သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၈)
သစ်ထူးလွင် |
|
- ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး
- ရေမြုပ်အိမ် ၃၀၀ အတွက် ထမင်းထုပ်ဝေ
- ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့
- ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူ ခံရသော ၉၀ ရာခိုင်နှုန်းသည် ခရီးသည်တင် ယာဉ်များဖြစ်နေ
- အစိုးရက မြေဈေး ထိန်းချုပ်တော့မည်
- မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်နားလိုက်ရ
- ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ အလိုက် မြေဈေးများသတ်မှတ်
- သြဂုတ်လ (၂၆)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.33
- သြဂုတ်လ (၂၂)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၈၄
- သြဂုတ်လ (၂၁)ရက်နေ့ ထုတ် Good Health ကျန်းမရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၀
- မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲကို နိုင်ငံကူး လက်မှတ်ထုတ်ပေး
- ရန်ကုန် ရေကြီး မြို့ခံတွေ အခက်ကြုံ
- ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည် ဖေါ်ဖို့လည်း အရေးကြီး
- သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားများနှင့် မသက်ဆိုင်ဟုဆို
- ကလေးစစ်သားဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် ဗြိတိန်အရာရှိ ထောက်ခံ
- တပ်မတော်ပိုင်မြေများ ပြန်လည်အပ်နှံရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြ
- ဖောက်ခွဲရေးသတင်းများကြောင့် နိုင်ငံတစ်ဝန်း လုံခြုံရေးတင်းကျပ်
- အင်ဒိုနီးရှား ကျောင်းသူများအား အပျိုစင် စစ်၊ မစစ် စစ်ဆေးမှုပြုလုပ်ရန် အဆိုပြုမှု ကန့်ကွက်ခံရ
- အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်သူရှစ်ဦး ထပ်မိ
- ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေက မြန်မာ့နိုင်ငံရေးကို ပုံဖေါ်လိမ့်မည်
- သြဂုတ်လ (၂၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- သြဂုတ်လ (၂၄)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အတွဲ ၂၊ အမှတ် ၂၄
- သြဂုတ်လ (၂၃)ရက်နေ့ ထုတ် Focus Online Journal အမှတ် ၅၅
- သြဂုတ်လ (၂၃)ရက်နေ့ ထုတ် Auto World Journal အတွဲ ၂၊ အမှတ် ၃၀
- မိုးသည်းထန်စွာရွာသွန်းပြီး ရေလျှံမှုများဖြစ်ပွား
Posted: 24 Aug 2013 04:37 AM PDT
ရန်ကုန်၊ သြဂုတ် ၂၄ ၂၃.၈.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ အောင်သုခ ဘူတာအနီး၊ မိုင်တိုင်အမှတ် (၁၄/၇-၈)ရှေ့တွင် ကားရထားပေါ်မှလူတစ်ဦး ပြုတ်ကျသေဆုံး နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မြ၀င်း၊၄၁ နှစ် ၊မြို့ဟောင်းအရှေ့ ရပ်ကွက်၊ သန်လျင်မြို့နေသူဖြစ်ပြီး ဦးခေါင်း နောက်စေ့ ကွဲဒဏ်ရာ၊ ၀ဲ/ယာလက်ဖ၀ါး ပြတ်ရှဒဏ်ရာနှင့် လက်ဖျံရိုးကျိုးပဲ့၊ သွေးထွက်ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေသည် ကိုစစ်ဆေးတွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် သန်လျင်အုတ်ဖိုစုဘူတာမှ အောင်သုခ ဘူတာသို့ ကားရထား၏ ဒုတိယတွဲမှ လိုက်ပါစီးနင်းခဲ့ရာ အောင်သုခ ဘူတာအနီး အရောက်တွင် ရထား မရပ်မီ အောက်သို့ ခုန်ဆင်းစဉ် ခြေချော်ကျပြီး ကားရထားနှင့် တိုက်မိကာ သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း စုံစမ်းသိရှိရသဖြင့် သန်လျင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂၁/၂၀၁၃ ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိုပါသည်။ Yangon Police |
||
Posted: 24 Aug 2013 04:19 AM PDT
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု အင်းပေါက်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် အိမ်ခြေ ၃၀၀ ကျော် ရေမြုပ်ခဲ့ပြီး ညနေ ၄နာရီတွင် ထမင်းထုပ်ဝေနေရကြောင်း ဇီးကုန်းရွာ တောင်ပိုင်းမှ ဒေါ်စိုးထွဋ်စန္ဒာမှ ပြောကြားသည်။ ညဦးပိုင်းကတည်းက စတင်ရွာသောမိုးကြောင့် အရုဏ်တက်ချိန်တွင် တစ်အိမ်လုံး ရေစမြှုပ်ခဲ့ပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 04:14 AM PDT
ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူဘုရားကျောင်းအနီး ရှစ်ထပ်တိုက် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်း...ကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်က တွေ့ရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 04:09 AM PDT
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူ ခံရသော မော်တော်ယာဉ် များအနက် ခရီးသည်တင် ယာဉ်များသည် ၉ဝ ရာခိုင်နှုန်း ရှိကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ရန်ကုန်)မှ စုံစမ်းသိရှိရသည်။ ယခုနှစ် ရန်ကုန်မြို့တော် အတွင်း မော်တော်ယာဉ် များပြားလာ ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ် လျက်ရှိကြောင်း ၊ ထို့နည်းတူစွာ မော်တော်ယာဉ် ရပ်နားနိုင်မည့် ကားပါကင်များ လုံလောက်စွာ မရှိခြင်း များကြောင့် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 01:15 AM PDT
ရန်ကုန် တိုင်းဒေသကြီး အတွင်းမြေဈေး ကြီးမြင့်မှုများအား ထိန်းချုပ်ရန် အတွက် အစိုးရက ပုံသေမြေဈေး နှုန်းသတ်မှတ်ပေးတော့မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိပေါက်နေသည့် မြေ ဈေးကြီးမြင့်မှုများ အား ထိန်းချုပ် ရန် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးမှစတင် ၍ တစ်ပေပတ်လည်မြေဈေးနှုန်း များအား သတ်မှတ်ပေး မည်ဖြစ်ကြောင်းကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ဩဂုတ် ၂၃ရက်က နေပြည်တော် တွင်ပြု လုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 01:03 AM PDT
တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း တည်ဆောက်တော့မည် မဟုတ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၁၅ခုနှစ်အတွင်း ယင်းစီမံကိန်းကို ရပ်နားလိုက်ခြင်းသည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် မြေဈေးနှုန်းမြင့်မားမှုများကြော သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 12:48 AM PDT
အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Aug 2013 12:44 AM PDT
သြဂုတ်လ (၂၆)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.33 သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။ http://www.mediafire....com/? |
||
Posted: 24 Aug 2013 12:39 AM PDT
|
||
Posted: 24 Aug 2013 12:37 AM PDT
သြဂုတ်လ (၂၁)ရက်နေ့ ထုတ် Good Health ကျန်းမရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၀ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 10:43 PM PDT
မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမား တစ်သိန်းခွဲကို နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) အရ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းလက်မှတ်များကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား (Certificate of Idenity) ကို မြန်မာလုပ်သား ၁၀၀၀၀ ခန့်အား ထုတ်ပေးခဲ့ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Aug 2013 10:24 PM PDT
ရန်ကုန်မြို့မှာ မိုးကြီး ရေလျှံ ဖြစ်နေတဲ့ အတွက် မြို့တွင်း သွားလာသူတွေ ဒုက္ခရာက် ကြရသလို ကားတွေနဲ့ သွားသူတွေလည်း ကားရေနစ်လို့ ဖြစ်တဲ့ နေရာမှာ ပစ်ထားခဲ့ရသူတွေ ရှိသလို ကားထဲ ရေဝင်လို့ ရေခပ်ထုတ် နေရတဲ့ သူတွေလည်း ရှိနေပါတယ်။ ပုဇွန်တောင်ချောင်း ကလည်း ရေတက် ၊ လေရော မိုးရော ကျတာကလည်း နှစ်ရက် ရှိပြီ ဖြစ်တာကြောင့် မနေ့က မနက်က ဆိုရင် ပုဇွန်တောင်ချောင်း တံတားက ကွန်ကရစ် တိုင်တောင် ကျိုးသွားတယ်လို့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Aug 2013 10:08 PM PDT
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး အရေးကြီးသလိုပဲ ဖွဲ့စည်းပုံနဲ့အညီ လိုက်နာဆောင်ရွက် အကောင်အထည် ဖော်သွားဖို့ကလည်း အရေးကြီးတဲ့ ကိစ္စ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျော့ခ်ျတောင်း တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ ကနဦး ခြေလှမ်းတရပ်အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာစိစစ်ရေး လွှတ်တော်ကော်မတီက သြဂုတ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 10:03 PM PDT
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်း မြို့နယ်တွင် သူငယ်တန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံမှုနှင့် ပတ်သက်၍ အခြေခံပညာ မူလတန်းကျောင်းရှိ အတန်းဖော် ကျောင်းသားများနှင့် ပတ်သက်မှု မရှိကြောင်း မှုခင်းတပ်ဖွဲ့ (CID) မှ ပြောကြားကြောင်း အဆိုပါ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 09:59 PM PDT
ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံး အတွင်းဝန် Hugo Swire က မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု လုံးဝရပ်စဲရေး အတွက် ကုလသမဂ္ဂ ရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရ အနေနဲ့ အပြည့်အဝလိုက်နာဆောင်ရွက်ဖို့ မနေ့က တိုက်တွန်း လိုက်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ရှက်ဖွယ်လုပ်ရပ်တစ်ခုဖြစ်တဲ့ ကလေးစစ်သား အသုံးပြုမှု ပပျောက်အောင်လုပ်ဆောင်ဖို့ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 09:54 PM PDT
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမပုံမှန် အစည်း အဝေး၌ လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၁) တွင်ပါဝင်သော တပ်မတော် နှင့် သက်ဆိုင်သော တိုင်ကြားစာ (၆၅၅)စောင်နှင့် ပတ်သက်၍ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 09:45 PM PDT
ဖောက်ခွဲရေး အကြမ်းဖက်သမားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက် နိုင်သည်ဆိုသည့် သတင်းများကြောင့် မြန်မာနိုင်ငံ နေရာ အများအပြားတွင် လုံခြုံရေးများ တင်းကျပ်ထားကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်။ တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အတွင်းသို့ ရေကြောင်းမှ တစ်ဆင့် ဖောက်ခွဲရေးသမားများ ဝင်ရောက်လာမည်ဟူသည့် သတင်းများကြောင့် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 09:40 PM PDT
စူမာတြားကျွန်းရှိ ပညာရေး ဝန်ကြီးဌာနရုံးအုပ် မစ္စတာ မိုဟာမက်ရာရှစ်က အိမ်ထောင်မပြုမှီ လိမ်ဆက်ဆံခြင်းနှင့် ပြည့်တန်ဆာ လုပ်ငန်းကို ဟန့်တားသည့် အနေဖြင့် အထက်တန်း ကျောင်းသူများအား အပျိုစင် စစ်၊ မစစ် စစ်ဆေးမည့် အစီအစဉ်ကို အဆိုပြုခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 09:35 PM PDT
ဒုတိယ အစ္စလာမ်ကမ္ဘာဟု တင်စားခံရသည့် အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံဆိုင်ရာသံရုံးကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူများတွင် ပါဝင်သည့် အကြမ်းဖက်သမား ရှစ်ဦးကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက် ဆန့်ကျင်ရေး ရဲတပ်ဖွဲ့က သြဂုတ်လ ၂၀ ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိကြောင်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 09:23 PM PDT
မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေဟာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေ မတိုင်မီ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုလမ်းကြောင်းကို ပုံဖေါ်ထင်ဟပ်စေ လိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (U.S. Commission on International Religious Freedom) က ပြောဆိုလိုက်ပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Aug 2013 04:00 PM PDT
|
||
Posted: 23 Aug 2013 03:54 PM PDT
|
||
Posted: 23 Aug 2013 03:51 PM PDT
|
||
Posted: 23 Aug 2013 03:48 PM PDT
|
||
Posted: 23 Aug 2013 08:51 AM PDT
ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်း ရေကြီးမြင့်မှုကြောင့် မြို့သစ်(က)ရပ်ကွက် နှင့်(ခ)ရပ်ကွက်တို့တွင် ရေအနက် ၂ ပေမှ ၅ ပေအထိ ၀င်ရောက်ခဲ့ သောကြောင့် မြို့သစ်(က)ရပ်ရှိ အိမ်ခြေ ၂၀၀၊ အိမ်ထောင်စု ၂၀၀ စု၊ ကျား ၅၁၃ ဦး၊ မ ၅၃၇ ဦး၊ စုစုပေါင်း(၁၀၅၀)ဦးတို့အား နီးစပ်ရာ ဆွေမျိုးသားချင်း များထံသို့လည်းကောင်း၊ မြို့သစ်(ခ)ရပ်ရှိ အိမ်ခြေ ၂၁၊ အိမ်ထောင်စု ၂၁ စု၊ ကျား ၄၄ ဦး၊ မ ၄၉ ဦး၊ စုစုပေါင်း(၉၃)ဦးတို့အား ဒရယ်မီးရပ်ကွက်ရှိ ရွာတန်းရှည်ဘုန်းကြီး ကျောင်းသို့ လည်းကောင်း ပြောင်းရွှေ့ပေး ခဲ့ကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment