Thursday, August 15, 2013

Health Updates Journal မှ သိမှတ်ဖွယ်ရာများ

Health Updates Journal's photo.

  • Health Updates Journal
    Vol.2, No.31
    မျက်နှာပုံစံနှင့် စိတ်ထားများ
    မျက်နှာဝိုင်းသူများ
    စိတ်ခံစားရလွယ်သူများ ဖြစ်ပြီး ဆတ်ဆတ်ထိမခံတတ်သူများဖြစ်ကြ သည်။ စိုးရိမ်ကြောင့်ကျမှုကြီးပြီး သစ္စာရှိရှိနှင့် မိမိတို့မိတ်ဖက်ကိုလည်း ရှည်ကြာစွာပေါင်း ဖော်တတ်ကြသူ များဖြစ်သည်။


    မျက်နှာရှည်သူများ
    အလုပ်ကို လက်တွေ့ကျကျ နည်းစနစ်ကျကျလုပ်တတ်ပြီး အလုပ် ကို မနားမနေလုပ်တတ်သူများဖြစ် သည်။ များသောအားဖြင့် အားကစား သမားများဖြစ်ကြပြီး အချို့က အတ္တ ပေမဝါဒရှိသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ ဆက်ဆံရေး၌ ပြသနာရှိ တတ်သူများ ဖြစ်သည်။

    မျက်နှာလေးထောင့်ကျသူများ
    ရန်လိုတတ်ခြင်း၊ ရည်ရွယ် ချက်ကြီးမားခြင်း သို့မဟုတ် ဗိုလ်ကျ တတ်သောသူများ ဖြစ်သည်။ သူတို့ က ထက်မြက်ပြီး ပိုင်းခြားစိတ်ဖြာ တတ်သောစိတ်၊ အဆုံးအဖြတ်ပေး တတ်သော အရည်အချင်းရှိသူများ ဖြစ်ကြသည်။

    မျက်နှာချွန်သူများ
    (တြိဂံပုံမျက်နှာ)ရှိသူများ
    ဤမျက်နှာရှင်များတွင် များ သောအားဖြင့် ပိန်သောခန္ဓာကိုယ်ရှိ ကြသည်။ ဥာဏ်ကောင်းပြီး စည်းရုံး ရေးကောင်းသူများဖြစ်ကြသည်။ တီ ထွင်ကြံဆတတ်ပြီး သိမ်မွေ့နူးညံ့ သယောင်ရှိသော်လည်း ပင်ကိုယ် စိတ်က ဒေါသထွက်တတ်ကြသည်။

    ဒေါန
Health Updates Journal
Media/News/Publishing · 24,671 likes
Health Updates Journal
Vol.2, No.31
ကော်ဖီသောက်သုံးသူများတွင် ကိုယ့်ကိုကိုယ်သတ်သေနှုန်း ထက်ဝက်လျော့နည်း

အမျိုးသားများရော အမျိုးသမီးများပါ မိမိကိုယ်ကို သတ်သေမှု (suicide)နှုန်း ကျဆင်းစေခြင်းကို ကော်ဖီမှာ တွေ့ရှိခဲ့ကြောင်း ဟားဗတ်တက္ကသိုလ်မှ သုတေသနတစ် ရပ်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအကြီးစားသုံးခုကရတဲ့ အချက်အလက်တွေကို သုံးသပ်ပြီးနောက်မှာ ဟားဗတ်ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်ဟာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ကဖင်းဓာတ်ပါဝင်နေတဲ့ ကော်ဖီကို တစ်နေ့ကို နှစ်ခွက်ကနေ သုံးခွက် သောက်သုံးပေးသူတွေဟာ ကော်ဖီ မသောက်သုံးသူတွေထက်စာရင် suicide လုပ်တဲ့နှုန်း ၅၀%လျော့နည်း တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံသား နှစ်သိန်းကျော်ကို ၁၆နှစ်ကြာ စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး အခုလိုရလဒ်ကို ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ဒီလေ့လာမှုဟာ ကော်ဖီသောက်သုံးသူတွေမှာ suicide လုပ်တဲ့ နှုန်းလျော့နည်းတယ်လို့ပဲ ဆိုလိုတာဖြစ်ပြီး ကော်ဖီမ သောက်ရင် မိမိကိုယ်ကို သတ်သေနိုင်ချေများ တယ်လို့ ဆိုလိုတာမဟုတ်ကြောင်းကိုလည်း ဟားဗတ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ သုတေသီတွေက ပြော ကြားထားပါတယ်။
အမျိုးသမီးတွေမှာ ကော်ဖီ သောက်သုံးသူများဟာ မသောက်သူများထက် စိတ်ကျဝေဒနာဖြစ်ပွားမှုနှုန်း ၁၅% လျော့ကျတယ်ဆိုတာကိုလည်း အခုလေ့လာမှုမှာ တွေ့ရှိခဲ့ ပါတယ်။ လေ့လာမှုမှာ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီကို အထူးပြုလေ့လာခဲ့ပြီး ကဖင်းဓာတ်က suicideအပေါ်ကို သက်ရောက်မှုရှိမရှိကို ဆက်လက်လေ့လာနေပါတယ်။
အခုသုတေသနကို World Journal of Biological Psychiatry မှ ဖော်ပြထားတာ ဖြစ်ပါတယ်။
ငြိမ်းအေး
ref: ANI
Media/News/Publishing · 24,671 likes
Health Updates Journal
Vol.2, No.31
မြက်ခင်းနှင့်သဲပေါ်တွင် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်း၏ ကျန်းမာရေး အကျိုးထူး

နံနက်ပိုင်းကလေးမှာ မြက်ခင်းစိမ်းပေါ်၌ ဖိနပ် မပါဘဲ လမ်းလျှောက်ခြင်း၊ သဲပေါ်တွင် လမ်းလျှောက်ခြင်း သည် ကျန်းမာစေခြင်း၏ တစိတ်တဒေသဖြစ်ပါသည်။ အထူးသဖြင့် နွေရာသီနံနက်ပိုင်းကလေးတွင် လမ်း လျှောက်ခြင်းသည် ကျန်းမာခြင်းအတွက် အကျိုးထူးကို ရစေသည်။ ဤသို့လမ်းလျှောက်ခြင်းသည် အလုံးစုံ သောကျန်းမာရေးဆိုင်ရာ အချက်များဖြစ်သည့် နှလုံးသွေး ကြောများလုပ်ငန်းစဉ်၊ မျက်လုံး၏အမြင်အာရုံ၊ စိတ်၏ကျန်းမာခြင်း၊ အာရုံကြောစနစ်များအတွက်အကျိုး ဖြစ်စေ သည်။ ထို့အပြင် သွေးလှည့်ပတ်မှုအဆင့်ကိုလည်း တိုး တက်စေပြီး ခြေထောက်၏ကြွက်သားများထဲတွင် သွေး လှည့်ပတ်မှုကိုကောင်းမွန်စေသည်။
တနည်းအားဖြင့် စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုများ၊ စိတ်ဓာတ် ကျခြင်းတို့ကို သက်သာစေသည်။ သဲပေါ်တွင် ဖိနပ်မပါဘဲ လမ်းလျှောက်သည့်အခါ သဲပွင့်များက ခြေ ထောက်ကြွက်သားများကို တက်ကြွစေပြီး ဖိစီးမှုကို ပြေ ပျောက်စေသည်။ မကောင်းသည့်အတွေး များကို မဖြစ် စေဘဲ စိတ်ကြည်လင်မှုကို ရရှိစေသည်။နံနက်တိုင်း မြက်ခင်းစိမ်းပေါ်တွင် လမ်းလျှောက်သည့်အကျင့်က မျက်လုံး၏အမြင်အာရုံကို ကြည်လင်စေသည်။ မြက်ခင်း ၏အစိမ်းရောင်က မျက်ကြောများတင်းခြင်းကို ပြေလျော့ စေသည်။ ညဘက် အိပ်မပျော်ခြင်းကိုလည်း သက်သာ စေပြီး နုပျိုလန်းဆန်းစေသဖြင့် မြက်ခင်းစိမ်းတွင် လမ်း လျှောက်ခြင်းသည် အ ကျိုးထူးသည့်လေ့ကျင့်ခန်းတစ်မျိုး ဖြစ်သည်။
HT

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...