Tuesday, July 8, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၇)

သစ်ထူးလွင်


Posted: 07 Jul 2014 06:04 AM PDT
 အီဂျစ်နိုင်ငံမှာ အယ်လ် ဂျာဇီးရား သတင်းထောက် ၃ ဦးကို ရုံးတင် စစ်ဆေးမယ့်အစား ဌာနေ ပြန်ပို့ခဲ့ဖို့ ကောင်းတယ်လို့ အီဂျစ် သမ္မတ အက်ဘ်ဒဲလ် ဖာတာ အယ်လ် ဆီဆီ Abdel Fattah al - Sisi က အီဂျစ် သတင်းစာ တစောင်ကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ထောင်ဒဏ်ချမှတ်ခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အီဂျစ်နိုင်ငံ အပေါ် ဆိုးကျိုးတွေ သက်ရောက်စေတယ်လို့ တနဂင်္နွေနေ့တုန်းက ဒေသခံ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ အယ်လ်
Posted: 07 Jul 2014 05:58 AM PDT
 မန္တလေးမြို့မှာ ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့ အခြေအနေကနေ လွန်မြောက်သွားတဲ့ အနေအထားမှာ ရောက်နေပြီလို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ယဉ်ကျေးမှုသမိုင်း အစဉ်အလာကြီးမားတဲ့ မန္တလေးမြို့တော်ကို အကျည်းတန် အရုပ်ဆိုးစေမယ့် အခြေအနေမျိုးမရောက်စေဖို့ ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့သူမြို့ သားတွေ၊ မီဒီယာတွေ၊ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ၊ ဆ ရာတော် သံ ဃာတော်တွေ၊ ဘာ သာ ရေး ခေါင်းဆောင်တွေ ရဲ့ တာဝန်သိသိနဲ့
Posted: 07 Jul 2014 05:49 AM PDT
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပထမဆုံး အကြိမ် ပြုလုပ်တဲ့ နိုင်ငံလုံး ဆိုင်ရာ လူငယ်ညီလာခံကို ဇူုလိုင် ၅ ရက်ကနေ ၆ ရက်နေ့ အထိ ရန်ကုန်မြို့ တော်ဝင် နှင်းဆီး စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံလုံး ဆိုင်ရာ လူငယ်ညီလာခံ ဇူလိုင်(၆)ရက်နေ့က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း။  ရိုက်ကူး - အောင်အောင် - DVB TV News
Posted: 07 Jul 2014 05:29 AM PDT
သူငယ်ချင်း           ရပ်ကွက်ထဲမှာ ပြောနေကြ စကားလေး တစ်ခုပေါ့ ကွာ။ ဒီနေ့ခေတ် အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မ ဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်မှာ တိုင်းပြည် ကို ဦးစီးဦးဆောင် ပြုနေကြ သူတွေနဲ့ အပ်စပ်လို့ပြော ပြလိုက်ရတာပါ။ အစိုးရ အဖွဲ့ကတော့ အပြောကောင်း သလားမမေးနဲ့ လတစ်လရဲ့ ပထမဆုံး ရက်တွေမှာ မိဘပြည်သူများ ခင်ဗျာနဲ့ စဖွင့်တော့တာပဲ။ လကုန် ခါနီးမှ ဘူဒိုဇာနဲ့ ထိုးတာက တစ်ပိုင်းပေါ့လေ။ သမ္မတ
Posted: 07 Jul 2014 05:26 AM PDT
 ဆရာကြီးမောင်ထူး ...           မောင်ရင်ကော်ပရာ ဘဝတုံးက ဒို့တပ်ကိုရောက် လာတဲ့ဗိုလ်လေးကို မှတ်မိသေးလား ဒုဗိုလ်ဘဝမှာတင် ဂွင်မှန်သမျှ မလွတ်တန်းလိုက်ရိုက်နေလို့  သူ့ထက်စီနီယာတွေတောင် လက်ဖျားခါရတဲ့ ဗိုလ်လေးလေ၊ ဘာတဲ့သူ့နာမည်က ဗိုလ်ငွေသိမ်း ဆိုလားဘာလား၊ ပထမတော့ နောက်နေကြတယ် ထင်နေတာ တကယ်နာမည်အရင်းကိုက ငွေသိမ်းတဲ့၊ ငွေမြင်ရင် သူ့အိတ် ထဲ ဖမ်းသိမ်းတတ်တာ ဒို့တပ်ရင်းတစ်ခုလုံး ကလေးကအစသိနေတော့ သူ့မြင်ရင်
Posted: 07 Jul 2014 05:23 AM PDT
 ရန်ကုန်တိုင်း  ဒလမြို့နယ် ကန်ဦး ဘုန်းကြီး ကျောင်းက ကျောင်းထိုင် ဆရာတော်ကို တိုင်း သံဃာ့ မဟာ နာယက အဖွဲ့ရဲ့  အမိန့်နဲ့  ဖယ်ရှားလိုက်ပါတယ်။ ဒါပေမယ့် ဆရာတော်ရဲ့ ဒါယကာ ဒါယိကာမတွေကတော့  ဒါကိုလက်မခံဘဲ သူတို့ ကိုးကွယ်တဲ့ ဆရာတော်ကို ကျောင်း က ထွက်ခွင့်မပေးဘဲ ဆက်လက် သတင်းသုံးဖို့ ဆန္ဒရှိနေကြပါတယ်။ ဒလမြို့နယ်၊ ဆာပါချောင် ရပ်ကွက်မှာ ရှိတဲ့ ကန်ဦးကျောင်းထိုင်ဆရာတော် ဦးကုသလကို  ရန်ကုန်တိုင်း  သံဃမဟာနာယက
Posted: 07 Jul 2014 05:21 AM PDT
 ၅၂ နှစ်မြောက်  ဆဲဗင်းဇူလိုင် ကျောင်းသား အရေးအခင်း အောက်မေ့ဖွယ် အခမ်းအနားကို  ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းထဲက  ကျောင်းသားသမဂ္ဂ အဆောက်အဦ တည်ရှိခဲ့တဲ့နေရာ ရှေ့မှာကျင်းပပြီး ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတွေ အတွက် ဂုဏ်ပြု ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့  တက္ကသိုလ်ပေါင်း စုံ ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီးတော့ ဒီကနေ့ ညနေပိုင်းမှာ အင်းလျားကန်ဘောင် ကနေ ရန်ကုန် တက္ကသိုလ်ကျောင်း သားသမဂ္ဂ၀င်းရှေ့ထိ  
Posted: 07 Jul 2014 04:44 AM PDT
  ယခင်ဈေးကြီးပေး ပြီး ငှားရမ်းသုံးစွဲရတဲ့ MPT ADSL လိုင်းများ ဗန်းမော်မြို့မှာ ယခုသုံးလို့ မရတော့ လောက်အောင်လွန်စွာ အခြေအနေ ဆိုးရွားနေသည်မှာ ၂ လရှိပြီ ဖြစ်သော်လည်း ADSL လိုင်းများကို ၀န်ဆောင်မှု ပေးနေသော ဗန်းမော်မြို့ အိတ်ချိန်း တာဝန်ခံ သော်လည်းကောင်း ၊ ရန်ကုန် မရမ်းကုန်း ADSL ဌာနသော် လည်းကောင်းမည်သည့် တာဝန်ယူဖြေရှင်းမှုမှ မပေးပဲ ခေါင်းရှောင်နေပါသည်။ ဗန်းမော်မြို့ အိတ်ချိန်း တာဝန်ခံဆီသို့ ADSL
Posted: 07 Jul 2014 04:34 AM PDT
 သူငယ်ချင်းရေ....           မင်းတို့လွှတ်တော်ဥက္ကဋ္ဌကြီးကို လွှတ်တော် စတင်ကျင်းပခါစတုန်းက ငါလေ လွှတ်အထင်ကြီး ထားတာ။ ဒီမိုကရေစီကိုစတင် မီးရှူးသန့်စင်ပေးမယ့် လက်သည်ကြီးတစ်ယောက်လို အားကိုးခဲ့တာကွ။ လွှတ်တော်ကိုတိုက်ရိုက် Live ထုတ်လွှင့် ပြသတဲ့ရက်များကဆို ငါဖြင့် ဘာအလုပ်မှမလုပ်နိုင် ဘူး။ လွှတ်တော်Channel ရှေ့ကနေ မောင်ကြီး မခွာနိုင်ကိုဖြစ်ခဲ့တာ။ နောက်တစ်ခါ အစိုးရအဖွဲ့ တွေကို ပိုင်ဆိုင်မှုစာရင်းစစ်မယ်လို့
Posted: 07 Jul 2014 04:26 AM PDT
ရန်ကုန်၊ ဇူလိုင် ၇ ၆.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း သင်္ဃန်းကျွန်း မြို့နယ်ဘက်မှ တောင်ဥက္ကလာပမြို့နယ်ဘက်သို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ကိုကျော်သူရ၊ (၃၀)နှစ်မောင်းနှင်လာသော 6A---- ဒိုင်နာ (၇၉)ယာဉ်လိုင်းခရီးသည်တင်ယာဉ်သည် ဘေလီမှတ်တိုင်အနီး အရောက် လမ်းဘေးတွင်ရပ်ထားသော ၃ခ/---- နစ်ဆန်းထရပ်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးပြီး
Posted: 07 Jul 2014 04:17 AM PDT
 ဇူလိုင် ၉ ရက်နေ့ ကစားမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဂျာမနီအသင်းဟာ ဘရာဇီးနိုင်ငံရဲ့ ဆီလီကာအိုလို့ခေါ်တဲ့ အောက်လမ်းမှော်ပညာနဲ့ တိုက်ခိုက်ခံရဖွယ် ရှိနေပါတယ်။ “ကျနော်တို့် ဘရာဇီးအသင်းဟာ ကြယ်ပွင့်ကစားသမားနေ မာ မပါဘဲ ဘယ်လိုဟော်ရိုင် ဇွန်တဲမြို့မှာ ဂျာမနီအသင်းကို ဧည့်ခံကစားရမှာပါ။ ဒါပေမယ့် ဘရာဇီးက ဗူးဒူးမှော်ဆရာတွေက ဂျာမနီ အသင်းကို မှော်အတတ်နဲ့ တိုက်ခိုက်သွားမှာပါ။ ကျနော့်ရဲ့ ဂါထာမန္တရားက
Posted: 07 Jul 2014 04:15 AM PDT
 အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေး ဆန္ဒပြခဲ့တဲ့ ချင်းအမျိုးသမီး ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲတဲ့ကိစ္စဟာ အမျိုးသမီးတွေကို နှိပ်ကွပ်ရာ ရောက်ပြီး ဒီလုပ်ရပ်ကို ရပ်တန့်ပေးဖို့  ထုတ်ပြန်တောင်းဆိုထားပါတယ်။ ဒါ့အပြင် အမျိုးသမီးတို့ရဲ့ ဘ၀လုံခြုံရေးတောင်းဆိုချက်ကို အလေးထားဆောင်ရွက်ပေးဖို့၊ အမျိုးသမီးတွေပေါ် နည်းမျိုးစုံနဲ့ နှိပ်ကွပ်နေတာကို ရပ်တန့်ပေးဖို့၊  အမျိုးသမီးတွေအပေါ်
Posted: 06 Jul 2014 09:40 PM PDT
 တန်ဖိုးငွေ တာကာ ၅ ကုဋေ နှင့် ၁ သန်းဖိုးရှိ ယာဘားဆေးပြား ၁၇၀၀၀၀၀ ကို ဘင်္ဂလား-မြန်မာနယ်စပ် နတ်မြစ်အတွင်း ဇူလိုင်လ ၆ ရက် ယမန်နေ့ နေ့လည်ပိုင်းက ဘင်္ဂလာနယ်ခြားစောင့်တပ် တပ်ဖွဲ့တခုမှ ဖမ်းမိသည်။ မြန်မာဘက်မှ စက်လှေတစ်စီးဖြင့် ၎င်းဆေးပြားများကို တင်သွင်းလာစဉ် နတ်အမြစ်အတွင်း ဖမ်းဆီးမိခြင်းဖြစ် သည်ဟု ဘင်္ဂလာဒေခခ်ျ့ အာဏာပိုင်များအား ကိုးကားပြီး ဘင်္ဂလာသတင်းများက ဖော်ပြသည်။ ဘင်္ဂလာနယ်ခြား စောင့်တပ်မှ ကင်းလှည့်နေစဉ်
Posted: 06 Jul 2014 08:47 PM PDT
 မန္တလေးမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ အင်တာနက်မှာ သစ်ထူးလွင်ဘလော့စာမျက်နှာက ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး ဒီဓါတ်ပုံတွေကို မိမိဘလော့မှာ တင်ထားခြင်းမရှိကြောင်း ဘလော့ တာဝန်ခံ ကိုသစ်ထူးလွင်က ငြင်းဆို ပါတယ်။ Face book လူမူရေးစာမျက်နှာတွေမှာ ပျံ့နှံနေတဲ့ ဓါတ်ပုံဟာ ဇူလိုင်လ ၂ရက်နေ့ညက သေဆုံးသူ
Posted: 06 Jul 2014 08:34 PM PDT
 လားရှိုး၊ ဇူလိုင် ၆ ရှမ်းပြည်နယ် မြောက်ပိုင်း မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းပိုင်းတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှု ၂၆၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၂ ဦး၊ ဒဏ်ရာရရှိသူ ၃၇၂ ဦးရှိခဲ့ရာ သေဆုံးမှု ပိုမို များပြား လာခဲ့ကြောင်း လားရှိုး ယာဉ်ထိန်းရုံး မှတ်တမ်းများအရ သိရသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်ထိ ယာဉ်မတော်တဆမှုများ အတွင်း မော်တော်ယာဉ်ကြောင့် ဖြစ်ပွားမှု ၈၆ တွင် သေဆုံးသူ ၄၄ ဦး၊
Posted: 06 Jul 2014 08:35 PM PDT
ဖြူး ဇူလိုင် ၆  ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ ရဲစခန်း အပိုင်နယ်မြေ ရန်ကုန်-မန္တလေး ပုံမှန်လမ်း တွင် မြောက်မှ တောင်သို့ မောင်းနှင်လာသော ဆိုင်ကယ်ကို မြောက်မှတောင် သို့ ယာဉ်မောင်း ကိုကျော်ဦး မောင်းနှင်သော ၂၂ ဘီးနောက်တွဲယာဉ်က တိုက်မိသဖြင့် ဆိုင်ကယ် မောင်းသူ ပွဲချင်းပြီးသေဆုံးမှု ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် ည ၉ နာရီ မိနစ် ၅၀က ဖြူးမြို့နယ် ညောင် ပင်သာ ရဲစခန်း မြောက်ဘက်
Posted: 06 Jul 2014 08:55 PM PDT
 RFA ရဲ့ ဇူလိုင် ၇ ရက် မနက်ပိုင်း အစီအစဉ်များကို နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်မှာ RFA နှင့် သစ်ထူးလွင် အင်တာဗျူး ကိုလည်း နားဆင်နိုင်ပါတယ်။ သစ်ထူးလွင် နာမည် အသုံးချထားတဲ့ အင်တာနက် ဓါတ်ပုံကိစ္စ ၊ သတင်းကူးယူမှု ကိစ္စတွေကို သစ်ထူးလွင် နဲ့ RFA အင်တာဗျူး အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။
Posted: 06 Jul 2014 08:04 PM PDT
 အမေရိကန်ကို လာမယ့် လေကြောင်း လိုင်း တွေ စတင် ပျံသန်းမယ့် နိုင်ငံခြား လေဆိပ် တချို့မှာ တပ်ဆင်ဖို့ ရှိတဲ့ လုံခြုံရေး နည်းပညာ အစီအစဉ်သစ် တွေကို အမေရိကန် လုံခြုံရေး အရာရှိ တွေက အသေးစိတ် ထုတ်ပြန် ခဲ့ပါတယ်။ ကမ္ဘာ့ အခြေအနေ အကဲခတ်ချက်တွေအရ အမေရိကကို တိုက်ခိုက် လာနိုင်တဲ့ အန္တရာယ် ရှိနေသေးတဲ့ အတွက် လေကြောင်း လုံခြုံရေး စနစ်ကို အဆင့်မြှင့်ဖို့ ညွှန်ကြား လိုက်တယ်လို့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဝန်ကြီးေ
Posted: 06 Jul 2014 07:46 PM PDT
 စစ်ကိုင် ဇူလိုင် ၆  စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာနေ ဦးအောင်ဝင်း(ဈေးရောင်း)သည်ဇူလိုင် ၃ရက် ညသန်းခေါင် ကျော် တစ်နာရီခန့်တွင် နေအိမ်အောက်ထပ်တွင်ဇနီးဖြစ်သူ မကြည်မြင့်နှင့် သားဖြစ်သူ မောင်ချမ်းသာ၊ နေအိမ် အပေါ်ထပ်တွင်သမီးဖြစ်သူ မနီနီအောင်၊ မသန်းသန်းစိုးတို့ အိပ်နေကြစဉ် အပေါ်ထပ်မှ ဝုန်းဝုန်းဟု အသံကြား ရသဖြင့် လန့်နိုးပြီး သားဖြစ်သူ မောင်ချမ်းသာက အိမ်ပေါ်သို့ တက်သွားပြီး အဖေလူ လူဟုပြော၍ ဦးအောင်ဝင်း က
Posted: 06 Jul 2014 07:41 PM PDT
နေပြည်တော် ဇူလိုင် ၆  နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ အရှေ့ကွန်ကရစ်လမ်းတွင် ဇူလိုင်၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောက်ကား တစ်စီးပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ခေတ်အေးကျေးရွာနေသူ ယာဉ်မောင်း မင်းအောင်မောင်းနှင် လာသော ကျောက်တင်ယာဉ် ၂ဂ/...သည် ကျောက်များနှင့် အလုပ်သမားခြောက်ဦး ကိုတင်ဆောင် မောင်းနှင်လာစဉ်ယာဉ်ပေါ်ပါ အလုပ်သမား တစ်ဦးဖြစ်သော စိုးအောင် (
Posted: 06 Jul 2014 07:37 PM PDT
 တိုင်းနဲ့ ပြည်နယ်က လူငယ် ကိုယ်စားလှယ် ၁၅ ဦးကို ဗဟို လူငယ် လုပ်ငန်း အဖွဲ့မှာ တာဝန်ပေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကနေ အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖော်ထုတ် လေ့ကျင့် ပေးသွားဖို့ ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်တဲ့ ပထမ အကြိမ် နိုင်ငံလုံး ဆိုင်ရာ လူငယ် ညီလာခံ ပြီးဆုံးသွား ပါပြီ။ ရန်ကုန်မြို့မှာ ၂ ရက်ကျင်းပ ခဲ့တဲ့ ဒီညီလာခံ ကနေ တိုင်းနဲ့ ပြည်နယ်က လူငယ် ကိုယ်စားလှယ် ၁၅ ဦး ကို ဗဟို လူငယ်
Posted: 06 Jul 2014 07:34 PM PDT
 မြန်မာပြည်က အာရှ ဆင်ရိုင်းတွေကို ဆင် မှောင်ခို ကူးသူ တွေက ညှဉ်းပန်း နှိပ်စက် ဖမ်းဆီး ပြီး အိမ်နီးချင်း ထိုင်း နိုင်ငံ က ကမ္ဘာလှည့် ခရီးသွား တွေ အလာ များတဲ့ ဆင် စခန်း တွေကို ရောင်းစား နေတာတွေ ရှိတယ် လို့ တောရိုင်း တိရိစ္ဆာန် ကာကွယ် စောင့်ရှောက် သူများ က ပြောဆို သတိပေး လိုက်ပါတယ်။ မြန်မာပြည်က ဆင် မှောင်ခို သမားတွေက တောအုပ် ထဲက သဘာဝ ဆင်ရိုင်း တွေကို ဖမ်းဆီး၊ ယဉ်အောင် မွေးပြီးတော့ နယ်စပ်ြ
Posted: 06 Jul 2014 07:30 PM PDT
 ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေမှာ ၀င်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူတွေထဲက တောင်သူ ၁၉၀ ဦးကို အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားတယ်လို့ တောင်သူတွေက ပြောပါတယ်။ အမှုဖွင့်ခံထားရတဲ့ တောင်သူ ၁၉၀ ဦးထဲက တစ်ရက်ကို ၁၀ ဦးစီ ရဲစခန်းမှာ လာရောက် အစစ်ဆေးခံဖို့ အကြောင်းကြား ထားတယ်လို့ အမှုဖွင့် ခံထားရတဲ့ တောင်သူ ကိုအန်ထော်နီတူးရယ်ကြေ
Posted: 06 Jul 2014 07:30 PM PDT
နေပြည်တော်၊ ဇူလိုင် ၆ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ လွိုင်လင် မြို့နယ် ပြည်သူ့ ဆေးရုံသို့ လက်ပစ်ဗုံး ဟောင်း ပေါက်ကွဲ၍ ဒဏ်ရာရရှိသူ ၁ ဦးရောက်ရှိ နေကြောင်း သတင်းအရ လွိုင်လင်မြို့မ ရဲစခန်းမှ တပ်ဖွဲဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မောက်မယ်မြို့နယ်၊ ကဒူးကြီးရွာနေ ကျော်ဇောအောင်(၁၁)နှစ်နှင့် တစ်ရွာတည်းနေသူများ ဖြစ်ကြသည့်ေ
Posted: 06 Jul 2014 06:56 PM PDT
 NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေအနေနဲ့ နေရာနဲ့ တာဝန်ကို ခွဲခြားမြင်ဖို့ လိုကြောင်း ဂျူလိုင်လ (၅) ရက်နဲ့ (၆) ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်ကြာ ရန်ကုန်မြို့မှာကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ NLDပါတီ လူငယ်ညီလာခံမှာ တိုက်တွန်း လိုက်ပါတယ်။ ဒီညီလာခံကနေ အဖွဲ့ဝင် (၁၅) ဦးပါ NLD ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အကြောင်းစုံကို  ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။ NLD ပါတီရဲ့ ဗဟို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...