Saturday, August 31, 2013

ဂျပန်ပြည်မှ စေတီပုထိုး ပုံသဏ္ဍာန်များ

August 31, 2013 at 7:25am
အိန္ဒိယပြည်  Madhya Pradesh ရှိ Sanchi (ဝါ) သန္တိစေတီ
Sanchi Stupa from Eastern gate, Madhya Pradesh source wiki
အိန္ဒိယပြည် Madhya Pradesh ရှိ Sanchi (ဝါ) သန္တိစေတီ Sanchi Stupa from Eastern gate, Madhya Pradesh source wiki

ကျွန်တော်တို့သည် စေတီဟုကြားလိုက်ရုံဖြင့် ဘယ်လိုပုံဟန် ရှိသည်ကို တန်းသိကြပါတယ်။ ဒါပေမယ့် ထူပါ (stupa) ဟုကြားလိုက်လျှင် ရုတ်တရက်တော့ ဘယ်လိုပုံဟန်မျိုးကို မသိနိုင်သေးဘဲ တွေဝေမိတယ်။
တကယ်တော့ ထူပါဆိုသည်မှာ စေတီ၏ အစပင်ဖြစ်ပါသည်။
(※ref 1ရှု)

အိန္ဒိယပြည် Madhya Pradesh ရှိ Sanchi (ဝါ) သန္တိစေတီ၏ မုခ်ဦး
အိန္ဒိယပြည် Madhya Pradesh ရှိ Sanchi (ဝါ) သန္တိစေတီ၏ မုခ်ဦး

ကျွန်တော်တို့ မျက်စေ့ထဲ တန်းမြင်သည့် စေတီဟူသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကဲ့သို့  သွယ်လျလျပင်ဖြစ်စေ၊ ပုဂံမှ ရွှေစည်းခုံစေတီတော်ကဲ့သို့ တုတ်တုတ်ခိုင်ခိုင်ပင် ဖြစ်စေ ပစ္စယာ၊ ပန်းတင်ခုံ၊ လေးမြှောင့် ခြောက်မြှောင့် ရှစ်မြှောင့်၊ ငှက်ပျောဖူး၊ ကြာမှောက်ကြာလှန်၊ ဘီလူးပန်းဆွဲ၊ ငှက်မြတ်နား၊ ထီးတော်၊ စိန်ဖူး စသည်ဖြင့် အင်္ဂါရပ်များဖြင့် တင့်တယ်နေသည့် ဗုဒ္ဓဘာသာဝင်တို့အတွက် ကိုးကွယ်ရာတစ်ဆူ ဖြစ်သော သာသနာ့ အဆောက်အဦးတစ်ခုပင် ဖြစ်ပါတယ်။
မြို့တော်ရန်ကုန်မှ ရွှေတိဂုံစေတီတော် source - Wikimedia Commons
မြို့တော်ရန်ကုန်မှ ရွှေတိဂုံစေတီတော် source - Wikimedia Commons

ထိုသို့ ဆိုလျှင် အခြားနိုင်ငံများတွင်ကော မည်သည့်သဏ္ဍာန် စေတီမျိုး တည်ထားကိုးကွယ်ကြသနည်း။ မည်သို့သော အဆောက်အဦးပုံသဏ္ဍာန်မျိုး တည်ထားကိုးကွယ်ကြသလဲ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် ရှေးဦးစွာ ဆာမူရိုင်းတို့ ကုနီ ဂျပန်ပြည်မှ  စေတီပုထိုးများ ပုံသဏ္ဍာန်များအကြောင်းကို အောက်ပါအတိုင်း ဖောက်သည်ချလိုက်ပါတယ်။

ရွှေတိဂုံစေတီ၏ အစိတ်အပိုင်းများပြပုံ source - www.myanmars.net
ရွှေတိဂုံစေတီ၏ အစိတ်အပိုင်းများပြပုံ source - www.myanmars.net

[မြန်မာဘာသာပြန် - မူရင်းအင်္ဂလိပ်လို - မူရင်းဂျပန်လို] အဓိပ္ပါယ်တူ တစ်ပိုဒ်စီဖြစ်ပါတယ်။ နှစ်သက်ရာနှင့် ဖတ်ရှုတော် မူကြပါရန်....


စေတီပုထိုး/ Pagoda/ 仏塔
     ဂျပန်တွင်တည်ရှိသော "ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုး အစရှိသည့် စေတီပုထိုးများမှာ ဂေါတမ ဗုဒ္ဓမြတ်စွာ၏ သရီယဓာတ်တော်များ ဌာပနာ ကိန်းအောင်းပူဇော်ထားရာ ထူပါ(stupa) (※ref 3 ရှု) များမှ ဆင်းသက်လာပါတယ်။
     Japanese pagodas including five-story structures originate from stupas where the ashes of the historical Gautama Buddha were buried.
    日本の五重塔をはじめとする仏塔は、釈迦の遺骨・仏舎利を埋葬する「ストゥーパ」に起源を持っている。

ဂျပန်၏"ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုး နှင့် အိန္ဒိယပြည် ဗုဒ္ဓဂါယာရှိ Sanchi (ဝါ) သန္တိစေတီ နှိုင်းယှဉ်ပြပုံ - source http://www.kansai.gr.jp
ဂျပန်၏"ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုး နှင့် အိန္ဒိယပြည် ဗုဒ္ဓဂါယာရှိ Sanchi (ဝါ) သန္တိစေတီ နှိုင်းယှဉ်ပြပုံ - source http://www.kansai.gr.jp

     အိန္ဒိယပြည်  Madhya Pradesh ရှိ Sanchi (ဝါ) သန္တိစေတီ (※ref 2 ရှု) သည် ``အန်ဒ``ပုဂံလုံးအကြီးကြီးတစ်ခုကို မှောက်ထားသဏ္ဍာန် ကျောက်ထုထည်ကြီးမားသော စက်ဝိုင်းခြမ်းပုံ တိုက်အဆောက်အဦးကြီးကို အလယ်ဗဟိုမှ ကျောက်တိုင်ကြီး တစ်ခုဖြင့်  ထောက်ပင့်ထားလေသည်။ အိန္ဒိယပြည် ဒဏ္ဏာရီတွင် "အန်ဒ" ဟူသည် "ဥ" ဟု အဓိပ္ပါယ်ရပြီး စကြဝဠာနှင့် ၎င်းစကြဝဠာ၏ ဗဟိုရှိ မြင့်မိုရ် (ဂျပန်ဘာသာဖြင့် ရှုမိဆဲန် ※ref 4 ရှု) ) ၏ အစဖြစ်တည်ရာဟူသော ဖွင့်ဆိုချက် ရှိလေသည်။ အလယ်ဗဟိုမှ ကျောက်တိုင်ကြီးသည်ကား နတ်ပြည်နှင့် လူ့ပြည်ကို ဆက်သွယ်ထားသော၊ ပြန့်ကားထွက်နေသော သစ်ပင်ကြီးပမာ စကြဝဠာကို ကိုယ်စားပြုခြင်းအားဖြင့် အိန္ဒိယ၏ ကိုယ်ပိုင် စကြဝဠာအမြင်ကို ဖော်ကျူးထားလေသည်။ ဂျပန် စေတီပုထိုးများ၏ ထိပ်အထက်ပိုင်းရှိ "ဆိုးရင်း" ခေါ် သေးသွယ်သည့်ဘုံအဆင့် အစိတ်အပိုင်းသည် အိန္ဒိယစတိုင် စေတီများမှ မြစ်ဖျားခံလာကြောင်း လေ့လာတွေ့ရှိနိုင်လေသည်။

အပေါ်က နှိုင်းယှဉ်ပြပုံကို ပုံအကြီးမြင်လိုပါက ဤလင့်တွင် ဝင်ကြည့်ပါရန်။ http://goo.gl/1CIep0


    Stupas in Sanchi Buddhist monuments (see figure.) are built in a combination of hemispherical stone masonry called Anda with a stone pillar to support it. According to a myth in India, Anda refers to the egg that created the universe or to Shumisen. ※Note1) The stone pillar connects heaven and earth, and represents a giant tree that forms the universe around it. The unique view for the universe in India is reflected in a shape of a tower. In Buddhist towers in Japan, the “Sorin” rising from the roof of the uppermost tier of pagodas points to a genealogy traceable to the stupas of India.

    インドのサーンチー仏教遺跡群のストゥーパ(→図参照)は、巨大な椀を伏せたような石積みの半球体(アンダ)と、それを串刺しする石柱とが組み合わさって できている。インドの神話によると、アンダは、宇宙を創成した卵、あるいは宇宙の中心にそびえるという須弥山(しゅみせん)※1の意味合いがあり、石柱 は、天と地を結び、まわりに宇宙を形成する巨木を表すとされ、インド独特の宇宙観が塔の形に反映されたものである。日本の仏塔では、最上層の屋根に立つ 「相輪」に、ストゥーパの系譜を見ることができる。

ဂျပန် "ဟိုးရီယူးဂျိ" ဘုရား၏ အထင်ကရဖြစ်သော "ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုး - source http://ja.wikipedia.org
ဂျပန် "ဟိုးရီယူးဂျိ" ဘုရား၏ အထင်ကရဖြစ်သော "ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုး - source http://ja.wikipedia.org

ဂျပန်ပြည်သို့ ဗုဒ္ဓဘာသာမရောက်ရှိသေးမီကာလတွင် သစ်ကြီးဝါးကြီးများ ကိုးကွယ်သည့်ဘာသာ၊ သစ်လုံးတိုင်များအား နတ်တိုင်အဖြစ် ကိုးကွယ်သည့်ဘာသာများ ရှိခဲ့လေသည်။ ၎င်း နတ်တိုင်ကိုးကွယ်သည့်ဘာသာ ဂျပန်အခေါ် "မိဟရှီရာ့" ဘာသာမှ ရွေ့လျော၍ ပုထိုးပုံ ဖြစ်လာသည်ဟူသော အယူအဆလည်း ရှိခဲ့ပါသည်။ သို့သော် "ဟိုးရီယူးဂျိ" ဘုရားရှိ "ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုး၏ ပင်မအလယ်တိုင်မှာ တိုင်၏ တာဝန်တစ်ရပ်ဖြစ်သည့် ပုထိုးကို ထောက်ပံ့ရန်တာဝန်ကို ဘေးတစ်ဘက်တစ်ချက်ရှိ တိုင်ကြီးလေးတိုင်အား ပေးအပ်လျက် ၎င်းတာဝန်မှ အလျဉ်းကင်းလွတ်စွာပင် ဗုဒ္ဓမြတ်စွာ၏ သရီယဓာတ်တော်များကို မြေထဲမှသည် နတ်ပြည်သို့ ဦးတည်၍ စိုက်ထူပူဇော်ထားခြင်းမှာ  အဖြစ်မှန်ပင် ဖြစ်လေသည်။

    Long before Buddhism arrived in Japan, nature worship of giant trees and mihashira shinko, pillar worship, prevailed, treating pillars as objects in which spirits dwelled. Some consider that this pillar worship remains disguised in the form of pagodas. The gigantic central pillar of the five-storied pagoda of Horyu-ji has shiten bashira, four pillars, in the periphery, which supports the entire pagoda. The central pillar stands straight towards the heaven from the ground where the Buddha’s ashes are buried, free from its original function to support the structure.

     一方、日本では、仏教が伝来する前から巨木に対する自然崇拝や、柱を神体ともみなす信仰が存在していた。日本古来のこの御柱信仰(みはしらしんこう)が姿 を変え、仏塔となったとする説がある。事実、法隆寺五重塔の巨大な心柱は、周囲にある柱(四天柱)に塔全体の支持を委ね、支持機能から解放された形で仏舎 利の納まる地中から天に向かってまっすぐに立てられているのである。

 ဂျပန်နှင့် အိန္ဒိယ၏ စကြဝဠာအမြင်ချင်း တူညီမှုကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ပေါင်းဆုံခြင်း၏ ရလဒ်အဖြစ် ဤစေတီပုထိုးပုံများတွင်ပါ ဆက်စပ်ချက် ရှိနေကြောင်း တွေးဆနိုင်ပါသည်။

    The views for the universe taken by Japanese and Indian culture were merged in at pagodas with the introduction of Buddhism.

    日本とインド、それぞれに創造された宇宙観は、仏教の伝来とともに日本の仏塔で接続されたと考えられている。

"ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုး - source blog.daum.net
"ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုး - source blog.daum.net

  တဖန် ဂျပန် "ဟိုးရီယူးဂျိ" ဘုရား၏ အထင်ကရဖြစ်သော မူလ ဗိသုကာလက်ရာများ ဖော်ကျူးထားရာ "ဂေါ်ဂျူးတိုး" ခေါ် ဘုံငါးဆင့်ပုထိုးမှာ တည်ဆောက်ပုံရှုထောင့်က ကြည့်လျှင်ပင် လက်ဖျားခါရလောက်အောင် ထူးခြားလှပါသည်။ ဘုံအဆင့်ဆင့်သည် ပင်မအလယ်တိုင်ကြီးကို အမှီသဟဲမရှိ ခမောက်ကလေးများ တစ်ခုပေါ် တစ်ခုဆင့် ထပ်တင် ထားသည့်အလား ပြောင်းပြင်လွယ် ရွေ့လျားလွယ်သည့် တည်ဆောက်နည်းဖြင့် တည်ဆောက်ထားလေသည်။ ကရွတ်ခွေထားသည့် မြွေခန္တာအလား ငလျင်ဒဏ်ကိုပင် ပြေပျောက်စေနိုင်သည့် လက်ရာပင် ဖြစ်လေသည်။ ထို ပြောင်းပြင်လွယ်တည်ဆောက်ပုံနည်းပညာကို မျက်မှောက်ခေတ် မိုးပျံတိုက်ကြီးများ တည်ဆောက်ရာတွင် ထည့်သွင်းအသုံးချလာကြသည်။ ဥပမာအားဖြင့် ၂၀၁၁ခုနှစ်က တည်ဆောက်ပြီးစီးသော ၆၁၀ မီတာ အမြင့်ရှိသည့် တိုကျိုတာဝါ အသစ်ကြီးတွင် ၎င်းဒဏ္ဍာရီလာ သစ်ဖြင့်တည်ဆောက်သည့် ဗိသုကာဆိုင်ရာ နည်းပညာကို ထည့်သွင်းအသုံးချခဲ့လေသည်။

   The five-storied pagoda, an original and collective architectural technology representative of Horyu-ji Temple, has features bringing to attention to its structure. Each tier is independent, with the central pillar at the center, and tiers are stacked like caps on a pencil to form a flexible structure. That absorbs shock from earthquakes similar to shimmying by a snake. This flexible structure theory has been adopted in today’s high-rise buildings. The new Tokyo Tower, which will soar 610 m when it is completed in 2011 as the world’s tallest tower, will use the knowledge of this traditional wooden structure in its construction.

    また、法隆寺に代表される独自の建築技術が結集された五重塔は、構造面でも特筆すべきものがある。心柱を中心に各層が独立し、鉛筆のキャップを重ねるよう に順々に積み上げられ、堅固には結合されていない「柔構造」を成し地震に対して蛇が身をくねらせるようにして揺れを吸収する。近年、この「柔構造」の理論 は、世界の超高層建築に採用されるようになり、高さ世界一となる新東京タワー(高さ610m、2011年完成予定)にも、この伝統的な木造建築の知恵が活 かされることになっている。

 ဂျပန်သည် ဗုဒ္ဓဘာသာကို ကောင်းစွာလက်ခံသည်။ ဗုဒ္ဓကို ကိုးကွယ်ခဲ့သည်။ ဗုဒ္ဓဘာသာအနုပညာလက်ရာများကို ကဏ္ဍအသီးသီးတွင် ဖော်ကျူးခဲ့သည်။ "ဟိုးရီယူးဂျိ" ဘုရားသည် ယင်းဖော်ကျူးမှုများ၏ အထင်ကရ ပြယုဒ်တစ်ခုပင်ဖြစ်သည်။ ကမ္ဘာသူ ကမ္ဘာသား အများက စောင့်ရှောက်ထိမ်းသိမ်းစရာ အဘိုးတန် အမွေအနှစ်တစ်ခုဟု ဆိုသော် ရကောင်းသော အရာပင် ဖြစ်လေသည်။
 Japanese culture positively accepted and worshiped Buddhism, cultivating Buddhism art in various fields. Horyu-ji is a typical example and is a cherished, globally appealing treasure of humankind.
日本では仏教を積極的に受け容れ、これを尊ぶとともに、特色ある仏教美術を各所に育んできた。法隆寺はその代表格であり、まさに世界性を具えた人類の至宝といえる。

http://www.kansai.gr.jp
မှ ကူးယူပြန်ဆိုပါတယ်။
မလျော်တာတွေ့ရင် ဘာသာပြန်သူရဲ့ အားနည်းချက် ဖြစ်ပါတယ်။
ကူညီတည့်မတ်ပေးတော်မူကြပါ့။
TRANSLATED FROM http://www.kansai.gr.jp


----- ပြီး ----

※ref 1) "မြတ်ဗုဒ္ဓ၏သင်္ကေတအမှတ်အသားများ (သို့) ဥဒ္ဒိဿကဘုရားများ"
by sankooo


※ref 2) Sanchi (ဝါ) သန္တိစေတီ ဟူသည် - အိန္ဒိယနိုင်ငံ Madhya Pradesh မဒရာ ပရာဒေ့ရှ် ပြည်နယ် Bhopal ဘိုပယ်မြို့မှ 46 km ကီလိုမီတာကွာဝေး၍  အသောကမင်းသား စစ်ပြေးစဉ်ကာလ Vidisha ဝေဒိရှဒ် ဝေဒိသမြို့မှ 10 km ဆယ်ကီလိုမီတာ သာဝေးကွာသောနေရာတွင်  စစ်ပွဲများ ငြိမ်းစေလိုသောသင်္ကေတဖြင့် ဘီစီ ၃ ရာစုမှ စကာတည်ထားခဲ့ပြီး 1818 ခုနှစ်တွင်မှ ပြန်လည်မွန်းမံ ခဲ့သော သန္တိစေတီ၊ San Chi Stupa စေတီ

※ref 3) ရှင်ဗာဟိယ၊ ရှင်ပုဏ္ဏမထေရ်တို့ ပရိနိဗ္ဗာန်စံရာ၌ ကြွင်းကျန်သော အရိုးဓာတ်တို့ကို ထူပံစဿဓာတုယောကရောထ (ဗာဟိယသုတ်၊ပုဏ္ဏကသုတ် အဋ္ဌကထာ) အရှင်နှစ်ပါးတို့၏ ဓာတ်တော်တို့ကို ထူပါတည်ရမည်ဟု မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့သည်။ထို့ကြောင့်ဖြစ်မည်။ အိန္ဒိယသုတေသီအများစုတို့က ထူပါ (သို့)စတုပဟူသည် ကွယ်လွန်ကြကုန်သော ပုဂ္ဂိုလ်ထူးတို့၏ အရိုးအိုးကို သိမ်းဆည်းသိုမှီးရာ အဆောက်အဦများ ဖြစ်သည်ဟု ဆိုကြကုန်၏။
အသောကမင်းသည် ၀ိဒိသာတောင်ကုန်းပေါ်၌ သဉ္စယ သို့မဟုတ် သဉ္စိ သို့မဟုတ် ဆန်ချီစေတီတော်ကို တည်ဆောက်ရာ၌ မီးဖုတ်ထားသော အုတ်ခဲတို့ကို ထုံး၊ အင်္ဂတေတို့ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ from Sanchi, The Greatest Stupa ကြီးမြတ်သော ဆန်ချီစေတီတော်
by သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ(Ph.D.) (D.Litt.) 

※ref 4) မြင့်မိုရ် (ဂျပန်ဘာသာဖြင့် ရှုမိဆဲန်) ဗုဒ္ဓဘာသာဝင်များ ယုံကြည်လက်ခံကြသော ကမ္ဘာ့အလယ်ခေါင်ရှိ တောင်မြင့်ကြီး တစ်လုံး
Shumisen: A high mountain believed to soar at the center of the world in Buddhist belief
須弥山:仏教で世界の中心にそびえるという高山。

ဆက်ဖတ်နိုင်ရန် ကိုးကားမှတ်တမ်း
၁) http://en.wikipedia.org/wiki/Sanchi


၂) အိုဘယ့် ဆန်ချီ ( San Chi ) by ပန်းကမ္ဘာ

၃) Sanchi, The Greatest Stupa ကြီးမြတ်သော ဆန်ချီစေတီတော် (၃)

Written by သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ(Ph.D.) (D.Litt.)

၎) ဆန်ချီစေတီတော် သို့ ဘုရားဖူးမှတ်တမ်း ( ၁ )
by အရှင်သာမိ (မုံရွာ)

5) ဆန်ချီစေတီတော် သို့ ဘုရားဖူးမှတ်တမ်း ( ၂ )
by အရှင်သာမိ (မုံရွာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...