Tuesday, June 3, 2014

လူကြီးဆိုတာ

Photo: လူကြီးဆိုတာ
                              **********

   မေး ။             ။    ဆရာ...သမီးက ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။
သမီးက ယောက္ခမနဲ့အတူနေဲ့အတူနေတာပါ။သမီးယောက္ခမက
သမီးအပေါ်ကောင်းပါတယ်။ဒါပေမယ့် ယောက္ခမကက နောက်
ကွယ်မှာ ဖောက်ပြန်နေတယ်။အဲဒီကိစ္စကို သမီးလက်မခံနိုင်ဘူး။
သူ့ကိုလည်း အခေါ်အပြောမလုပ်ချင်တော့ဘူး။ငရဲကြီးမှာလည်း
ကြောက်တယ်။သမီးလုပ်ရပ်မှန်ကန်ပါသလား။သမီး ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်သလဲ ဆရာ။ကျေးဇူးပြု၍ ရှင်းပြပေးပါ ဆရာ။

        ဖြေ ။              ။    သမီးရေ...လူကြီးတိုင်းကို လူကြီးလို့မထင်ပါနဲ့...တစ်ချို့
လူကြီးတွေက အသက်တော့ကြီးလာပေမယ့် စိတ်ကတော့
ကလေးစိတ်ပဲ ရှိသေးတယ်.... တစ်ချို့လူငယ်တွေကျတော့လည်း လူကသာငယ်နေတာ စိတ်ကလူကြီးစိတ်ဖြစ်နေပြီ၊ရင့်ကျက်နေပြီ.....ဝိသာခါရဲ့ယောက္ခထီးက ဝိသာခါကို ဝိသာခါမာတာ လို့ခေါ်ခဲ့ဖူးပါတယ်....မာတာဆိုတာ မိခင်ပါ.....ဒါ့ကြောင့်  အသက်ကြီးနေတဲ့  သူတိုင်းကို လူကြီးလိုမဆိုထိုက်ဘူး......ထိုသူရဲ့ဉာဏ်ပညာကြီးမှသာ လူကြီးလို့ ခေါ်ထိုက်တယ်......သမီးရဲ့ယောက္ခမကို အဆိုး၊အကောင်းမသိ
သေးတဲ့ လုပ်ချင်တာ ဇွတ်လုပ်တတ်တဲ့ ကလေးတစ်ယောက်လိုသဘောထားပြီး 
ဥပေက္ခာပြုထားလိုက်ပါ...လူတစ်ယောက်ကိုစိတ်ဆိုးရင် စိတ်ဆိုးနေတဲ့ တခဏအတွင်းမှာ အဲဒီလူရဲ့ ကောင်းကျိုးမှန်သမျှကို လုပ်ဆောင်မပေး
တော့ဘူး...လူတစ်ယောက်ကိုစိတ်နာရင် အဲဒီလူရဲ့ကောင်းကျိုးမှန်သမျှကို
တစ်သက်လုံး မျက်ကွယ်ပြုလိုက်ပြီ...လူတစ်ယောက်ကို ဥပေက္ခာပြုရင်
အဲဒီလူကို မိမိစိတ်ထဲကနေထုတ်ပယ်ထားပြီး သူ့ရဲ့ကောင်းကျိုးမှန်သမျှကိုဆောင်ရွက်ပေးတယ်။
စိတ်ဆိုး၊စိတ်နာ နဲ့ ဥပေက္ခာ တို့ရဲ့ကွာခြားချက်ပါ။သမီးသူ့ကို ကလေးတစ်ယောက်လို သဘောထားခြင်းအားဖြင့် သမီးက
လူကြီးဆန်လာမယ်။သမီးရဲ့နှလုံးသားမှာ ရင့်ကျက်မှု အပေါင်း
တစ်ခုတိုးလာမယ်။ "အော်...ငါ့ယောက္ခမက ကလေးအသိဉာဏ်
လောက်ပဲရှိပါသေးလား..." လို့တွေးပြီး သူ့ကို သနားရမယ်။
သူ့ကို သနားတတ်ရင် သမီးနှလုံးသားမှာ မေတ္တာ အပေါင်းတစ်ခုတိုး
လာမယ်.....သမီးနှလုံးသားထဲကို ရင့်ကျက်မှုတွေ၊မေတ္တာတရားတွေ ပေါင်းထည့်ပေးမယ့် အတွေးတွေကိုပဲ တွေးပါ.....သမီးနှလုံးသားထဲက ရင့်ကျက်မှုတွေ၊မေတ္တာတရား
တွေကိုနုတ်ယူသွားမယ့်အတွေးတွေကိုမတွေးမိပါစေနဲ့....ရှောင်ပါ...
တွေးမိခဲ့ရင် သတိလေးကပ်ပြီး ဉာဏ်နဲ့သိပေးပါ....
             " လူကြီးဆိုတာ အကောင်းအဆိုး ၊အကြောင်း အကျိုး၊
                အမှား အမှန် ခွဲခြားနိုင်ရတယ် "
             " လူကြီးဆိုတာ ကုသိုလ်၊အကုသိုလ်ကို ခွဲခြားသိနိုင်သူဖြစ်တယ် "
             " လူကြီးဆိုတာ မလိမ်ရဘူး၊မခိုးရဘူး၊သူတစ်ပါးသားပျို သမီးပျိုကို
                မဖျက်ဆီးရဘူး၊သူတစ်ပါးကို မသတ်ဖြတ်ရဘူး၊အရက်သေစာမသောက်
                စားရဘူး "
             " လူကြီးဆိုတာ လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲခြားသိ
                ရတယ် "
             " လူကြီးဆိုတာ ကိုယ်ကောင်းစားဖို့ထက် အများကောင်း
                စားဖို့ကို ဦးစားပေးဆောင်ရွက်နိုင်ရတယ် "
             " လူကြီးဆိုတာ ကိုယ်ကိုယ်တိုင်ချမ်းသာလာအောင်ကြိုး
                စားနေတဲ့အပြင် အများပြည်သူချမ်းသာလာအောင်
                 ဆောင်ရွက်ပေးနေသူဖြစ်တယ် "
ဆိုတာကိုတော့ နောင်တစ်ချိန် အသက်ကြီးလာမယ့်သမီး 
မှတ်ထားပေးပါ။
                မြင့်မားတဲ့ မွေးရာပါ အိုင်ကျူနဲ့ ကိုယ့်ဘဝတိုးတက်အောင် လုပ်နိုင်သူကို "လူတော် "လို့ခေါ်တယ်။ ကောင်းတာတွေးနေသူ၊
ကောင်းတာပြောနေသူ၊ကောင်းတာ
လုပ်နေသူကို "လူကောင်း "လို့ မြတ်ဗုဒ္ဓ
ဟောထားဘူးတယ်။သမီးလေးလည်း
"လူတော် လူကောင်း "တစ်ယောက်
ဖြစ်နိုင်ပါစေ။
                 စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်
ကငင်းကွာကြပါစေ။

                                            ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...