Thursday, June 5, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၆)

သစ်ထူးလွင်


Posted: 05 Jun 2014 07:13 AM PDT
ပြီးခဲ့တဲ့ ဇွန်လ ၀၂ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ်၊ မတူပီမြို့နယ် မရာဒေသ အတွင်း နံ့သာနီသစ် သယ်ဆောင် လာသည့် ဟိုင်မွာလ် ဂျစ်ကား တိမ်းမှောက်ပြီး သစ်ပိုင်ရှင် ပွဲချင်းသေဆုံးသွားသည်ဟု သိရသည်။  အဆိုပါကားသည် ရေဇွာမြို့မှ တဆင့် ဆန်အိတ်များကို မရာဒေသ အတွင်း ဖြန့်ဝေရန် ကားပိုင် Rominthang မှ သယ်ဆောင်လာခြင်းဖြစ်ပြီး အပြန်ခရီး ဒါရ်လင်း နှင့် စပေါ်ကျေးရွာအကြား ချောင်းအနီးတွင် တိမ်းမှောက် သွား ခြင်း ဖြစ်သည်ဟု
Posted: 05 Jun 2014 07:10 AM PDT
 သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် ဌာနချုပ် ဟောင်း ဆင်ကျော့ နှင့် ကျေးသီး မြို့နယ် အကြား တာ့ဖါဆောင် တံတားအနီး တပ်ချ ထားသော SSPP/SSA စစ် အင်အားများ ဖယ်ရှား ပေးရန် အစိုးရ တပ် ခလရ ၂၄၇ က တောင်းဆို လိုက်သည်။ ၂၀၁၄ ဂျွန်လ ၄ ရက် နံနက်ပိုင်း၌ ဒေသအတွင်း အစိုးရတပ် ခလရ ၂၄၇ တပ်ရင်းမှူးက တပ်မတော် စစ်ကြောင်းလှည့်ရေးအတွက် SSPP/SSA ရှေ့တန်း တပ်စခန်းတပ်များ  ဖယ်ရှားပေးရန် တောင်းဆို ခဲ့ခြင်း ဖြစ်သည်။
Posted: 05 Jun 2014 07:07 AM PDT
 သျှမ်း ပါတီ နှစ်ခု ပေါင်းစည်းရေး အတွက် ဖိအား ပေးသည့် အနေဖြင့် သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး မြို့နယ် သျှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ မြို့နယ် အလုပ် အမှုဆောင် ကော်မတီ ဖျက်သိမ်း ကာမြို့နယ် အလုပ် အမှုဆောင် များ အားလုံး နုတ်ထွက် ကြောင်း စုံစမ်း သိရှိ ရပါသည်။ ၄င်းနှင့်ပတ်သက်၍  ၂၀၁၄ မေ ၂၆ ရက်နေ့က တောင်ကြီးမြို့ရှိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ
Posted: 05 Jun 2014 04:37 AM PDT
 မြန်မာ-ဘင်္ဂလာဒေခ်ျ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နယ်စပ်မြို့ မောင်တောတွင် ယနေ့ နံက်နက် ၁၀ နာရီခွဲက စတင်ခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများဖြစ်ပွားနေချိန်တွင် ကျင်းပသည့် ယနေ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နှစ်ဘက်နိုင်ငံ ပြည်သူများက အထူး စိတ်ဝင်စားနေကြသည်ဟု သိရသည်။ “ ၁၀ နာရီနဲ့ ၃၀ မိနစ် တိတိမှာ စတင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှ ၂၃ ဦးပါဝင်ပါတယ်” ဟု မောင်တောမြို့က အစိုးရ အရာရှိ တစ်ဦးကြေ
Posted: 05 Jun 2014 04:35 AM PDT
 ဆုံးရှုံးနေသော အခွင့်အရေးများ အတွက် ဆန္ဒဖေါ်ထုတ်ကြမည့် ရခိုင်ပြည်နယ် ဂွမြို့ ဒေသခံများ၏ အစီအစဉ်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုသဖြင့် ယခုအခါ ယင်းအစီအစဉ်အား ယာယီရပ်နားထားလိုက်ရသည်ဟု အငြိမ်းစား ဗဟိုတရားရုံး  ရှေ့နေ တစ်ဦးဖြစ်သူ ဦးတင်ညိုက ပြောသည်။ “ ကျွန်တော်တို့က ဇွန်လ ၇ ရက်နေ့မှာ ဂွမြို့မှာ ဆန္ဒဖေါ်ထုတ်မယ်ဆိုပြီး ခွင့်ပြုချက်တင်ပါတယ်။ ဒါကို မြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုဘူး။ မြို့နယ်
Posted: 05 Jun 2014 04:17 AM PDT
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်က  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရပ်ကျေး ဒုဥက္ကဋ္ဌတဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့နယ်ပါတီ တာဝန်ရှိသူက ပြောပါတယ်။ သေဆုံးသူဟာ ဟိုပုန်းမြို့နယ် မိုင်းပျဉ်း လက်တက် ကျေးရွာအုပ်စု ဒုဥက္ကဋ္ဌ အသက် ၅၀ နှစ်ရွယ် ဦးစိုင်းစံထွန်း ဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးတာလို့ တောင်ကြီးမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ  ဦးခွန်သန်းလွင်က ပြောပါတယ်။ “ေ
Posted: 05 Jun 2014 04:12 AM PDT
အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
Posted: 05 Jun 2014 04:08 AM PDT
 လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို တည့်တည့် ဖြေဆိုပေးရန် သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၄ ရက်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ပြောဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ “လွှတ်တော် ကိုယ်စားလှယ်များက တည့်တည့်မေးတာ တည့်တည့်ဖြေပါ” ဟု သူရဦးရွှေမန်းက ပြောဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ြ
Posted: 05 Jun 2014 04:15 AM PDT
 အမေရိကန်နိုင်ငံ နက်ဘရာစကာပြည်နယ်တွင် ကြီးမားသောမိုးသီးများကြွေကျခဲ့ပြီး ကားများနှင့် လူနေအိမ်များပျက်စီးခဲ့သည်။ အိုင်အိုဝါပြည်နယ်၌ ကြွေကျခဲ့သော မိုးသီးများသည် နက်ဘရာစကာပြည်နယ်ထက် အပျက်အစီးများပိုမိုဖြစ်စေခဲ့သည်ဟု အမေရိကန်သတင်းများကဖော်ပြသည်။ အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်း ပြည်နယ်များတွင် လေဆင်နှာမောင်းသတိပေးချက်များနှင့်အတူ ရာသီဥတုအခြေအနေဆိုးရွားလျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့်ေ
Posted: 05 Jun 2014 04:04 AM PDT
 အမေရိကန်နိုင်ငံအလယ်ပိုင်းမှာ ဆိုးရွားတဲ့မုန်တိုင်းတခုကြောင့် ဇွန် ၃နဲ့ ၄ ရက်နေ့တွေမှာ ရုတ်တရက် ရေကြီးပြီး အိမ်တွေ၊ လယ်မြေတွေနဲ့ ကားတွေ အကြီးစား ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ လေပြင်းတွေနဲ့ မိုးသီးတွေကြောင့် အဆောက်အဦတွေ ထိခိုက်ပြီး အမိုးတွေ ပေါက်ပြဲ လန်ထွက်ခဲ့ပါတယ်။ အမေရိကန် အကျုဝယ်သာဒေါ့ကွန်း မိုးလေ၀သဌာန အကြီးတန်း မိုးလေ၀သပညာရှင်ရဲ့ အဆိုအရ နီဘရာစကာ၊
Posted: 05 Jun 2014 03:56 AM PDT
ထိုင်းနိုင်ငံ အခြေအနေကို လက်ရှိ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာက ထောက်ခံတယ်လို့ ထိုင်း နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ (NCPO) က ပြောပါတယ်။ ဇွန် ၂ ရက်နေ့က ထိုင်းနိုင်ငံခြားရေး ၀န်ကြီး အမြဲတမ်း အတွင်ရေးမှူး ဆီဟာဆတ် ပေါင်ကပ်ကွေး (Sihasak Puangketkaew)က မြန်မာနိုင်ငံကို သွားရောက်ပြီး ထိုင်းနိုင်ငံ ပုံမှန်ဖြစ်ရေးအတွက် စစ်ကောင်စီရဲ့ လမ်းပြမြေပုံကိုြ
Posted: 05 Jun 2014 03:52 AM PDT
တောင်ကြီး၊ မဇ္ဈိမ။            ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်း ကျေးရွာ အုပ်စု၊ ဘော်ဆိုင်း ကျေးရွာ အနီးရှိ ခနောက်စိမ်း သတ္တုကျိုချက် လုပ်ကိုင်လျက်ရှိသည့် အင်းလေး သံလွင်ကုမ္ပဏီ လုပ်ငန်းခွင်မှ ထွက်ရှိ လာသည့် မီးခိုးငွေ့ နှင့် အနံ့ဆိုးများကြောင့် ဒေသခံ ပြည်သူများ ကျန်းမာရေး အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု ကံဦးရပ်ကွက်နေ ဒေသခံ ဒေါ်သင်းသင်းက မဇ္ဈိမကို ပြောသည်။ "
Posted: 05 Jun 2014 03:46 AM PDT
တနင်္သာရီ ဇွန်(၄) ရက် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စု-လယ်သစ် အရှေ့ရွာနေ ဦးမင်းစိုး+ဒေါ်ရင်မူ တို့၏ ပထမသမီးဦး ရတနာကို မြိတ်ပြည်သူ့ဆေးရုံတွင် မတ်လ(၂၄)ရက်၌ မွေးဖွား ခဲ့စဉ်က မိန်းခလေးစင်စစ် မွေးဖွားလာခဲ့ပြီး အသက်(၂)လ အရွယ်ရောက် လာသည့် အခါ သူ့အလိုလို (ဖို)အင်္ဂါ တစ်ခုထွက်ပေါ်လာပြီး (ဖို+မ) အင်္ဂါ ယှဉ်တွဲပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်အား ရပ်နီးရပ်ဝေးမှ သတင်းကြား၍
Posted: 04 Jun 2014 08:32 PM PDT
ကြာသပတေးနေ့၊ ဇွန်လ ၅ ရက်၊ ၂၀၁၄ ခုနှစ် အခြေခံပညာရေးအတွက် သင်ကြားပေးမည့် တရားဝင်ခန့်အပ်ထားခြင်း မရှိသေးသည့် နေ့စား ဆရာ၊ ဆရာမများကို တစ်ရက်လျှင်ကျပ် ၃,၀၀၀ဖြင့် ခန့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေး ညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။ “နေ့စား၊ လပေး အခြေခံပညာဆရာ၊ ဆရာမအတွက်တစ်ရက်ကို ၂,၇၀၀ ပေးနေ ရာကနေ အခုဆိုရင် ၃,၀၀၀ ကျပ်တိုးပေးဖို့ နှုန်းသတ်မှတ်နေပြီဖြစ်တယ်” ဟု ၎င်းကြေ
Posted: 04 Jun 2014 07:21 PM PDT
ရုရှားနိုင်ငံက ​ခရိုင်းမီးယားဒေသကို ​သိမ်းပိုက်တာမျိုး ​ဒါမှမဟုတ် ​ယူကရိန်းရဲ့ ​အချုပ်အခြာအာဏာထဲ ​လာရောက်စော်ကားတာမျိုးတွေဟာ ​လက်ခံနိုင်စရာမရှိကြောင်းနဲ့ ​အမေရိကန်နိုင်ငံက ​ယူကရိန်းဘက်ကို ​ရပ်တည်သွားမယ်လို့ ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ရုရှားကို ​သတိပေးပြောကြားလိုက်ပါတယ်။ သမ္မတ ​အိုဘားမားက ​ယူကရိန်းသမ္မတသစ် ​ကဋေကြွယ်သူဌေးကြီးနဲ့ ​တွေ့ဆုံခဲ့သလို ​ယူကရိန်း ​နိုင်ငံ ​ငြိမ်းချမ်းရေး ​ပြန်လည် 
Posted: 04 Jun 2014 07:20 PM PDT
ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတဲ့ စက်မှု ထိပ်သီး အဖွဲ့ဝင် အနောက်အုပ်စု နိုင်ငံ ခေါင်းဆောင်တွေက တကယ်လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ မတည်မငြိမ် ဖြစ်အောင် ရုရှားနိုင်ငံက ဆက်လုပ်နေမယ် ဆိုရင် ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သူတို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ စက်မှု ထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ရုရှား အစိုးရရဲ့
Posted: 04 Jun 2014 07:18 PM PDT
 စစ်တွေမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အစည်းအဝေး ဗုဒ္ဓဟူးနေ့က ပြီးဆုံးသွားပြီ ဖြစ်ပြီး ဆုံးဖြတ်ချက် ၁၂ချက် ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲက အရေးကြီးဆုံး အချက်၎ချက် ဖြစ်တဲ့ ၈၂ခုနှစ် ဥပဒေကို အစိုးရက အကောင်အထည် ဖေါ်ပေးဖို့၊ သယံဇာတ သုံးစွဲမှုနဲ့ ပတ်သက်လို့ ကျောက်ဖြူ ညီလာခံမှာ တောင်းဆိုထားတဲ့ အတိုင်း ဆောင်ရွက်ပေးဖို့၊ ရခိုင်ပြည်နယ်
Posted: 04 Jun 2014 07:05 PM PDT
ကမ္ဘာမြေကဲ့သို့ပင် သက်ရှိများ ရှင်သန်နေထိုင်ရန် သင့်တော်သည့် ဧရာမ ဂြိုဟ်ကြီးတစ်လုံးကို သိပ္ပံပညာရှင်များက ခြေရာခံ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ Kepler-10cဟု လတ်တလော အမည်ပေးထားသည့် ယင်းဂြိုဟ်ကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် (၅၆၀)မျှ အကွာတွင် တည်ရှိသည်။ သိပ္ပံပညာရှင်များက ဘော်စတွန်တွင် ကျင်းပသည့် အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များအဖွဲ့ အစည်းအဝေးတွင် ယခုတွေ့ရှိချက် အသစ်ကို ကြေညာခဲ့သည်။ Kepler-10cက စကြာဝဠာထဲတွင်
Posted: 04 Jun 2014 06:52 PM PDT
  ရုံးလှေကားပေါ်သို့ အမောတကော ပြေးတက်သွား သော်လည်း နောက်ကျ သွားပြီ ဖြစ်ကြောင်း လက်ပတ်နာရီကို ကြည့်ရင်း မေဇော်ဦး တစ်ယောက် သိ လိုက်သည်။ အ များကြီး မဟုတ်။ ၂ မိနစ်စွန်းစွန်းသာ။ တစ်လ အတွင်းပင် နှစ်ကြိမ် နောက်ကျပြီး ဖြစ်ရာ ထိုနေ့နှင့် ပေါင်းလျှင်သုံး ကြိမ်ဖြစ်ချေသည်။ စုစုပေါင်း လုပ်အားခ တစ်ထောင့်လေး ရာ ဖြတ်ခံလိုက်ရပြီ ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ အလုပ်ဆင်း လာရသူ တစ်ဦး အဖို့
Posted: 04 Jun 2014 04:48 PM PDT
ဂျွန်လ ၄ ရက် ၂၀၁၄ တရုတ်-မြန်မာနယ်နိမိတ် တိုင်းထွာ စိုက်ထူခဲ့သည့် မှတ်တိုင်များအား နှုတ်ယူဖျက်ဆီးသော ဆန္ဒပြသူ ဒေသခံ များကို ဂျွန်လ ၃ ရက်နေ့က နမ့်ခမ်းမြို့နယ်အုပ် ချုပ်ရေးမှူးက ခေါ် ယူတွေ့ဆုံ သတိပေး တားမြစ်ခဲ့ ပါသည်။ ယမန်နေ့ ဂျွန်လ ၃ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ဆန္ဒပြခဲ့ကြသော တောင်သူ လယ်သမား များအား ခေါ်ယူကာ ယာယီသတ်မှတ်ထားသည့် နယ်နိမိတ်မျဉ်းအား ထိပါးခြင်း မပြုဘဲ လယ်ယာခြံမြေတွေကို
Posted: 04 Jun 2014 04:45 PM PDT
ဇွန်လ ၃ရက်နေ့ ၂၀၁၄ ။ မန္တလေး ။ ရတနာပုံ တက္ကသိုလ်နှင့် ကျောက်ဆည် တက္ကသိုလ်သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက ကျောင်းကြိုပို့ ယာဉ်များ ပေါ်တွင် ဖဲဝိုင်းများ ဖြစ်ပေါ်နေမှုကြောင့် မန္တလေး တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း က သက်ဆိုင်ရာ ပါချုပ်များထံသို့ ဇွန်လ(၂)ရက်နေ့က သတိပေးစာများ ပေးပို့ခဲ့ သည်။ စာအမှတ်၂၀/၂၀၀၀(၅) ကျောင်း(ကြို/ပို့)/၂၀၁၄(၂၈၂) ဖြင့်ထုတ်ပြန်သော ယင်းစာတွင်ေ
Posted: 04 Jun 2014 01:47 PM PDT
 မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ကန်းနားလမ်းဘေးမှာရှိတဲ့ ကျုးကျော်တဲတွေကို စည်ပင်က ၀င်ရောက်ဖျက် နေပြီဖြစ်ပါတယ်။ ခွန်ဘသာ တင်ဆက်။ ရိုက်ကူး - icj ဇော်ဇော် DVB TV - 04.06.2014 ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 04 Jun 2014 01:39 PM PDT
 "ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့" ခေါင်းဆောင် ကိုထင်ကျော်ကို စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။ ဇွန်လ ၃ ရက် မနေ့ကလည်း လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ဆန္ဒပြမှုနဲ့ ဖမ်းဆီးထားတဲ့ ဦးဝင်းချိုနဲ့ ကိုဝေဠု တို့ကို တရားမဝင် စီတန်းလှည့်လည်တဲ့ ပုဒ်မ (၁၈) နဲ့ ကျောက်တံတားမြို့နယ်တရားရုံးမှာ ငါးကြိမ် မြောက်
Posted: 04 Jun 2014 01:19 PM PDT
DVB နယ်သတင်းထောက်များ အသံလွှင့်ဌာနတခု အောင်မြင်ဖို့အတွက် ရုံးချုပ်စတူဒီယိုက ၀န်ထမ်းတွေ အရေးကြီးသလို နယ်သတင်း ထောက်တွေဟာလည်း အလွန်အရေးပါတဲ့ အခန်းမှာရှိတယ်လို့ ထင်ပါတယ်။ ကျနော်မှတ်မိသမျှ နယ် သတင်းထောက်တွေရဲ့စာရင်းကို တင်ပြရမယ်ဆိုရင် လက်ရှိ DVB ဒုညွှန်မှူးအဖြစ် တာဝန်ထမ်းနေဆဲ ကိုခင်မောင်ဝင်းဟာ DVB ရဲ့ ပထမဆုံး နယ်သတင်းထောက်ဖြစ်ပါတယ်။ သူရဲ့ကလောင်အမည်က ဘ မောင်ဇင် ဖြစ်ပြီး ၁၉၉၃-၉၄ ၀န်းကျင် DVBေ
Posted: 04 Jun 2014 04:35 PM PDT
 ဇွန်လ ၅ ရက်နေ့ ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ  သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...