Sunday, July 6, 2014

မျိုးနဲ့ ရိုးနဲ့ အေ့ ..

မျိုးနဲ့ ရိုးနဲ့ အေ့ ..
▬▬▬▬▬
...(ဟာသလေးပါ ရေးသူအမည်မပါဘူးဗျ)
အို........ အေ ။ ညည်းကောင်လေးလို ၁၅၀၀ တန် 033 ကို ငါတို့ လို ၁၈ သိန်းတန် မျိုးရိုးထဲ ထည့်လို့ ဖြစ်မလားအေ့။
ဘွားဘွား 01-6 က အော်ဟစ်လိုက်သည်။

အဲသလို မပြောပါနဲ့ ဘွားဘွားရယ်။ 1500 တန်လဲ SIM ကဒ် ပါပဲ။ ခုဆို သူ့ပေါက်ဈေးက အပြင်မှာကို ကိုးသောင်းလောက်ရှိပါတယ် မေမေ ရယ်။

တော်ဇမ်း တော်ဇမ်း....... ညည်းကောင်လို ဟိုဟန်းဆက် နဲ့ မရ ဒီဟန်းဆက်နဲ့ လိုင်းမမိတဲ့ ထော်လော် ဘုကလန့် CDMA မျိုးရိုးကို ငါတို့ GSM မျိုးရိုးနဲ့ ရောလို့ ဖြစ်မလား ဟဲ့

ညည်းဖေဖေဆိုကြည့်စမ်း ဦး 951 ဆိုပြီး ၁၈ သိန်းကထဲက ရန်ကုန်မှာ မျိုး နဲ့ ရိုးနဲ့ နေလာခဲ့တာ။ ငါ့ဆို လဲ ကြည့် ဒေါ် 200 ဆိုပြီး မန်းလေးမှာ လိုချင်သူတွေ ၀ိုင်းလို့ တန်ဖိုးရှိရှိနေလာခဲ့တာ။
ညည်း အဖွားဆိုလဲ ရန်ကုန်မှာ ဒေါ် 01-6 ဆိုပြီး ဟိုးခေတ်ကထဲက မျိုးနဲ့ရိုးနဲ့ နေလာတာပါအေ။

မေမေ ရယ် တကယ်တော့ CDMA 800 ဆိုတာကလဲ SIM ကဒ်ပါ။ သူ့မှာ ချစ်တတ်တဲ့ အသည်းနှလုံး ( အဲ ) လိုင်းမိတဲ့ စိတ်တော့ ရှိပါတယ် မေမေရယ်။

တိတ်ဇမ်း........... ငွေဖြည့်ကဒ်တောင် တို့တွေနဲ့ မတူတဲ့ အမျိုးကို ။ ငါက သဘောတူဇရာလား။ လုံးဝပဲ ။ ညည်း သူနဲ့ ကြိုက်ရင် ကြိုက်ချိစမ်း အမွေပြတ် ကဒ်ပျောက် လျှောက်ပစ်လိုက်မယ် ။ ငါ့ ကို ဘာများ မှတ်နေဒုန်း။

မဖြစ်ပါဘူး အေ မဖြစ်ပါဘူး ။ ညည်းကို ငါးသိန်းတန်မျိုးရိုးထဲက 43 နဲ့ ပေးစားဦးမှပါ။ သူတို့က လိုင်းလဲ မိ။ အင်တာနက်လဲ သုံးရတရ် ဟဲ့။ ညည်း ၂ သိန်းတန် မျိုးရိုး 400 နဲ့လဲ ကြိုက်လို့ မဖြစ်ပါဘူး။ ငါတို့က ဂုဏ်နဲ့ ကဒ် နဲ့ နေတာဟဲ့။

  1 comment:

  1. မင်္ဂလာပါ ဆရာ
    ကျွန်တော် က အိမ်ခြံမြေ ဝက်ဆိုက် house.com.mm က ဘလော့ဂါ တ ယောက်ပါ။ ဆရာ့ ရဲ့ ဝက်ဆိုက် ပေါ်မှာ ကျွန်တော့ ရဲ့ ဆောင်းပါးလေးတင်ချင်လို့ပါ။ ဆရာခွင့်ပြုပေးနိုင်မလားသိချင်ပါတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...