Monday, June 2, 2014

((( မိန်းမဆိုတာ )))


တစ်ခါတော့ အလွန်ကြံကြံဖန်ဖန်မေးတတ်တဲ့သူတစ်ယောက်ရှိသတဲ့။ သူဟာ သူ့ပတ်ဝန်းကျင်က လူတွေကို စဉ်းစားရခက်စေမယ့် မေးခွန်းတွေကိုမေးပြီးတော့ ခေါင်းစားစေသတဲ့။ စဉ်းစားရခက်တာထက် ကတ်သီး ကတ်သတ်မေးတတ်သတဲ့။ တစ်နေ့တော့ သူ့တို့နားကို ပညာရှိတစ်ယောက် ရောက်လာ တယ်လို့ ကြားလို့ ပညာရှိကို သူမေးစရာရှိတာမေးဖို့ သွားသတဲ့။

ဟိုရောက်တော့ ပညာရှိကို မေးတာပေါ့။ "ဘုရားသခင်က လူယောက်ျားရဲ့ နံရိုးကို ယူပြီးတော့ လူမိန်းမတစ်ယောက်ကို ဖန်ဆင်းခဲ့တယ်လို့ သိထားပါတယ် ဒါဆိုဘုရားသခင်က ဘာလို့ နံရိုးကိုမှ ယူတာလဲ တခြားအရိုးကို ယူလို့မရဘူးလား "
ပညာရှိလဲ ပြုံးလိုက်တယ်။ ကိုမေးခွန်းကတော့ ဒီလူကြီး ဖြေနိုင်ရင် ဖြေစမ်းပေါ့။
ပညာရှိက " အဆွေ နံရိုးရဲ့ အသုံးဝင်ပုံကို သိပါသလား "
ကိုမေးခွန်းလဲ လျှောက်ပြောတာပေါ့။ တစ်ခုမှမမှန်ဘူး ။နောက်တော့မှ ပညာရှိက " နံရိုးဆိုတာ လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ အနီးဆုံးနေရာ၊နှလုံးသားကို ကာကွယ်ပေးထားတဲ့ အရာဖြစ်တယ်။ ဘုရားသခင်က မိန်းမက ဖန်ဆင်းရခြင်းမှာ မိန်းမသားတွေကို ယေက်ျားတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်စေဖို့၊အနီးကပ် အကျွမ်းဝင်စေဖို့၊နံရိုးဟာ လက်မောင်းရဲ့ အောက်မှာရှိတဲ့အတွက် ယောက်ျားတွေက ကာကွယ်ပေးဖို့ ၊ နှလုံးသားနဲ့နီးတဲ့အတွက် ချစ်ခင်ကြင်နာစေဖို့ဆိုပြီးတော့ နံရိုးကို ရွေးချယ်လိုက်ဖြင်းဖြစ်တယ်" လို့ပြန်ဖြေသတဲ့
ကိုမေးခွန်းတစ်ယောက်လဲ ကျေနပ်နိုင်တဲ့ အဖြေကိုရတဲ့အတွက် ခေါင်းတညိတ်ညိတ်နဲ့ အိမ်ကိုပြန်ခဲ့သတဲ့
မောင်စိုင်း
www.kanaung.net
by နည်းစနစ်ကျကျအတွေးအခေါ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...