Saturday, June 14, 2014

သေခြင်းတရား


သေခြင်းတရားကို ကိုယ်နဲ့အဝေးကြီးလို့ သဘောထားရင် သတိသံဝေဂ အားနည်းသွားတတ်ပါတယ်။သတိသံဝေဂ အားနည်းရင် လူသားတိုင်းမလုပ်မဖြစ်လုပ်ရမယ့် အပ္ပမာဒလုပ်ငန်းတွေမှာ ခြေလှမ်းကျဲနေတတ်ပါတယ်။
အပ္ပမာဒလုပ်ငန်းဆိုတာ အမြဲမမေ့သင့်တဲ့ လုပ်ငန်းလို့ အဓိပ္ပာယ်ရတယ်။ တစ်ခါတစ်ရံ သတိရမှ လုပ်ရမယ့်လုပ်ငန်း မဟုတ်ပါဘူး။အမြဲသတိတရ လုပ်နေရမယ့်လုပ်ငန်းပါ။

အပ္ပမာဒလုပ်ငန်းက လေးမျိုးရှိပါတယ်။ဒါနအပ္ပမာဒ၊ သီလအပ္ပမာဒ၊ သမထအပ္ပမာဒ နဲ့ ဝိပဿနာအပ္ပမာဒ တို့ဖြစ်ပါတယ်။
ဒါနအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ် ပေးကမ်းမှု၊ စွန့်ကြဲမှု၊ လှူဒါန်းမှုလုပ်ငန်း ဖြစ်ပါတယ်။
သီလအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ကိုယ်နှုတ်စောင့်ထိန်းမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်စေမှုလုပ်ငန်း ဖြစ်ပါတယ်။
သမထအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် စိတ်တည်ငြိမ်မှု၊ စိတ်စူးစိုက်မှု လုပ်ငန်းဖြစ်ပါတယ်။
ဝိပဿနာအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ခန္ဓာဖြစ်စဉ် ဉာဏ်သက်ဝင်မှု၊ သဘာဝအမှန်တရားကို ပိုင်းခြားသိမြင်မှုလုပ်ငန်း ဖြစ်ပါတယ်။
မှတ်သားရလွယ်ကူအောင် တစ်နည်းပြောရရင်တော့.......
ဒါနအပ္ပမာဒဆိုတာ..........စွန့်လွှတ်မှုလုပ်ငန်း၊
သီလအပ္ပမာဒဆိုတာ....စောင့်ထိန်းမှုလုပ်ငန်း၊
သမထအပ္ပမာဒဆိုတာ........စူးစိုက်မှုလုပ်ငန်း၊
ဝိပဿနာအပ္ပမာဒဆိုတာ...စစ်ဆေးမှုလုပ်ငန်း၊
အပ္ပမာဒလုပ်ငန်းဆိုတာ ဒီ 'စလေးလုံးလုပ်ငန်း' ပါပဲ
အရှင်ဆန္ဒာဓိက (သေမယ်ဆိုတာ အစကကြိုသိခဲ့ရင်)
မှ - (damasarsu.blogspot.com)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...