သစ်ထူးလွင် သတင်းစုစည်းမှု (၄-၆)
သစ်ထူးလွင် |
- ယာဉ်တိုက်မိဟန်ဆောင်၍ ငွေကြေး တောင်းခံသူ(၅)ဦး တို့ကို ဖမ်းဆီးရမိ
- ဇာတိမြေသို့ ပြန်စရာမလိုဘဲ နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းကို မိမိနေထိုင်ရာမြို့နယ်တွင် ပြုလုပ်နိုင်တော့မည်
- အသည်းကွဲအိမ်ရှင်မတို့ အားကိုးရာ
- ပညာရေးအခမဲ့ဆိုသော်လည်း ငွေကောက်ခံနေဆဲဟု ကျောင်းသားမိဘများ ပြောဆို
- တင့်ကားဖျက်လက်နက် ၂၀၀ နီးပါး ဘင်္ဂလာဒေခ်ျ့က ဖမ်းမိ
- လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို
- ထိုင်းဆန္ဒပြသူများအကြား ခေတ်စားနေသည့် လက် ၃ ချောင်းထောင် သင်္ကေတ
- စစ်တွေ- ကျောက်တော်- မြောက်ဦး ရထားလမ်းပိုင်းဖောက်လုပ်မှု ရပ်ဆိုင်း
- ကျွန်မ . . . ကားစပယ်ယာ
- ထိမိပွတ်မိ ဦးရာလူဖြဲတဲ့ လမ်းမပေါ်ကပြဿ နာ
- အင်းလျားကန်ပေါင်အနီး လင်ခရူဇာယာဉ်နှင့် လက်ဝတ်ရွှေထည်များ လုယက်ခံရမှု တစ်လကျော်သည့်တိုင် ဖမ်းမမိသေး
- တရုတ်မြန်မာ နယ်စပ်မျဉ်းပြန်သတ်မှတ်တာကို မကြေနပ်
- ထိုင်းမှာ လက်သုံးချောင်း ထောင်တာကို တားမြစ်
- ရန်ကုန်တွင် မုဒိမ်းမှု အများဆုံးဖြစ်ပွား
- သမ္မတဦးသိန်းစိန်ကို မိုဒီက ကျမ်းသစ္စာကျိန်ဆိုပွဲ ဘာလို့မဖိတ်သလဲ
-
ရန်ကင်းတီတီစီဝင်ခွင့်ငြင်းခံရေ
သာ ကျောင်းသားများကို ပြန်လည်ဝင်ခွင့်ပြုရန် ပညာရေးဝန်ကြီးဌာနညွှန်ကြား - စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အစိုးရစစ်ပြောင်း
- ဝါဝင်တော့မည် ဖြစ်၍ အိမ်ငှားခများ ဈေးတက်
- တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း နယ်စပ်ရေးရာ ဒုဝန်ကြီးဆို
- မိုးကောင်းဘုရားလမ်းရှိ ဟိန္ဒူဘုရားကျောင်းရှေ့တွင် လူသတ်မှုဖြစ်
- တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်
- ဒေါပုန်မီး ခုနှစ်နှစ်သားလေး တစ်ကိုယ်လုံး မီးလောင်သေဆုံး
- လားရှိုးမြို့မှ တရားမ၀င်အနှိပ်ခန်းကို ဖမ်းဆီးအရေးယူ
- နတ်စင်ကွေ့တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံး ၊ ၅ ဦးဒဏ်ရာရ
- ထိုင်းအာဏာသိမ်းဂယက် မြန်မာလုပ်သားများ အခက်ကြုံ
Posted: 04 Jun 2014 05:25 AM PDT
ရန်ကုန်၊
ဇွန် ၎
၂၉.၅.၂၀၁၄ ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာတစ်ခုမှ ကမာရွတ်မြို့နယ်၊
သံလွင်လမ်း၌လူတစ်စုမှ မော်တော်ယာဉ်နှင့် တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ
အုပ်စုဖွဲ့လုယက်ရန်ပြု လုပ်ခဲ့
ကြောင်း သတင်းပေးဖော်ပြ လာသည်ကိုတွေ့ရှိရပါသည်။
အဆိုပါ သတင်းအား သိရှိသည်နှင့် တစ်ပြိုင်နက် ရန်ကုန်တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့မှူးမှ သတင်းပါအချက်များအပေါ် အတည်ပြု စုံစမ်းဖော်ထုတ်ပြီး
ပြစ်မှုကျူးလွန်သူများကို
|
Posted: 04 Jun 2014 03:34 AM PDT
ရန်ကုန်၊
ဇွန် ၃- ရပ်ဝေးသို့ရောက် ရှိနေသူများအနေဖြင့် ယင်းတို့၏ နိုင်ငံ သား
စိစစ်ရေး ကတ်နှင့် အိမ်ထောင် စုလူ ဦးရေစာရင်း တို့ကို မိမိဇာတိသို့ သွားစရာ
မလိုဘဲ လက်ရှိနေထိုင်ရာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုး သား
မှတ်ပုံတင်ဦးစီး ဌာနမှူးရုံး၌ လူ ကိုယ်တိုင်သွားရောက် လျှောက်ထား ၍ရကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်
ထောင်စုဒုတိယဝန်ကြီး ဦးကျော် ကျော်ဝင်းက ပြောသည်။
ဇွန် ၃
|
Posted: 04 Jun 2014 03:11 AM PDT
ပြတင်းပေါက်မှ
ဝင်ရောက်လာသည့် နေရောင်က ၁၀ ပေ ပတ်လည်ခန့်သာ ကျယ်ဝန်းသော အခန်းလေးကို
အလင်းရောင် ကောင်းစွာပေးလျက်ရှိသည်။
အခန်းထဲမှာတော့ ဂမ္ဘီရဆန်ဆန် အသုံးအဆောင်ပစ္စည်းများ၊ ကိုးကွယ်ယုံကြည်မှုနှင့်
သက်ဆိုင်သည့် ရုပ်တုများ၊ အစဉ်အဆက် အသုံးပြုခဲ့ကြသည့်
ဗေဒင်လက္ခဏာကျမ်းများက နေရာယူထားသည်။
ခန်းမ၏ထိပ်တွင် ဆုံလည်ကုလားထိုင်ဖြင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။
သူ၏ရှေ့တွင်တော့ ထိုင်ခုံလွတ် နှစ်ခု၊ သုံးခုခန့်။
|
Posted: 04 Jun 2014 03:12 AM PDT
ဇွန်
၎ရက်၊ ၂၀၁၄ခုနှစ်။
ကျောင်းပညာရေး၌ မူလတန်းမှ အလယ်တန်း အထိ ကျောင်းအပ် နှံကြေးနှင့်
ကျောင်းသုံး ပုံနှိပ်စာအုပ်များ အတွက် အခမဲ့ဟု မြန်မာ အစိုးရက ထုတ်ပြန်ထား
သော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ တောင် ကလေး အထက်တန်း ကျောင်းတွင်
ငွေကြေး ကောက်ခံမှု အချို့ ရှိနေသည်ဟု ကျောင်းသား မိဘများက ပြောသည်။
ယခု ဇွန် ၂ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့သည့်
တောင်ကလေးအထက်တန်းကျောင်းတွင် ကျောင်းမဖွင့်မီ မေ
|
Posted: 04 Jun 2014 03:05 AM PDT
တင့်ကားဖျက်
လက်နက် (Anti-tank weapons) အမျိုးအစား ၂၀၀ ကို အိန္ဒိယနယ်စပ် အနီးတွင်
ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဘင်္ဂလာ မှုခင်းအထူးနှိမ်နင်းရေးတပ်ဖွဲ့ (Rapid Action Battalion) မှ
၎င်းလက်နက်များကို အိန္ဒိယ၊ ထရိပူရပြည်နယ် နယ်စပ်မှ (၃) ကီလိုမီတာ အကွာ
ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် ယနေ့တွင် ရှာဖွေ သိမ်းဆည်း မိသည်ဟု ဘင်္ဂလာ
ဘီဒီနယူးတွင် ဖေါ်ပြသည်။
ဖမ်းဆီးရမိသည့် လက်နက်များထဲတွင်
|
Posted: 04 Jun 2014 03:02 AM PDT
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက်
အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့
လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့
မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ်
ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့
အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယေ
|
Posted: 04 Jun 2014 02:53 AM PDT
ထိုင်းနိုင်ငံမှာ
အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြသမားတွေကြားမှာ လက် ၃ ချောင်းထောင်တဲ့
သင်္ကေတတွေ ခေတ်စားနေပါတယ်။
လူကြိုက်များတဲ့ “Hunger Games” စာအုပ်နဲ့ ရုပ်ရှင်ဆီက ညီညွတ်ရေးသင်္ကေတကို
ယူသုံးထားတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။
စူဇန်နီ ကောလင်းစ် ဖန်တီးထားတဲ့ ၀တ္ထုမှာ ပန်နန်ဆိုတဲ့ စိတ်ကူးထဲကနိုင်ငံမှာ
အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
ရုပ်ရှင်အဖြစ် ဖန်တီးတဲ့အခါ ဂျနီဖာ လောရင့်စ်က
|
Posted: 04 Jun 2014 02:45 AM PDT
ရထားဝန်ကြီး
ဌာနကနေ စစ်တွေ- ကျောက်တော်- မြောက်ဦး ရထားလမ်းပိုင်း ဖောက်လုပ်နေရာမှာ
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတွေကို ဖြတ်သန်း ဖောက်လုပ်ရတာ
ရှိနေပြီး ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်း ထားရတယ်လို့
ရထားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
စစ်တွေ-မြောက်ဦးလမ်းဟာ ၉၆ မိုင်ကျော် ရှည်လျားပြီး ၂၀၀၉ ခုနှစ်ကတည်းက
စတင်ဖောက်လုပ်နေတာ ဖြစ်ပါတယ်။
လမ်းတလျှောက် ပေ ၄၀ အထက် တံတားကြီး ၉ စင်း တည်ဆောက်ဖို့
|
Posted: 04 Jun 2014 02:31 AM PDT
ရန်ကုန်
အင်းစိန်လမ်းပေါ်ရှိ လှည်းတန်း မှတ်တိုင်သို့ ထိုးဆိုက်လာသည့် ၄၈ အဲကွန်း
အထူး ဘတ်စ်ကား ပေါ် ပြေးတက်သော ခရီးသည်အချို့ ကားခ လိုက်လံ ကောက်ခံသည့်
ယာဉ်နောက်လိုက်ကြောင့် တအံ့တသြ အထူးအဆန်း ဖြစ်နေကြပုံရသည်။
ကျောလယ်ခန့်ဆံပင်ကို စုစည်း ချည်နှောင်ထားပြီး ခဲနှင့်အပြာ ရင့်ရောင်
တွဲစပ်ထားသော ယာဉ်နောက်လိုက်ဝတ်စုံ ခပ်ပွပွကို ၀တ်ဆင်ထားသူမှာ
အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
သူမသည် ဗိုလ်တထောင်မှ
|
Posted: 04 Jun 2014 02:30 AM PDT
ရန်ကုန်တွင်
တိုးပွားလာသော ကားစီးရေနှင့် စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုများ
နေ့စဉ်တိုးပွား လာသည့် အချိန်တွင် ယာဉ်မတော် တဆမှု ဖြစ်ပွားမှုနှုန်းက
နေ့စဉ်မြင့် တက်လာ ဆဲဖြစ်သည်။
သီတင်း တစ်ပတ်လျှင် ယာဉ်တိုက်မှု ၄၀ ထက်မနည်း ဖြစ်ပွားနေသည့် ရန်ကုန်တွင်
တစ်ဖက်နှင့်တစ်ဖက် ယာဉ်မတော် တဆမှုများ ဖြစ်ပွားပါက မိမိမှန်သည်ဖြစ်စေ၊
မှားသည်ဖြစ်စေ ပိုင်ပိုင်နိုင်နိုင် ထိထိ ရောက်ရောက် ပြောဆိုနိုင်သူက
အများအားဖြင့် လျော်ကြေး
|
Posted: 04 Jun 2014 02:25 AM PDT
ရန်ကုန်၊
ဇွန် ၃
လှိုင်မြို့နယ် အင်းလျားကန်ပေါင်အနီး ပြည်လမ်း တံတားဖြူ မှတ်တိုင်တွင်
အုပ်စုဖွဲ့ ဓားပြတိုက်၍ လင်ခရူဇာယာဉ်နှင့် လက်ဝတ်ရွှေထည်များ လုယက်ခဲ့မှု
တစ်လကျော် ကြာသည့်တိုင်အောင် ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း
မရှိသေးကြောင်း လုယက်ခံရသူ ကိုအောင်ငြိမ်းသန့်က ပြောကြားသည်။
ဧပြီလ ၂၄ ရက် နံနက် ၄ နာရီခွဲခန့်က ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက်၊
လှည်းတန်း (၇) လမ်းတွင် နေထိုင်သူ ကိုအောင်ငြိမ်းသန့်မှာ
|
Posted: 04 Jun 2014 02:21 AM PDT
ရှမ်းပြည်နယ်
နမ့်ခမ်း မြို့နယ်နဲ့ ထိစပ်နေတဲ့ တရုတ် မြန်မာ နယ်စပ်မှာ နှစ်နိုင်ငံ
နယ်ခြား မျဉ်း တိုင်းတာရေး တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက
နယ်ခြားမျဉ်း ပြန်လည် တိုင်းတာ သတ်မှတ်လိုက်ရာမှာ မြန်မာဘက်က လယ်မြေ တချို့
တရုတ်နိုင်ငံ ဘက်ခြမ်းကို ပါသွားတဲ့ အတွက် ဒေသခံ လယ်သမားတွေ မကျေမနပ်
ဖြစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မေလ ၂၇ ရက် ကနေ မေလ ၃၀ ရက်နေ့ အထိ နှစ်နိုင်ငံ နယ်ခြားမျဉ်း ပြန်တိုင်း
ရာမှာ အရင်ရှိပြီးသား
|
Posted: 04 Jun 2014 02:20 AM PDT
စစ်တပ် အာဏာသိမ်း လိုက်တဲ့ ထိုင်းနိုင်ငံမှာ စစ် အာဏာသိမ်းမှုကို
ဆန့်ကျင်တဲ့ လှုပ်ရှားမူတွေ ထဲမှာ လက်သုံးချောင်း ထောင်ပြတဲ့ သင်္ကတေ ဟာလည်း
စစ်တပ်ကို ဆန့်ကျင် တဲ သင်္ကတေ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က သတ်မှတ် ပိတ်ပင်
လိုက်ပါတယ်။
ဒီလို လုပ်တဲ့သူတွေကို အခြေအနေ စောင့်ကြည့်ပြီး ဖမ်းဆီး
ထောင်ချနိုင်တယ်လို့ ထိုင်း အာဏာသိမ်း စစ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တွေက
ပြောပါ တယ်။
ဘန်ကောက် က လူစည်ကားတဲ့ နေရာ တစ်ချို့ နဲ့
|
Posted: 04 Jun 2014 02:16 AM PDT
မြန်မာနိုင်ငံရှိ
ဒေသများ အနက် ရန်ကုန်တိုင်း ဒေသကြီး၌ မုဒိမ်းမှု အများဆုံး
ဖြစ်ပွားနေကြောင်း ပြည်ထဲ ရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။တစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်နဝါရီမှ
ဧပြီထိ မုဒိမ်းမှု စုစုပေါင်း ၂၉ဝ မှုရှိခဲ့ပြီး ရန်ကုန်တိုင်း တစ်ခုတည်းတွင်
၅၇ မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ စာရင်းများ အရ သိရသည်။
ထို့ပြင် သက်ငယ်မုဒိမ်းမှုများသည်လည်း ရန်ကုန်တိုင်းအတွင်း ယခုနှစ်
|
Posted: 04 Jun 2014 02:11 AM PDT
အိန္ဒိယ၀န်ကြီးချုပ်သစ်
မိုဒီသည် မေလ ၂၆ ရက်က ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အိန္ဒိယနိုင်ငံ၏
ကလနားစပ်နိုင်ငံတိုင်းမှ ခေါင်းဆောင်များကို ဖိတ်ကြားလျက်
သမိုင်းကဏ္ဍသစ်တစ်ခု ဖွင့်လိုက်သည်။
ဖိတ်ကြားခဲ့သောနိုင်ငံများတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး
တောင်အာရှအသင်း (အက်စ်အေအေ အာရ်စီ) နိုင်ငံများနှင့် အက်စ်အေအေအာရ်စီ
လေ့လာသူ မောရစ်ရှပ်စ်နိုင်ငံတို့ ပါဝင်သည်။ ပြည်ပ ရောက်
တိဗက်ဝန်ကြီးချုပ်ပင် ဖိတ်ကြားခံရပြီးြ
|
Posted: 04 Jun 2014 01:56 AM PDT
ရန်ကင်းမြို့နယ်ရှိ
စံပြ လေ့ကျင့်ရေး အလယ်တန်း (ရန် ကင်း၊ တီတီစီ) သို့ ၀င်ခွင့်ငြင်း
ပယ်ခံရသော ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ဝင် ခွင့်ပြုရန် ပညာရေး
ဝန်ကြီးဌာနက ညွှန်ကြားလိုက်သည်။
အဆိုပါကျောင်းတွင် မိ သားစုစဉ်ဆက် တက်ရောက်ခဲ့ သော အမျိုးသမီးတစ်ဦးက ၎င်း ၏
သမီး ကျောင်းအပ်နှံရာတွင် ၀န်ကြီးများ၏ လက်မှတ်မပါ၍ ငြင်းပယ်ခံခဲ့ရကြောင်း
ဖေ့စ်ဘွတ်ခ် တွင် ရင်ဖွင့်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနက အဆိုပါကျောင်းကို
|
Posted: 04 Jun 2014 01:51 AM PDT
ယခုပညာသင်နှစ်မှစ
တင်၍ အခြေခံပညာကျောင်းများ ၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်း များ၏
အတန်းတင်စာမေးပွဲများ ကို အစိုးရစစ်စနစ်သို့ ပြောင်း လဲ စစ်ဆေးသွားမည်ဖြစ်
ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာနသည် မူလတန်းမှ န၀မတန်းအထိ ကျောင်းတွင်းစစ်ဆေး၍ သတ္တမ
တန်းအထိ အအောင်ပေးသော စနစ်ကို ကျင့်သုံးနေပြီး ဒသမတန်းသို့ရောက်ရှိမှသာ
တက္ကသိုလ်ဝင် စာမေးပွဲအမည်ဖြင့် အစိုးရစစ် စနစ်ကို ကျင့်သုံးဆောင်ရွက်နေ
သည်။
‘‘
|
Posted: 04 Jun 2014 01:45 AM PDT
ဝါဝင်ခါ
နီးလာခြင်းကြောင့် အိမ်ငှားခဈေးနှုန်း များ ထက်ဝက် နီးပါး ဈေးနှုန်းမြင့်
တက် သွားသည်ဟု အိမ်ငှားဈေးကွက် မှ သိရသည်။
''ဝါဝင် မိုးကျတော့မယ် ဆိုတော့ အိမ်ပြင်ဆင် သင့်တာတွေ ပြင်ဖို့ အတွက် ဈေး
ပိုတောင်းတာပါ။ ဘယ်လောက်နှုန်းထား တက်လဲ ဆိုတာ ကတော့ လက် ရှိ ဈေးကွက်
ငှားရမ်းမှု ကို တွက်ချက်ပြီးတော့ တက်ဖြစ်တာပါ''ဟု ပုဇွန်တောင် မြို့နယ်မှ
အိမ်ငှား စားသူ ဒေါ်အုံးမြင့်က ပြောသည်။
အဆိုပါ ဈေးနှုန်းမြင့်တက်
|
Posted: 04 Jun 2014 01:43 AM PDT
တပ်မတော်သည်
နိုင်ငံတော်တည်ငြိမ်ရန် နှင့် တိုးတက်ရန်အတွက် အစိုးရအား အတတ်နိုင်ဆုံး
လုံခြုံရေးကို ဆောင်ရွက် ပေးနေခြင်းသာ ဖြစ်ပြီး နိုင်ငံရေးတွင်
ပါဝင်ပတ်သက်မူ မရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယ
ဝန်ကြီးဗိုလ်ချုပ် မောင်မောင်အုန်းက ပြောသည်။
ယခုပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး
စတုတ္တမြောက်နေ့ အစည်းအဝေးအပြီးတွင် မီဒီယာများအား ၎င်းက အထက်ပါအတိုင်း
ပြောကြားခြင်း ဖြစ်သည်။
''
|
Posted: 04 Jun 2014 01:37 AM PDT
ရန်ကုန်၊
ဇွန် ၃
ရန်ကင်းမြို့နယ် အမှတ် (၁၃) ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ ဇီးကွက်
ဟိန္ဒူဘုရားကျောင်းရှေ့တွင် ဇွန်လ ၃ ရက် နံနက် ၁ နာရီခွဲခန့်က အသက် ၃၀
အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့်
အသတ်ခံရကြောင်း ယင်းရပ်ကွက် နေသူများထံမှ စုံစမ်းသိရှိရသည်။
အမှတ် (၁၄) ရပ်ကွက် မိုးကောင်း ဘုရားလမ်းရှိ Blue Galaxy စားသောက်ဆိုင်မှ
အကြော်ဆရာ ဦးချစ်သဲမှာ ယင်းညက အဆိုပါလမ်းရှိ အခြားသော
|
Posted: 04 Jun 2014 01:36 AM PDT
ရန်ကုန်၊
ဇွန် ၃
၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ၂၀၁၄ ခုနှစ်
ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ရှိမည့်ရက်ကို အများပြည်သူ
သိရှိစေရန်အတွက် အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း တရားဝင် ထုတ်ပြန်မှုများ
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်း
|
Posted: 03 Jun 2014 07:17 PM PDT
ရန်ကုန်
ဇွန် ၃
ဇွန် ၂ ရက်ည ၁၂ နာရီခန့်ကဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရွှေနှင်းဆီလမ်း
အမှတ် ၂၂ ရှိ ဓနိမိုးထရံကာ၊ ပျဉ်ခင်းအိမ်ခန်း ငါးခန်းတွဲ မီးလောင်မှု
ဖြစ်ပွားခဲ့သည်။
လောင်စာအား ကောင်းမှုကြောင့် မီးလောင်ချိန်မိနစ် ၂၀ အတွင်းအိပ်ခန်း ငါးခန်း
စလုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။ မီးလောင်ရခြင်း အကြောင်းမှာ လျှပ်စစ်မီး
ပျက်စဉ် ဝါးထရံအနီးဖယောင်းတိုင်မီးထွန်း
|
Posted: 03 Jun 2014 05:34 PM PDT
ရှမ်းပြည်(မြောက်ပိုင်း) လား ရှိုးမြို့၊မြို့မရဲစခန်းနယ်ြေ
|
Posted: 03 Jun 2014 05:24 PM PDT
နေပြည်တော်၊
ဇွန် ၃
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး ဘုရားကြီး-ဘောနတ်ကြီးကားလမ်း၊
မိုင်တိုင်အမှတ်(၄/၅-၆)ကြား နတ်စင်ကွေ့တွင် ဘောနတ်ကြီးကျေးရွာမှ
ဘုရားကြီးမြို့ဘက်သို့ ပဲခူးမြို့နယ်၊ ထန်းတောကြီးကျေးရွာနေ
မောင်ဦး(၃၃)နှစ် မောင်းနှင်လာသည့် ၅င/xxxx နစ်ဆန်း ၆ ဘီးကုန်တင်ယာဉ်သည်
အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးသို့
|
Posted: 03 Jun 2014 03:40 PM PDT
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်
မဲဆောက်-မြ၀တီဘက်က တရား မ၀င် ကူးသန်း သွားလာတဲ့ ဂိတ်တွေကို
ပိတ်လိုက်တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အသွားအလာ
အခက်အခဲဖြစ်ပြီး ဖမ်းဆီး ခံရတာတွေလည်း ပိုများလာပါတယ်။
ဒီကနေ့မနက်ပိုင်းကပဲ မဲဆောက်မြို့ဘက်မှာ မြန်မာနိုင်ငံသား တရားမ၀င်
နေထိုင်သူ ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ တရားဝင် နေထိုင်လုပ်ကိုင်ခွင့်
သက်တမ်းကုန်သူတွေကို
|
0 comments:
Post a Comment