Tuesday, July 1, 2014

ပိုက်ဆံအလကားရလို့ပါ

ပိုက်ဆံအလကားရလို့ပါ

လင်မယား နှစ်ယောက်တည်း နေတဲ့ အိမ်တစ်လုံးမှာပေါ့။ 

အမျိုးသားက အိပ်နေတယ်။ အမျိုးသမီးက ရေချိုးနေတယ်။ အိမ်ရှေ့ တံခါးခေါက်သံကြားတော့ ခန္ဓာကိုယ်ကို ပုဝါပတ်လို့ ပြေးဖွင့်ကြည့် ပါတယ်။

ဂျော်နီ အမည်ရ အိမ်နီးချင်း အဖိုးကြီး တစ်ဦး ဖြစ်ပြီး သူမကို ယခုလို စကားဆိုပါတယ်။ 

"ပုဝါ ခဏဖယ်ရင် ဒေါ်လာ ၈၀၀ ပေးမယ်"

ဒါနဲ့ အမျိုသမီးက ဒေါ်လာ ၈၀၀ အလကားရမယ့် အရေးမို့ ပုဝါကို ခဏဖယ်ပြလိုက်ပါတယ်။ 

ပိုက်ဆံရတော့ ပျော်ရွှင်စွာနဲ့ သူ့ယောင်္ကျားဆီပြေးလို့ ယခုလို သွားပြော ပါတယ်။ 

"ယောင်္ကျားရေ.. အိမ်နီးချင်း ဂျော်နီ တစ်ယောက် သဲပုဝါ ခဏ ဖယ်ပေး တာလောက်ကို ဒေါ်လာ ၈၀၀ ပေးမယ်ဆိုလို့ လက်ခံ လိုက်တာ။ ခု ဒေါ်လာ ၈၀၀ ရလာပြီ" 

ဒီတော့ အမျိုးသားက ယခုလို ပြန်ပြောပါတယ်။ 

"အင်း အဲဒီ ဂျော်နီဆိုတဲ့ အဘိုးကြီး  ငါ့ကို အကြွေးက ဒေါ်လာ ၈၀၀ ဆပ်ဖို့ ရှိတယ်ဟ"

----
သင်ခန်းစာ - 
လူတစ်ဦး သာမန်အချိန်ထက် ပိုသဘောကောင်းနေလျှင် သတိထားပါ။ လောကမတက်ပါနှင့်။ 

--
Ref: everyjoke
Aung Kham (ရိုးရာလေး) 

http://www.yoyarlay.com/book/152-natter/37762-as-get-money-free

.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...