သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၈)
သစ်ထူးလွင် |
|
- ဦးဝင်းချို နှင့် လယ်သမား (၆)ဦးအား ပုဒ်မ-၅၀၅(ခ)ဖြင့် ပဲခူးတွင် ဖမ်းဆီးအရေးယူ
- အမျိုးသမီးများကို ကာကွယ်သည့်ဥပဒေ ဆော်ဒီတွင် ပထမဆုံးအကြိမ်ပြ ဋ္ဌာန်း
- ဒလကျန်စစ်သားရပ်ကွက် အမှိုက်ပုံ ဧရိယာရှိ ကျူးကျော်များအား ဘူလ်ဒိုဇာဖြင့် ရှင်းမည်
- ကျောင်းသစ်ဆောက်လုပ်ပေးသော်လည်း စာသင်ခုံ မရှိ၍ ကျောင်းသားများ အခက်ကြုံ
- ပြည်နယ်တရားသူကြီးကို အယုံအကြည် မရှိကြောင်းအဆို ပြည်နယ်လွတ်တော် အမတ်များ တင်သွင်း
-
ယာဉ်မောင်းနှင့်ယာဉ်ပိုင်ရှင်မျ
ားမှ အကျင့်ပျက်ယာဉ်ထိန်းများအား အရေးယူစေလို - အရောင်းအဝယ် အေး၍ ကားဈေးကျ
- ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသွားမည်
- ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအပြောင်းအလဲ ဖြစ်နိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချီ သွားရောက်သဖြင့် လုံခြုံရေးတိုးမြှင့်
- ဖိလစ်ပိုင်မှာ အမြဲတပ်စွဲထားဖို့ အမေရိကန် စိတ်မဝင်စား
- ပေါင်းတည် ဆန္ဒပြခေါင်းဆောင် (၃) ဦးကို တရားစွဲဆို
- အင်းစိန်မှာ ကျူးကျော်ရပ်ကွက်သားတွေ လမ်းလျှောက်ဆန္ဒပြ
- သြဂုတ် (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- သြဂုတ်လ (၃၀)ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၅၆
- စစ်ရေးသုံးဖို့ ပြင်သစ် ထောက်ခံဆဲ
Posted: 31 Aug 2013 04:58 AM PDT
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်(၃၁.၈.၂၀၁၃)နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က ရန်ကုန်မြို့နေ လယ်သမား အရေး ဆောင်ရွက်သူ ဦးဝင်းချို နှင့် လယ်သမား (၆)ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ဦးဝင်းချို ဦးဆောင်ပြီး လယ်သမား(၁၇)ဦးခန့်သည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ၊ သီရိဟံသာခန်းမရှေ့၌ စုရုံးပြီး အသိမ်းဆည်းခံ လယ်သမားများနှင့် ခြံသမားများမှ ဆုံရှုံး နစ်နာမှုများအား မှန်ကန်စွာဖြေရှင်းပေးရန်အတွက် ပိုစတာဗွီနိုင်းများ ကိုင်ဆောင်လျှက် လမ်းလျှောက် ဆန္ဒထုတ်ဖေါ် ခဲ့ကြတာ ဖြစ်ပါတယ်။ ရှင်စောပုလမ်း၊ အုန်းပင်တန်းမှ တစ်ဆင့် လိပ်ပြာကန်အထိ တန်းစီလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ရာ လိပ်ပြာကန်အရောက်တွင် ဦးဝင်းချိုမှ လယ်မြေ မတရားသိမ်းဆည်းမှုများနှင့် ပတ်သက်၍ ဟောပြောပြီးချိန် နေ့လည်(၁၁း၀၀)အချိန်တွင် အမှတ်(၁)စခန်းမှ တာဝန်ရှိသူများက ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။ ဦးဝင်းချိုနှင့် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများဖြစ်သော လေးနိုင်ဦး၊ရန်ပိုင်စိုး၊ ဟန်လင်းအောင်၊ စောပုံပုံနှင့်စောထိန်လင်း တို့(၆)ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပုဒ်မ-၅၀၅ (ခ)တို့ဖြင့် အရေးယူထားကြောင်းနှင့်ဦးဝင်းချ Ko Thant Zin by Myanmar News Now |
||
Posted: 31 Aug 2013 04:14 AM PDT
လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက အရှေ့အလယ်ပိုင်း ဒေသရှိ ဩဇာကြီးမားသော နိုင်ငံအတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပြည်တွင်း လုပ်သားများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် ဥပဒေကြမ်း တင်သွင်းမှုကို ယခုအခါ အတည်ပြု လက်ခံလိုက်ပြီဟု ပြောကြားဆော်ဒီအာရေဗျ နိုင်ငံတွင် အမျိုး သမီးများအ တွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမည့် ပြည်တွင်းဥပဒေ တစ်ရပ်ကို ပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက အရှေ့အလယ်ပိုင်း ဒေသရှိ ဩဇာကြီးမားသော နိုင်ငံအတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပြည်တွင်း လုပ်သားများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် ဥပဒေကြမ်း တင်သွင်းမှုကို ယခုအခါ အတည်ပြု လက်ခံလိုက်ပြီဟု ပြောကြားသွားသည်။ အနိုင်ကျင့်ညှင်းပမ်းမှုမှ ကာကွယ်ရေး ဥပဒေဟု အမည်ပေးထားသော ပြဋ္ဌာန်းချက်သည် ဘာသာရေး စောင့်ထိန်းမှု ပြင်းထန်လွန်းသည့် နိုင်ငံအတွင်း ထူးခြားသော အပြောင်းအလဲ တစ်ရပ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။ အစိုးရအဖွဲ့သည် ဩဂုတ်လ (၂၆)ရက်နေ့က အဆိုပါ ဥပဒေအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လပေါင်းအတန်ကြာ စောင့်ဆိုင်းခဲ့ရသည့် ဥပဒေကို အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ဒေသတွင်း ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီးများ အနိုင်ကျင့် စော်ကားခံရမှုကို တိုက်ဖျက်ရန် လှုပ်ရှားမှု တစ်ခုကို ဆော်ဩခဲ့ပြီးနောက် ယခုဥပဒေအတွက် စဉ်းစားလာခြင်း ဖြစ်သည်။ ယခုဥပဒေအရ အမျိုးသမီး တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးခဲ့ကြောင် စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် (၁)နှစ်ထိဖြစ်စေ၊ ရီရယ်လ်ငွေ (၅၀၀၀၀)ထိဖြစ်စေ ဒဏ်တပ်နိုင်မည်ဟု သိရှိရသည်။ "ဆော်ဒီဘုရင့် နိုင်ငံရဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ ပြည်တွင်းအလုပ် သမား လူ့အဖွဲ့အစည်းတွေအတွက် ခုလို ဥပဒေမျိုးက သိပ်ကို ကောင်း မွန်ပါတယ်"ဟု အမျိုးသား လူ့အခွင့်အရေးအဖွဲ့မှ အတွင်းရေးမှူးချုပ် ခါလက်ဒ်အယ်လ်ဖက်ဟာက ပြောကြားခဲ့သည်။ ယခင်က အမျိုးသမီးများ၊ ကလေးများနှင့် အလုပ်သားများအပေါ် အနိုင်ကျင့် ဖိနှိပ်မှုမျိုးကို ဥပဒေသက်သက် သတ်မှတ်ခြင်း မရှိဘဲ အစ္စလာမ်မစ် စည်းမျဉ်းများဖြင့်သာ သိုင်းဝိုင်းဖြေရှင်းခဲ့ကြသည်။ ကုလသမဂ္ဂသည် အမျိုးသမီးများအတွက် တိတိကျကျ အကာအကွယ် ပေးနိုင်မည့် ဥပဒေမျိုး ပြဋ္ဌာန်းရန် (၂၀၀၈)ခုနှစ်ကတည်းက ဆော်ဒီအစိုးရကို တိုက်တွန်းနေခဲ့ပြီးဖြစ်သည်။ Planet Myanmar Network |
||
Posted: 31 Aug 2013 04:12 AM PDT
ရန်ကုန် ၊ သြဂုတ် - ၃၀ ။ ။ ဒလမြို့တွင် အမှိုက်ဖျက်စက်ရုံ တည်ဆောက် မည့် ကျန်စစ်သားရပ်ကွက်ထိပ် ရှိ အမှိုက်ပုံဧရိယာတွင်နေ ထိုင် နေသည့်ဒေသခံများ၏နေအိမ် များကို စည်ပင်သာယာဌာနမှ လာမည့်သုံးရက်အတွင်း စက်များ ဖြင့် ထိုးဖျက် မည် ဖြစ်ကြောင်း သိရသည်။ ယင်းပြောင်းရွှေ့ခိုင်းမှုနှင့် ပတ်သက်သည့်အစည်းအဝေး ကို ဩဂုတ် ၂၉ရက် နံနက်ပိုင်းက ဒေသခံများ၊ စည်ပင်သာယာ၊ မြို့ နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင် ''အခုနှစ်ရက်အတွင်းမှာ မရွှေ့ရင် ဘူလ်ဒိုဇာနဲ့ ထိုးဖျက်မယ် ပြောတယ်။ ဒီနေရာမှာ ၁၉၉ဝပြည့် နှစ်ကတည်းက တောကြီးမျက် မည်းကိုရှင်းပြီး စိမ်းလန်းမြေ နေရာ ဖော်ဆောင်နေလာခဲ့တာ ပါ''ဟု အစည်းအဝေးပွဲကို တက် ရောက်ခဲ့သည့် ရွှေ့ပြောင်း ရမည့် ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိဒလမြို့၏ အမှိုက် များကို စုပုံနေသည့် ကျန်စစ်သား ရပ်ကွက်ထိပ်၊ ဒလ-တွံတေးကား လမ်းဘေးရှိ မြေနေရာတွင် စည် ပင်သာယာဌာနမှ 'အမှိုက်ဖျက် ဆီးသည့်စက်ရုံ' တည်ဆောက် မည်ဖြစ်ပြီး အဆိုပါစီမံကိန်းနှင့် မလွတ်ကင်းသည့် စိမ်းလန်းမြေ များတွင် နေထိုင်နေသည့် အိမ် ခြေ ၄ဝကျော်မှ အိမ် ၁၁လုံးကို ရွှေ့ပြောင်းခိုင်းရာတွင် ဒေသခံ များနှင့် အချေအတင်ဖြစ်နေခြင်း ဖြစ်ကြောင်း ဒလမြို့နယ် အထွေ ထွေအုပ် ချုပ်ရေး မှူး ဦးထွန်း ထွန်းဝင်းက ပြောသည်။ ''အခုရွှေ့ပြောင်းရမှာက အိမ်ခြေ ၁၁လုံးပါ။ အားလုံးမဟုတ် ပါဘူး။ သူတို့မှာ ဒီနေရာကို ပိုင် ဆိုင်ကြောင်း အထောက်အထား မရှိဘူး။ စည်ပင်ကတော့ ဥပဒေ အတိုင်းလုပ်မယ်လို့ သိရတယ်။ရွှေ့ပေးမယ်ဆိုတာကို သုံးရက် အတွင်း လာအကြောင်း ကြား ပါ။ မကြားရင် တဲတွေကို ဖျက်မယ်လို့ ပြောလိုက်တယ်''ဟု ယင်းက ဆက်လက်ပြောသည်။ ''အထောက်အထားမရှိ ဒီမြေမှာ နှစ်၂ဝကျော်နေလာတာ ကျေနပ်သင့်ပါပြီ''ဟု ဦးထွန်းထွန်း ဝင်းက ဆက်လက်ပြောသည်။ အဆိုပါ ဒလ-တွံတေး ကား လမ်းဘေးရှိ စိမ်းလန်းမြေများကို ၁၉၉ဝပြည့်နှစ်က လမ်းဘေးစိမ်း လန်းစိုပြည်ရေးစီမံကိန်းအဖြစ် ထို အချိန်က အကောင်အထည်ဖော် ခိုင်းခဲ့ပြီး ယခုအချိန်တွင် လျော် ကြေးမဲ့ရွှေ့ပြောင်းခိုင်းနေသည် ကျော်ဇေယျ Yangon Media Group |
||
Posted: 31 Aug 2013 04:08 AM PDT
ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်
ရွာချောင်းကြီးကျေးရွာ၏ စာသင်ကျောင်းသစ်တွင် စာသင်ခုံများ မရှိသဖြင့်
ကျောင်းသားများ စာသင်ကြားရန် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။
BAJ ၏ အကူအညီဖြင့် ခေတ်မီ မူလတန်း ကျောင်းသစ် တစ်ဆောင်အား ရွာချောင်းကြီး ကျေးရွာတွင် များမကြာမီက ဆောက်လုပ်ပေးထားသော်လည်း စာသင်ခုံ တစ်ခုံမျှ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်နေကြရသည်ဟု ဒေသခံ ကျောင်းသား မိဖများက ပြောသည်။ ရွာချောင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသိန်းကျော်အား နိရဉ္စရာက ဆက်သွယ် မေးကြည့်ရာ စာသင်ခုံများ အထက်သို့ တင်ပြ တောင်းထားသော်လည်း ယခုထက်တိုင် မရောက်သေးကြောင်း ပြောဆိုသည်။ “ စာသင်ခုံ မရှိတော့ ကျောင်းသားတွေ စာသင်ရတာ အခက်အခဲ ရှိနေတဲ့ အတွက် မြို့နယ် ပညာရေးမှူးရုံးကို တင်ပြထားပါတယ်။ အခုအချိန်ထိတော့ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားတာ မရှိသေးပါ” ဟု ဆိုသည်။ စာသင်ခုံများ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်ရသဖြင့် ကျောင်းသားများ အနေဖြင့် မကြာခဏ ဖျားနာမူများ ဖြစ်ပေါ်နေသည်ဟု ကျောင်းသား မိဖ တစ်ဦးကဆိုသည်။ “ ကလေးတွေ မကြာခဏ ဖျားနာတာတွေတော့ ရှိပါတယ်။ သမံတလင်းပေါ်မှာ ထိုင်ပြီး တစ်နေ့လုံး စာသင်ရတော့ ကလေးတွေ ကျန်းမာရေး ထိခိုက်နေတာ အမှန်ပါဘဲ။ ဒါပေမယ့် ကျောင်းမတက်ရင် ပညာရေး ထိခိုက်နိုင်တာမို့ နေ့တိုင်း ကျောင်းသွားနေကြရတာပါဘဲ” ဟု ဆိုသည်။ ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံများ မရှိသည်သာမက ဆရာ ဆရာမများ အတွက်လည်း စားပွဲနှင့် ထိုင်ခုံများ မရှိဘဲ ဖြစ်နေသည်ဟု သိရသည်။ ရွာချောင်းကြီးကျေးရွာမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ကလေးဘ၀က နေထိုင်ခဲ့သော ကျေးရွာဖြစ်သဖြင့် အဆိုပါ BAJ ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံ တစ်ခုံမှ မရှိသဖြင့် ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် စာသင်ခုံများ ဆက်လက် ကူညီ လှူဒါန်းပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။ (နိရဉ္စရာ- ၃၁ သြဂတ်စ် ၂၀၁၃) |
||
Posted: 31 Aug 2013 04:05 AM PDT
ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပြည်နယ် တရားသူကြီး ဒေါ်စီစီကို အယုံကြည် မရှိကြောင်း အဆိုကို လွတ်တော်အမတ်များ တင်းသွင်း လိုက်ကြောင်း သိရသည်။ အဆိုပါ အယုံအကြည်မရှိကြောင်း အဆိုကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်မှ ဦးဆောင်ကာ လွတ်တော်ကိုယ်စားလှယ် ၁၄ ဦးမှ လက်မှတ်ရေးထိုး တင်သွင်းလိုက်ခြင်းဖြစ်သည်။ ပြည်နယ်တရားသူကြီးကို အယုံအကြည်မရှိ အဆိုတင်သွင်းရသည့်ကိစ္စနှင့်ပတ် “ အဓိကတော့ ဒေါ်စီစီရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေကတင်ပြလာတဲ့အတွက် ဒီလို အဆိုတင်သွင်းရတာ ဖြစ်ပါတယ်။ မြောက်ဦးမြို့က ဒေါ် မသန်းတင်ဆိုတဲ့အမျိုးသမီးက ဆန်စပါး ရောင်းဝယ်ရေးနဲ့ပတ်သတ်တဲ့ လူ ပေါင်း ၉၀ ကျော်ဆီက ကျပ်သိန်း ပေါင်း ၄၃၀၀ ကျော် လိမ်လည်ထားတဲ့ အမှုတခုရှိတယ်။ ဒီအမှုနဲ့ ပတ်သတ် ပြီး ဒေါ်စီစီက ငွေကြေးအပေးအယူလုပ်ပြီး သူ့အချိန်ဝါကို အသုံးချ ဖုံးကွယ်ထားတဲ့ ကိစ္စတခုရှိတဲ့အတွက် ပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ကို ခွင့်လွတ်လို့မရတော့ဘူးဆိုပြီး ကျွန်တော်တို့ ဒီအဆိုကို တင်သွင်းလိုက် တာ ဖြစ်ပါတယ်။” အဆိုပါ ငွေကြေးလိမ်လည်မှုမှာ ၂၀၁၂ ခုနှစ်က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလိမ် ခံရသူများက ဒေါ် မသန်းတင်ကို တရားစွဲဆိုရန် မြို့နယ်၊ ခရိုင်အဆင့်တို့တွင် တရားစွဲဆိုခဲ့သော်လည်း ဒေါ်မသန်းတင်က ပြည် နယ်အဆင့် ဒေါ်စီစီကို ငွေးကြေးတချို့ပေးချဉ်းကပ်ကာ ဒေါ်စီစီမှ သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒေါ်မသန်း တင်ကို တရားစွဲခွင့်မရှိဟုဆိုကာ ပယ်ချထားသည်ဟု ဆိုသည်။ ယခုအခါ ငွေကြေးလိမ်လည်ခံရသူများမှာ ပြည်နယ်အဆင့် တရားသူကြီးမှ ပယ်ချထားသည့်အတွက် တိုင်ကြား စရာ မရှိသည့်အတွက် လွတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားရာမှ ယခုကဲ့သို့ ပြည်နယ် တရားသူကြီး ပါဝင်ပတ်သတ်မှုရှိနေကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုအခါ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့နှ “ အခုကျွန်တော်တို့ စုံစမ်းစစ်ဆေးရေး ကော်မီတီတခုဖွဲ့ဖို့ထားပါတယ်။ အဲဒီအဖွဲ့က အမှုနဲ့ ပတ်သတ်ပြီး အားလုံးကို ကွင်းဆင်းစစ်ဆေးမယ်။ အဲဒီစစ်ဆေးချက်တွေကို နောက်တခေါက် လွတ်တော်မှာ တင်ပြပါတယ်။ ကော်မီတီရဲ့တွေ့ရှိချက်တွေ မှန်ကန်တယ်။ လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ လက်ခံရင် ဒေါ်စီစီကို ဖြုတ်ချ နိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။ ဥပဒေပုဒ်မ ၃၁၁ တွင်လည်း လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ပုံ သဘောတူလျှင် ပြည်နယ် တရားသူကြီးကို ဖြုတ်ချနိုင်ကြောင်း ဖော်ပြထားကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း တရားရေးမဏ္ဍိုင်မှာ အထူးပျက်စီးနေသည့်အတွက် တရားရေးမဏ္ဍိုင် သန့်ရှင်းရေနှင့် တည့်မတ်နိုင်ရေးမှာ အထူးအရေးကြီးနေပြီ ဖြစ်ကြောင်းလည်း ဦးအောင်မြကျော်က ပြောဆိုသွားသည်။ (နိရဉ္စရာ- ၃၁ သြဂတ်စ် ၂၀၁၃) / မောင်အေး |
||
Posted: 30 Aug 2013 10:48 PM PDT
မန္တလေး မိုးကုတ်လမ်းပေါ်ရှိ ရွှေကျင်မောင်းတံ၏ မြောက်ဘက် ဘိုးဘိုးကြီး ညောင်ပင်အနီးရှိ ယာဉ်ထိမ်းရဲတပ်ဖွဲ့နှင့် ကန်ပိုင် စက်ထိပ်ရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့သည် အရပ်သားများကို ခေါ်ယူ၍ ထိုလမ်းပေါ်တွင်ပြေးဆွဲနေသော ကားများအား နေ့စဉ်ငွေတောင်းယူ နေမှုများ ရှိကြောင်း အဝေးပြေး ယာဉ်မောင်းများထံမှ သိရသည်။ “ဒီနေရာကို မနက်မလင်းသေးဘူး ရောက်နေပြီ။ လာတဲ့ကား အကုန်တားတာပဲ၊ မပေးရင်တော့ လမ်းဘေး ထိုးရပ်ထား ပေတော့ပဲ၊ စကား မပြောချင်တော့ ပေးရတာပေါ့၊ အနည်းဆုံး တစ်ထောင်ကနေ ငါးထောင်အထိ ပေးရတယ်၊ ယူနီဖောင်းဝတ် ထားတဲ့ ၀န်ထမ်းယာဉ်ထိန်းရဲက ဘေးမှာ ခုံနဲ့ထိုင်နေတယ်၊ အရပ်သား တစ်ယောက်ကို ပိုက်ဆံကောက်ခိုင်းတယ်၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 10:30 PM PDT
ပြည်တွင်း ကားဈေးကွက်အတွင်း အရောင်းအဝယ် အေးနေခြင်းကြောင့် ဂျပန် လေလံ ဈေးကွက်မှ ဝင်ရောက်လာသည့် ယာဉ်များ အပါအဝင် ပြည်တွင်း မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်း နေကြောင်း ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ယခင်က လူကြိုက်များခဲ့သည့် ကျပ် သိန်း ၃၀၀၀ ခန့် လင်ခရူဇာ၊ လပ်ဇပ် (၂၀၀၇ ခုနှစ် မော်ဒယ်လ်) ယာဉ်များကို ယခု ကျပ်သိန်း ၁၀၀၀ ဖြင့် ရောင်း ချသော်လည်း အရောင်းအဝယ် မဖြစ်တော့ကြောင်း ဟံသာဝတီ ယာဉ်ရပ်နားစခန်း (အဟောင်း) မှ ဝယ်ရောင်း ဦးကျော်စိုးက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 10:02 PM PDT
စင်ကာပူ နိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုများကိုလေ့လာရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် စင်ကာပူနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာလအ တွင်း သွား ရောက်ရန်ရှိကြောင်း သိရသည်။ ယင်းခရီးစဉ်သည် စက်တင် ဘာ ၂၀ ရက်နှင့် ၂၂ရက်များတွင် ပြုလုပ်မည့် ဒုတိယအကြိမ် စင်ကာ ပူထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ် သက်သည့် အဓိကအချက်အ လက်များခေါင်းစဉ်ဖြင့် ဒေါ်အောင် ဆန်းစုကြည် မှ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 09:47 PM PDT
ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ သြဂုတ်လ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် လက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိ မရှိမေးခွန်းကို သတင်းထောက်အချို့က မေးမြန်းရာ ၎င်းက ယင်းသို့ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 09:37 PM PDT
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီကျော်က ဗုဒ္ဓဘာသာနှင့် ဘာသာခြားတို့ ရိုက်နေသည်ဟူသော ကောလာဟလ ထွက်ပေါ်ခဲ့သဖြင့် အဆိုပါမြို့ရှိ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းများသို့ လူရာချီစုဝေး ရောက်ရှိ ခဲ့သောကြောင့် လုံခြုံရေး တိုးမြှင့်ဖြေရှင်းခဲ့ရကြောင်း ကျောင်းသားမိဘများနှင့် မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 05:20 PM PDT
ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်တပ်တွေ တိုးချဲ့ချထားရေးအတွက် ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေရှိနေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်အနေနဲ့ ဖိလစ်ပိုင်မှာ အမြဲတမ်း အခြေစိုက်စခန်းဖွင့်ဖို့အတွက် ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ ဝန်ကြီး Hagel ဟာ သူ့ရဲ့ အာရှ တပတ်ကြာခရီးစဉ် အဆုံးသတ်တဲ့ သောကြာနေ့မှာ ဖိလစ်ပိုင်သမ္မတ Benigno Aquino နဲ့ မနီလာမြို့တော်မှာ တွေ့ဆုံအပြီး အခုလိုပြောဆိုခဲ့တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 05:16 PM PDT
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြသူတွေထဲက ၃ ဦးကို မြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ တရားမ၀င်စီတန်းလှည့်လည်မှုနဲ့ တရားစွဲလိုက်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပေါင်းတည်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးကို ပေါင်း တည်မြို့ခံ တစ်ရာကျော်လောက်က ဆန္ဒပြခဲ့ကြရာမှာ ဦးဆောင်ခဲ့သူ ကိုစောနိုင်၊ ကိုရဲကျော်နိုင်နဲ့ ကိုကျော်ကျော်လွင်တို့ ၃ ဦးကို တရားစွဲဆိုလိုက်တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 05:12 PM PDT
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒညင်းကုန်း၊ အောင်ဆန်း၊ စဉ့်ငူနဲ့ ဖော့ကန် ရပ်ကွက်မှာနေထိုင်တဲ့ ကျူးကျော်အိမ်ပိုင်ရှင် တစ်ရာကျော်က လက်ရှိနေရာတွေမှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ဒီနေ့ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းကနေ အင်းစိန်စည်ပင်သာယာရုံးရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတစ်ဦးဖြစ်သူ ကိုဇော်လင်းက သားသမီးတွေ ကျောင်းတက်နေတဲ့အချိန်ဖြစ်တာေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 05:09 PM PDT
|
||
Posted: 30 Aug 2013 05:08 PM PDT
|
||
Posted: 30 Aug 2013 04:57 PM PDT
ဆီးရီးယားကို စစ်ရေးအရ မစွက်ဖက်ဖို့ ဗြိတိန်ပါလီမန်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ပြင်သစ်အတွက် ထူးခြားသွားမှာ မဟုတ်ကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက ပြောကြားလိုက်ပါတယ်။ အရင်တပတ်က အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စအတွက် အာဆတ် အစိုးရကို ပြင်းထန်စွာ အရေးယူဖို့ ထောက်ခံဆဲ ဖြစ်ကြောင်း ပြင်သစ် သတင်းစာကြီးတစောင်ကို မစ္စတာ အော်လန်းက ပြောဆိုခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment