Wednesday, June 4, 2014

ဟာကြူလီနဲ့ မြင်းလှည်းသမား

ဟာကြူလီနဲ့ မြင်းလှည်းသမား

တစ်ခါတော့ မြင်းလှည်းသမားတစ်ယောက်ဟာ ဈေးရောင်းပြီးတော့ သူ့ရွာကို ပြန်လာခဲ့တယ်။ တောလမ်းတစ်ခုအရောက်မှာတော့ လမ်းဟာ ရွံ့တွေဗွက်ထနေပြီးတော့ လမ်းပျက်နေတယ်။

မြင်းလှည်းက မောင်းလာရင်းနဲ့ အဲဒီလမ်းအရောက်မှာ ဗွက်ထဲကို နစ်နေသတဲ့။ မြင်းကို အားစိုက်မောင်းခိုင်းလဲ တဖြည်းဖြည်းနဲ့ နစ်နစ်လာတယ်။ မြင်းလှည်းသမားလဲ ကြံရာမရဖြစ်ပြီးတော့ လှည်းပေါ်က ဆင်းလိုက်တယ်။

အဲဒီအချိန်မှာပဲ လမ်းလျှောက်လာတဲ့ ဟာကြူလီကို တွေ့လိုက်တယ်။ မြင်းလှည်းသမားလဲ ၀မ်းသာသွားပြီး ဟာကြူလီကို သူ့လှည်းကို တွန်းပေးဖို့ပြောတယ်။ ဒါပေမယ့် ဟာကြူလီက ငြင်းလိုက်တယ်။ ကိုယ့်လှည်းကို ကိုယ့်ဖာသာကိုယ်တွန်းပေါ့ ခင်ဗျား နေရာတိုင်းမှာ ကျုပ်ရှိနေမှာ မဟုတ်ဘူး။ ပြီးတော့ ဟာကြူလီက မြင်းလှည်းသမားကို ဘီးနားကို ကပ်ခိုင်းတယ်။ မြင်းလှည်းသမားရဲ့ ပုခုံးနဲ့ ဘိးကိုတွန်းစေတယ်။ သူက နည်းလမ်းတွေလဲ ပြောပြလိုက်တယ်။ သိပ်မကြာခင်မှာပဲ မြင်းလှည်းဟာ ရွံ့ထဲကနေလွတ်သွားတယ်။

မြင်းလှည်းသမားလဲ " တွေ့လား ကျုပ်တစ်ယောက်ထဲလဲ တွန်းနိုင်ပြီ " ဆိုပြီး လှည့်အပြောမှာတော့ ဟာကြူလီလဲ ပျောက်ကွယ်သွားတော့တယ်။

မောင်စိုင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...