Thursday, June 12, 2014

FIFA World Cup

MYMC - MYMHOT



Posted: 11 Jun 2014 06:44 PM PDT
World Cup Champion 2010 Spain

World Cup လို့အတိုကောက် ခေါ်ကြတဲ့ FIFA World Cup ကို Fédération Internationale de Football Association ကကြီးမှုးပြီး လေးနှစ်တစ်ကြိမ် ကျင်းပ ပါတယ်။
ကမ္ဘာ့ဖလား World Cup ကမြန်မာ ပရိသတ် တွေနဲ့ ရင်းနှီးပြီးသား အချိန်ပေး စောင့်ကြည့် နေတဲ့ ပွဲတစ်ပွဲပါ။ အသင်းပေါင်း ၃၂သင်း ပါဝင် ယှဉ်ပြိုင်ပြီးတော့ အိမ်ရှင် နိုင်ငံ တစ်နိုင်ငံမှာ တစ်လတာ ကျင်းပ လေ့ရှိပါတယ်။
ဒီ world cup final ၃၂သင်း ထဲဝင်ဖို့ အတွက် အရည်အချင်း စစ်တဲ့ ခြေစစ်ပွဲ တွေကိုတော့ ၃နှစ်နီးပါး ကျင်းပလေ့ ရှိပါတယ်။ အခုထိ final ပွဲပေါင်း ၁၉ကြိမ် ကျင်းပခဲ့ ပြီးတော့ နိုင်ငံ ၈နိုင်ငံက ဖလားတွေ ရယူထား နိုင်ပါတယ်။ ဘရာဇီး နိုင်ငံက ၅ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပြီး သူ့နောက်မှာ အီတလီက ၄ကြိမ်၊ အနောက် ဂျာမနီက ၃ကြိမ်၊ အာ ဂျင်တီးနားနဲ့ ဥရုဂွေးက ၂ကြိမ်စီ၊ အင်္ဂလန်၊ ပြင်သစ်နဲ့ စပိန်တို့က တစ်ကြိမ်စီ ဖလားကို ရယူထား ပါတယ်။ လက်ရှိ ချန်ပီယံ ကတော့ စပိန် အ သင်း ဖြစ်ပါတယ်။



ဖီဖာ ကမ္ဘာ့ဖလားကို ၁၉၃၀ ပြည့်နှစ်မှာ FIFA ရဲ့ဥက္ကဋ္ဌ Jules Rimet ကနိုင်ငံပေါင်းစုံ ပါဝင်မယ့် ဘောလုံးပြိုင်ပွဲ တစ်ခု ကျင်းပဖို့ အဆိုပြု ရာက စတင် ကျင်းပဖြစ် ခဲ့ပါတယ်။ အိမ်ရှင် အဖြစ် ဥရုဂွေး အသင်းက ကျင်းပပြီး ၁၃နိုင်ငံကိုပဲ ဖိတ်ကြား ယှဉ်ပြိုင် စေခဲ့ပါတယ်။ ဒီပွဲက အစပြုလို့ ဖီ ဖာက တစ်နှစ်ထက် တစ်နှစ် နိုင်ငံတွေ ထပ်တိုး ဖိတ်ခေါ် ခဲ့ပြီးတော့ အခုဆို တစ်ကမ္ဘာလုံးက အသင်းပေါင်း ၂၀၀ လောက်က ပါဝင် ယှဉ်ပြိုင် ပါတယ်။ ခြေရည်စစ် ပွဲတွေကို ၂နှစ်လောက်ထိ ကျင်းပပြီး နောက်ဆုံး ၃၂သင်းကို ရွေးချယ်ပါတယ်။ အရင်ကတော့ ဘောလုံးပွဲ တွေက Great Britain ပြင်ပကို ကျော်ပြီး ရောက်မလာ ပါဘူး။ ၁၈၇၂ ခုနှစ်မှာ Scotland နဲ့ England နိုင်ငံ တွေက Glascow မှာပထမဦးဆုံး နိုင်ငံတကာ ဘော လုံးပွဲကို ကန်ခဲ့ကြ ပါတယ်။

First International Match

၁၉၀၀ ပြည့်နှစ်တွေမှာ ဘောလုံး ကစားနည်းက ပိုမိုခိုင်မာ လာပြီး အားပေးမှုနှုန်း မြင့်တက် လာပြီး နိုင်ငံအလိုက် ဘောလုံး အသင်းတွေကို တည်ထောင် လာကြ ပါတယ်။ ၁၉၀၄ မှာတော့ ပြင်သစ် နိုင်ငံမှာ FIFA ဘောလုံး အဖွဲ့ချုပ်ကို တည်ထောင် လိုက်ကြ ပါတယ်။ ဘောလုံး ကစား နည်းက အောင်မြင် လာတာနဲ့ အမျှ IOC ကအသိအမှတ် ပြုတဲ့ အိုလံပစ် အားကစားနည်း တစ်ခုအဖြစ် သတ်မှတ် ခံရပြီး ၁၉၀၈နဲ့ ၁၉၁၂ အိုလံ ပစ် ပြိုင်ပွဲမှာ ထည့်သွင်း ခဲ့ပါတယ်။ ၁၉၁၄ မှာတော့ FIFA ကအိုလံပစ် ဘောလုံးပွဲကို "world football championship for amateurs" အဖြစ် သတ်မှတ် ခဲ့ပြီး ဒီပြိုင်ပွဲကို ဆက်ကျင်းပဖို့ လက်ပြောင်း တာဝန် ယူခဲ့ ပါတယ်။ ဒါက FIFA ကမ္ဘာ့ဖလား ဆိုပြီး ပြိုင်ပွဲ တစ်ပွဲ သက်သက် ခွဲထွက် လာပါတယ်။

World Cup Trophy

အစပိုင်း ကတော့ အသင်းတွေ သိပ်မရှိ ပါဘူး။ နိုင်ငံ အသင်းတွေက တိုက်တွေကို ဖြတ်သန်း ခရီးသွားပြီး ပြိုင်ဖို့အတွက် အဆင်မပြေ ကြပါ ဘူး။ ၁၉၃၄နဲ့ ၁၉၃၈ ပြိုင်ပွဲ တွေကို ဥရောပ တိုက်မှာ ကျင်းပခဲ့ပြီး တောင်အမေရိက တိုက်က ဘရာဇီး တစ်သင်းပဲ ပါဝင်ယှဉ်ပြိုင် ခဲ့ပါတယ်။ ၁၉၄၂နဲ့ ၁၉၄၆ ပြိုင်ပွဲ တွေကိုတော့ ဒုတိယ ကမ္ဘာစစ်ကြောင့် မကျင်းပ ဖြစ်ခဲ့ ပါဘူး။ ၁၉၅၀ ပြိုင်ပွဲကိုတော့ ဘရာဇီး နိုင်ငံမှာ ကျင်းပခဲ့ပြီး ဗြိတိသျှ အသင်းတွေက စစ်တိုက်ခဲ့ ကြတဲ့ နိုင်ငံတွေ အချင်းချင်း ဆိုတော့ ၀င်မပြိုင် လိုကြပါဘူး။ ဒါပေမယ့် ၁၉၄၆မှာ ဖီဖာရဲ့ ဖိတ်ခေါ်ချက်ကြောင့် ၀င် ပြိုင် ခဲ့ကြပါတယ်။ ၁၉၈၂ မှာတော့ ၂၄သင်းထိ တိုးခဲ့ပြီး ၁၉၉၈ မှာတော့ ၃၂သင်း ဖြစ်လာပါတယ်။ အာရှ၊ အာဖရိက၊ တောင်အမေ ရိက တိုက်က နိုင်ငံ အသီးသီး ကပါ ၀င်ရောက် ယှဉ်ပြိုင် လာကြ ပါတယ်။ နောင်မှာ အသင်းပေါင်း ၄၀ အထိ ထပ်တိုးဖို့ အစီအစဉ် ရှိပါတယ်။

World Cup 2014 Brazil

အမျိုးသား ဘောလုံးပွဲ တွေတင်မက အမျိုးသမီး ဘောလုံးပွဲ တွေကိုလည်း ၁၉၉၁ ခုနှစ် ကစလို့ ကျင်းပခဲ့ ကြပါတယ်။ အမျိုးသား ပွဲတွေလောက် ကြည့်ရှုမှုနှုန်း မများပေမယ့် တစ်နှစ်ထက် တစ်နှစ် ကြည့်ရှုသူ ဦးရေက ပိုမို တိုးတက် လာပါတယ်။ လက်ရှိ ချန်ပီယံ အသင်းက ဂျပန် ဖြစ်ပြီး အ အောင်မြင်ဆုံး အမျိုးသမီး ဘောလုံး အသင်းကတော့ ဂျာမနီနဲ့ အမေရိကန် ဖြစ်ပြီး ၂ကြိမ်စီ ဗိုလ်စွဲ ထားပါတယ်။

Female World Cup Champion Japan

Images from static.goal, revoseek, fifa, adcochrane,hublot. Source: wiki.


Author

Arr Luu

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...