Monday, August 26, 2013

ဆေးလိပ်......

Ko Soe shared Myawady News's photo.
တစ်ရက် ကျနော် ကန်တော်ကြိးပန်းခြံတွင် လေညှင်းခံနေစဉ်.......အသံစူးစူးများ နားထဲဝင်လာ၏။သမီးရည်းစားစုံတွဲဖြစ်မည်။

တစ်သံက အမျိုးသားအသံ......နောက်တစ်သံက အမျိုးသမီးအသံ။အသံလာရာက ကျနော့် ညာဘက်မျက်ဝန်းထောင့်ရှိ သစ်ပင်အောက်မှ...

သို့နှင့်မတတ်သာသည့်အဆုံး ကျနော်လည်း နားစိုက်လိုက်စဉ် ကြားလိုက်ရတာက.....

အမျိုးသမိး။ ။ရှင်ဆေးလိပ်သောက်လား

အမျိုးသား။ ။ သောက်တယ်..

အမျိုးသမီး။ ။တစ်ရက်ကိုဘယ်နှစ်ဗူးသောက်လဲ

အမျိုးသား။ ။၎ ဗူး

အမျိုးသမီး။ ။ ၁ဗူးကိုဘယ်လောက်လဲ

အမျိုးသား။ ။ ၆၀၀ ကျပ်

အမျိုးသမီး။ ။ သောက်တာဘယ်လောက်ကြာပီလဲ

အမျိုးသား။ ။၁၅နှစ်

အမျိုးသမီး။ ။ရှင်က တစ်ရက်ကို ၄ ဗူး သောက်တယ်ဆိုတော့ ၁လမှာ ၇၂၀၀၀ကျပ်၊ ၁နှစ်မှာ ၈၇၆၀၀၀ ကျပ်..မှန်ရဲ့လား

အမျိုးသား။ ။ မှန်တယ်

အမျိုးသမီး။ ။ဒါဆိုလွန်ခဲ့တဲ့ ၁၅နှစ်အတွင်း ရှင် ၁၃၂သိန်း ( ၁၃၁၄၀၀၀၀ကျပ် )သုံးခဲ့တာပေါ့

အမျိုးသား။ ။ အင်း..

အမျိုးသမီး။ ။ရှင်အဲ့ပိုက်ဆံတွေကိုဆေးလိပ်မသောက်ဘဲ ငွေအတိုးပေးတဲ့ဘဏ်တခုခုမှာ လွန်ခဲ့တဲ့ ၁၅နှစ်ထဲကအပ်ထားရင် အခုဆို ကာတီးနားဝယ်စီးလို့ရနေပီ..

အမျိုးသား။ ။ မင်းဆေးလိပ်သောက်လား

အမျိုးသမီး။ ။ မသောက်ဘူး...

အမျိုးသား။ ။ ဒါဆို .....ဘယ်မှာလဲမင်းရဲ့ ကာတီးနား ကား

အမျိုးသမီး။ ။ တိန်..

ရီမောပျော်ရွှင်စေရန်သာ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...