Friday, June 6, 2014

"တော်ကြပါပေတယ်"


လူ ၄ယောက် စကားပြောနေကြရင်း သူတို့နိုင်ငံက ဆေးပညာတိုးတက်မှုတွေကို ကြွားနေကြသတဲ့။
ဂျပန်က ကြွားတယ်... ...
"ငါတို့နိုင်ငံမှာ လူတစ်ယောက်ရဲ့ မကောင်းတဲ့ကျောက်ကပ်ကို အပြင်ထုတ် ဆေးကြောသန့်စင်ပြီး သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်တာ၊ ရက် ၄ ပတ်အတွင်း အဲဒီလူက အလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေပြီ"


အင်္ဂလိပ်က ကြွားတယ်... ...
"ငါတို့နိုင်ငံမှာ လူတစ်ယောက်ရဲ့ နှလုံးကို ဆွဲထုတ်ပြီး၊ နှလုံးအတုစက်ကို သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်တာ၊ ရက် ၃ပတ်အတွင်း အဲဒီလူက အလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေပြီ"
အမေရိကန်က ကြွားတယ်... ...
"ငါတို့နိုင်ငံမှာ လူတစ်ယောက်ရဲ့ အသည်းကို ဆွဲထုတ်ပြီး၊ မကောင်းတဲ့အပိုင်းကိုဖယ်လို့ သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်တာ၊ ရက် ၂ ပတ်အတွင်း အဲဒီလူက အလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေပြီ"
နောက်ဆုံး အသားညိုညို၊ မျက်နှာငယ်ငယ်နဲ့ လူကကြွားတယ်... ....
"ငါတို့နိုင်ငံမှာ လူတချို့ရဲ့ ဦးနှောက်တွေကို ထုတ်ပြီး၊ ပြန်ထည့်မပေးမိဘူးနဲ့ တူပါတယ်ကွာ၊ သူတို့ လူကြီးဖြစ်ပြီး၊ ရက် ၁ပတ်အတွင်းမှာ တစ်နိုင်ငံလုံး အလုပ်လိုက်ရှာနေရပြီ"
မှတ်ချက် ။ ။ နောက်ဆုံးလူ၏ နိုင်ငံအမည် ခန့်မှန်းခြင်း သည်းခံပါ၊ ကျနော်လည်း မသိပါ။
သန်၎ကို- ရမ်းဘာသာပြန်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...