Thursday, June 12, 2014

ဆယ်ကျော်သက်များ မိမိကိုယ်ကို အဆုံးစီရင်ခြင်း


ယနေ့ ဆယ်ကျော်သက်များ မိမိကိုယ်ကို အဆုံးစီရင်သည့် ၀မ်းနည်းဖွယ် အဖြစ်ဆိုးများကို နေ့စဉ် ကြားသိနေရသည်။
ဆယ်ကျော်သက်များက မိမိကိုယ်ကို အသုံးမကျသူတစ်ဦးအဖြစ် အထင်မှား ကာ လူ့ဘ၀ထဲ ဆက်လက်နေထိုင်ရခြင်းကို မနှစ်မြို့နိုင်တော့ဘဲ အဆုံးစီရင်ကြ သည်။ အချိန်မတိုင်မီ နှုတ်ဆက်ခွဲခွာသွားရန် ကြိုးစားကြသည်။
ထိုအခါ သူတို့၏ မိသားစု၊ သူငယ်ချင်းများနှင့် အသိုက်အ၀န်းတစ်ခုလုံးသည် ပူဆွေးသောကရောက်ကြရတော့သည်။
ထိုသို့ အဖြစ်ဆိုးများကို မဖြစ်ပေါ်စေရန် အချိန်မီတားဆီးဖို့တာဝန်သည် ကျွန်ုပ်တို့ အားလုံးနှင့် သက်ဆိုင်နေ၍ “ဆယ်ကျော်သက်များ မိမိကိုယ်ကို အဆုံးစီရင်ခြင်း” ကို ရေးသားဖော်ပြအပ်ပါသည်။
ဆယ်ကျော်သက်များ မိမိကိုယ်ကို အဆုံးစီရင်မှုပြုရန် နောက်ကွယ်မှ တွန်း ပို့သော အကြောင်းအရာများမှာ ရှုပ်ထွေးလျက် ရှိသည်။

စစ်တမ်းများအရ ကလေးငယ်အရွယ်တွင် မိမိကိုယ်ကို အဆုံးစီရင်မှု အနည်းအကျဉ်းသာ တွေ့ရသော်လည်း အရွယ်ရောက်စ မြီးကောင်ပေါက်တို့၏ အဆုံးစီရင်မှုနှုန်းမှာ တစ်နေ့တခြား မြင့်တက်လျက် ရှိသည်။
ရောဂါဝေဒနာ ထိန်းချုပ်မှုနှင့် ကာကွယ်ရေး စင်တာ (CDC) ၏ အဆိုအရ အသက် (၁၅) နှစ်နှင့် (၂၄) နှစ် အရွယ်ရှိသူများအတွက် တတိယ အဖြစ် အများဆုံးကိစ္စရပ်မှာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်သည်။
ထိုသို့ အဆုံးစီရင်မှုကြောင့် ဖြစ်ပွားသည့် အမျိုးသားသေဆုံးမှုနှုန်းနှင့် အမျိုး သမီးသေဆုံးမှုနှုန်းကို နှိုင်းယှဉ်မည်ဆိုပါက အမျိုးသား (၄) ဦးလျှင် အမျိုးသမီး (၁) ဦး သေဆုံးလျက်ရှိကြောင်း သိရသည်။
ယင်းမှာ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်မှုတွင် အမျိုးသမီးများက အမျိုးသားများထက် အနည်းဆုံး (၂) ကြိမ်ခန့် ပြန်လည်ဆင်ခြင် ကြ သောကြောင့် ဖြစ်သည်။
အခြားအကြောင်းတစ်ရပ်မှာ သေစေလောက်သည့် နည်းလမ်းများဖြစ်သော ကြိုးဆွဲချခြင်း၊ အမြင့်မှ ခုန်ချခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့နှင့် အမျိုးသား များက ပိုမိုနီးစပ်လျက်ရှိသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်းတွင် အမျိုးသားသေဆုံးမှုနှုန်းမှာ ပိုမိုမြင့်မားနေခြင်း ဖြစ်သည်။
စစ်တမ်းများအရ အဆုံးစီရင်မှုများ၏ (၉၅) ရာခိုင်နှုန်းခန့်သည် စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်ခြင်း၊ အစွန်းရောက်စိတ် သက်ရောက်နေခြင်း၊ အရက်သေ စာနှင့် မူးယစ်ဆေးဝါး အသုံးပြုခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပူပန်သောကရောက်ခြင်း၊ အမျက်ထွက်ခြင်း (သို့မဟုတ်) ပြင်းထန်စွာ စိတ်လှုပ်ရှားခြင်းတို့ကြောင့်လည်းကောင်း၊ မျှော်လင့်ချက်မဲ့သည်ဟု ခံစား ရခြင်း၊ တန်ဖိုးမဲ့သည်ဟု ခံစားရခြင်းတို့ကြောင့် ဖြစ်ပေါ်သော စိတ် ကျခြင်းကြောင့်လည်းကောင်း၊ ယခင်က မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်ခဲ့မှုကြောင့်လည်းကောင်း၊ မိသားစုရာဇ၀င်တွင် စိတ်ကျခြင်းဝေဒနာခံစားရသူ (သို့မဟုတ်) အဆုံးစီရင်ခဲ့ဖူးသူတို့ကြောင့် လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင် ရာ စော်ကားခံရမှုများကြောင့်လည်းကောင်း၊ အသိုက်အ၀န်း၏ ထောက်ပံ့မှု မရခြင်း၊ မိဘများနှင့် ဆွေမျိုးသားချင်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေး မရခြင်းနှင့် လူမှုရေးဆိုင်ရာ ခွဲခြားဆက်ဆံခံရသည်ဟု ခံစားစေခြင်းတို့ကြောင့် လည်းကောင်း၊ မိမိနေထိုင်သော ပတ်ဝန်းကျင်၊ အသိုက်အ၀န်းနှင့် မိသားစု အတွင်း လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုများကြောင့်လည်းကောင်း ဆယ်ကျော် သက်များ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်တတ်ကြသည်။
အခြားအကြောင်းများမှာ စိတ်ဖိစီးမှုများသော ဘ၀အခြေအနေတွင် ရှင်သန် ရခြင်း၊ ကျောင်းတွင်း အဆင်မပြေမှု များပြားခြင်း၊ ရည်းစားနှင့် လမ်းခွဲပြတ် စဲခြင်း၊ မိမိချစ်ခင်သူ သေဆုံးခြင်း၊ မိဘများ ကွာရှင်းပြတ်စဲခြင်း (သို့မဟုတ်) မိသားစု ပြသနာများနှင့် ရင်ဆိုင်ရခြင်းတို့ ဖြစ်ကြသည်။
ထိုသို့ ကြံစည်ကြသူများသည် မိမိနှင့် နီးစပ်သူများကို မိမိအဆုံးစီရင်တော့ မည်ဖြစ်ကြောင်း သီကာရိပ်ကာ အသိပေးတတ်ကြသည်။
သူတို့ပြောတတ်ကြသည့် အရိပ်အမြွက်ပြစကားများကို သတိပြုနိုင်ရန် ဖော်ပြ အပ်ပါသည်။
သေခြင်းတရားအကြောင်း (သို့မဟုတ်) အဆုံးစီရင်ခြင်းအကြောင်း ယေဘု ယျပြောခြင်း၊ သူတို့ဆက်လက် မနေထိုင်လိုတော့ကြောင်း ပြော ကြားခြင်း၊ မျှော်လင့်ချက်မဲ့လျက် ရှိကြောင်း (သို့မဟုတ်) မပြစ်ရှိသူတစ်ဦး အဖြစ် ခံစားနေရကြောင်း ပြော ကြားခြင်း၊ သေခြင်း၊ ခွဲခွာခြင်း (သို့မဟုတ်) ရှုံးနိမ့်ခြင်းအကြောင်း သီချင်းများ၊ ကဗျာများ၊ စာများမှတစ်ဆင့် ဖော်ပြခြင်း၊ ပိုင်ဆိုင်မှုများအပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း၊ သူငယ်ချင်းများ၊ ညီအစ် ကိုမောင်နှမများနှင့် ဖယ်ခွာနေခြင်း၊ ကြုံရသည့် ကိစ္စရပ်များကို ရှင်းလင်း စွာ တွေးခေါ်နိုင်မှု မရှိခြင်း၊ အစားအသောက်အလေ့အထနှင့် အိပ်စက် ချိန်ပြောင်းလဲလာခြင်း၊ အန္တရာယ်များသော ကိစ္စရပ်များကို ပိုမိုခုံမင် လာခြင်းနှင့် ကျောင်းကိစ္စရပ်များအပေါ် စိတ်ဝင်စားမှု လျော့နည်းလာခြင်း တို့ ဖြစ်ကြသည်။
မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ အချိန်မတိုင်မီ ဆုံးရှုံးမသွားစေ ရန်နှင့် ၎င်းတို့ကို အကူအညီပေးနိုင်ရန် လိုအပ်လျက် ရှိပါသည်။ ထို့ကြောင့် ဤနေရာတွင် မိဘများ သတိပြုရန်တို့ကို ဖော်ပြလိုပါသည်။
သာမန်အားဖြင့် ကျွန်ုပ်တို့ မိဘများသည် သားသမီးများ၏ ထူးခြားသော အပြုအမူတို့ကို ကောင်းစွာသတိမမူလိုကြပေ။ “သူတို့က ဂရုစိုက်တာ ခံချင်လို့ သည်အရာတွေ တမင်လုပ်ပြနေတာ” ဟု ထင်မြင်တတ်ကြသည်။
ဆရာဝန်များ၏ သတိပေးပြောကြားချက်အရ ဆယ်ကျော်သက်များ၏ ထုတ်ဖော်ပြောဆိုမှုများကို ဂရုစိုက်မှု ရယူလိုခြင်းသက်သက်ကြောင့်ဟု ယူဆခြင်းသည် လွဲမှားကြောင်း သိရသည်။
ထို့အပြင် ဆယ်ကျော်သက်များအနေဖြင့် ဂရုစိုက်မှု ခံယူလိုချိန်တွင် ငြင်းပယ် ခံရခြင်းသည် စိတ်ပိုင်းဒဏ်ရာဖြစ်စေသည့်အပြင် ဆိုးရွားသော အခြေအနေ များကို ဖြစ်ပေါ်စေကြောင်း အလေးအနက် အသိပေးအပ်ပါသည်။
မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် ကြံစည်နေပါက အကူအညီပေးနိုင်ရန် အချက် (၃) ချက်ကို ဖော်ပြအပ်ပါသည်။
(၁) စောင့်ကြည့်ခြင်းနှင့် နားထောင်ခြင်း
စိတ်ဓာတ်ကျနေသော ဆယ်ကျော်သက်တို့ကို စောင့်ကြည့်ကူညီရာတွင် သူတို့၏ ခံစားချက်ကို နားလည်အောင် ကြိုးစားရမည်ဖြစ်ကာ မိမိနှင့် ပွင့် လင်းသော ဆက်ဆံရေးရရှိအောင် ပြုလုပ်ရပေမည်။ ထို့အပြင် မိမိ၏ အလေးထားမှုနှင့် ချစ်ခင်မှုကို သူတို့ နားလည်သဘောပေါက်အောင် ပြသနိုင် ရန် လိုအပ်သည်။ သို့မှသာ အပြန်အလှန် ရင်းနှီးမှုရရှိပြီး စိတ်ဓာတ်ကျရသည့် အကြောင်းရင်းမှန်ကို ကြားသိရမည် ဖြစ်သည်။
အကယ်၍ မိမိနှင့် ပွင့်လင်းသော ဆက်ဆံရေးကို တည်ဆောက်ရန် အခက်အခဲ ရှိပါက ကြားခံလူတစ်ဦးကို အသုံးပြုနိုင်သည်။
ဥပမာ - ဆွေမျိုးသော်လည်းကောင်း၊ ဘာသာရေးဆိုင်ရာ အဖွဲ့ဝင်သော် လည်းကောင်း၊ ဆရာ/ဆရာမသော်လည်းကောင်း၊ မိမိ၏ ကလေးနှင့် အဆင်ပြေနိုင်မည့်သူ တစ်ဦးဦးကို အကူအညီတောင်းနိုင်သည်။
(၂) မေးခွန်းမေးပါ
အချို့မိဘများက မိမိ၏ သားသမီးများကို အဆုံးစီရင်မှုနှင့် သက်ဆိုင်သော မေး ခွန်းကို မေးရန် တွန့်ဆုတ်တတ်ကြသည်။ မေးခွန်းမေးရာတွင်လည်း အလွန် သတိထားကြရမည်။
အဘယ့်ကြောင့်ဆိုသော် မိမိက စိုးရိမ်၍ မေးခွန်းမေးသော်လည်း ကလေး၏ စိတ်တွင် အဆုံးစီရင်ရန် ကြံစည်မှုကို ပိုမိုတွန်းအားဖြစ်စေ တတ်သောကြောင့် ဖြစ်သည်။
သို့ရာတွင် မိဘများအနေဖြင့် ဘာကြောင့် ထိုမေးခွန်းမျိုးကို မေးရကြောင်း ကလေးသဘောပေါက်စေမည့် နည်းလမ်းဖြင့် ကိုင်တွယ်နိုင်လျှင် ပြေလည်နိုင် ရန် ရှိသည်။
(၃) အရှုံးနှင့် ကြုံတွေ့ရလျှင် မည်သို့ ရင်ဆိုင်ရမည်ကို ပြောပြသွန်သင်ခြင်း
အကယ်၍ မိမိနှင့် သက်ဆိုင်သူ တစ်စုံတစ်ဦးက ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် ကြံစည်နေသည်ကို သိရှိပါက သူတို့၏ စိတ်ခံစားမှုများကို ဦးစွာပထမ အသိအ မှတ်ပြုရပေမည်။ ထိုသူတို့၏ စိတ်ခံစားမှုများကို နားလည်အောင် ကြိုးစား ၍ ပြန်လည်ဖျောင်းဖျပြောဆိုနိုင်ရမည်။
အများအားဖြင့် ကျွန်ုပ်တို့သည် တစ်စုံတစ်ဦးက မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်နေသည်ဆိုပါက စိတ်တိုတတ်ကြသည်။
အချို့ကလည်း အခြားသူ၏ စိတ်ခံစားမှုကို နားလည်ရန် ခက်ခဲသည်ဖြစ်၍ ၀င်မပါလိုဟု အကြောင်းပြချက်ပေးကာ ရှောင်ဖယ်လိုကြသည်။
မိဘများအနေဖြင့် မိမိ၏ သားသမီးကို အားပေးစကားပြောနိုင်သည်မှာ စိတ်ခံစားမှုများအတွက် မှန်ကန်သောနည်းလမ်း (သို့မဟုတ်) မှားယွင်းသော နည်းလမ်းဆိုသည်မှာ မရှိကြောင်း၊ မည်သို့ပင် ခံစားသည်ဖြစ်စေ အဆင်ပြေနိုင်ကြောင်းနှင့် သူတို့ရင်ဖွင့်လိုက ရင်ဖွင့်နိုင်ကြောင်း ပြောကြား ၍ ဖျောင်းဖျနိုင်ပါသည်။
တစ်ဦးနှင့်တစ်ဦး ယုံကြည်စွာ ပြောဆိုရင်ဖွင့်နိုင်စေရန် အခြေအနေတစ်ရပ် ဖန်တီးပေးရမည်။
သူတို့ပြောကြားသည့် ပြသနာများ၊ သူတို့ ထင်မြင်နေသည့် အရှုံးဟူသော အရာများကို မည်သို့ ရင်ဆိုင်ဖြေရှင်းနိုင်ကြောင်းကို သွန်သင်ပြသပေးရမည်။
မိဘတစ်ဦးအတွက် မိမိ၏ သားသမီးကို ဆုံးရှုံးလိုက်ရခြင်းသည် အနာကျင် အခံစားရဆုံး ဝေဒနာဖြစ်သောကြောင့် ၀မ်းနည်းဖွယ်ဖြစ်ရပ်များကို တား ဆီးနိုင်ရန်နှင့် ကျွန်ုပ်တို့နှင့် စပ်ဆိုင်သော ဆယ်ကျော်သက်များကို အချိန် မတိုင်မီ မဆုံးရှုံးလိုက်ရစေရန် အကောင်းဆုံး ကာကွယ်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။
Originally reviewed by – Matthew K. Nock. PhD
Credit to – Matthew K. Nock. PhD
မြန်မာ့ဇွဲမာန်သို့ - http://www.myanmarzweman.com/myanmar_news/914/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...