Thursday, August 15, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၈)

သစ်ထူးလွင်



Posted: 15 Aug 2013 07:15 AM PDT

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်နေ ဒေါ်မြင့်မြင့်သည် နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူ ရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့ စကားများ ရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန် ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည် နေရာချထားရေး ရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 07:04 AM PDT

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၅၈ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ကရ၀ိတ်နန်းတော် ၀င်ပေါက်အနီးရှိ ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ရေသန့်စင်စက်အား ၁ဃ/---- ဟာရီယာနံ့သာရောင် ယာဉ်မှ နောက်ဆုတ်စဉ် အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီး မောင်းနှင်ထွက်ပြေး သွားကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 06:46 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://2.bp.blogspot.com/-bdlgomgsvzy/ugzbhmuk7ni/... more info...
http://2.bp.blogspot.com/-kvlv5ftgag4/ugztqbxrpki/... more info...
http://2.bp.blogspot.com/-qnedtkynjkc/ugzr4ybyesi/... more info...
http://2.bp.blogspot.com/-y0iav0onxj4/ugynw1nh5yi/... more info...
http://2.bp.blogspot.com/-dphnxs1ippc/ugxffekqixi/... more info...

မုံရွာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ဥဒဟို သွားလာလျက်ရှိသော ကျောက္ကာ လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်ကြီးများ မ၀င်ရဟု ဆိုသော်လည်း ၁၂ ဘီးတပ်ဆင်ထားရှိပြီး ယာဉ်နံပါတ်တပ်ဆင်ထား ခြင်းမရှိ သော လောင်စာဆီ သယ်ယာဉ်ကြီးများ လွတ်လပ်စွာ ဖြတ်သန်း သွားလျက်ရှိနေ သည့်အတွက် ယာဉ်တိုက်မှုတစ်စုံ တစ်ရာဖြစ်ပွား ပေါ်ပေါက်လာပါက ယာဉ်နံပါတ်မှတ်သားရန် အလွန်ခက်ခဲ လျက်ရှိကြောင်း စီးပွားရေး တက္ကသိုလ် ကျောင်းသား တစ်ဦးမှ ပြောပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 06:39 AM PDT
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရှိ အောင်မင်္ဂလာပရိယတ္တိ ဘုန်းကြီးကျောင်းတွင် အစ္စလာမ်ဘာ သာဝင်ငါးဦးကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနား ကျင်း ပခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ အဆိုပါ ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင်ဆရာ တော် ဦးရေဝတဦးစီးပြီး ရပ် စောက်မြို့မှ အစ္စလာမ်ဘာသာ ဝင်များဖြစ်ကြသည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း ဝင်ရောက်လာသည့် 
မိသားစုဝင်များကို သြဂုတ် ၁၄ ရက်နေ့ကတွေ့ရစဉ်။
Posted: 15 Aug 2013 06:25 AM PDT

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မနှစ်နှစ်လယ်ပိုင်းက ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ မွတ်စလင် ၁၀ ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်မှာ သံသယရှိသူ ၆ ဦးကို သံတွဲခရိုင်တရားရုံးမှာ လူသတ်မှုနဲ့ စွဲဆိုလိုက်ပါတယ်။ မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးပြီး သံတွဲထောင်အချုပ်မှာ စစ်ဆေးရာကနေ ရုံးတင်တရားစွဲဆိုလိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Aug 2013 06:12 AM PDT

အရပ် ၇ ပေ ကျော်မြင့်တဲ့ ကိုဝင်းဇော်ဦးကို ဆေးကုသဖို့အတွက် စင်ကာပူနိုင်ငံကို ဒီနေ့ ပို့ဆောင်လိုက်ပြီလို့ သူ့ရဲ့ ဆေးဝါးကုသမှုကို တာဝန်ယူပေးနေတဲ့ အသည်းအထူးကု ဆရာဝန်ကြီး  ဦးခင်မောင်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။ Growth Hormone (ဟော်မုန်းဓာတ် ကြီးထွားနှုန်း) လွန်ကဲမှုကြာင့် အရပ် ၇ ပေ ၁၀ လက်မကျော်မြင့်နေတဲ့ ကိုဝင်းဇော်ဦးကို ခွဲစိတ်ကုသဖို့အတွက် စကာပူနိုင်ငံကို ဒီနေ့မနက် ၁၀နာရီက လေယာဉ်နဲ့ ထွက်ခွာသွားခဲ့တာပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 06:05 AM PDT

အီဂျစ် သပိတ်စခန်း ဖြိုခွင်းမှု သေဆုံးသူ ၅၀၀ ကျော် ရှိသွားပြီလို့ အီဂျစ် ကြားဖြတ်အစိုးရက ကြေညာပါတယ်။ ဗုဒ္ဒဟူးနေ့က ကိုင်ရိုမြို့လယ်ခေါင်ရှိ မွတ်ဆလင်ညီနောင်များရဲ့ သပိတ်စခန်းတွေကို စစ်တပ်က ဖြိုခွင်းခဲ့ရာမှာ လူ ၂ထောင်ထက်မနည်း သေဆုံးသွားတယ်လို့ မွတ်ဆလင်ညီနောင်များအဖွဲ့က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အကြမ်းဖက်မှုအတွင်း သေဆုံးသူများ

Posted: 15 Aug 2013 03:47 AM PDT

ရန်ကုန်တိုင်း အတွင်း၌ သြဂုတ် ၁၃ ရက် တစ်ရက်တည်းအတွင်း လူသေမှုခြောက်မှု ဖြစ်ပွားခဲ့ပြီး ထိုအမှုများ၏ ထက်ဝက်မှာ အခြေအနေမဲ့ နေထိုင်သူများ အာဟာရချို့တဲ့၍ သေဆုံးရခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ယင်းလူသေမှုများသည် ဒလမြို့နယ်တွင် နှစ်မှု၊ မင်္ဂလာဒုံမြို့နယ်တွင် နှစ်မှု၊ တောင်ဒဂုံမြို့နယ်တွင် တစ်မှုတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူစုစုပေါင်း ခြောက်ဦးအထိ ရှိခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Aug 2013 03:44 AM PDT

အသက် ၁၄ နှစ်အရွယ် ခြောက်တန်း ကျောင်းသူလေး တစ်ဦးကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲ ကာအသက် ၃၀ ကျော် အမျိုးသား တစ်ဦးကို ကလေးမိဘများက သြဂုတ် ၁၃ ရက်တွင် လှည်းကူးရဲစခန်း ၌တိုင်ကြား ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ကလေးငယ်သည် စာမကျက်ဘဲ မှိုင်တွေနေသည်ကို မိခင်ဖြစ်သူက မသင်္ကာသဖြင့် မေးမြန်းရာမှ ယခု ကိစ္စကိုသိရှိပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Aug 2013 03:39 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း ကျေးရွာရှိ ကျေးရွာ မြေယာခွဲဝေရေး ကော်မတီဝင်တစ်ဦးကို တပ်သိမ်းမြေတွင် လက်ရှိသီးစား လုပ်ကိုင်သူများက ရိုက်နှက်ခဲ့ကြကြောင်း ငှက်ပျောတိုင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသံဝရက မိန့်ကြားသည်။ “လယ်မြေကိစ္စ ညှိနှိုင်း ရအောင်ဆိုပြီး လာခေါ်တယ်။ ဟိုရောက်တော့မှ ဝိုင်းရိုက်လိုက်ကြတာ...” ဟု ဆရာတော်က မိန့်ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Aug 2013 03:05 AM PDT

အထပ်မြင့် ဆောက်လုပ်ရန် တင် ပြထားသော်လည်း ရန်ကုန်စည်ပင်၏ စည်းမျဉ်းဥပဒေများကို လိုက်နာနိုင်မှု မရှိ၍ လုပ်ငန်း ရှင်များဘက်မှ ပယ်ဖျက် သွားသည်များ ရှိနေကြောင်း အထပ်မြင့် အဆောက်အအုံဆောက် လုပ်ရေးဆိုင် ရာ စံချိန်စံညွှန်း စိစစ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 10:46 PM PDT

သြဂုတ် ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက်သွားသဖြင့်    ဗိုလ် တထောင်မြို့နယ် (၁ဝ) ရပ်ကွက် ၄၅ လမ်း(အထက်) -အမှတ် ၁၅၈၊ ၁ ခန်း ရှစ်ထပ်တိုက်၏  ခြောက်လွှာထပ်နှင့် ခုနစ်လွှာအကြား အရောက်၌ ဓာတ် လှေကား ရပ်သွားရာ  အမျိုးသမီးနှစ်ဦး   ဓာတ်လှေကားအတွင်း   ပိတ်မိနေ ကြောင်း    မီးပြန်လာသော်လည်း    ဓာတ်လှေကားမှာ  ပြန်လည်အတက် အဆင်းမလုပ်နိုင်ဘဲ   ပိတ်မြဲပိတ်နေ သည်ဟု    ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မီးပြတ်၍ ဓါတ်လှေခါးအတွင်း ပိတ်မိသူ အမျိုးသမီးနှစ်ဦး မီးသတ်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရ

Posted: 14 Aug 2013 10:22 PM PDT

တောင်ငူမြို့မှ ဦးခင်ဇော် ဦးဆောင်သော တောင်သူလယ်သမား(၁၅)ယောက်တို့ သည် မူလစီစဉ်ထားသည့်အတိုင်း ကချင်ပြည်နယ် လိုင်ဇာမြို့ အထိ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒဖေါ်ထုတ်ခြင်း ခရီးစဉ်အား စတင်သည့် အနေဖြင့် (၁၄၊၈၊၂၀၁၃)ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် တောင်ငူမြို့ ရန်ကုန်  - မန္တလေး အဝေးပြေးလမ်း ပန်းခြံကွေ့ရှိ ဘုရင့်နောင် ကြေးရုပ်ကြီး ရှေ့မှ စတင်ထွက်ခွါ ခဲ့ကြပြီဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Aug 2013 09:55 PM PDT

ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်း ကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်းတွင် ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာ သတင်းအရ သိရသည်။  အ ဆိုပါ လူအုပ်စုထဲမှ တချို့သည် ''ဟာဘင်ရထားသံလမ်း အစိုးရ ဌာန'' ဟူသောစာတန်း များရေး သားထားသည့် တီရှပ်များဝတ် ဆင်ထားကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 09:50 PM PDT

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သြဂုတ် ၁၃ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်က ပြည်ပသို့ ထွက်ခွာမည့် ထိုင်းနိုင်ငံသူ အသက် ၂၃ နှစ် အရွယ် အမျိုးသမီး တစ်ဦးထံမှ ကျည်ဆန်တောင့် ကိုးတောင့်ကို တွေ့ရှိ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ထိုင်းနိုင်ငံသူ Ms. Gomes Suraphanapa သည် ရန်ကုန်မြို့တော်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခရီးစဉ်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Aug 2013 09:47 PM PDT

နှစ်စဉ် အရှုံးခံ လည်ပတ်နေသည်ဟု ဆိုသော နိုင်ငံပိုင်စက်ရုံများကို ရတနာ စီမံကိန်းမှ ထွက်ရှိသည့် ကမ်းလွန် သဘာဝဓာတ်ငွေ့များ ရောင်းချပေးခြင်းကြောင့် ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၂၈ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 09:43 PM PDT
ကရင်ပြည်နယ် အတွင်းရှိ ကော့ကရိတ်မြို့တွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)မှ ဖွင့်လှစ် ထားသည့် အကြွေစေ့ထည့်၍ ကစားရသော ဂိမ်းပစ္စည်းများကို ကော့ကရိတ် ရဲတပ်ဖွဲ့များက သွားရောက်သိမ်း ဆည်း လိုက်သောကြောင့် ယမန်နေ့က နှစ်ဖက်အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ရသည်ဟု သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 09:16 PM PDT

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ အကြီးဆုံးသပိတ်စခန်း (၂)ခုကို အဓိကရုဏ်းထိန်းရဲတွေက သံချပ်ကာကားတွေ ဘူဒိုဇာတွေနဲ့ ဝင်ဖျက်ခဲ့ပြီးနောက်မှာတော့ ညမထွက်ရအမိန့်နဲ့ နိုင်ငံပြန်တည်ငြိမ်လာပြီလို့ အီဂျစ်အရာရှိတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄၃ ဦးအပါအဝင် လူပေါင်း ၂၇၈ ဦး ဗုဒ္ဓဟူးနေ့က သေဆုံးခဲ့တယ်လို့ ကြားဖြတ်အစိုးရက ပြောပါတယ်။ ဒါပေမယ့် ဖြုတ်ချခံ သမ္မတ Mohamed Morsi ကို အာဏာပြန်အပ်နှင်း ဖို့ တောင်းဆိုနေတဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ ဆန္ဒပြသူ လူအုပ်ထဲကို ရဲက စက်သေနတ်နဲ့ ပစ်ခဲ့လို့ လူပေါင်း ၂၆၀၀ သေဆုံးခဲ့ ရတယ်လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 09:04 PM PDT

အီဂျစ် နိုင်ငံမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံသူ တွေရဲ့ ကိုင်ရိုမြို့ပေါ်က သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မနေ့က တနေ့လုံး နှိမ်နင်း ရှင်းလင်းခဲ့ပြီး လူအများအပြား ထိခိုက် သေဆုံးမှုတွေ ရှိကြောင်း သိရပါတယ်။ ကျန်းမာရေး ဌာနက နိုင်ငံတလွှားမှာ သေဆုံးသူ အရေအတွက်၂၃၅ ယောက် ရှိတယ်လို့ ဆိုပေမယ့် မွတ်ဆလင် ညီနောင်များ အဖွဲ့ကတော့ လူ၂ဝဝဝ ကျော်တယ်လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မော်စီ ထောက်ခံသူတွေ ဖြိုခွဲခံရပြီ

Posted: 14 Aug 2013 09:00 PM PDT


စာရေးဆရာ မင်းလူ ခေါ် ဦးဉာဏ်ပေါ် အသက် ၅၉ နှစ် ဟာ ကင်ဆာရောဂါ နဲ့ သြဂုတ်လ ၁၄ ရက် ည ၁၁ နာရီ ခွဲ က ရန်ကုန် ဝိတိုရိယ ဆေးရုံကြီး မှာ ကွယ်လွန်သွားပါပြီ။ နာမည်ကျော် စာရေးဆရာကြီး၊ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု နဲ့ ဆရာမကြီး ဒေါ်ခင်ညို တို့ရဲ့ သား ၄ ဦး အနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ ၁၉၅၄ ခု မေလ ၁၈ ရက်နေ့မှာ ရန်ကုန် မှာ ဖွားမြင်ခဲ့တာပါ။ စိန်ပေါကျောင်း၊ သင်္ကန်းကျွန်း အထက ၁ တို့မှာ ပညာဆည်းပူးခဲ့ ပြီး ၁၉၇၇ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ် က ဒဿနိက ဗေဒ ဘာသာရပ် နဲ့ ဝိဇ်ဇာ ဘွဲ့ ရခဲ့တါပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စာရေးဆရာ မင်းလူ

Posted: 14 Aug 2013 08:01 PM PDT

အစိုးရ၀န်ကြီးဌာနများက ၎င်းတို့ လုပ်ဆောင်ပေးမည့် ကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်၌ ကတိက၀တ်ပြုကြရာ ယင်းကတိများအတိုင်းလုပ်ရန် ပညာရေးဝန်ကြီးဌာနက အများဆုံးကျန်ရှိနေကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စောင့်ကြည့်သည့် လွှတ်တော်မှ ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 07:32 PM PDT
စစ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တဲ့ ရန်ကုန်- နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးမှာ ယဉ်တိမ်းမှောက်တာတွေ မကြာခဏ ဖြစ်တာကြောင့် သေမင်းတမန် လမ်းမကြီးလို့ ပြောဆိုသံတွေ ကြားရပါတယ်။ အမြန်လမ်းမအခြေအနေ နဲ့ ယဉ်မောင်းတွေ လိုက်နာသင့်တဲ့အချက်တွေ သိရအောင် ဆောက်လုပ်ရေး ဆိုင်ရာ အင်ဂျင်နီယာမှူး ဦးမျိုးမြင့် နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး ဦးနေ၀င်းတို့က ပြောပြထားပါတယ်။အပြည့်စုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Aug 2013 09:42 PM PDT
ကရင်ပြည်နယ်       မြ၀တီမြို့မှ တောင်ငူမြို့သို့    ထွက်ခွာလာသော မစ်ဆူဘစ်ရှီဖူဆို အမျိုးအစား  ယာဉ် အမှတ် ၄င/... ရွှေနတ်တောင် မှန်လုံအမြန်ယာဉ်သည်  ဩဂုတ် ၁၄ ရက်     နံနက် ၇ နာရီ     ၄၅ မိနစ်က ရန်ကုန်-မန္တလေး ပုံမှန်လမ်း  မိုင်တိုင် အမှတ် (၁၆၂/၆) ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်  အင်တိုင်းကျေးရွာ တံတားရောက်တွင်  အရှိန်လွန် တိမ်း မှောက်ခဲ့ကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 05:09 PM PDT

ကယားပြည်နယ် ဒီမောဆို မြို့ နယ်က ငွေတောင်ရွာ ကို စစ်တပ်က အကွက်တွေရိုက်ပြီး အပိုင်သိမ်းတော့မှာဖြစ်တဲ့အတွက် ရွာသူ/ရွာသားတွေက ကန့်ကွက်ကြောင်း ပြည်နယ်အစိုးရထံ တင်ပြထားပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 05:04 PM PDT

မန္တလေး ပြည်ကြီး တံခွန်မြို့နယ်မှာ ကျူးကျော်အိမ်ယာအဖြစ် သတ်မှတ်ခံထားရတဲ့ အိမ်တချို့နဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက သြဂုတ်လ ၁၃ ရက်၊ မနေ့က ဖျက်ဆီးလိုက်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...