Monday, June 2, 2014

ခြေစွယ်ငုပ်သူများအတွက် အော်တာနေးတစ်ကုထုံး


Photo: ခြေစွယ်ငုပ်သူများအတွက်
                 အော်တာနေးတစ်ကုထုံး
               *******************

              ခြေစွယ်ငုပ်တာကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။
ခြေစွယ်ငုပ်ခြင်းသည် ရောဂါကြီးကြီးမားမား
မဟုတ်ပေမယ့် လူတစ်ချို့ကို ခွဲစိတ်ခံစေတဲ့အထိ ဆိုးရွား
တတ်တယ်။ဒါ့ကြောင့် ခြေစွယ်ငုပ်လာခဲ့ရင် ဖြေရှင်း
နိုင်မယ့် အစွမ်းထက်နည်းလမ်းလေးတစ်ခု ပေး
ချင်ပါတယ်။
                  လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခြေစွယ်ငုပ်ခြင်း
ဝေဒနာကို  ကျွန်တော် ခဏခဏခံစားခဲ့ရဖူးတယ်။ပြည်လည်း တည်တယ်။
ဒီလိုခဏခဏဖြစ်နေတာကို မေမေ့ကိုပြောပြတော့ မေမေက
ကျွန်တော့်ကို ဆေးနည်းပေးတယ်။ကျွန်တော် 
မေမေပြောပြတဲ့အတိုင်း ဆေးကိုခြေစွယ်ငုပ်တဲ့နေရာ
မှာထည့်တယ်။နှစ်ရက်သုံးရက်ကြာတော့ ခြေစွယ်ငုပ်တာ
ပျောက်ခဲ့တယ်။ထိုအချိန်ကနေ ယနေ့အထိ ထပ်မဖြစ်တော့ပါ။
                  ပြီးခဲ့တဲ့လအနည်းငယ်က သူငယ်ချင်းတစ်ယောက်ရဲ့
ဇနီး ခြေစွယ်ငုပ်လို့ ကျွန်တော့်ဆီလာတိုင်ပင်တယ်။
ခွဲစိတ်ဖို့သင့်မသင့် ကျွန်တော့်ကို မေးလာတယ်။
သူက ခွဲစိတ်ရမှာ ကြောက်နေတာ။ဒါနဲ့ ကျွန်တော်က
ငါးနှစ်သင်ယူထားတဲ့ဆေးပညာနဲ့ မေမေပေးတဲ့ဆေးပညာကို
ပေါင်းပြီး သူငယ်ချင်းရဲ့ဇနီးကို ကုသပေးလိုက်တယ်။ထိုပေါင်း
ကူးဆေးပညာကို Alternative Medicine. အော်တာနေးတစ်
မက်ဒ်ဒီစင် လို့ခေါ်တယ်။သူငယ်ချင်းရဲ့ ဇနီးလည်း သုံး
လေးရက်ကြာတော့  ခြေစွယ်ငုပ်တာ  ပျောက်သွားခဲ့တယ်။
                 မေမေပေးတဲ့ဆေးနည်းက ရိုးရိုးရှင်းရှင်း
လေးပါ။ကွမ်းစားရင် လျှာနဲ့အာခေါင် ထုံးစားပြီး
အနာမဖြစ်အောင် ထည့်ပေးရတဲ့ ရှားစေးကို ငုပ်နေတဲ့
ခြေစွယ်ကြားထဲ ထည့်ပေးရုံပါပဲ။
                    ထုံးမှာ alkali အယ်လ်ကလီ ဓာတ်ရှိတယ်။ရှားစေးမှာ 
acid အက်စစ်ဓာတ်ရှိတယ်။ကွမ်းရာထဲကို  acid ဓာတ်ရှိတဲ့ ရှားစေး
ကိုထည့်ပေးရင် alkali ဓာတ်ရှိတဲ့ ထုံးဓာတ် ပျက်ပြယ်သွား
စေတယ်။အဲလိုဓာတ်ပြယ်သွားရင် အာခေါင်ကိုထုံးမစားတော့
ဘူး။ကျွန်တော်တို့သောက်သုံးနေတဲ့ရေသန့်က pH7 ရှိ
ရတယ်။pH7အောက်ကိုရောက်ရင် ရေက acid ဓာတ်ဖြစ်သွားပြီး
ချဉ်လာမယ်။pH7အထက်ကိုရောက်ရင် ရေက alkali ဓာတ်ဖြစ်
သွားပြီး ကျိုချက်ရင် ထုံးဖြူတွေ အနည်ထိုင်လာမယ်။
                 လုပ်ဆောင်ရမယ့်နည်းလမ်းလေးက ရိုး
ရှင်းပါတယ်။ရှားစေ ငရုပ်ကောင်းစေ့ငါးစေ့ခန့်
ကို လက်သန်းအရွယ်ခွက်သေးသေးထဲကို ရေမြှုပ်ရုံ
စိမ်ပေးရမယ်။နာရီဝက်ကြာရင် ရှားစေးအခဲက အရည်
ပျော်လာလိမ့်မယ်။ထိုအရည်ပျစ်ပျစ်ကို ယူစော Eusol ဆေးထား
တဲ့ ခြေစွယ်ကြားထဲ ထည့်ရမယ်။မနက်၊နေ့လည် နဲ့
ညပိုင်းတွေမှာ ထည့်ရမယ်။အနောက်တိုင်းပိုးသတ်ဆေးနဲ့
အခြားလိုအပ်တဲ့ဆေးတွေကို ဆရာဝန်များဆီမှာ ပြသရယူနိုင်ပါတယ်။
သုံးလေးရက်လောက်ကြာရင် အော်တာကုထုံးအစွမ်းနဲ့
ခြေစွယ်ကြောင့်ညစ်နေတဲ့စိတ်တွေ ကြက်ပျောက်
ငှက်ပျောက် ပျောက်ကုန်ပါလိမ့်မယ်။
                 စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်း
ကွာကြပါစေ။

                                                     ဦးတိုးအောင်

ခြေစွယ်ငုပ်တာကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။
ခြေစွယ်ငုပ်ခြင်းသည် ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် လူတစ်ချို့ကို ခွဲစိတ်ခံစေတဲ့အထိ ဆိုးရွား
တတ်တယ်။ဒါ့ကြောင့် ခြေစွယ်ငုပ်လာခဲ့ရင် ဖြေရှင်းနိုင်မယ့် အစွမ်းထက်နည်းလမ်းလေးတစ်ခု ပေး
ချင်ပါတယ်။


လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခြေစွယ်ငုပ်ခြင်း
ဝေဒနာကို ကျွန်တော် ခဏခဏခံစားခဲ့ရဖူးတယ်။ပြည်လည်း တည်တယ်။
ဒီလိုခဏခဏဖြစ်နေတာကို မေမေ့ကိုပြောပြတော့ မေမေက
ကျွန်တော့်ကို ဆေးနည်းပေးတယ်။ကျွန်တော်
မေမေပြောပြတဲ့အတိုင်း ဆေးကိုခြေစွယ်ငုပ်တဲ့နေရာ
မှာထည့်တယ်။နှစ်ရက်သုံးရက်ကြာတော့ ခြေစွယ်ငုပ်တာ
ပျောက်ခဲ့တယ်။ထိုအချိန်ကနေ ယနေ့အထိ ထပ်မဖြစ်တော့ပါ။
ပြီးခဲ့တဲ့လအနည်းငယ်က သူငယ်ချင်းတစ်ယောက်ရဲ့
ဇနီး ခြေစွယ်ငုပ်လို့ ကျွန်တော့်ဆီလာတိုင်ပင်တယ်။
ခွဲစိတ်ဖို့သင့်မသင့် ကျွန်တော့်ကို မေးလာတယ်။
သူက ခွဲစိတ်ရမှာ ကြောက်နေတာ။ဒါနဲ့ ကျွန်တော်က
ငါးနှစ်သင်ယူထားတဲ့ဆေးပညာနဲ့ မေမေပေးတဲ့ဆေးပညာကို
ပေါင်းပြီး သူငယ်ချင်းရဲ့ဇနီးကို ကုသပေးလိုက်တယ်။ထိုပေါင်း
ကူးဆေးပညာကို Alternative Medicine. အော်တာနေးတစ်
မက်ဒ်ဒီစင် လို့ခေါ်တယ်။သူငယ်ချင်းရဲ့ ဇနီးလည်း သုံး
လေးရက်ကြာတော့ ခြေစွယ်ငုပ်တာ ပျောက်သွားခဲ့တယ်။
မေမေပေးတဲ့ဆေးနည်းက ရိုးရိုးရှင်းရှင်း
လေးပါ။ကွမ်းစားရင် လျှာနဲ့အာခေါင် ထုံးစားပြီး
အနာမဖြစ်အောင် ထည့်ပေးရတဲ့ ရှားစေးကို ငုပ်နေတဲ့
ခြေစွယ်ကြားထဲ ထည့်ပေးရုံပါပဲ။
ထုံးမှာ alkali အယ်လ်ကလီ ဓာတ်ရှိတယ်။ရှားစေးမှာ
acid အက်စစ်ဓာတ်ရှိတယ်။ကွမ်းရာထဲကို acid ဓာတ်ရှိတဲ့ ရှားစေး
ကိုထည့်ပေးရင် alkali ဓာတ်ရှိတဲ့ ထုံးဓာတ် ပျက်ပြယ်သွား
စေတယ်။အဲလိုဓာတ်ပြယ်သွားရင် အာခေါင်ကိုထုံးမစားတော့
ဘူး။ကျွန်တော်တို့သောက်သုံးနေတဲ့ရေသန့်က pH7 ရှိ
ရတယ်။pH7အောက်ကိုရောက်ရင် ရေက acid ဓာတ်ဖြစ်သွားပြီး
ချဉ်လာမယ်။pH7အထက်ကိုရောက်ရင် ရေက alkali ဓာတ်ဖြစ်
သွားပြီး ကျိုချက်ရင် ထုံးဖြူတွေ အနည်ထိုင်လာမယ်။
လုပ်ဆောင်ရမယ့်နည်းလမ်းလေးက ရိုး
ရှင်းပါတယ်။ရှားစေ ငရုပ်ကောင်းစေ့ငါးစေ့ခန့်
ကို လက်သန်းအရွယ်ခွက်သေးသေးထဲကို ရေမြှုပ်ရုံ
စိမ်ပေးရမယ်။နာရီဝက်ကြာရင် ရှားစေးအခဲက အရည်
ပျော်လာလိမ့်မယ်။ထိုအရည်ပျစ်ပျစ်ကို ယူစော Eusol ဆေးထား
တဲ့ ခြေစွယ်ကြားထဲ ထည့်ရမယ်။မနက်၊နေ့လည် နဲ့
ညပိုင်းတွေမှာ ထည့်ရမယ်။အနောက်တိုင်းပိုးသတ်ဆေးနဲ့
အခြားလိုအပ်တဲ့ဆေးတွေကို ဆရာဝန်များဆီမှာ ပြသရယူနိုင်ပါတယ်။
သုံးလေးရက်လောက်ကြာရင် အော်တာကုထုံးအစွမ်းနဲ့
ခြေစွယ်ကြောင့်ညစ်နေတဲ့စိတ်တွေ ကြက်ပျောက်
ငှက်ပျောက် ပျောက်ကုန်ပါလိမ့်မယ်။
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်း
ကွာကြပါစေ။

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...