားအမှတ်(၁၁၅)၊ ဂျိုးဖြူကျေးရွာအနီးတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ကျေးရွာနေ ဦးသန်းဌေ(၄၉)နှစ်မှာ လည်ပင်းပြတ်ကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူမှာ
Posted: 08 Jul 2014 08:47 PM PDT
 ဂျပန်နိုင်ငံတောင်ပိုင်း ​အိုကီနာဝါကျွန်းကို ​ဖြတ်သန်း ​တိုက်ခိုက်ခဲ့တဲ့ ​နီယိုဂူရီ ​(Neoguri) ​တိုင်ဖွန်း ​လေမုန်တိုင်းကြောင့် ​အနည်းဆုံး ​လူတစ်ဦး ​သေဆုံးခဲ့ပြီး ​ယောက်ပေါင်း ​၂၀ ​လောက် ​ထိခိုက် ​ဒဏ်ရာရရှိခဲ့ပါတယ်။ အိုကီနာဝါကျွန်းမှာ ​၀င်ရောက် ​တိုက်ခတ်ခဲ့တဲ့ ​တိုင်ဖွန်း ​လေမုန်တိုင်းဟာ ​တစ်နာရီကို ​ကီလိုမီတာ ​၂၅၀ ​လောက်ပြင်းထန်ပြီး ​ပင်လယ်လှိုင်း ​အမြင့်ပေဟာ ​၁၄ ​မီတာအထိ ​မြင့်တက်နိုင်ကြောင်း
Posted: 08 Jul 2014 08:43 PM PDT
 မိုင်းပွန် ဟော်နန်းအတွင်း ရောက်သွားတော့ ပိုင်ရှင်မဲ့နေတဲ့ အိမ်အိုအိမ်ပျက် တစ်လုံးထဲ ရောက်သွား ရသလို ခံစားမိတယ်။ မိုးတွေ ကလည်းသဲသဲမဲမဲ ရွာနေတော့ မိုးယိုတဲ့ နေရာကယို။ ပြိုကျတဲ့နေရာက ပြိုနဲ့လေ။ စောင့် ရှောက်သူ ကလည်းမရှိ။ မိမိတို့ရောက်သွားတဲ့အချိန်မှာ လူရှာကြည့်တာတစ်ယောက်မှ မတွေ့ဘူး။ ကြမ်းခင်း တွေကလည်း ဆွေးမြေ့ယိုယွင်းပျက်စီးလို့ပေါ့။ နယ်ချဲ့ကိုလိုနီတွေကိုတိုက်ထုတ်ခဲ့တဲ့ စော်ဘွားကြီး စ၀်ခွန်ထီး
Posted: 08 Jul 2014 07:46 PM PDT
 ဂါဇာကမ်းမြှောင် ဒေသအပေါ် အစ္စရေးလ်က လေကြောင်း တိုက်ခိုက်မှုပေါင်း ဒါဇင်နဲ့ချီ အင်္ဂါနေ့က လုပ်ခဲ့ပါတယ်။ အစ္စရေးလ်တို့ ဘက်ကို ပါလက်စတိုင်း ဘက်က ရော့ကက် ဒုံးလက်နက်တွေနဲ့ ပစ်ခတ်နေတာကို တားဆီးနိုင်ဖို့ မြေပြင်တိုက်ခိုက်မှုတွေ လုပ်ဖို့ ပြင်ဆင် နေချိန်မှာပဲ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဂါဇာဒေသမှာရှိတဲ့ ဟားမတ်စ်စစ်သွေး ကြွတွေ အပေါ် ရက်ပိုင်းအတွင်း ပြီးသွားမှာမျိုးမဟုတ်တဲ့
Posted: 08 Jul 2014 07:41 PM PDT
 လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေ တိုးတက်လာအောင် မြန်မာအစိုးရက အားထုတ် ဆောင်ရွက် နေတဲ့ တချိန်တည်းမှာပဲ စစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေဘက်က အဓမ္မ အလုပ်ခိုင်းစေမှုနဲ့ ကလေးစစ်သား စုဆောင်းမှုတွေ လုပ်နေဆဲပဲလို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီမှာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...