သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၆)
သစ်ထူးလွင် |
- မဟာသန္တိသုခကျောင်း ဆရာတော်များနှင့် လူပုဂ္ဂိုလ်များကို အရေးယူမည်
- အဝေးသင်တက္ကသိုလ် နောက်ကျကျောင်းအပ်နှံသူများကို ဇွန်လ ၂၀ ရက်နေ့အထိ ပြန်လက်ခံ
- မျိုးစောင့်ဥပဒေ ကန့်ကွက်သည့် အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီကြာတွေ့ဆုံ
- ချင်းမိုင်တွင် တရားမ၀င်အလုပ်သမားများ ဖမ်းဆီးခံရ
- ထိုင်းတွင် ဆောက်လက်စ တိုက်နံရံပြိုကျ ၊ မြန်မာအလုပ်သမား ၃ ဦး သေဆုံး
- မကွေးမြို့တွင် မြေးက အဘွားကိုသတ်၍ ဝတ်ဆင်ထားသောရွှေထည်များ ချွတ်ယူသွား
- ရခိုင်ပြည်နယ် ဂွမြို့တွင် အပူချိန်မြင့်မားမှုကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပေါ်
- စဥ့်ကူး လယ်သမား ၈၀၀ ခန့် ၆ ရက်မြောက် ထွန်တုံးတိုက်ပွဲဆင်နွှဲ
- အိမ်ခြေရာခြေမဲ့များအတွက် ပြည်သူ့အိမ်ရာစီမံကိန်း ဖော်ဆောင်မည်
- မင်းဘူးမြို့နယ် သံဃမဟာနာယကအဖွဲ့ တားမြစ်သော်လည်း ဒယ်အိုး ဆရာတော် ဥူးသုမင်္ဂလ တရားပွဲ ဆက်လက်ကျင်းပခဲ့
- တရုတ်ရဲမေများကို ရန်ကုန် စားသောက်ဆိုင်အချို့တွင် စားပွဲထိုး အသွင်ဖြင့်တွေ့နေရ
- လှိုင်သာယာတွင် အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသေဆုံးမှု ထပ်မံဖြစ်ပွား
- မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်း ၂ ဆကျော် ခုန်တက်
- ကမ္ဘာ့အသက်အကြီးဆုံး ဘိုလီးဗီးယား အမျိုးသား ကွယ်လွန်
- လမ်းလျှောက်နေသူ အမျိုးသမီး၏ ငွေအိတ်အား လုယူထွက်ပြေးသူကို ဖမ်းဆီးရမိ
- အဆိပ်ချ ငါးဖမ်းဆီးမှုများကြောင့် ဆွာချောင်းရိုးတစ်လျှောက် ငါးပြုန်းတီးလာ
- မြို့သစ်မြို့နယ်အတွင်း လေယာဉ်ပျက်ကျမှုဖြစ်ပွား
- ပြည်တော်ပြန်ခွင့်မရသေးတဲ့ ပြည်တော်ပြန်များ
- ဇွန် ၁၃ ရက် နောက်ဆုံးထား ထွက်ခွာရန် ကျောက်တူးသမားများကို အမိန့်ထုတ်
- မဟာသန္တိသုခကျောင်း ဝေယျာဝစ္စဆောင်ရွက်သူ ၃၂ ဦးကို ပြန်လွှတ်
- တပ်မတော် အရာရှိနှင့် တပ်ဖွဲ့ဝင်များကို တရားစွဲမှု ပလပ်ခံရ
- သတ္တမတန်းကျောင်းသူ ကားနှင့်ချိတ်ပါသေဆုံးမှု ရဲနှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်
- မကွေးတွင် တိုက်လေယာဉ်တစ်စီး လေ့ကျင့်နေစဉ် ပျက်ကျ
- ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု
- မဟာသန္တိသုခကျောင်းကို ချိပ်ပိတ်ဖို့ အမိန့်ထုတ်
Posted: 11 Jun 2014 07:18 AM PDT
ချိပ်ပိတ်ခံထားရတဲ့
မဟာသန္တိသုခကျောင်းမှာ သတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ ဝေယျာဝစ္ဓ
ဆောင်ရွက်သူလူပုဂ္ဂိုလ်တွေကို လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ အရေးယူသွား
မယ်လို့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီကနေ့ မနက် ကမ္ဘာအေးဘုရားအနီး
သာသနာရေးရုံးမှာ ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံ ရှင်းလင်းပွဲမှာ
ပြောကြားလိုက်ပါတယ်။
ပီနန်ဆရာတော်ဘုရားကြီးရဲ့ တပည့်သံဃာတော်တွေ သတင်းသုံးနေတဲ့
ရန်ကုန်တိုင်း တာမွေမြို့နယ်
|
Posted: 11 Jun 2014 07:15 AM PDT
ရန်ကုန်၊
ဇွန် ၁၀
ရန်ကုန်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့တွင် သတ်မှတ်ထားသော ကျောင်းအပ်ရက်
ကျော်လွန်သွားသူ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို အကြောင်းပြချက်
ခိုင်လုံပါက ယခုပညာသင်နှစ်အတွက် ပြန်လည် လက်ခံပေးရန် စီစဉ်ထားပြီး ဇွန်လ ၂၀
ရက်နေ့ နောက်ဆုံးထား ကျောင်းအပ်ရမည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာ လှတင့်က The Voice သို့ ပြောကြားသည်။
ကျောင်းအပ်နှံရက် ကျော်လွန်သွားသူများ
|
Posted: 11 Jun 2014 07:11 AM PDT
နေပြည်တော်၊
မဇ္ဈိမ။ ။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်
အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့် ဥပဒေ
လေးမျိုးကို ကန့်ကွက်လှုရှားသည့် အဖွဲ့များမှ ကိုယ်စားလှယ်များက ဇွန်
၁၁ရက်တွင် လွှတ်တော် အဆောက်အဦ အတွင်းရှိ အိုင် ၁၂တွင် နှစ်နာရီကြာ
တွေ့ဆုံဆွေးနွေးခဲ့သည်။
"မျိုးစောင့်ဥပဒေ အပိုင်းလေးပိုင်းလုံးဆိုရင် ဥပဒေက မလိုအပ်ပါဘူး၊
အကျိုးရှိမယ်ဆိုတာထက် အကျိုးမရှိပိုများတယ်
|
Posted: 11 Jun 2014 07:05 AM PDT
ထိုင်းနိုင်ငံမြောက်ပိုင်း
ချင်းမိုင်မြို့ထဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး တရားမ၀င်
အလုပ်သမားတွေ ၀င်ရောက်ရှာဖွေကာ ကျူးကျော်ရပ်ကွက်က နေအိမ် ၉ လုံးကိုလည်း
ဖျက်ဆီးသွားပါတယ်။
ချင်းမိုင်မြို့ ၀ပ်ပါပေါဝ့် ရှမ်းဘုန်းကြီးကျောင်းနဲ့တကွ
ကျောင်းတိုက်အနောက်က လူနေအိမ်ခြေနဲ့ အလုပ်သမားတန်းလျားတွေကို ထိုင်းနဲ့
စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ ၀င်ရောက် စစ်ဆေးသွားတာ ဖြစ်ပါတယ်။
အင်အား
|
Posted: 11 Jun 2014 07:04 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း
ဖူးကက်ကျွန်းစု ဖူးကက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဇွန်လ ၁၀ ရက်
ညနေ ၄ နာရီက ဆောက်လက်စ ကွန်ကရစ်နံရံပြိုကျပြီး မြန်မာအလုပ်သမားအမျိုးသမီး ၃
ဦး အခင်းဖြစ်နေရာမှာ သေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်လို့
ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။
ဖူးကက်မြို့ ၀ိချစ်ရပ်ကွက် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်း ခွင်မှာ
မတော်တဆထိခိုက်မှု ရှိကြောင်း သတင်းပေးပို့ချက်အရ
|
Posted: 11 Jun 2014 05:27 AM PDT
မကွေးလှမြင့်
၊ မကွေး၊ ဇွန် ၆
မကွေးမြို့ ရန်အောင်ရပ် ကွက် ၁၄ လမ်း အိမ်အမှတ် ၃၅၈ တွင် အသက် ၇၃ နှစ်ရှိ
အဘွားအိုတစ်ဦးအား ဓားဖြင့်ထိုးသတ်ကာ ဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းများအား
ချွတ်ယူသွားသည့် ဖြစ်ရပ် ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ် က
ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့ ရန်အောင် ရပ် ၁၄ လမ်း၊ အိမ်အမှတ် ၃၅၈ နေ ဒေါ် လုံးတင်
၇၃ နှစ်သည် တစ်ဦးတည်းရှိစဉ် မွန်းလွဲ ၁ နာရီခန့်တွင် သမက်ဖြစ်သူ ကိုနေ
|
Posted: 11 Jun 2014 05:22 AM PDT
ဂွ၊
ဇွန် ၁၀- ရခိုင်ပြည်နယ်၊ ဂွမြို့ တွင် ရာသီဥတုအပူချိန်မြင့်မားမှု ကြောင့်
အပူဝမ်းလျှောခြင်းရောဂါများ ဖြစ် ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသအတွင်းထိုသို့အပူဝမ်း လျှောခြင်းရောဂါမှာ မေလလယ်ဝန်း ကျင်ခန့်မှ
စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဆက်လက်
ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံတို့ ကဆိုသည်။
''ဝမ်းသွားတာက နှစ်ရက်သုံး ရက်လောက်ပါပဲ။ ဒါပေမဲ့ လူကနာ ကျန်ခဲ့တယ်။
ဝမ်းသွားနေတဲ့အချိန်မှာ
|
Posted: 11 Jun 2014 05:08 AM PDT
မန္တလေးတိုင်းဒေသကြီး
စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာက လယ်သမား ၈၀၀ လောက်က သိမ်းဆည်းခံ
လယ်မြေတွေပြန်ရရေး သီတင်းတပတ်နီးပါးကြာ ထွန်တုံး တိုက်ပွဲဆင်နွဲပြီး
တောင်းဆိုနေပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၆ ရက်နေ့ကစပြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ
လယ်သမား ၈၀၀ လောက်က ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့တာ ဒီကနေ့ ၆
ရက်မြောက်ရှိပါပြီ။
ညောင်ဝန်းကျေးရွာဒေသက လယ်ယာမြေဧက ၃ ထောင်ကျော်ကို ဂရိတ်ဝေါကုမ္ပဏီရဲ့
အကျိုးတူ
|
Posted: 11 Jun 2014 05:06 AM PDT
ကျုးကျော်တွေနဲ့ မြေရာမဲ့သူတွေနေထိုင်ဖို့ ၂၀၁၅ ခုနှစ်မကုန်ခင် တနိုင်ငံလုံးရှိ မြို့ကြီး ၅၆ မြို့မှာ ပြည်သူ့အိမ်ရာစီမံကိန်းရေးဆွဲ
|
Posted: 11 Jun 2014 05:04 AM PDT
မင်းဘူးမြို့နယ်တွင်
ကျင်းပမည့် ဆရာတော် ဥူးသုမင်္ဂလ တရားပွဲအား နယ်လှည့် ဓမ္မကထိက ဆရာတော်၏
အင်္ဂါရပ်များဖြင့် မညီညွတ်ဟုဆိုကာ မင်းဘူးမြို့နယ် သံဃမဟာနာယက အဖွဲ့မှ
တားမြစ်ခဲ့ကြောင်း မြို့နယ် သသာနာရေး ဦးစီးအရာရှိ ဦးကျော်ဆွေက
Tomorrowသို့ ပြောသည်။
“တားတာဆီးတာတွေ မလုပ်ပါဘူး အင်္ဂါရပ်တွေနဲ့ မညီညွတ်တဲ့ အတွက်ကြောင့်
ဒီတရားပွဲကို မလုပ်သင့်ဘူးလို့ နူးညံသိမ်မွေ့စွာ ပြောခဲ့ပါတယ်၊ ဒါပေမယ့်
ဂရုမစိုက်ပါဘူး ဆက်ပြီးေ
|
Posted: 11 Jun 2014 05:01 AM PDT
တရုတ်ပြည်သူ့
သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ရဲမေအချို့ကို
ရန်ကုန်ရှိ စားသောက်ဆိုင်ကြီးများ၌ ညပိုင်းတွင် စားပွဲထိုးများ အသွင်ဖြင့်
သုံးယောက်တစ်တွဲ တာဝန် ထမ်းဆောင်နေသည်ကို မြင်တွေ့နေရကြောင်း သိရသည်။
အဆိုပါ တရုတ်ရဲမေများသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နိုင်ငံခြား ဘာသာ
တက္ကသိုလ်တွင် မြန်မာ ဘာသာနှင့် စကားလာရောက် သင်ကြားနေသည့် သူများ
ဖြစ်ကြောင်း လက်ရှိတွင် တရုတ် ရဲမေ ၂၉ ဦးသည်
|
Posted: 11 Jun 2014 04:12 AM PDT
အုပ်စုဖွဲ့ရိုက်နှက်ကာ
ဓားဖြင့်ထိုးသဖြင့် အသက်(၂၀) ကျော်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည့်
ဖြစ်စဉ်တစ်ခု လှိုင်သာယာမြို့နယ်အတွင်း ထပ်မံဖြစ်ပွားခဲ့သည်ဟု
လှိုင်သာယာမြို့နယ် ရဲစခန်းမှတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် မေလဒုတိယပတ်အတွင်းကလည်း လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်
ကယ်ရီမောင်းနှင်သူများ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက်လေးဆယ်ကျော်
အမျိုးသားတစ်ဦး သေဆုံးခဲ့သည့်ြ
|
Posted: 11 Jun 2014 03:41 AM PDT
ပြီးခဲ့တဲ့
လပိုင်းအထိ ၁ ပိဿ ကျပ် ၂၆၀၀ ၀န်းကျင်ရှိခဲ့တဲ့ မီးဖိုချောင်သုံး
ဂက်စ်အရည် Liquid Petroleum Gas- LPG ဈေးနှုန်းဟာ ကျပ် ၆၅၀၀ အထက်အထိ နှစ်ဆ
ကျော် မြင့်တက်သွားပြီး ရောင်းစရာ ဂက်စ်လည်း မရှိတဲ့အတွက် တချို့ဆိုင်တွေ
ပိတ်ထားရတယ်လို့ အာကာမိုး ဂက်စ်အရောင်းဆိုင်က ဒီဗွီဘီကို ပြောပါတယ်။
ခုလို ဖြစ်ရတာဟာ ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီး ထိုင်းဘက်က
ဂက်စ် တွေ ၀င်မလာတာကြောင့် ပစ္စည်းပြတ်ပြီး
|
Posted: 11 Jun 2014 03:39 AM PDT
အစီရင်ခံထားတဲ့
အသက်အရ ကမ္ဘာ့ အသက်အကြီးဆုံးဖြစ်တဲ့ အသက် ၁၂၃ နှစ်အရွယ် ဘိုလီးဗီးယား
တိုင်းရင်းသား အမျိုးသားတဦးဟာ တီတီကာကာ အိုင်ကြီးနားက သူ့ရွာမှာ
ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က သေဆုံးခဲ့တယ်လို့ သူရဲ့ တဦးတည်းသော
အသက်ရှင်ကျန်ရစ်တဲ့ သားက ပြောပါတယ်။
အိုင်မာရာမျိုးနွယ်စု အင်းဒီးယန်းတိုင်းရင်းသား ကာမဲလို ဖလောရဲ့စ်ဟာ
နာတာရှည် မကျန်းမမာ ဖြစ်ပြီး အိပ်ပျော်နေစဉ် သေဆုံးတာလို့ သူ့သားက
ဆိုပါတယ်။
|
Posted: 11 Jun 2014 03:37 AM PDT
ရန်ကုန်၊
ဇွန် ၁၁
၁၀.၆.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် မဇင်မာလင်းသည် ရိုးမဘဏ်တံဆိပ်ပါ
ကြွပ်ကြွပ်အိတ် အတွင်းငွေကျပ် (၁၀)သိန်း ထည့်ကာ
မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ငုဝါလမ်း
အတိုင်းလမ်းလျှောက်နေစဉ် ၎င်း၏လက်တွင်ဆွဲလာသော ငွေအိတ်အား အမျိုးသားတစ်ဦးမှ
လုယူထွက်ပြေးသွားခဲ့ ပါသည်။
ထိုသို့လုယူထွက်ပြေးသွားသူကို ပတ်ဝန်းကျင်ရှိပြည်သူများနှင့်
ဘုရင့်နောင်ရဲစခန်းမှလှည့်ကင်း
|
Posted: 11 Jun 2014 03:30 AM PDT
ရေတာရှည်၊
ဇွန် ၁၁
သားငါးကဏ္ဍသည် နေ့စဉ်ပြည်သူများ စားသုံးသည့် ဟင်းလျာများတွင်
အဓိကပါဝင်လျှက်ရှိပြီး ရေတာရှည်မြို့နယ်တွင် အနောက်မှ
အရှေ့သို့စီးဆင်းနေသော ဆွာချောင်းသည် ဒေသတွင်း ငါးရှာသူများအတွက်
အားထားရသည့် နေရာလည်းဖြစ်သည်။
ယခုနောက်ပိုင်း ကာလများ၌ ငါးဖမ်းရာတွင် ပိုက်ကွန်ကို အသုံးပြုသူနည်းလာပြီး
ရှောခ့်တိုက်ဖမ်းဆီးခြင်း၊ အဆိပ်ချ ငါးဖမ်းဆီးခြင်းတို့ကြောင့်
ငါးမျိုးများစွာ ပြုန်းတီးသွားပြီဖြစ်ကြောင်းေ
|
Posted: 11 Jun 2014 03:29 AM PDT
မကွေး
ဇွန် ၁၁
မကွေးခရိုင်၊ မြို့သစ်မြို့အနီး ယောင်းမငရွာ အနောက်ဘက် တောင်သူ
ဦးစောမောင်၏ ယာခင်း အတွင်းသို့ မကွေးတိုင်းလေတပ်ဌာန ချုပ်မှ
လေ့ကျင့်လေယာဉ်တစ်စီး ယနေ့နံနက်(၈း၃၀) အချိန်က ပျက်ကျမှုဖြစ်ပွားခဲ့သည်။
ယင်းလေယာဉ်မှာ မကွေး လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကျော်ဇင်သန့်နှင့်
ဗိုလ်ကြီး လှိုင်မြင့်တို့က လေ့ကျင့်မောင်းနှင်နေစဉ် လေယာဉ် မီးလောင်၍
ယောင်းမငရွာ အနောက်ဘက် တောင်သူ ဦးစောမောင်၏ ယာခင်းအတွင်းသို့
|
Posted: 11 Jun 2014 03:23 AM PDT
ခေါင်းစဉ်ကိုဖတ်ပြီး နားရှုတ်မသွားပါနဲ့။ ၂၈ ရက်စာ Social Visa နဲ့
အလည်သဘောသာပြန်ခွင့်ရနေ သေးတဲ့ ပြည်တော်ပြန်တွေ
မြန်မာနိုင်ငံအတွင်းရက်ရှည်နေထု
|
Posted: 11 Jun 2014 03:20 AM PDT
ကချင်ပြည်နယ်
ဖားကန့်ဒေသမှာ ရေမဆေး ကျောက် ကောက်သူတွေနဲ့ တနိုင်တပိုင် ကျောက်တူး
သမားတွေအနေနဲ့ လာမယ့် ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ကျောက်လုပ်ကွက်
တွေကနေ ထွက်ခွာဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။
လုံးခင်း၊ ကုဋေမော်၊ လေးအိမ်စု၊ မော်ဆီဇာ၊ ဆိုင်းတောင်၊ ကရင်ချောင်း၊
ဆိတ်မူ အစရှိတဲ့ နေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က
သတိပေးဆိုင်းဘုတ်တွေ ကပ်ထားပြီး ညွှန်ကြားချက်လိုက်မနာရင် တရားဥပဒေအရ
|
Posted: 11 Jun 2014 03:15 AM PDT
ဒီနေ့မနက်
၁ နာရီက တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ မဟာသန္တိသုခကျောင်းက
ဝေယျာဝစ္စဆောင်ရွက်တဲ့ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦးတို့ကို
တာမွေရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပြီး မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်
လွှတ်ပေးလိုက်တယ်လို့ တာမွေရဲစခန်း တွဲဖက်တာဝန်မှူးထွန်းအောင်က ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ ခြံဝင်းအတွင်းနဲ့ အပြင်တွေမှာ လုံခြုံရေးတွေနဲ့
ရဲကား ၂ စီးလောက် ချထားပါတယ်။
By ဒီဗွီဘီ
|
Posted: 11 Jun 2014 03:07 AM PDT
ဟင်္သာတ၊
ဇွန် ၁၀
အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ ရေဖြူစမ်းကွင်းတွင် တောင်သူများ
စိုက်ပျိုးထားသည့် သီးနှံများနှင့် ခြံစည်းရိုးများကို မီးရှို့
ဖျက်ဆီးခဲ့သည့် အမှတ် (၅) တပ်မတော် တန်းမြင့်ကျောင်းက ဗိုလ်မှူးအဆင့်
အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၂၀ ကို ယင်းမြို့နယ် တရားရုံး၌ မေလ ၂၈
ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့ရာ ပလပ်ခံခဲ့ရကြောင်း တောင်သူ
အဖွဲ့ခေါင်းဆောင် ဦးသန်းဌေးက ပြောကြားသည်။
တောင်သူများ
|
Posted: 11 Jun 2014 03:04 AM PDT
မန္တလေး၊
ဇွန် ၁၀
စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသော
မန္တလေးမြို့တော်တွင် ဇွန်လ ၉ ရက်နေ့ ည ၉ နာရီကျော်ခန့်က ၆၂ လမ်းပေါ်ရှိ
ခုတင် ၃၀၀ ဆံ့ အထူးကု ဆေးရုံကြီးရှေ့၌ မြောက်မှတောင်သို့ အရှိန်ပြင်းစွာ
မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးသည် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ပြီး
မောင်းနှင် ထွက်ပြေးစဉ် ဆိုင်ကယ်ပေါ်မှ သတ္တမတန်း ကျောင်းသူမှာ ယင်းကားနှင့်
ချိတ်ပါသွားကာ ပွဲချင်းပြီးေ
|
Posted: 11 Jun 2014 02:59 AM PDT
M29
တပ်မတော် တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေး ပြုလုပ်နေစဉ် မကွေးတိုင်း ဒေသကြီး
မြို့သစ်မြို့နယ် အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ နင်းကြမ်းကျေးရွာ
အနီးရှိ ယာခင်းထဲသို့ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီကျော်တွင်
ပျက်ကျသွားကြောင်း သတင်းရရှိသည်။
လေယာဉ်မှာ ပျက်စီးသွား ခဲ့သော်လည်း လေယာဉ်ပေါ်လိုက်ပါလာသော
ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့် အရာရှိနှစ်ဦးမှာ လေထီးဖြင့်
ခုန်ချလွတ်မြောက်သွားပြီး ထိခိုက်ဒဏ်ရာ
|
Posted: 11 Jun 2014 02:55 AM PDT
ရန်ကုန်-
အမျိုးသားလွှတ်တော်တွင် လာမည့် ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြု
ရွေးကောက်ပွဲ (PR)စနစ် ပြောင်းလဲကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်အား
တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှ
|
Posted: 10 Jun 2014 08:51 PM PDT
ရန်ကုန်မြို့
တာမွေမြို့နယ်တွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာသန္တိသုခကျောင်းကို
တိုင်းသံဃနာယကအဖွဲ့ ညွှန်ကြားချက်နဲ့ အာဏာပိုင်တွေက ချိပ်ပိတ်ဖို့
အင်္ဂါနေ့ညက အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒီကျောင်းဟာ နအဖ အစိုးရ လက်ထက်တုန်းက ပီနန် ဆရာတော်ကြီး ဦးပညာဝံသကို
လှူဒါန်းထားတဲ့ ကျောင်းလို့ သိရပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာတော့
ဂေါပကအဖွဲ့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။
ကျောင်းပြင်ပမှာ လုံထိန်း
|
0 comments:
Post a Comment