Saturday, August 31, 2013

Loanwords ဗိုလ်စကား


loanword
A loanword is a word borrowed from a donor language and incorporated into a recipient language.
http://en.wikipedia.org/wiki/Loanword()

မြန်မာ အသံ ဖလှယ်ခြင်း
ဘာသာ မပြန်နိုင်သေးလျှင် မြန်မာစာလုံးဖြင့် အောက်ပါနည်းများအတိုင်း အသံလှယ်သည့် အစဉ်အလာ ရှိပါသည်။
(၁) အဆုံးဗျည်းသံ မပါသော စကားလုံးများကို အနီးစပ်ဆုံးကြားသည့် အသံအတိုင်း မြန်မာစာလုံးဖြင့် ရေးခြင်း။
computer ကွန်ပျူတာ (ကွန်ပျူတာ)



(၂) အဆုံးဗျည်းသံပါသော စကားလုံးများကို အဆုံးဗျည်းသံဖြုတ်၍ ဖလှယ်ခြင်း။
email အီးမေး (အီးမေးလ်)

(၃) စကားလုံးအလယ်မှာ အဆုံးဗျည်းသံပါနေလျှင် အသတ်မထည့်ဘဲ ဖလှယ်ခြင်း။
album အယ်လဘမ် (အယ်လ်ဘမ်)

(၄) စကားလုံးအလယ်က ဗျည်းသံကိုဖျောက်၍ ဖလှယ်ခြင်း။
platform ပလက်ဖောင်း (ပလက်တ်ဖောင်း)
(မောင်ခင်မင် (ဓနုဖြူ)၊ လူတိုင်းအတွက် အသုံးချမြန်မာစာ၊ ပထမအကြိမ်၊ ရန်ကုန်၊ ဇင်ရတနာစာပေ၊ ၂၀၁၀၊ စာမျက်နှာ ၅၁။)



မြန်မာဘာသာတွင် စာအရေးအသား အနေနှင့် သာရှိပါသည်။ စကားသံ အနေနှင့် မရှိပါ။ စာရေးရာတွင် 'အက်၊ အတ်၊ အန်' စသည်ဖြင့် ဗျည်းအသတ်များနှင့် အဆုံးသတ်သော ဝဏ္ဏများရှိသော်လည်း အသံထွက်ရာတွင် အင်္ဂလိပ်ဘာသာမှာကဲ့သို့ အက်(က်)၊ အက်(စ်)၊ အန်(န်) စသည်ဖြင့် ဗျည်းသံ မထွက်ပါ။
(မောင်ခင်မင်၊ မြန်မာစကား မြန်မာရုပ်ပုံလွှာ)


ဗိုလ်စကား

မွေးစားစကား ဟုလည်းခေါ်ကြသည်။

academic အကယ်ဒမစ်
accordion အကော်ဒီယန်
account အကောင့်
acid အက်ဆစ်
AD အေဒီ
agency အေဂျင်စီ
agenda အာဂျင်တာ
agent အေးဂျင့်
aggressive အဂရက်စစ်
AIDS အေဒ့်စ်
album အယ်လဘမ် / အယ်ဘမ် / အယ်လ်ဘမ်
a.m. အေအမ်
amount အမောင့်
Apple company အက်ပယ်လ်ကုမ္ပဏီ
April ဧပြီ
April Fools ဧပရယ်ဖူးလ်
Arctic အာတိတ်
area ဧရိယာ
assignment အဆိုင်းမင်း
asylum အဆိုင်လမ်
atom အက်တမ်
August သြဂုတ်
aunt / auntie / aunty အန်တီ
bacteria ဗက်တီးရီးယား
ball pen ဘောပင်
band ဘင်
banjo ဘင်ဂျို
bank ဘဏ်
bar ဘား
barley ဘာလီ
barometer ဘာရိုမီတာ
baseball ဘေ့စ်ဘော
battery ဘက်ထရီ
bay area ဘေးဧရိယာ
beauty ဗျူတီ
beer ဘီယာ
bell ဘဲလ်
bicycle ဘိုင်စကယ်
bikini ဘီကီနီ
bill board ဘီလ်ဘုတ်
billiard ဘိလိယက်
billion ဘီလီယံ
binomial ဘိုင်နိုမီနယ်
biscuit ဘီစကစ်
black box ဘလက်ဘောက်စ်
Black list ဘလက်လစ်
black mail ဘလက်မေးလ်
blind ဘလိုင်း
block ဘလောက်
blogger ဘေလာ္ဂါ / ဘေလာ့ဂ္ဂါ
blue staff ဘလူးစတပ်ဖ်
board ဘုတ်
boiler ဘွိုင်လာ
bond ဘွန်း
bonus ဘောနပ်
boss ဘော့စ်
brake ဘရိတ်
bravo ဘရာဗို
brother ဘာရတာ
budget ဘတ်ဂျက်
Bulldozer ဘူဒိုဇာ
bunker ဘန်ကာ
buoy ဗော်ယာ
bureau ဗျူရို
bureaucracy ဗျူရိုကရေစီ
bureaucrat ဗျူရိုကရက်
bourgeois ဘူဇွာ
Burma ဘားမား
Burmese ဘားမစ်
bus ဘတ်စ်
cabinet ကက်ဗီနက်
cable ကေဘယ်
Cafe ကဖီး
camera ကင်မရာ
camp ကန့် 
campaign ကန်ပိန်း
cancer ကင်ဆာ
capacity ကပ်ပစတီ
car ကား
carat ကရက်
carbon ကာဗွန်
caricature ကယ်ရီကေးချား
casino ကက်စီနို
cassette ကက်ဆက်
catalog ကတ်တလောက်
Catholic ကက်သလစ်
CD စီဒီ
cell ဆဲလ်
cellular ဆယ်လူလာ
censor ဆင်ဆာ
center စင်တာ
centigrade စင်တီဂရိတ်
Champagne ရှမ်ပိန်
champion ချန်ပီယံ
chaplain ချာပလင်
chatting ချက်တင်
check box ချက်ဘောက်
cheers! ချီးယား
chocolate ချော့ကလက်
cholesterol ကိုလက်စထရော
Christian ခရစ်ယာန်
Christmas ခရစ်စမတ် / ခရစ္စမတ်
cigarette စီးကရက်
circus ဆပ်ကပ်
Cisco ဆစ်စကို
civic စီဗစ်
civil society ဆီဗဲလ်ဆိုဆိုက်တီး
clip ကလစ်
club ကလပ်
clutch ကလပ်
code ကုတ်
coffee ကော်ဖီ
college ကောလိပ်
colony ကိုလိုနီ
color ကာလာ
comma ကော်မာ
commando ကွန်မန်ဒို
comment ကွန်မင့်
commission ကော်မရှင်
committee ကော်မတီ
communist ကွန်မြူနစ်
company ကုမ္ပဏီ
computer ကွန်ပျူတာ
conference ကွန်ဖရင့်စ်
Congress ကွန်ဂရက်
conservative ကွန်ဆာဗေးတစ်
contract ကန်ထရိုက်
contractor ကန်ထရိုက်တာ
convent ကွန်ဗင့်
corporation ကော်ပိုရေးရှင်း
corridor ကော်ရစ်တာ
cough ကော့ဖ်
council ကောင်စီ
cover ကာဘာ
crane ကရိန်း
credit card ခရက်ဒစ်ကဒ်
crony ခရိုနီ
cross ကရော့စ်
curfew ကာဗျူး
custom ကာစတန်
customer ကာစတန်မာ
cyclone ဆိုင်ကလုန်း
debate ဒီဘိတ်
December ဒီဇင်ဘာ
demand ဒီမန်း
democracy ဒီမိုကရေစီ
democratization ဒီမိုကရက်တိုက်ဇေးရှင်း
design ဒီဇိုင်း
designer ဒီဇိုင်းနာ
dialogue ဒိုင်ယာလော့
diary ဒိုင်ယာယီ
digital ဒစ်ဂျစ်တယ်
director ဒါရိုက်တာ
diving ဒိုင်ဗင်
do ဒူး
doctor ဒေါက်တာ
dollar ဒေါ်လာ
down load ဒေါင်းလုပ်
dozen ဒါဇင်
drama ဒရမ်မာ
drum ဒရမ်
duty coat ဂျူတီကုတ်
dynamite ဒိုင်းနမိုက်
Eco အီကို
economic အီကိုနိုမစ်ခ်
editor အယ်ဒီတာ
education အက်ကျူကေးရှင်း
electronic အီလက်ထရောနစ်
email အီးမေး / အီးမေးလ်
emotion အီမိုးရှင်း
empire အင်ပါယာ
energy drink အင်နာဂျီဒရင့်
engine အင်ဂျင်
engineer အင်ဂျင်နီယာ
English အင်္ဂလိပ်
equation အီကွေးရှင်း
equator အီကွေတာ
essay အက်ဆေး
evolution အီဗိုလူရှင်း
Excel အိပ်ဇဲလ်
excited အိပ်ဆိုက်တစ်
Facebook ဖေ့စဘွတ် / ဖေ့ဘွတ်
Fascist ဖက်ဆစ်
fashion ဖက်ရှင်
fax ဖက်စ်
February ဖေဖော်ဝါရီ
federal ဖက်ဒရယ်
feel ဖီလ်း
feeling ဖီးလ် လင်
fight ဖိုက်
file ဖိုင်
film ဖလင်
financial ဖိုင်နန်ရှယ်
fine ဖိုင်း
flannel ဖလန်နယ်
focus ဖိုးကပ်စ်
fool ဖူးလ်
foreman ဖိုမင်
forensic ဖိုရမ်စစ်
formula ဖော်မြူလာ
forum ဖိုရမ်
foul ဖောင်းလ်
foundation ဖောင်ဒေးရှင်း
fountain ဖောင်တိန်
free ဖရီး
free kick ဖရီးကစ်
fresher ဖရက်ရှာ
fullscap ဖူးစကက်
function ဖန်ရှင်
gallon ဂါလန်
gas ဂက်စ်
gate ဂိတ်
gentleman ဂျန်းတလ်မဲန်း
geometry ဂျီသြမေတြီ
global ဂလိုဘယ်
Globalization ဂလိုဘယ်လိုက်ဇေးရှင်း
goal ဂိုး
golden ဂိုးဒင်း
good ဂွဒ်
goodnight ဂွဒ်နိုက်
Google ဂူဂယ်
governor ဂါဗာနာ
grade ဂရိတ်
gram ဂရမ်
Greek ဂရိ
gross ဂရွတ် (ဆယ့်နှစ်ဒါဇင်)
group mail ဂရုမေးလ်
Guardian ဂါးဒီးယန်း
guide ဂိုက်
guide line ဂိုက်လိုင်း
guitar ဂစ်တာ
Gurkha ဂေါ်ရခါး
harmony ဟာမိုနီ
health ဟဲလ်သ်
hectare ဟက်တာ
helium ဟီလီယံ
hero worship ဟီးရိုးဝါးရှစ်
High Court ဟိုက်ကုတ်
High School Final ဟိုက်စကူးဖိုင်နယ်
Hindu ဟိန္ဒူ
home ဟုမ်
honeymoon ဟန်နီးမွန်း
hormone ဟော်မုန်း
horn ဟွန်း
hotel ဟိုတယ်
house ဟောက်စ်
house surgeon ဟောက်စ်ဆာဂျင်
hydrogen ဟိုက်ဒရိုဂျင်
I အိုင်
I love you အိုင်လပ်လ်ယူ
Icon အိုင်ကွန်
idea အိုင်ဒီယာ
Ideology အိုက်ဒီရော်လော်ဂျီ
idiom အီဒီယမ်
immigration အင်မီဂေးရှင်း
impression အင်ပရက်ရှင်
information အင်ဖော်မေးရှင်း
informer အင်ဖော်မာ
Institution အင်စတီကျူးရှင်း
Intel အင်တယ်လ်
Internet အင်တာနက်
interview အင်တာဗျုး
inverter အင်ဗာတာ
iPad အိုင်ပက်
iPhone အိုင်ဖုန်း
iPod Music Player အိုင်ပေါ့ မြူးဇစ်ပလေးယား
Islam အစ္စလာမ်
iTunes အိုင်ကျွန်း
jail ဂျေး
January ဇန်နဝါရီ / ဇန္နဝါရီ
joker ဂျိုကာ
journal ဂျာနယ်
Judo ဂျူဒို
July ဇူလိုင်
June ဇွန်
junior ဂျူနီယာ
junk ဂျန့်ခ်
karate ခရာတေး
key ကီး
keyboard ကီးဘုတ်
khaki ကာကီ
Kilogram ကီလိုဂရမ်
Kilometer ကီလိုမီတာ
Label လေဘယ်
laptop လက်တော့ / လက်ပ်တော့
Latin လာတင်
latitude လတ္တီတွဒ်
latrine လက်ထရိန်
lecture လက်ချာ
lever လီဗာ
like လိုက်ခ်
limit လစ်မစ်
limited လီမိတက်
line လိုင်း
linen လိုင်နင်
link လင့်
list လစ်
Liter လီတာ
lobby လော်ဘီ
local လော်ကယ်
longitude လောင်ဂျီတွဒ်
loud speaker လောင်စပီကာ
lucky လပ်ကီး
mafia မာဖီးယား
make up မိတ်ကပ်
mandolin မယ်ဒလင်
marathon မာရသွန်
March မတ်
marketing မားကက်တင်း
martial law မာရှယ်လော
May မေ
media မီဒီယာ
megawatt မဂ္ဂါဝပ်
member မန်ဘာ
menu မီနူး
mercury မာကျူရီ
message မက်ဆိတ်ခ်ျ
meter မီတာ
metric မက်ထရစ်
microphone မိုက်ခရိုးဖုန်း
Microsoft မိုင်ကရိုဆော့
microwave မိုက်ခရိုဝေ့
mile မိုင်
mindset မိုင်းဆက်
minimarket မီနီမားကတ်
minute မိနစ်
Miss မစ်
mobile မိုဘိုင်းလ်
mobile phone မိုဘိုင်းဖုန်း
model မော်ဒယ်
molecule မော်လီကျူး
money changer မန်းနီးချိန်ဂျာ
moral မော်ရယ်
morphia မော်ဖီးယား
mortuary မော်ကျူရီ
mother မာသာ
motor မော်တာ
motor boat မော်တော်ဘုတ်
motor cycle မော်တော်ဆိုင်ကယ်
Mrs မစ္စ
muffler မာဖလာ
multimedia မာလတီ မီဒီယာ
municipal မြူနီစီပါယ်
NASA နာဆာ
nation နေရှင်
NATO နေတိုး
Nazi နာဇီ
negro နီဂရိုး
neon နီယွန်
neutron နျူထရွန်
news နယူးစ်
NGO အန်ဂျီအို
night club နိုက်ကလပ်
No နိုး
Nobel နိုဘဲလ်
notary နိုတြီ
notice နို့တစ်
November နိုဝင်ဘာ
nuclear နျူကလီးယား
nucleus နျူကလိယ
nurse နပ့်စ်
nylon နိုင်လွန်
oasis အိုအေစစ်
October အောက်တိုဘာ
OK အိုကေ
Olympic အိုလံပစ်
one ဝမ်း
one set ဝမ်းဆက်
online အွန်လိုင်း
open society အိုးပန်းဆိုဇိုင်တီ
opera အော်ပရာ
operator အော်ပရေတာ
orchestra သြခက်စထြာ
orchid အော့ခစ်
order အော်ဒါ
organize အော်ဂနိုက်ဇ်
OT အိုတီ
out line အောက်လိုင်း
overstay အိုဗာစတေး
oxygen အောက်ဆီဂျင်
parcel ပါဆယ်
parliament ပါလီမန်
partnership ပါတနာရှစ်
party ပါတီ
passenger ပါစင်ဂျာ
passport ပတ်စပို့စ်
PC ပီစီ
pen ပင်
penalty ပင်နယ်တီ
penicillin ပင်နီဆီလင်
pension ပင်စင်
personal ပါဆင်နယ်
philosophy ဖီလော်ဆော်ဖီ
phone card ဖုန်းကဒ်
pin ပင်
ping pong ပင်ပေါင်
pinion ပင်နယန်
plaster ပလတ်စတာ
plastic ပလတ်စတစ်
platform ပလက်ဖောင်း
plaza ပလာဇာ
pliers ပလာယာ
plug ပလတ်
p.m. ပီအမ်
point ပွိုင့်
policy ပေါ်လစီ
Pop Star ပေါ့ပ်စတား
porter ပေါ်တာ
post ပို့စ်
postcard ပို့စကတ်
poster ပိုစတာ
Pound ပေါင်
powder ပေါင်ဒါ
power ပါဝါ
practical ပရယ်တီကယ်
premiere ပရီးမီးယား
premium ပရီမီယံ
print ပရင့်
procedure ပရိုဆီဂျာ
program ပရိုဂရမ်
progress ပရိုဂရက်စ်
promotion ပရိုမိုးရှင်း
proof reader ပရုရီဒါ
proposal ပရိုပိုဆယ်
pudding ပူတင်း
quality ကွာလီတီ
quantity ကွမ်တီတီ
Quinine ကွီနိုင်
Radar ရေဒါ
radio ရေဒီယို
ranger ရိန်းဂျားစ်
Rangoon ရဲန်းဂွန်း
RASU ရာဇူး
ration ရာရှင်
Ray-Ban ရေဘင်
RC အာစီ
ready made ရယ်ဒီမိတ်
refugee ရီဖျူဂျီ
remand ရမန်
remote ရီမုတ်
reports ရီပို့စ်
revolution ရီဗိုလူရှင်း
Richter scale ရိတ်တာစကေး
rifle ရိုင်ဖယ်
Rohingya ရိုဟင်ဂျာ
romantic ရိုမန်တစ်
rubber ရော်ဘာ
saint စိန်
salad ဆလတ်
salon ဆလွန်း
saloon car ဆလွန်းကား
sanction ဆန်ရှင်
scale စကေး
scholarship စကောလားရှစ်
school စကူးလ်
scooter စကူတာ
secretary စက္ကရီထေရီ
seismic ဆိုက်စမစ်
seminar ဆီမီနာ
Senator ဆီးနိတ်တာ
senior စီနီယာ
September စက်တင်ဘာ
sergeant ဆာဂျင်
series စီရီး
setting ဆက်တင်
seven ဆဲဗင်း
shadow ရှဲဒိုး
share ရှဲ / ရှယ်ယာ
shirt ရှပ်
shit ရှစ်
show ရှိုး
Show Job ရှိုးဂျော့
sidecar ဆိုက်ကား
sign ဆိုင်း
silica ဆီလီကာ
Silicon Valley ဆီလီကွန်ဗယ်လီ
Sin ဆင်းန်
sister စစ်စတာ
skirt စကတ်
slide ဆလိုက်
smart phone စမတ်ဖုန်း
socialist ဆိုရှယ်လစ်
soda ဆော်ဒါ / ဆိုဒါ
software ဆော့ဖဝဲ / ဆော့ဝဲ
solar ဆိုလာ
Sorry ဆောရီး
spare စပယ်ယာ
special စပယ်ရှယ်
sponsor စပွန်ဆာ
sponsorship စပွန်ဆာရှစ်
spot light စပေါ့လိုက်
spring စပရင်
spy စပိုင်
square စကွဲယား
stage show စတိတ်ရှိုး
statement စတိတ်မင့်
sticker စတစ်ကာ
stock exchange စတော့အိပ်ချိန်း
stock market စတော့မားကက်
studio စတူဒီယို
style စတိုင်
subcommittee ဆပ်ကော်မတီ
super ဆူပါ
super power ဆူပါ ပါဝါ
supply ဆပ်ပလိုင်း
syndicate ဆင်ဒီကိတ်
syphilis ဆစ်ဖလစ်
tablet တက်ဘလက်
tank တင့်ကား
tape recorder တိတ်ရီကော်ဒါ
tax တက်ခ်
taxi တက်ကစီ / တက္ကစီ
technical တက်နီကယ်
technocrat တက္ကနိုခရက်
telephone တယ်လီဖုန်း
telescope တယ်လီစကုပ်
television တယ်လီဗေးရှင်း
Telex တဲလက်စ်
theory သီအိုရီ
three တရီး
Tibet တိဗက်
time တိုင်း(မ်)
token တိုကင်
toll တိုးလ်
tornado တော်နေဒိုး
train ထရိမ်း
transistor ထရန်စစ္စတာ
truck ထရပ်
T-shirt တီရှပ်
Tsunami ဆူနာမီ
tube ကျွတ်
tuition ကျူရှင်
tumour ကျူမာ
turpentine တာပင်တိုင်
tutorial ကျူတိုရီကယ်
Twitter တွတ်စ်တာ
two တူး
UG ယူဂျီ
UN ယူအန်
uncle အန်ကယ်
UNESCO ယူနီစကို
uniform ယူနီဖောင်း
union ယူနီယံ
universal ယူနီဗာဆယ်
uranium ယူရေနီယံ
Uranus ယူရေနတ်
version ဗားရှင်း
veto ဗီတို
video ဗီဒီယို
Visa ဗီဇာ
vision ဗွီးရှင်း
vitamin ဗီတာမင်
vocation ဗိုကေးရှင်း
voice ဗွိုက်စ်
volt ဗို့
volume ဗိုလွန်း
volunteer ဗော်လန်တီယာ
vote ဗုတ်ဒ်
voucher ဘောက်ချာ
warder ဝါဒါ
warning ဝမ်နင်
warrant ဝရမ်း
washer ဝါရှာ
Watt ဝပ်
website ဝက်ဗဆိုက် / ဝဘ်ဆိုက်
wheel ဝှီး
wine ဝိုင်
wire shock ဝါယာရှော့
workshop ဝပ်ရှော့
x-ray အိတ့်စ်ရေး
Yes ရက်စ်
YMBA ဝိုင်အမ်ဘီအေ
You ယူ
zip ဇစ်
zone ဇုန်

မြန်မာမှုပြု ဗိုလ်စကား
ဂွတ်တယ်ဆိုရင် ဒူးသာဒူး။

Middle East problem (pregnancy for a lady, too much fat in the tummy for a man)
Top secret, bottom open.

Act အက်ဥပဒေ
ball ဘော်လုံး
bar ဘားတန်း
barracks ဘားတိုက်
bat ဘက်တံ
bazooka ဘဇူကာဒုံးလောင်ချာ
bioscope ဘိုင်စကုပ်
biscuit ဘီစကစ်မုန့် 
boot ဘွတ်ဖိနပ်
brake ဘရိတ်အုပ်
bun ဘန်းမုန့်
bus ဘတ်စ်ကား
captain ကပ္ပတိန်
carbine ကာဘိုင်သေနတ်
chain ချိန်းကြိုး
Chevrolet ချက်ပလက်ကား
Christmas ခရစ်စမတ်ပွဲ
Company Limited (Co., Ltd.) ကုမ္ပဏီလီမိတက်
contract ကန်ထရိုက်စာချုပ်
Disco ဒစ္စကို
diving ဒိုင်ဗင်ထိုး
Ford ဖို့ဒ်ကား
gate ဂိတ်ပေါက်
GE ဂျီအီးကုမ္ပဏီ
GMC ဂျီအမ်စီကား
insect အင်းဆက်ပိုး
interview ဗျုး
jacket ဂျာကင်အင်္ကျီ
jeans ဂျင်းဘောင်းဘီ
Jeep ဂျစ်ကား
Laser လေဆာရောင်ခြည်
lorry လော်ရီကား
magazine မဂ္ဂဇင်း
May Day မေဒေးနေ့ 
motor မော်တာစက်
motor cycle ဆိုင်ကယ်
motor vehicle မော်တော်ကား
mug မတ်ခွက်
muscovy duck မန်ဒါလီ
number နံပါတ်
ounce အောင်စ
pin ပင်အပ်
pipe ပိုက်လုံး
plague ပလိပ်ရောဂါ
plate ပလိတ်ပြား
registered ရေစစ္စရီ
Rome ရောမ
Rum ရမ်အရက်
shirt ရှပ်အင်္ကျီ
shoe ရှူးဖိနပ်
sidecar ဆိုက္ကား
sign ဆိုင်းဘုတ်
special ရှယ်
spoke စပုတ်တိုင်
tank တင့်ကား
taxi တက္ကစီကား
telephone ဖုန်း
Time တိုင်းမ်မဂ္ဂဇင်း
truck ထရပ်ကား
Vodka ဗောဒ့်ကာအရက်
Whiskey ဝီစကီအရက်
wire ဝါယာကြိုး

မြန်မာမှုပြု အတိုကောက်
ATM - အတော်မော (Francis Win)
DJ disease (Depression-Jealousy disease)
ILO (Imposters Liars Opportunists)
MSC (Master of Smear Campaign)
NATO - No Action Talk Only (ဇာဂနာ)

တိုက်ရိုက်ဘာသာပြန်ဗိုလ်စကား
ကြောင်တောင်တောင် cat mountain mountain
ဖြည်းဖြည်းလုပ် slow slow make
ရေလိုက်ငါးလိုက် water follow fish follow

ကပြားစကား
ခတ္တရပ်ဆိုင်းပြီး Half-time ပေးထားတာဆိုပြီး လူတွေက ကဲ့ရဲ့ကြတယ်။ (မြစ်ဆုံ ရေကာတာစီမံကိန်း)
စစ်အလိုကျ သမိုင်းအမြင်ဆိုတာ ဘာလဲလို့ အလွယ်ဆုံးပြောရရင် စစ်တပ်က အာဏာ ၃-ရပ်စလုံးအပေါ် ချူပ်ကိုင်ခြင်းအပေါ် မှန်ကြောင်း လိုအပ်ကြောင်း တရားဝင်ကြောင်း justify လုပ်တဲ့ အမြင်တွေပဲ။ (လင်းထင်၊ ဖဘ၊ ၂၀ ဒီဇင်ဘာ ၂၀၁၂ / စိုင်းသိန်းဝင်း)
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နောက်ဆက်ပြီးတော့ ပြောရမယ်ဆိုရင်ကျနော်တို့ ဒီမှာ Press Conference လေး တစ်ခုလည်း လုပ်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ၊ NGO တွေ၊ ပြီးရင် အဲ့ဒီ့မှာ တိုက်ဆိုင်မှုလို့ ပြောရပါ့မယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စလုပ်နေတဲ့ မစ္စတာကင်တာနား ကလည်း ရောက် နေတယ်။ ရောက်နေတော့ သူ့လည်း ကျနော်တို့ ဖိတ်လိုက်ပါတယ်။ နောက်နေ့မှာ On Ground ကို ပြတယ်။ (သိန်းစိန်၊ ဗွီအိုအေ၊ ၁၄ သြဂုတ် ၂၀၁၂)
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီ ဖွဲ့စည်းမှုက Selected body ဖြစ်နေတယ်။ Elected body မဟုတ်ဘူး။ (မောင်ဝံသ၊ ဗွီအိုအေ၊ ၁၀ သြဂုတ် ၂၀၁၂)
သူ့ပါးစပ်ကနေ clean government, good governance ဆိုပြီး တဖွဖွပြောနေပေမယ့်လည်း သူကိုယ်တိုင်လဲမကင်းနိုင်ပါဘူး။ (စက်မှု(၁) ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အကြောင်း၊ အဖြူရောင်မီဒီယာ၊ ၂၀ ဒီဇင်ဘာ ၂၀၁၂)
အရင်က Unbiased media လို့ သုံးသပ်မိတာတွေထဲက တချို့ဟာ အခုတော့ Biased media ဖြစ်လာတာကို တွေ့မိတယ်။ (လွင်အောင်စိုး၊ ဖဘ၊ ၃ နိုဝင်ဘာလ ၂၀၁၂)

House arrest ပြီးရင် Parliament arrest ဖြစ်တော့မယ်။ (စိန်ဝင်း - လူထု၊ ၁၉၄၀-၂၀၁၂ / ဌေးဇော် - အင်းဝ၊ ၂၉ ဇွန် ၂၀၁၂)
“Nobody is perfect” ပါ။ လူဆိုတာ မွေး ရာပါပဲ ဖြစ်ဖြစ်၊ သဘာဝကြောင့်ပဲ ဖြစ်ဖြစ် ‘imperfection’ ဆိုတာ ရှိတတ်ပါတယ်။ ဒီ ‘imperfection’ ကို အဓိက ‘principle’ အနေနဲ့ အဲဒီလူကို ‘Define’ လုပ်မယ်ဆိုရင်၊ အဲဒီ ‘imperfection’ ကို ဦးတည်ပြီး နောက်မယ် ဆိုရင် တော့ ‘insult’ စော်ကားတာပဲ ဖြစ်ပါတယ်။ (သိန်းဆွေ၊ မိုးမခ၊ ၈ ဇူလိုင် ၂၀၁၃)
One Year One Day ပြတိုက်။ (ဗိုလ်ချုပ်အောင်ဆန်းပြတိုက်)
The Burmese Way to (ဘာ)၊ The Burmese Way to (ညာ)။ (အောင်သာ - ပီသုံးလုံး၊ လမင်းတရာ ၊ ၂၈ စက်တင်ဘာ ၂၀၁၂ / ကျော်သန်း)

ပြက်ရယ်ပြုဗိုလ်စကား
commission ကော်မသေ
crony ခရိုပြာ
democracy ဓားမိုးကရေစီ
Internet အင်တာဖြူ
Myanmarese မိုက်ရိုင်းများငို
socialist ဆိုရှယ်ညစ်

စစ်ဗိုလ်စကား
Myanmar မိုက်ရိုင်းများ
Tatmadaw သတ်မှတော်

နိုင်ငံရေး ဝင်ရောက်စွက်ဖက်သော ဗိုလ်စုတ်ချာများ အရည်ထူ၍ ရယ်ပြုံးတတ်ကြပါစေ
ကျော်ညွန့်
၁ ဧပြီ ၂၀၁၂
ဧပရယ်ဖူးလ်

စာကြွင်း
ဗိုလ်လိုညှပ်ညှပ်ပြောတော့ တံထွေးစင်
Myanmar ဆိုသည်မှာ မြန်မာဖက်ဆစ် စစ်ဗိုလ်ချုပ်ကြီးများ ဖိနှိပ်ချုပ်ချယ် အုပ်စိုးသော တိုင်းပြည်ကိုခေါ်ပါသည်။

CREDIT BY Burma National News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...