Monday, June 9, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၆)

သစ်ထူးလွင်


Posted: 09 Jun 2014 06:32 AM PDT
 ၂၀၁၄ ခုနှစ်မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ထိ သန်ခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံ တကာ အဖွဲ့အစည်း တစ်ခုမှ ပေါက်တောမြို့နယ် ဆရာ ဆရာမများအား ပေးထားခဲ့သော ငွေလွှဲ ချက်လက်မှတ် ၃၀၀ ကျော်အတွက် ဘဏ်မှငွေထုတ်၍ မရဘဲ ဖြစ်နေကြောင်း ပေါက်တောမြို့နယ်မှ ဆရာ ဆရာမများက နိရဉ္စရာ သို့ သတင်းပေးပို့သည်။ အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ပေါက်တောမြို့နယ်ရှိ ဆရာ ဆရာမများသို့ ဖုံးဖြင့် ဆက်သွယ် မေးမြန်းရာ ကံပြင် ကျေးရွာ
Posted: 09 Jun 2014 06:27 AM PDT
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးဝါး ရောင်းရငွေ ဘတ်သန်းပေါင်းထောင် နဲ့ချီပြီး လွှဲပြောင်းပေးနေတဲ့ ငွေလွှဲ ဂိုဏ်းကြီး တခုကို ၀င်ရောက်စီးနင်း ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူ စုစုပေါင်း အင်အား ၁၀၀ ကျော်ဟာ ဇွန်လ ၈ ရက် မနက် ၉
Posted: 09 Jun 2014 06:21 AM PDT
ချောင်းဦး ဇွန် (၉) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာတွင် ဇွန်(၇)ရက်နေ့ (၁၂း၀၀)နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး မိန်းကလေးတစ်ဦး သေဆုံးကြောင်း သိရသည်။ ဖြစ်စဉ်မှာ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာနေ မဖြူဖြူခိုင်သည် ဇွန်(၇)ရက်နေ့(၁၂း၀၀)နာရီက သူငယ်ချင်းဖြစ်သူ မငြိမ်းဇာဝင်းအား DIANG ဆိုင်ကယ်ဖြင့် တင်ဆောင်ပြီး ချောင်းဦးမြို့နယ်မှ မှန်ချိုကျေးရွာသို့ အပြန်
Posted: 09 Jun 2014 04:42 AM PDT
 မြန်မာပြည်ဈေးကွက်ထဲရောက် ပထမဆုံး အမေရိကန် အ၀တ်အထည် ကုမ္ပဏီ Gap အင်ကော်ပိုရေးရှင်း ထုတ်ကုန်တွေကို နောက် ၁ လ ၂ လ အတွင်း အမေရိကန်ပြည်ထောင်စုမှာ ရောင်းဖို့ အသင့်လိမ့်မယ်လို့ အမေရိကန်သံရုံးက ကြေညာပါတယ်။ Gap ကုမ္ပဏီဟာ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ တောင်ကိုရီးယားကုမ္ပဏီတခု ပိုင်ဆိုင်တဲ့ စက်ရုံတွေမှာ Old navy နဲ့ Banana Republic အမှတ်တံဆိပ် အတွင်းခံ ကိုယ်ကျပ်အင်္ကျီနဲ့ ဂျက်ကက် အင်္ကျီတွ ထုတ်လုပ်မယ်လို့
Posted: 09 Jun 2014 04:37 AM PDT
ချောင်းဦး၊ ဇွန် ၈ မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးပေါ်တွင် ခရီးသွားလာလျက်ရှိသည့် ဆိုင်ကယ်များကို လူအုပ်စု ဖွဲ့၍ ရိုက်နှက်ကာ ပစ္စည်းလုယူသွားသည့် လုယက်မှုဖြစ်စဉ်တစ်ရပ်အား ဇွန်လ ၇ ရက်နေ့ မနက် ၂ နာရီက မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်ထံမှ သိရသည်။ ဖြစ်ပွားပုံမှာ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှ မုံရွာခရိုင်၊
Posted: 09 Jun 2014 04:19 AM PDT
မြန်မာ နယ်စပ် အနီးရှိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် ရခိုင်ဝ (Roangchari)  ဒေသတွင် အသက် ၂၄ အရွယ် မာရမာအမျိုးသမီး ဆရာမတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည်ဟု The Daily Star သတင်းတွင် ဖေါ်ပြသည်။ ယင်းဆရာမ၏ အမည်မှာ ဦးဖြူ ၂၄ နှစ်ဖြစ်ပြီး Ananda School  အာနန္တဟု အမည်ရသော အန်ဂျီအို တစ်ခုမှ ဖွင့်လှစ်ထားသော ပုဂ္ဂလိက ကျောင်းမှ ဆရာမ ဟု ဆိုသည်။
Posted: 09 Jun 2014 04:15 AM PDT
မုံရွာ၊ ဇွန် ၈ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေး ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာ အနီးတွင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် ရဲတပ်ရင်း (၂၈) က ဇွန်လ ၈ ရက် နေ့တွင် ခြံစည်းရိုး ခတ်သည်ကို လျော်ကြေး ယူထားခြင်း မရှိသည့် ထန်းတက် တောင်သူ ၁၇ ဦးက တားမြစ်ခဲ့ကြောင်း အုံတုံပင်ကျေးရွာ ဒေသခံများက ပြောကြားသည်။ “ထန်းပင်လျော်ကြေး ယူမထားတဲ့ ထန်းတက်တောင်သူ ၁၇ ဦး ရှိတယ်။
Posted: 09 Jun 2014 04:11 AM PDT
 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ အမျိုးသမီးလေးဦးကို တရုတ်နိုင်ငံရှိ KTV တစ်ခုတွင် အလုပ်ရမည်ဟု ပြောဆို စည်းရုံးပြီး ရန်ကုန်သို့ခေါ်ဆောင်လာရာ ယင်းအမျိုးသမီး လေးဦးထဲမှ မတင်တင်အေးဆိုသည့် အမျိုးသမီး၏ တိုင်းတန်းမှုကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ ပြစ်မှုကျူးလွန်သူမှာ တာချီလိတ်မြို့ရှိ KTV မန်နေဂျာ ကျော်သက်ထွေး(ခ) အချောင်ဆိုသူဖြစ်ပြီး
Posted: 09 Jun 2014 04:08 AM PDT
မင်းကင်း၊ ဇွန် ၉ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ဇွန်လ ၈ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး သံပေါက်ချောင်းရေ ရုတ်တရက်ကြီးလာသည့်အတွက် မင်းကင်းမြို့နယ်၊ သံပေါက်ချောင်းကျေးရွာမှ လူနေအိမ် ၃၃လုံး ဖျက်သိမ်းကာ ရေလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။ ချောင်းရေကြီးမှုကြောင့် ဇွန်လ၈ရက် နံနက် ၇နာရီက သံပေါက်ချောင်းကျေးရွာမှ
Posted: 08 Jun 2014 10:51 PM PDT
 ယာမလို့ ခေါ်တယ်တဲ့ ဆိုတဲ့ လင်းလက်ကြယ်စင်အစီအစဉ် နားဆင်နိုင်ပါပြီ။ ယာမလို့ခေါ်တဲ့ စိတ်ကြွဆေး လူငယ်တွေကြားထဲ ဘယ်လိုတွေ ပျံ့နှံ့နေလဲ။ ဘာကြောင့် သုံးကြတာလဲ။ အကျိုးဆက်တွေက ဘာတွေလဲ ဆိုတာကို လင်းလက်ကြယ်စင်မှာ နားဆင်နိုင်ပါပြီ။
Posted: 08 Jun 2014 10:46 PM PDT
                 ရခိုင် ပြည်နယ်တွင် နှစ်နှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးမှ သိရသည်။         ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် ၂၀၁၃ ခုနှစ်တွင် အောင်ချက် ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ယခု နှစ်တွင် လည်း ယခင်နှစ် ကထက် အောင်ချက် ရာခိုင်နှုန်း ထပ်မံ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက်
Posted: 08 Jun 2014 10:43 PM PDT
               တရုတ်-မြန်မာနယ်စပ်မှ တရားမ၀င် ၀င်ရောက် လာသော လက်ဖက်များကြောင့် ဒေသခံများမှ ဈေးကွက် ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း   မြန်မာနိုင်ငံ လက်ဖက်အစု အဖွဲ့ ဥက္ကဋ္ဌဦးထွန်းမြိုင်က The Messenger သတင်းစာသို့ ပြောသည်။ မြန်မာပြည်ကိုသာ ၀င်နေတာ။ ခိုးပြီး ၀င်လာတာ ဆိုတော့ နိုင်ငံတော်ဆီ ကိုလည်း အခွန်တစ်ပြား တစ်ချပ်မှ ၀င်တာမဟုတ်ဘူး။ တကယ့် မြန်မာပြည်သား ပလောင်ဒေသက ဒေသခံတွေရဲ့ဈေးကွက် ကိုလည်း ထိခိုက်မှု
Posted: 08 Jun 2014 10:40 PM PDT
ရန်ကုန်၊ ဇွန် ၈ ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံရှိ မီးပွိုင့်တွင် ဇွန်လ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အောင်စာရင်း သွားကြည့်ရာမှ နေအိမ်သို့ စက်ဘီးဖြင့် ပြန်လာသူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ မြေနီကုန်းဘက်မှ ဟယ်လ်ပင် မှတ်တိုင်ဘက်သို့ ပြည်လမ်းအတိုင်း စမ်းချောင်းမြို့နယ်တွင်ေ
Posted: 08 Jun 2014 10:32 PM PDT
 ရွှေသီးရေ... ဒီတစ်ပတ်ကတော့  အငြင်းအခုံနဲ့ သတင်းစုံတဲ့ အပတ်ပဲကွ။ ပထမဆုံး သတင်း တစ်ခုကို ဖောက်သည် ချရရင်တော့ နိုင်ငံတော် သမ္မတကြီးနဲ့ ကေအင်န်ယူ အဖွဲ့တွေ့ကြရာမှာ ကေအင်န်ယူ အဖွဲ့က သမ္မတကြီး နောက်သက်တမ်း ငါးနှစ်ထပ်ပြီး ထမ်းဆောင်ဖို့ တိုက်တွန်း ခဲ့တယ်ဆိုပဲ။ ဒါမှပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေး ခရီးစဉ်ကြီး အောင်မြင် တဲ့အထိ အတွင်းသိ အစင်းသိ
Posted: 08 Jun 2014 10:21 PM PDT
တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ် မြန်မာ့ ကျောက်စိမ်းတန်ချိန် ၂၂ တန် ကျော်ကို တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ Mobile Team အနေဖြင့် ဖမ်းဆီးရမိခဲ့ပြီး ငါးဆယ်ရာခိုင်းနှုန်းကို သတင်းပေးသူနှင့် ဖမ်းဆီးရေးအဖွဲ့ကို ပေးသွားမည်ဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။ “ထိရောက်တဲ့ ဖမ်းဆီးမှုတွေအများ ကြီးလိုအပ်သေးတယ်” ဟု အဆိုပါ ညွှန် ကြားရေးမှူးက ဆက်ပြောသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ
Posted: 08 Jun 2014 10:11 PM PDT
ရန်ကုန် ဇွန် ၈ မြန်မာနိုင်ငံ၌ မိခင်သေဆုံးမှုများ တွင်ကိုယ်ဝန်ဖျက်ချပြီး သေဆုံးသူ များပြားနေကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စိုးလွင်ကပြောသည်။ ကိုယ်ဝန်ဖျက်ချရာတွင် တတ် ကျွမ်းနားလည်သည့် ဆရာဝန်များ နှင့်စနစ်တကျသန့်ရှင်းစွာ လုပ်ကိုင် ကြခြင်းမဟုတ်သောကြောင့် အရပ် လက်သည်များနှင့် ဖျက်ချခြင်းဖြစ် ပြီး သန့်ရှင်းမှုမရှိ၍ အန္တရာယ်များ ရှိနိုင်ကြောင်း လူထုကျန်းမာရေး စောင့်ရှောက်မှု
Posted: 08 Jun 2014 09:43 PM PDT
သထုံ ဇွန် ၈ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်တွင် ယာဉ်မောင်း အိပ်ငိုက်ကာ ယာဉ်မဆင်မခြင် မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေးထိုးဆင်းပြီး ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်၊ နံနက် ၅ နာရီအချိန်က ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း သူရ မောင်းနှင် လာသော ယာဉ်အမှတ် ၈ဈ/၉၁၀၄ ဟီးနိုးအမျိုးအစား၊ သန်မြန်သူ
Posted: 08 Jun 2014 09:25 PM PDT
သထုံ ဇွန် ၈ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်အရှေ့ ရန်ကုန်-ဘားအံ အဝေးပြေး လမ်းမပေါ်တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်သော ၁၂ ဘီးယာဉ်က တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်၊ ည ၈ နာရီ ၄၀ မိနစ် အချိန် ခန့်က သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်(ဂ) ရပ်ကွက်
Posted: 08 Jun 2014 09:07 PM PDT
ရန်ကုန်၊ ဇွန် ၈ လမ်းမတော်မြို့နယ် အမှတ် (၈) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ လေးလွှာ တိုက်ခန်းတွင် အိမ်ရှင်အမျိုးသမီး၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရသော ကလေးငယ်နှစ်ဦးကို ဇွန်လ ၅ ရက် နံနက်ပိုင်းက ရပ်ကွက်နေသူများက ကယ်တင်ခဲ့ကြောင်း လမ်းမတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တွင် နေထိုင်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသူ မမေရီနှင့်
Posted: 08 Jun 2014 09:01 PM PDT
 ရန်ကုန်၊ ဇွန် ၈- ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ) ထိန်း ချုပ်နယ်မြေများအပါအဝင်ဆက် စပ်နေသည့် ဒေသများ အတွင်းရှိ တပ်မတော်စခန်းများကိုပြန်လည် ဆုတ်ခွာပေးမည်ဖြစ်ကြောင်း အစိုး ရနှင့် ကေအင်န်ယူတာဝန်ရှိသူတို့က အတည်ပြုပြော ကြားသည်။ ကရင်ပြည်နယ်နေရာအနှံ့အ ပြား ရှိ စေတီပုထိုး၊ ဘုရားရှိခိုးကျောင်း တို့နှင့် လူနေဧရိယာအနီးတစ်ဝိုက် စခန်းချထားသည့် တပ်မတော် စခန်း များ ကို နေရာရွှေ့ပြောင်းပေးရန်အတွက်ေ
Posted: 08 Jun 2014 08:54 PM PDT
 မြောက်ကိုရီးယားနဲ့ မြန်မာကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိကြောင်း မြန်မာအစိုးရ က ထပ်မံငြင်းဆိုကြောင်း၊မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနကို ကိုးကားပြီး Korea Times သတင်း က ဖေါ်ပြပါ တယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယန်ဗြောင်ဆီ နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ကြာသပတေးနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြရာ မှာ မြန်မာအနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား
Posted: 08 Jun 2014 08:30 PM PDT
ရန်ကုန်၊ ဇွန် ၈ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လိုက်လျောညီထွေမှု ရှိစေရေးအတွက် အရည်အချင်းမြှင့် သင်တန်းများ ပံ့ပိုးပေးရန် အမေရိကန်အစိုးရက အစီအစဉ် ရေးဆွဲလျက်ရှိကြောင်း ဇွန်လ ၈ ရက်နေ့တွင် အာရှပစိဖိတ် ဒေသတွင်းဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Daniel Russel က ပြောကြားသည်။ မြန်မာနိုင်ငံရှိ လူငယ်များနှင့် ရန်ကုန်မြို့တော်ရှိ
Posted: 08 Jun 2014 08:05 PM PDT
မြန်မာတစ်နိုင်ငံလုံးသို့ ဇွန်၈ရက်တွင် မုတ်သုံလေစတင်ဝင်ရောက် ဘင်္ဂလားပင်လယ်အော် တွင် မုတ်သုံလေအားအလွန် ကောင်းနေသောကြောင့် ပဲခူး တိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အချို့ဒေသများ တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မမှ ၈ လက်မအထိ မိုးရွာ သွန်းနိုင်ပြီး မိုးကြီးနိုင်ကြောင်း မိုး လေ၀သပညာရှင်ဒေါက်တာ ထွန်းလွင်က ဇွန်လ ၈ ရက်တွင် သတိပေးပြောကြားသည်။ ‘‘မုတ်သုံလေက တစ်ကျော့ ပြန်အားကောင်းလာတာ။ ဒါ ေ
Posted: 08 Jun 2014 08:04 PM PDT
 မြန်မာနိုင်ငံတွင် ဆန် စပါး အဓိကစိုက်ပျိုးသည့် ဧရာ ၀တီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေများ၏ မြေဆီလွှာတွင် အက်စစ်ဓာတ်ပါဝင်မှု များပြား နေကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်၊ ဂျပန်နိုင်ငံမှ ပညာရှင် များ၊ ရေဆင်းတက္ကသိုလ်မှ ကျောင်းသားများနှင့် သက်ဆိုင် ရာဝန်ကြီးဌာနများ ပူးပေါင်း၍ ပြီးခဲ့သည့် မေလက ဧရာဝတီ တိုင်းဒေသကြီးရှိလယ်မြေများ၏ မြေဆီလွှာများအား စမ်းသပ်ရာ တွင် အက်စစ်ဓာတ်ပါဝင်မှုများေ
Posted: 08 Jun 2014 05:25 PM PDT
ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံတွင် အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ)ကို ကျင့်သုံးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ခံမည် မဟုတ်ဟု ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဇွန်လ ၈ ရက်တွင် ပြောဆိုလိုက်သည်။ အင်န်အယ်ဒီ ပါတီအနေနှင့် လက်မခံနိုင်သဖြင့် ပါတီတွင်း ပီအာနှင့်ပတ်သက်၍ ဆွေးနွေးသွားမည် မဟုတ်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ “ပီအာမှာပါတဲ့ အချက်တွေကို လက်ရှိ ဖွဲ့စည်းပုံ ဥပဒေက ခွင့်ပြုမလား၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...