Sunday, July 6, 2014

မြန်မာနိုင်ငံ လက်ရှိအခြေအနေမှ “အခြားပယောဂများ” ကိုသုံးသပ်ခြင်း၊



July 5, 2014

   

မြန်မာနိုင်ငံ လက်ရှိအခြေအနေမှ “အခြားပယောဂများ” ကိုသုံးသပ်ခြင်း၊


ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုး မဟုတ်ဘဲ “အခြားပယောဂများ” ကြောင့် ဟုဆိုသည်။ မန္တလေးတွင် ဘာသာရေးပဋိပက္ခမဖြစ်ပေါ်မှီ ကျပ်သိန်းတစ်ရာခန့် အလွဲသုံးစားပြုလုပ်မှုဖြင့် ဇွန်လ ၁၉၊ ၂၀၁၄ တွင် အမှုဖွင့်အရေးယူ ဖမ်းဆီးထားသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား  ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းထောင်မှ နေပြည်တော်ကောင်စီနယ်မြေရှိ ပုဗ္ပသီရိမြို့နယ် တရားရုံးသို့ ဒုတိယအကြိမ် ရုံးထုတ်လာစဉ် ၀န်ကြီးဟောင်း ဦးဆန်းဆင့်က “ကျွန်တော်သာသနာရေး လုပ်တာ အခုအချုပ်ခံရတဲ့သဘော ဖြစ်သွားတာပေါ့။ ကျွန်တော် သာသနာ့ဝန်ထမ်း ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ်လုပ်တဲ့သူ ဖြစ်ပါတယ်။
ကျွန်တော်မဟုတ်တာ မလုပ်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်မှာ အပြစ်မရှိပါဘူး” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ “မှန်ကန်တဲ့အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်။ သို့သော် ကျွန်တော်သာသနာကိစ္စ ဆောင်ရွက်သော်လည်းပဲ ဒီနေ့ဘာလဲဆိုတော့ ကျွန်တော့်ကို စစ်ပြီးတဲ့ကိစ္စနဲ့ပက်သတ်လို့ စစ်ဆေးပြီးသားကိစ္စကို အရေးယူဖို့ ဆောင်ရွက်တာ။ ဒါဟာအလွန်ပဲ မတရားပြုလုပ်မှုလို့ ကျွန်တော်သုံးသပ်ပါတယ်။ လူထုကို ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဟန်းသံဃာတော်များ၊ သံဃာ့နာယက ဆရာတော်ကြီးများ၊ ဆရာတော် သံဃာတော်အပေါင်းတို့ဟာ မှန်ကန်ရပ်တည်တဲ့ ကျွန်တော့်အပေါ်မှာ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ကျွန်တော့်ကို ကူညီစောင့်ရှောက် ကြပါ။ သမာဒေ၀ နတ်ကောင်း နတ်မြတ်များက စောင့်ရှောက်ပေးပါ။ ကျွန်တော် သစ္စာဆိုရဲပါတယ်။ ငါးပြားတစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တာ မရှိပါဘူး။ ကျွန်တော်ရပ်တည်ချက် မှန်ကန်သော်လည်းပဲ သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ လုပ်တာပါ” ဟု ပြောကြားခဲ့သည်။  မှတ်ချက်။ ဝန်ကြီးဟောင်းသည် တိုက်ပုံအဖြူဝတ်ထားပြီး၊ တိုက်ပုံအဖြူဝတ်ရဲများဖြင့် ကာရံလမ်းလျှောက်လာသည်။တရားရုံးမှဗင်ကားသို့အပြန်၊ လမ်းလျှောက်ရင်း သတင်းထောက်များကို ပြောသွားခြင်းဖြစ်သည်။ ဝန်ကြီးဟောင်းကို ဂုဏ်သိက္ခာမထိခိုက်စေပဲ လက်ထိပ်မသုံး ယဉ်ကျေးစွာ ရုံးထုတ်ခြင်းဖြစ်သည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားရုံးမှအပြန်

နားမလည်နိုင်သော အချက်များစွာ  (ဇွန်လ ၂၀၁၄)

- အထက်ပါ လာဘ်စားမရှိနာမည်ပျက်မရှိသော ဝန်ကြီးဦးဆန်းဆင့်၊ ရုတ်တရက် ကျပ်သိန်းတရာခန့် လာဘ်စားမှုဖြင့် အလုပ်မှဖြုတ်၊ ဖမ်းဆီးထောင်ချ၊ တရားရုံးထုတ်ခြင်းကိုလည်း နားမလည်နိုင်ပါ။
- ပီနန်ဆရာတော်ကြီး၏ ကျောင်းတော်ပိုင်ဆိုင်မှု သံဃာများပြသနာကို ညအချိန် ဝင်ရောက်စီးနင်းပြီး၊ သံဃာ၅ဦးအား ဖမ်းဆီး၊ လူဝတ်လဲပြီး၊ တရားရုံးထုတ်၊ ရဟန်းပြန်ဝတ်ခွင့်ပြုခြင်းကို
လည်း နားမလည်နိုင်ပါ။
- အစိုးရနှင့် တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက စုစုပေါင်း ၄၇၀,၀၀၀ ကျော်အနက် ဧက ၃၅၀,၀၀၀ ကျော်အား အသုံးပြုရန်လိုအပ်၍ စွန့်လွှတ်မည်မဟုတ်ကြောင်း သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ ခြင်းကိုလည်း နားမလည်နိုင်ပါ။
- ရုတ်တရက် မန္တလေးမြို့တွင် ဘာသာခြားပဋိပက္ခများ ပေါ်ပေါက်လာပြီး၊ အုပ်စုလိုက်ရိုက်နှက်မှုများကို ရဲတပ်ဖွဲ့မှ အချိန်မီထိန်းနိုင်ခဲသည်ကို လေးစားမိသည်။ မြိုနယ်ခြောက်မြို့နယ်ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အစိုးရထံမှ ရှင်းလင်းချက် မရသေးဟု ပြောသည်။ ဖြစ်ရပ်များကို နားမလည်နိုင်ပါ။
- တရုပ်ပြည်သို့ သမ္မတဦးသိန်းစိန်နှင့်အဖွဲ့သွား
ရောက်ပြီး စာချုပ်များစွာ လက်မှတ်ထိုးခဲ့သည်။ ဘာတွေရေးထိုးခဲ့ကြောင်းကိုလဲ နားမလည်နိုင်ပါ။
၁။ သမ္မတ၏ကြီးမားလှသော အုပ်ချု့ပ်ရေးအခက်ခဲများ
- နောက်ကွယ်မှအင်အားကြီးသောအဖွဲ့ “အခြားပယောဂများ”ကြောင့် ရေငုံနှုတ်ပိတ်နေရခြင်း။
- လွှတ်တော်သို့သတင်းပို့၊ ညှိနှိုင်းလုပ်ဆောင်ရမှု သိပ်အဆင်မပြေခြင်း။
- စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအာ
း ကိုင်တွယ်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ။
- လယ်ယာမြေ၊ အိမ်ခြံမြေ ဈေးကြီးအောင်လုပ်သူများ၊ သိမ်းဆည်းထားသူများကို ဘာမှမလုပ်နိုင်။
- ရင်းနှီးမြှတ်နှံမှုကော်မတီ(ပြည်
တွင်းနှင့်ပြည်ပ MIC, FIC) လိုင်စင်၊ပါမစ်ပေးခြင်းကို စနစ်တကျဖြေရှင်းရန်။
- နယ်စပ်၊ သင်္ဘောဆိပ်၊ လေဆိပ်များမှ တရားမဝင် တင်ပို့ကုန်များစွာ အခွန်လွတ်နေခြင်းကို ဖြေရှင်းရန်။
- လုပ်ငန်းလိုင်စင်ရထားသူ ခရိုနီကုမ္ပဏီကြီးများအား အခွန်မကောက်နိုင်ခြင်းကို ဖြေရှင်းရန်။
- အစိုးရဘတ်ဂျတ်နှင့်ကျေးလက်ဖွံြ့
ဖိုးရေး နိုင်ငံတကာချေးငွေများစွာကို ကော်မတီဖွဲ့ဖြေရှင်းရန်
- လာဘ်ပေးလာဘ်ယူမှု များကို ပြဌာန်းထားသော ဥပဒေအရ အရေးယူရန်
- ဦးပိုင် (တပ်မတော်စီးပွားလုပ်ငန်းများ) အစိုးရနှင့်မဆိုင်ပဲ၊ စစ်တပ်ကသာကိုင်တွယ်ခြင်း  ..အစရှိသည်တို့ဖြစ်သည်။

၂။ နိုင်ငံတကာရင်ဆိုင်မှုများ
- တရုပ်ပြည်
- အိနှိုယ၊ ဘင်္ဂလားဒေ့ခ်ျ၊ အမေရိကန်၊ အီးယူနှင့်အင်္ဂလန်
- ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူနှင့်အာစီယံနိုင်ငံများ
- ဂျပန်၊ တောင်ကိုးရီးယား၊ အရှေ့အာရှနိုင်ငံများ
- အရှေ့အလယ်ပိုင်းနှင့်အခြားနိုင်
ငံများ
- ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ ဂျိုင်ကာ နှင့် အင်ဂျီအိုအဖွဲ့များ
၃။ အောက်ခြေအဆင့် ပြသနာလေးများမှာ 
- တရားရုံး၊ တရားသူကြီးများ တရားမမျှမတဖြစ်နေမှု
- ပြည်သူရဲများ အဂတိလိုက်စားမှု
- ကျေးရွာ၊မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ် အုပ်ချုပ်ရေးဝန်ထမ်းများ လာဘ်စားခြင်း
- ဌာနဆိုင်ရာဝန်ထမ်းများ လက်ဆောင်ပေးရခြင်း
- ပညာရေး၊ကျန်းမာရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းမျာ

- တရားမဝင်ကုန်ပစ္စည်းများကို မိုဘိုင်းအဖွဲ့ဖြင့်ဖမ်းဆီးခြင်

- ရန်ကုန်မြို့၊ စည်ပင်နယ်မြေအခက်ခဲများ
- လျှပ်စစ်ဓါတ်အား မြို့များမီးမပျက်ရေး
- ဟိုက်ဝေးလမ်း ကားမှောက်မှုများ
- အသေးစားနှင့်အလတ်စားလုပ်ငန်းမျာ
း (အလုပ်ကိုင်ရရှိရေး)
- ပြည်ပအလုပ်အကိုင်များ (အလုပ်သမား၊ အိမ်စေ)  ..စသဖြင့် မြောက်မြားစွာရှိပါသည်။
ထိုအောက်ခြေပြသနာများကို နိုင်ငံတော်သမ္မတက ဘာမှမလုပ်ပေးနိုင်ပါ။ လူထုအသံမည်လာလျှင်သာ အစိုးရက လိုက်ရှင်းပေးခြင်း၊ (မီးလိုက်ငြိမ်းနေခြင်း)သာ လုပ်နိုင်ပါသည်။



အရေးထဲ အစိုးရ၊ လွှတ်တော်နှင့် အတိုက်အခံများ အာဏာပြိုင်ခြင်းမှာ နိုင်ငံတိုင်းတွင်ရှိသော်လည်း၊ မြန်မာနိုင်ငံတွင် စစ်တပ်နှင့်အထွေထွေအုပ်ချုပ်ရေးဌာများတွင် အာဏာများစွာ ရှိနေပါသည်။ ဒေသလွှတ်တော်နှင့်ဒေသအစိုးရများတွင် စစ်တပ်နှင့်ဌာနဆိုင်ရာများ လွှမ်းမိုးနေသည်ကို ရှင်းဖို့ မလုပ်နိုင်ပါ။  


သမ္မတ၏ကြီးမားလှသော အုပ်ချု့ပ်ရေးအခက်ခဲများ ကိုသာ မနည်းဖြေရှင်းနေရပါသည်။ ယခု ဇွန်လ ၂၀၁၄ တွင် ပီနန်ဆရာတော်ကျောင်းတော်၊ ဝန်ကြီးဦးဆန်းဆင့်၊ မန္တလေးပုဒ်မ၁၄၄ထုတ်ခြင်း၊ လယ်မြေ၊အိမ်ခြံမြေပြသနာ ..စသည်တို့အားလုံးသည် နောက်ကွယ်မှအင်အားကြီးသောအဖွဲ့ကြောင့်သာ ဖြစ်ရကြောင်း ထင်ရှားနေသည်။ သမ္ပတအနေနှင့် ထိုအင်အားကို ရင်ဆိုင်ရန် ဝန်ကြီးဦးဆန်းဆင့်၊ ပီနန်ကျောင်းတိုက်ဆရာတော်များကို တရားရုံးတင်လိုက်ရသည်။ ရုံးထုတ်နေစဉ် မန္တလေးပဋိပက္ခ ပေါ်လာသည်။ ယခုအချိန်တွင် ရခိုင်၊ မိတ္တီလာကဲ့သို့ မီးရှို့မှုမဖြစ်သည်သာမက၊ လူများစွာမသေပျောက်ရခြင်းသည် သမ္မတက အုပ်ချုပ်နိုင်လာသည့် သဘောရှိသည်။


လွှတ်တော်နှင့်ညှိနှိုင်းရေး၊ တိုင်းရင်းသားငြိမ်းချမ်းရေးနှင့်စစ်တပ်၊ လယ်ယာမြေအခက်ခဲ..စသည်တို့မှာ ထိမ်းသိမ်းနိုင်သည့် အဆင့်တွင်ရှိနေသည်။ 


အခွန်အကောက်နှင့် အကြီးတန်းလာဘ်စားမှုများ (Political Corruption) တွင် တရုပ်ကုမ္ပဏီများကို စတင်ထိန်းချုပ်လာသည်ကို မြင်ရသည်။ တရုပ်က လက်နက်ဝယ်ရန်၊ ရွှေဂတ်စ်လိုင်း ရထား၊ကားလမ်း၊  မြစ်ဆုံကိန်းများကို ဆက်လုပ်ရန် ဖိအားပေးသည်။ တရုပ်ကုမ္ပဏီများနှင့်မြန်မာခရိုနီ ဖက်စပ်လုပ်ငန်းများအား၊ ကာကွယ်ပေးစေခြင်း..စသည့် တရုပ်စာချုပ်များစွာရှိနေသည်။ 


ထိုစာချုပ်များဖြင့် မြန်မာခရိုနီအပေါင်းပါများနှင့်နိုင်ငံတော်က ဥပမာ..အမြတ်၂၅%၊ တရုပ်အကျိုးက ၇၅%၊  စသည့် မတရားစာချုပ်များဖြစ်သည်။ အခွန်ပေးစရာမလို လုပ်ထားသေးသည်။  ပါမစ်၊ လိုင်စင်များ ရရှိရေးအတွက် MIC, FIC အဖွဲ့များနှင့်၊ ဝန်ကြီးဌာနများတွင် အကြိတ်အနယ် အာဏာအပြိုင်ဆိုင်နေကြသည်။ ငွေကြေး အမြတ်စွန်းကြီးလှသော သယံဇာတလုပ်ငန်း၊ သွင်း/ထုတ်ကုန်လုပ်ငန်း၊ ဖွံ့ဖြိုးရေးပရိုဂျတ်ကြီးများ၊ အစိုးရဆောက်လုပ်ရေးပရိုဂျတ်များ၊ စသည့်လုပ်ငန်းများတွင် ငွေ၊အာဏာရှိသူများ ကြိတ်ကြိတ်တိုးနေသည်။ အပြင်လူများ မကပ်နိုင်ပါ။


အတိုက်အခံပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် လှုပ်ရှားမှုများလည်း ထိန်းချုပ်နိုင်ပြီး၊ ရွေးကောက်ပွဲ ကြံခိုင်ရေးပါတီ ၃၅%ခန့် လွှတ်တော်တွင်နေရာရရေးအတွက် ပီအာစနစ်ကို အသက်သွင်းလာပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ.. ၂၀၁၅ ရွေးကောက်ပွဲတွင် အင်အယ်ဒီများ အပြတ်အနိုင်ရလျှင်ပင် ပီအာစနစ်အရ၊ ကြံ့ခိုင်ရေးပါတီအမတ်များ လွှတ်တော်တွင် နေရာရနေဦးမည် ဖြစ်သည်။


နိဂုံး

နိုင်ငံတော်အာဏာကို ၄နှစ်လောက် ချုပ်ကိုင်နိုင်လျှင် အာဏာရှင်လုပ်တတ်လာပြီဖြစ်သည်။ အမေရိကန်သမ္မတကို ၈နှစ်ထက် ပိုအုပ်ချုပ်ခွင့်မပေးပါ။ 
 
 မြန်မာသမ္မတ ဦးသိန်းစိန်သည် ၄နှစ်အုပ်ချုပ်ခဲ့ပြီဖြစ်သောကြောင့် အစိုးရအဖွဲ့နှင့်စစ်တပ်ကို ကောင်းစွာထိန်းချုပ်ထားသလို၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ယခင်စစ်ဗိုလ်ဟောာင်းများ၊ ဦးပိုင်တပ်မတော်စီးပွားရေးများကိုလဲ ကောင်းစွာ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင် ရှိနေသည်။ 

လူထုမှာ အစိုးရအဖွဲ့ကို သိပ်မကျေနပ်နေလေပြီ။ လွှတ်တော်အဖွဲ့လည်း အစိုးရလုပ်ငန်းများကို မဟန့်တားနိုင် ဖြစ်နေသည်။ အစွမ်းထက်သော သဘောထားကွဲသော စစ်ဗိုလ်များမှာလည်း အကျဉ်းချခံထားဆဲ ဖြစ်သည်။
အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီပါတီနှင့် တိုင်းရင်းသားပါတီများမှာ ဘာမှမတတ်နိုင်၊ အခြေခံဥပဒေပြင်ဆင်ရေး လူထုလှုပ်ရှားမှုများမှာကို လက်ရှိပဋိပက္ခများဖြင့် မှေးမှိန်စေသည်။ အင်အယ်ဒီနှင့်အခြားပါတီများ နိုင်ငံရေးဝှက်ဖဲရှိဦးမည်လော။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲသာ အေးအေးဆေးဆေး ဝင်ပြိုင်ရန်သာ ရှိတော့သည်။


 နောက်ကွယ်မှ အင်အားကြီးသောအဖွဲ့ ရှိနေသည်ဟု ဆိုကြသည်။ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုး မဟုတ်ဘဲ “အခြားပယောဂများ” ကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။


ထို “အခြားပယောဂများ” ဆိုသည်မှာ၊ လက်ရှိအစိုးရအဖွဲ့ပင်ဖြစ်နေသလား။ သို့မဟုတ်ပါက အဘယ်သူနည်းဆိုသည်ကိုလည်း မသိနားမလည်နိုင်တော့ပါ။ ထို “အခြားပယောဂများ” အဖွဲ့ကို အောင်မြင်စွာ ဖယ်ရှားနိုင်ပါက မြန်မာနိုင်ငံကြီး၏ ပြုပြင်ပြောင်းလဲမှုများတွင် လူမှန်၊နေရာမှန် ရရှိလာမည်။ စီမံကိန်းများ ထိရောက်အောင်မြင်လာကာ ပြည်တွင်းအလုပ်အကိုင်များစွာ တမဟုတ်ချင်း ပေါ်လာမည်ဖြစ်သတည်း။  

ဇာနီကြီး၊ ဇူလိုင် ၅၊ ၂၀၁၄


မိုးမခဆောင်းပါး
http://moemaka.com/archives/38530

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...