Sunday, June 1, 2014

Infused Water

MYMC - MYMHOT



Posted: 31 May 2014 06:30 PM PDT
Infused Water

Infused Water ဆိုတာက သဘာဝက ရတဲ့ အသီးအရွက် တွေရဲ့ အနံ့၊ အရသာကို ယူထားတဲ့၊ ဖျော်ရည် တွေလို သ ကြား၊ ဆေးသကြား၊ အရောင် ဆိုးဆေးတွေ မပါဘဲ သဘာဝ သစ်သီးရနံ့ လေးတွေ မွှေးနေတဲ့ သောက်စရာ ရေပါပဲ။
ဘာအရသာမှ မရှိဘဲ အနံ့သက်သက် ဆိုတော့ တချို့က မနှစ်သက် ကြပါဘူး။
ဒါပေမယ့် သူ့မှာ ကျန်းမာရေး အတွက် ကောင်းကျိုးတွေ အ များကြီး ရှိနေပါတယ်။ ပထမ တစ်ခုက ရေဓာတ် ခန်းခြောက်ခြင်းကို ကာကွယ် ပေးပါတယ်။ ရေဓာတ် ခန်းခြောက်ခြင်းက ဖျားနာတာ၊ ခေါင်း ကိုက်တာ၊ အစာခြေ စနစ်နဲ့ အရိုးအဆစ် တွေကို ဒုက္ခပေး နိုင်ပါတယ်။ တစ်ရက်ကို ရေဖန်ခွက် ၇ခွက်လောက် သောက်ရမယ် ဆိုတာ လူတိုင်း သိပေမယ့် ဒီအရောင်၊ အရသာ မရှိ ရေကို သောက်ဖို့ ၀န်လေး ကြပါတယ်။ ဒါပေမယ့် အသီးဖတ် လေးတွေနဲ့ အရောင်၊ အနံ့နဲ့ ပြည့်စုံတဲ့ရေ ကိုတော့ လူတိုင်း သောက်ချင်ကြ တာကြောင့် သင့်ကို ရေများများ သောက်ဖြစ်အောင် ကူညီ ပေးပါတယ်။ အခုဆို အမေရိကန်က ကျောင်း တွေမှာ Infused Water ကိုထားရှိ ပေးထားပြီး ကလေးတွေက နှစ်ခြိုက်စွာ သောက်သုံး ကြပါတယ်။



နောက်တစ်ခုက တစ်နေ့တာ အတွက် လိုအပ်တဲ့ ဗီတာမင် တွေကို ထပ်ဆောင်း ထည့်ပေးထား တာပါ။ များသောအားဖြင့် Infused Water ကိုဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီး၊ ရှောက်ချိုသီး၊ ဘယ်ရီသီးတွေ၊ ဗီတာမင် B ကြွယ်ဝပြီး အရည်ရွမ်းတဲ့ သခွားသီး အပြင် အစာအိမ် အ တွက် ကောင်းမွန် စေတဲ့ ginger၊ mint စတာတွေနဲ့ ပြုလုပ်လေ့ ရှိတာကြောင့် ရေထက် ပိုပြီး အကျိုးများ ပါတယ်။ ၀ိတ်ချတဲ့ နေရာမှာ အသုံး ပြုလို့ ရတယ်။ အဆီတွေကို လောင်ကျွမ်း စေတယ်။ ဒါကြောင့် diet plan တွေမှာလည်း သောက်ဖို့ အကြံပြု ကြပါတယ်။ ဒီလောက်ဆို သူ့ရဲ့ အကျိုးကို သိပြီဆိုတော့ အိမ်မှာပဲ လွယ်လွယ် ကူကူ လုပ်သောက်လို့ ရအောင် တွဲစပ်ပြီး သောက်လို့ ရတဲ့ အသီးတွေကို ဖော်ပြ ပေးလိုက်ပါ တယ်။

Infused Water

၁။ စတော်ဘယ်ရီသီး၊ သံပုရာသီးခြမ်းနဲ့ basil
၂။ လိမ္မော်သီးနဲ့ ဘလူးဘယ်ရီ နဲ့ mint
၃။ ဖရဲသီးနဲ့ mint
၎။ ဂရိတ်ဖရုနဲ့ သခွားသီး နဲ့ mint
၅။ စတော်ဘယ်ရီ၊ သံပုရာသီး၊ သခွားသီးနဲ့ mint
၆။ သခွားမွှေး၊ ပျားရည်နဲ့ mint


Infused Water

infused water တိုင်းလိုလိုမှာ mint နဲ့ basil ကိုထည့်တတ် ကြပါတယ်။ ဒီအပင် တွေက စိတ်ကို ကြည်လင် လန်းဆန်းစေတဲ့ အာနိသင် ရှိပြီး ထည့်တဲ့ အခါ အသာလေး ချေထည့် လိုက်ပါ။ တစ်ညလောက် ရေခဲသေတ္တာ ထဲထည့်ထားရင် ပိုကောင်း ပါတယ်။ အသီးတွေရဲ့ ရနံ့က ပိုထွက် လာစေပါတယ်။ စိတ်မရှည် ရင်တော့ အသီးတွေကို ခက်ရင်းလေးနဲ့ အပေါက် ဖြစ်အောင် ထိုးပြီး ထည့်ပါ။ ထည့်မယ့် ဖန်ခွက်ရဲ့ အောက်ခြေမှာ ရေခဲ၊ အသီးတွေထည့်၊ နောက်ရေခဲ ပြန်ထည့်ပြီး အပေါ်ဆုံးမှာ အသာချေ ထားတဲ့ mint, basil ထည့်ပြီး တစ်နာရီလောက် ထားထား လိုက်ပါ။ အသီးနံ့ မွှေးနေတဲ့ infused water ရလာပါ လိမ့်မယ်။ :) soda တွေလိုတော့ မချိုဘဲ၊ အရသာက စွဲကျန်မှာ မဟုတ်ပေမယ့် ကျန်းမာရေး အကျိုး အာနိသင် အများကြီး ရှိတာမို့ စမ်းလုပ် သောက်ကြည့် ပါဦး။

Infused Water

Images from natashaskitchen. Source from natashaskitchen.com, buzzfeed.com


Author

Arr Luu

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...