Friday, August 30, 2013

မာန်

  Myanma Spectrum's photo.

လူတစ်ယောက်ဟာ ချစ်ခင်မှုနဲ့လေးစားမှုကို တပြိုင်နက်တည်း ရရှိနိုင်ဖို့ မလွယ်လှပါဘူး ..
လူတိုင်းမှာ ဘ၀ဆိုတာ ရှိကြစမြဲဆိုပေမယ့် ကိုယ့်ဘ၀ကို ခိုင်ခိုင်မတ်မတ်မဖော်ဆောင်နိုင် ရင် လေးစားမှုရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး .. ချစ်ခင်မှုဆိုတာကတော့ ရဖို့ လွယ်ကူကောင်း လွယ်ကူနိုင်ပါတယ် ..


လူတွေက ကိုယ့်နဲ့သဟဇာတဖြစ်ရင် ကူဖော်လောင်ဖက်ဖြစ်နိုင်တယ်ဆိုရင် ချစ်ခင်တတ်ကြတာ သဘာဝပါပဲ ..
လူတိုင်းနဲ့ အလိုက်သင့်အလျားသင့်ပေါင်းသင်းဆက်ဆံတတ်သူတွေအတွက် လူတိုင်းနဲ့တည့်မှာ သေချာပါတယ် ..
ဒါပေမယ့် အဲ့ဒီ့လူဟာ ချစ်ခင်မှုသာရရှိနိုင်ပြီး လေးစားမှုကိုတော့ ရရှိနိုင်မှာ မဟုတ်ပါဘူး ..
အဲ့ဒါသေချာပါတယ် ..

ဥပမာ .. သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူ့ပရိသတ်ရဲ့ချစ်ခင်မှုကိုပဲ ရရှိနိုင်တယ် .. လေးစားမှုကို မရနိုင်ပါဘူး ..
လူရွှင်တော်တစ်ယောက်အနေနဲ့ လူတွေရဲ့ ချစ်ခင်မှုကို ရနိုင်တာ သေချာပါတယ် ..
တချိန်တည်းမှာ လူတွေရဲ့ လေးစားမှုကိုမရနိုင်ဘူးဆိုတာလည်း သေချာနေနိုင်ပါတယ် ..
ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပြည်သူရဲ့လေးစားမှုကို လိုချင်တယ်ဆိုရင် ပရဟိတအလုပ်တစ်ခုတော့ (အနည်းဆုံး) လုပ်ရပါလိမ့်မယ် ..
ပြည်သူရဲ့ချစ်ခင်မှုနဲ့အတူ လေးစားမှုကို ရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဆိုရင် .. သေချာပါတယ် .. ပရဟိတအလုပ်တစ်ခု သေချာပေါက်လုပ်နေလို့ပါ ..
ဒါက အမြင်သာဆုံးတစ်ခုကို ဥပမာပေးတာပါ …

ကိုယ့်ပတ်ဝန်းကျင်မှာ လူအများရဲ့ချစ်ခင်မှုကို ရနေတဲ့သူတွေ တွေ့နိုင်ပါတယ် ..
ဥပမာ .. သူငယ်ချင်းတွေချစ်ကြတဲ့ ခင်ကြတဲ့ ပုံစံမျိုးရှိတဲ့သူတွေ .. ဒါပေမယ့် .. သူတို့ကို သေချာကြည့်မယ်ဆိုရင် သူတို့ဟာ ချစ်ခင်မှုကိုပဲ ရနေတတ်ပါတယ် ..
လေးစားမှုကို မရနိုင်သူတွေဖြစ်နေတတ်ကြတယ် .. ဘာလို့လဲဆိုရင် သူတို့က ချစ်အောင်ခင်အောင်ပဲ နေတတ်ကြပြီး လေးစားအောင် မနေတတ်လို့ပါ ..

ကိုယ့်ရဲ့ခေါင်းဆောင် အထက်လူကြီး စသဖြင့်မှာလည်း လက်အောက်ငယ်သားတွေနဲ့ ဒွေးရောယှက်တင်နေတတ်တဲ့ လူကြီးမျိုးဟာ ချစ်ခင်မှုကိုပဲ ရနေတတ်တယ် ..
(လူ လေးစားမခံရတတ်ပါဘူး .. မင်းရဲ့ပတ်ဝန်းကျင်မှာ အဲ့လိုလူမျိုး ရှိနေနိုင်ပါလိမ့်မယ် ..)
အဲ .. အဲ့လိုမဟုတ်လို့ စည်းကမ်းအတိုင်း စာအုပ်ကြီးအတိုင်းနေပြန်ရင်လည်း လေးစားမှုကိုကြောက်ရွံ့မှုနဲ့အချိုးကျ ရနေနိုင်ပါတယ် ..
အဲ့လိုဆိုတော့ …
မင်းရဲ့ခေါင်းဆောင် .. ဒါမှမဟုတ် .. မင်းကိုယ်တိုင်ကကော ..
ကိုယ့်ဘေးကလူတွေရဲ့ လေးစားမှုနဲ့ချစ်ခင်မှုကို တပြိုင်နက်တည်း ရနေပါရဲ့လား ..

တကယ်လို့များ .. မင်းရဲ့ ချစ်ခင်လေးစားမှုကို ရရှိပိုင်ဆိုင်နေတဲ့သူကို တွေ့ပြီဆိုရင်
သူ့ကို သေချာလေ့လာကြည့်ပါ ..
လူအများနဲ့ဆက်ဆံတဲ့အခါ သူ့ရဲ့လူတွေအပေါ်ထားရှိတဲ့ အပေးအယူသဘောမျိုးကို လေ့လာသင့်ပါတယ် ..
ပြသနာတစ်ရပ်ကို စဉ်းစားတဲ့အခါ .. သုံးသပ်တဲ့အခါ .. အဖြေရှာတဲ့အခါ သူကဘယ်လိုယူဆပြီး ဘယ်လိုတွေးခေါ်တယ် .. ငါနဲ့ဘယ်လိုကွာသွားတယ်ဆိုတာမျိုးကို လေ့လာသင့်ပါတယ် ..

မင်းက လူအများရဲ့ချစ်ခင်မှုကို လိုချင်တဲ့အတွက် လူအများနဲ့အဆင်ပြေအောင်နေတယ်ဆိုပါတော့ ..
မင်းထက်အသက်ကြီးသူတွေနဲ့သော်လည်းကောင်း .. ငယ်သူတွေနဲ့သော်လည်းကောင်း .. ရွယ်တူတွေနဲ့သော်လည်းကောင်း .. ပေါ့
အဆင်ပြေဖို့အတွက် မင်း သည်းခံတတ်လိမ့်မယ် .. ခင်မင်မှုကိုရဖို့အတွက် မင်း သဘောကောင်းနေလိမ့်မယ် ..
အဲ့ဒီ့ သည်းခံမှု သဘောကောင်းမှုတွေအတွက် မင်း အကန့်အသတ်ထားပါရဲ့လား ..

ချစ်ခင်မှုနဲ့အတူလေးစားမှုကို ရယူတတ်တဲ့သူတွေအတွက်တော့ အကန့်အသတ်သေချာပေါက်ထားရှိတတ်ပါတယ် ..
သူက ခင်မင်ရင်းနှီးမှုအတိုင်းအတာတစ်ခုထိသဘောကောင်းတတ်ပြီး အဲ့ဒီ့ဘောင်ကိုကျော်တဲ့အခါ ချက်ချင်းတုံ့ပြန်တတ်တဲ့သူမျိုးပါ ..
ဥပမာ .. ကိုယ်က ကိုယ့်ပုခုံးကို သူများပုတ်တာ မကြိုက်တတ်ဘူးဆိုပါတော့ ..
သူငယ်ချင်းတစ်ယောက်ကို လှမ်းပုတ်လိုက်တဲ့အခါ ငါခင်တဲ့သူငယ်ချင်းပဲလေ ဆိုပြီး ရယ်ပြီးတော့ ဘာလဲလို့ မမေးသင့်ပါဘူး ..
ပြုံးပြပြီး ငါ့ကို အဲ့လိုမလုပ်နဲ့ ငါမကြိုက်ဘူးလို့ဆိုပြီး သေချာပေါက် ပြောပြသင့်ပါတယ် ..

ကိုယ်က မပြောခဲ့ဘူးဆိုရင် သူက နောက်ကို အဲ့လိုလုပ်နေမှာပဲ .. အဲ့ဒါကို မြင်နေတဲ့တခြားသူတွေအတွက်လည်း မင်းပုခုံးကို ပုတ်ပြီး လှမ်းခေါ်နေတော့မှာပဲ ..
အဲ့ဒီလို အသေးအဖွဲကစပြီး သတိမထားဘူးဆိုရင် ခိုင်မြဲတဲ့လေးစားမှုကို ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ..

အကန့်အသတ်နဲ့ဆက်ဆံတယ်ဆိုတာကလည်း လူတိုင်းနဲ့အပေါင်းအသင်းမလုပ်ရဘူးလို့ ပြောတာသက်သက်မဟုတ်ပါဘူး ..
အရောဝင်လွန်းရင် ရောင့်တတ်ကြတာ လူတွေရဲ့သဘာဝပါပဲ ..
အဲ့ဒီအတွက် ငါ့ကိုဘယ်လိုပြောရင် မကြိုက်ဘူး .. ဘယ်လိုဆက်ဆံရင်မကြိုက်ဘူးဆိုတာကိုတော့ ပြောပြသင့်တယ် ထင်ပါတယ် ..

.. ဒီလူ စကားပြောတာ အချိုးမပြေဘူး .. တော်ပြီ .. လုံးဝစကားမပြောဘူးလို့ အရင်မတွေးပါနဲ့ ..
.. ငါ့ကို အဲ့လိုစကားပြောတာမျိုးမကြိုက်ဘူးလို့ ငါသူ့ကို အသိမပေးရသေးဘူးထင်တယ် .. ဆိုပြီး အရင်ဆုံး တွေးမိသင့်ပါတယ် ..
.. သတိပေးပြီးကာမှ သူ့ဘက်ကမပြင်သွားဘူးဆိုရင်တော့ အဲ့လိုလူကို ဦးနှောက်ထဲ ထည့်မနေပါနဲ့ .. လျစ်လျူရှုလိုက်ပါ ..

အဲဒီလိုမဟုတ်ဘဲ သည်းခံနေပြီးမှ သည်းမခံနိုင်လို့ မခေါ်တော့ဘူးဆိုတာမျိုးက လေးစားမှုကိုမရနိုင်တဲ့အပြင် ချစ်ခင်မှုကိုပါ လက်လွတ်ဆုံးရှုံးစေပါတယ် ..

အထူးသဖြင့်တော့ .. ကိုယ့်အမြင်ကို ပြောတာပါ ..
ယောက်ျားတစ်ယောက်အနေနဲ့ လူအများဆီက ချစ်ခင်မှုကို ရနေဖို့ထက် သူနဲ့ပတ်သက်တဲ့သူဆီက (လူနည်းစုပဲဖြစ်ဖြစ် .. လူများစုပဲဖြစ်ဖြစ်ပါ) ချစ်ခင်မှုကိုရော လေးစားမှုကိုပါ ရယူနိုင်သင့်တယ်လို့ထင်ပါတယ် ..
မိန်းမတစ်ယောက်အတွက်ကတော့ လေးစားမှုထက် ချစ်ခင်မှုကို ပိုလိုလားမယ်ထင်ပါတယ် .. (မိန်းမအများစုရဲ့သဘောသဘာဝပါ ..)
အဲ့ဒါကြောင့် လူအများရဲ့ချစ်ခင်မှုကို လိုချင်တဲ့ယောက်ျားတစ်ယောက်ဟာ မိန်းမဆန်ကောင်း ဆန်နေတတ်ပါတယ် ..
(မိန်းမဦးရေများပြားတဲ့သဘောအရ လူအများနဲ့တည့်ဖို့ဆိုတဲ့အခါ အများစုဟာမိန်းမတွေဖြစ်နေတဲ့အတွက် အလိုက်အထိုက်နေရင်းနဲ့ စိတ်ဓါတ်သော်လည်းကောင်း၊
အပြုအမူ အပြောအဆိုသော်လည်းကောင်း အနည်းနဲ့အများ မိန်းမဆန်ကောင်းဆန်သွားတတ်ပါတယ် .. )

somebody someone ဖြစ်တဲ့သူ .. ဖြစ်ချင်တဲ့သူမျိုးကတော့ အခြေခံပေါင်းသင်းဆက်ဆံရေးကအစ လေးစားမှုကို ရယူတတ်ပါတယ် ..
ကံဆိုတဲ့အရာဟာ အဲ့လိုသူတွေ စိတ်ပြေလက်ပျောက် လက်တည့်စမ်းစရာတစ်ခုပါ ..

အဲ့လိုမဖြစ်တဲ့သူ .. မဖြစ်နိုင်တဲ့သူ .. ကံစီမံရာဆိုပြီး နာခံတတ်သူတွေပေါ့ ..
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကို ရယူဖန်တီးနိုင်တဲ့ အစွမ်းမရှိသူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ..
ဘယ်လိုကြိုးစားကြိုးစား အရာမထင်ပါဘူးကွာလို့ စိတ်ပျက်တတ်သူတွေလည်း ဖြစ်နေနိုင်ပါတယ် ..

ကိုယ်တိုင်က အစွမ်းမရှိပါဘူးလို့ ၀န်ခံရင်ကထားပါတော့ .. ကြိုးစားပါလျက်နဲ့ မဖြစ်လာဘူးဆိုရင်ကတော့ စိတ်ပျက်ညည်းမနေသင့်ဘူးပေါ့ ..
ကြိုးစားကြည့် (အကန့်အသတ်တစ်ခုထား).. မရဘူးဆိုရင် ခေါင်းထဲကရော ဘ၀ထဲကပါ ထုတ်ပစ်လိုက် ..

အရုပ်တစ်ရုပ်လိုချင်တဲ့အတွက် ၀ယ်ဖို့ပိုက်ဆံစုတယ် .. ပိုက်ဆံပြည့်တဲ့အခါ အရုပ်ကအဲ့ဆိုင်မှာ မရှိတော့ဘူး ..
နောက်တစ်ဆိုင်မှာ ပြောင်းရှာကြည့် .. ပိုက်ဆံလောက်လား .. မလောက်ဘူးဆို စဉ်းစား .. ငါ အဲ့ဒီအရုပ်ကို လိုချင်သေးလားပေါ့ ..
အင်း .. လိုချင်သေးတယ်ဆို ထပ်စု .. ပြည့်ပြီလား .. ပြည့်ရင် ၀ယ်ဖို့သွား .. ရှိသေးလား .. မရှိတော့ဘူးဆိုရင် စဉ်းစားသင့်ပြီပေါ့ ..
ငါ လိုချင်နေတုန်းပဲလားပေါ့ .. ငါ အဲ့အရုပ်အတွက် အချိန်ထပ်ပေးနိုင်သေးလား .. ပေးနိုင်တယ်ဆို ထပ်ရှာပေါ့ ..
အဲ့လိုနဲ့ အရုပ်ကို တစ်ချိန်ချိန်မှာ ရသွားနိုင်ပါတယ် ..

ဒီလိုမှမဟုတ်ရင် .. အရုပ်အတွက် သီးသန့်အချိန်မပေးဘူး .. တခုတ်တရ ပိုက်ဆံစုမနေဘူး .. သူ့ဟာသူ အဆင်ပြေရင် ရလိမ့်မယ် မပြေရင်မရဘူးလို့ပဲ စဉ်းစားလိုက်မိလား ..

ဒါမှမဟုတ် .. လိုချင်တဲ့အချိန်မှာ မရခဲ့ရင် မလိုချင်တဲ့အချိန်ကျမှ အလကားလာပေးခဲ့ရင်တောင် မယူတော့ဘူးလို့ ဆုံးဖြတ်လိုက်မိလား ..

တစ်ခုခုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ..

အဲ့ဒီအဖြေပေါ်မူတည်ပြီး မင်း ဘယ်လိုလူမျိုးဖြစ်နိုင်တယ်ဆိုတာ ယေဘူယျအားဖြင့် သုံးသပ်နိုင်ပါတယ် ..

လူအများရဲ့လေးစားမှုကို ရတာဟာ ..
ပိုက်ဆံကြောင့်မဟုတ်သလို ပညာကြောင့်လည်းမဟုတ်ဘူး ..
ရာထူးဂုဏ်ရှိန်ကြောင့်မဟုတ်သလို အနစ်နာခံပေးဆပ်မှုတွေကြောင့်လည်းမဟုတ်ပါဘူး ..

`မာန်´ ဆိုတဲ့ မိမိကိုယ်ကို တန်ဖိုးထားလေးစားခြင်းကြောင့်ပါ ..

ကဆုန်
ဦးဇော်သိသမျှ မျှဝေရာအရပ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...