Friday, August 23, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၈)

သစ်ထူးလွင်



Posted: 23 Aug 2013 07:03 AM PDT

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ရေကြီးမှုကြောင့် သြဂုတ် ၂၂ ရက်တွင် ကယ်ဆယ်ရေးစခန်း ဆယ်ခု ဖွင့်လှစ်ပေး ထားရကြောင်း ယင်းမြို့ရှိ ရွှေရင်ကျော်ဘုရား၊ ကယ်ဆယ်ရေးစခန်းတွင်း တာဝန်ကျ ဒုရဲအုပ် အောင်ပိုင်က မဇိ္ဈမသို့ ပြောသည်။ အဆိုပါ ကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်သူများ များပြားနေသည်ဟုလည်း သိရပြီး ဒုရဲအုပ် အောင်ပိုင်က “ဒီစခန်းက ၂၁ ရက်ကမှ စပြီးဖွင့်ပေးလိုက်တာ။ ၂၁ ရက်ကမှ ရေကျော်မှု ထပ်ပြီးဖြစ်လို့ ပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရေမြှုပ်နေသော ဘားအံမြို့


Posted: 23 Aug 2013 06:43 AM PDT

ယနေ့ နေ့ လည်၂း၁၁ မိနစ်ခန့်က နေပြည်တော် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇မှာ တောင်ပေါ်သား အဝေးပြေးကားက လမ်းပြုပြင်မှု ပြုလုပ် နေတဲ့ မော်တော်ယာဉ်ကို ဝင်တိုက်ပြီး ဘေးကမြောင်း ထဲကို ထိုးကျခဲ့ပါတယ်။ တောင်ပေါ်သား ကားဟာ ရန်ကုန်မှ နေပြည်တော်သို့ သွားမှာဖြစ်ပြီး ခရီးသည် ၂၈ဦးခန့် ပါပါတယ်။ ယာဉ်တိုက်မှုကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Aug 2013 06:29 AM PDT

သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်ဖွဲ့အကြား ယမန် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့
် နှစ်ဘက် ကျဆုံးမှုရှိကြောင်း ဒေသခံများ ပြောပြချက် အရသိရ ပါသည်။ “မိုင်းပန်တပ်လဲပါတယ်။ မိုးနဲ လင်းခေး ဘက်က လာတဲ့တပ်လဲပါတယ်။ အင်အား ၂၀၀ ကျော်ပါတယ်... တဲ့။ ကားပေါ်ဆင်းတာနဲ့ တောထဲတက်တာ။ သေနတ်သံတော့ မနက် ၁၀ နာရီကျော်ကနေ မွန်းတည့် ပိုင်း လောက်အထိဘဲ” - ဟု မိုင်းပန်သား စိုင်းနော်ဟန် က ပြောပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Aug 2013 05:53 AM PDT

ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မတီရဲ့ ပထမဆုံး အကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ဒီနေ့ပြုလုပ်ခဲ့ပြီး ကော်မတီရဲ့ လုပ်ငန်း လမ်းညွှန်မူကြမ်းကို ကော်မတီဝင် ၁၀၉ ဦးစလုံးက သဘောတူ အတည်ပြုလိုက်ပါတယ်။ ကော်မတီဥက္ကဋ္ဌက  ကော်မတီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့ကို ရွေးချယ်တာဝန်ပေးခဲ့ပြီး နှစ်ဦးလုံး အာဏာရပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေချည်း ဖြစ်တယ်လို့ သိရပါတယ်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Aug 2013 05:46 AM PDT

မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေကြီး မှုကြောင့် ဩဂုတ် ၂၁ ရက်ကစပြီး ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်တွေနဲ့ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေတက်မှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်တွေ ရေကြီးတဲ့အတွက် ကယ်ဆယ်ရေး စခန်းတွေ မနေ့ကစ ပြန်လည်ဖွင့်လှစ်ပြီး ကူညီနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လှိုင်းဘွဲ့မြို့ ရေကြီးနေစဉ် (ဓာတ်ပုံ -Nandakyawthusoe )

Posted: 23 Aug 2013 05:42 AM PDT

ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မြေ လွှတ်တော် ကိုယ်စားလှယ်သည် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ ရပ်ကွက်တွင်း လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်၍ ကြိမ်းမောင်း ပြောဆို နေမှုများ အပေါ် ကာယကံရှင်များက သြဂုတ်လ၂၂ ရက်တွင် ဗဟန်း ရဲစခန်းသို့ တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူရန် ပြောကြား၍ အမှုဖွင့်ရန် ငြင်းဆန်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Aug 2013 05:39 AM PDT

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အသက် ၂၃ နှစ်အရွယ် ဓာတ်ပုံသ တင်းထောက် အမျိုးသမီးအား လူ ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။ သူမသည် ကြာသပတေးနေ့ ညနေပိုင်းက သတင်းဓာတ်ပုံအတွက် မွမ်ဘိုင်းမြို့အလယ်ပိုင်းရှိ Parel အရပ်ဒေသတွင် တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်တိုက်ခိုက် မုဒိမ်းကျင့်ခံရခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကြာသပတေးနေ့ ညနေပိုင်းက သတင်းဓာတ်ပုံအတွက် မွမ်ဘိုင်းမြို့ အလယ်ပိုင်းရှိ Parel အရပ်ဒေသတွင် တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်တိုက်ခိုက် မုဒိမ်းကျင့်ခံရခြင်းဖြစ်သည်

Posted: 23 Aug 2013 05:33 AM PDT

တရားမဝင် အကောက်ခွန်မဲ့ မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လျက်ရှိရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ပထမလေးလ (ဧပြီလမှ ဇူလိုင်လ) အတွင်း ကျပ်သိန်း တစ်သောင်းတစ်ထောင်ကျော် တန်ဖိုးရှိ မိုဘိုင်းလ်ဖုန်း ဟန်းဆက်များ ဖမ်းဆီးရမိကြောင်း အကောက်ခွန်ဦးစီးဌာနက ကြေညာသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Aug 2013 05:20 AM PDT

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း ရောဂါဘယ တိုးပွားမှုတွေ ဆက်တိုက်ကြုံနေရ ချိန်မှာပဲ နောက်ထပ် ကင်ဆာတစ်ခုကို ဖိတ်ခေါ်နေတဲ့ အန္တရာယ်တစ်ခု လက်တစ်ကမ်းမှာ ရှိနေပါပြီ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Aug 2013 03:21 AM PDT

ရာမာဒန် ပါတီတခုမှာ ၀က်သားစားနေတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ မလေးရှားစုံတွဲကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု နဲ့ တရားစွဲဆို လိုက်ပါတယ်။ အယ်လ်ဗင်းတန် နဲ့ ဗီဗီယန်လီး တို့နှစ်ယောက်ဟာ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်တဲ့ ဘလော့ဂ်တခုကို တင်ထားတဲ့ အတွက် မလေးရှားမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အစိုးရက အခု သူတို့တွေ သိပ်လွန်လွန်း လာတဲ့အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲ ရတာလို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Aug 2013 03:16 AM PDT

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေ-ကျိုင်းတုံသွား ကားလမ်းရှိ မိုင်တိုင်အမှတ် (၄/၃) အနီးတွင် သြဂုတ်လ ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ထော်လာဂျီယာဉ် တိုက်မိရာ တစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Aug 2013 03:12 AM PDT

ငရုပ်ကောင်း မြို့နယ်ခွဲတွင် ဩဂုတ် ၁၉ရက် ညနေ ၆နာရီခန့်က ဘင်္ဂါလီလူမျိုး ၅၃ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုသိ ရသည်။ ပုသိမ်ခရိုင် ငရုပ်ကောင်းမြို့ နယ်ခွဲ နံ့သာပုကျေးရွာအုပ်စု ဂေါ် ရန်ဂျီကျွန်းနှင့် ကိုက် ၃ဝဝခန့် အ ကွာ ကုလားမချိုင်အနီး ပင်လယ် ထဲတွင်တွေ့ရှိရသည့် အနက်ရောင် စက်လှေတစ်စီးမှ ဘင်္ဂါလီလူမျိုး ၅၃ဦးကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 23 Aug 2013 03:09 AM PDT

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်အတွင်းသို့ ရေကြောင်းမှ တစ်ဆင့် ဖောက်ခွဲရေး သမားသုံးဦး ရောက်လာမည်ဟူသည့် သတင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများ အထိ လုံခြုံရေး အဆင့် မြှင့်တင်ထားကြောင်း သက်ဆိုင်ရာ တာဝန်ကျ ရဲအရာရှိများထံမှ သိရသည်။ အဆိုပါ သတင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်ကစပြီး လုံခြုံရေး အထူး ဆောင်ရွက်ရန်အတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Aug 2013 03:04 AM PDT
အစွန်း ရောက်အဖွဲ့အစည်းများမှ အကြမ်းဖက်လုပ်ရပ်များ မြန်မာနိုင်ငံ တွင်လုပ်ဆောင်မည်ဟု ထွက်ပေါ် နေသောသတင်းများအရ ကာ ကွယ်နှိမ်နင်းမှုများပြုလုပ်ရန်အ တွက် မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ် နှင့် ရဲလုံခြုံရေးများတင်း ကြပ်စွာချထားကြောင်း နိုင်ငံဖြတ် ကျော်မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြိတ်မြို့တွင် အကြမ်းဖက်ရန် အတွက် ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ၀င်ရောက်လာနိုင်သည့် RSO အဖွဲ့မှ အကြမ်းဖက် သောင်းကျန်းသူ (၃) ဦးဓာတ်ပုံ ဖြစ်ပါသည်။


Posted: 23 Aug 2013 02:41 AM PDT

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူ တချို့က ၁၀၅ မြေပုံကို မြို့ကွက်ချ မြေပုံနှင့် မကိုက်ညီသည့် ဧရိယာများဖြင့် ရေးဆွဲကာ မြေကွက်များ လိမ်လည် ရောင်းချခဲ့မှုကို ပုသိမ်မြို့ စုံစမ်း စစ်ဆေးရေး အဖွဲ့က သြဂုတ်လ ၁၃ ရက်တွင် စတင် ခေါ်ယူ စစ်ဆေး ခဲ့ကြောင်းကို မြေကွက်လိမ်လည် ရောင်းချ ခံရသူ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Aug 2013 02:32 AM PDT

ပညာရေး ၀န်ကြီးဌာနဟာ နေပြည်တော် ကောင်စီက အလယ်တန်းပြ ကျောင်း ဆရာမတဦးကို မယူမနေရ ပင်စင်ပေးတဲ့ ပြန်တမ်းကို ပယ်ဖျက်ပြီး အလုပ်က ထုတ်ပစ်လိုက်ကြောင်း ပြန်တမ်းတစောင် ထပ်မံထုတ်ပြန်လိုက်ပါတယ်။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းက ဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်ကို ထုတ်လိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Aug 2013 02:17 AM PDT

လယ်ယာမြေ ဥပဒေနဲ့အညီ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနက တိုက်တွန်း လိုက်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းဟာ နေပြည်တောင် ကောင်စီ နယ်မြေတခုတည်းမှာသာ ပြီးပြတ်သေးပြီး ကျန်တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ မပြီးပြတ်သေးတဲ့အပေါ် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Aug 2013 08:50 PM PDT

အနီရောင် အောက်ခံမှာ အဖြူရောင် စာလုံးနှင့် 'မသက်ဆိုင်သူများ မ၀င်ရ' ဆိုသည့် နှစ်ပေပတ်လည်
ရှိ ဆိုင်ဘုတ်လေး ခြံစည်းရိုး အ၀င်ရဲ့ ညာဘက် ထောင့်လေးမှာ ထောင်ထားသည်။ ခြံဝင်းအစမှ မျက်စိတစ်ဆုံး မီးရထား ထိုင်ခုံများ သဖွယ် မျက်နှာချင်းဆိုင် တည်ဆောက်ထားသော အိမ်တန်းလျား များစွာကြား လမ်းလျှောက်တတ်စ ကလေးငယ်မှ သက်ကြီးရွယ်အို အရွယ်ထိ သွားလာ လှုပ်ရှား နေကြသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Aug 2013 08:29 PM PDT

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် အင်ပင်တိုက်နယ် တောင်ပတ်လည် ကျေးရွာ မူလတန်း
ကျောင်းအတွင်း စာသင်ခန်း သောက်ရေ အိုးအတွင်း ဆေးခတ်မှု သုံးကြိမ် ဖြစ်ပွား ခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက ဆက်လက်စုံစမ်း စစ်ဆေး လျက်ရှိကြောင်း သိရသည်။ "စာသင်ခန်း တွင်းက သောက်ရေအိုးထဲကို ဆေးခတ်တာ နှစ်ကြိမ် ဖြစ်သွားလို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးဖို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Aug 2013 08:16 PM PDT

မကွေးတိုင်း ပခုက္ကူမြို့ဘက်ကို ဖေါက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင်မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Aug 2013 07:59 PM PDT

သမဝါယမ ဝန်ကြီးဌာန အနေနဲ့ တရုတ်နိုင်ငံဆီကနေ အမေရိကန် ဒေါ်လာသန်း ၁၀၀ ချေးယူပြီး ပြည်တွင်းမှာ အသေးစားချေးငွေ လုပ်ငန်းတွေ လုပ်ကိုင်မယ့် အစီအစဉ်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဆီကနေ အတိုးနှုန်း ၄.၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ၁ ရာခိုင်နှုန်းနဲ့ ဒေါ်လာ သန်း ၁၀၀ ချေးယူပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Aug 2013 05:31 PM PDT

ထိုင်း-မြန်မာနယ်စပ် တရားဝင် ဂိတ် ၄ ခု ကနေ နိုင်ငံခြားသား၊ ထိုင်းနဲ့ မြန်မာနိုင်ငံသား တွေကို နိုင်ငံကူး လက်မှတ်နဲ့ ဝင်ထွက် သွားလာ ခွင့်ပြု တော့ မှာ ဖြစ်ပါတယ်။ အခုလ ၂၈ ရက်နေ့ လာမယ့် ဗုဒ္ဒဟူးနေ့ မနက် ၈ နာရီမှာ စတင် ခွင့်ပြု သွားမှာ ဖြစ် ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က တရားဝင် နယ်စပ်ဂိတ် ၄ ခု ဖြစ်တဲ့ တာချီလိပ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင် - ရနောင်းနဲ့ ထားဝယ် မြို့နယ် ကို ဆက်ထားတဲ့ ထီးခီး - နမ့်ဖုရောန့် နယ်စပ်ဂိတ် တွေ ပဲဖြစ်ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်း မြန်မာ နယ်စပ် မဲဆောက် မြဝတီ ဂိတ်

Posted: 22 Aug 2013 05:10 PM PDT

ဒီမိုကရေစီရဲ့ အနှစ်သာရဟာ အများရဲ့ဆုံးဖြတ်ချက်နဲ့ ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်ရ တာဆိုပေမယ့်၊ လူနည်းစုရဲ့ ဆန္ဒတွေကိုလည်း လေးစားတန်ဖိုး ထားရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Aug 2013 05:06 PM PDT

လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂၀၀၈ခုနှစ် ​ဖွဲ့စည်းပုံ ​လေ့လာ စိစစ် သုံးသပ်ရေး ​ကော်မတီ ဟာ ပထမဆုံး အကြိမ်အဖြစ်နဲ့ ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို အချိုးကျ ရွေးချယ် စုစည်းထားတဲ့ ၁၀၉ ဦးပါ ဒီကော်မတီဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဘယ်အချက်တွေကို လေ့လာကြမလဲ ဆိုတာနဲ့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Aug 2013 05:02 PM PDT

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား မိတ္ထီလာ ခရီးစဉ်တွင်း ဆန္ဒပြကြတဲ့ လူအုပ်က သူ စီးလာတဲ့ကားကို ၀ိုင်းအုံ ဆန္ဒပြခဲ့ချိန်မှာ လုံခြုံရေး တာဝန်ရှိသူတွေက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ထောက်ပြ ဝေဖန်လိုက်တာနဲ့ပတ်သက်လို့ သံတမန်ရေးဆိုင်ရာ သက်ရောက်မှုတွေ ရှိလာနိုင်စရာ အကြောင်း မရှိဘူးလို့ ၀ါရင့် အမေရိကန် သံတမန်ဟောင်း တဦးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...