သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၈)
သစ်ထူးလွင် |
|
- သစ်သီးစားရင် ဆီးချို ဖြစ်နိုင်ခြေ နည်း
- (၃)ကြိမ် အရွေးခံရတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို မြို့ နယ်အာဏာပိုင်များ လက်မခံ
- မြန်မာ့ရွှေဈေး မြင့်တက်
- လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ် ရှိကြောင်း ပြင်သစ် ပြောကြား
- အထီးကျန်သက်ကြီး ရွယ်အိုများ အတွက် နေ့ပိုင်း စောင့်ရှောက်မှု ဂေဟာ ဖွင့်ရန်စီစဉ်
- ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်ရင် ဆိုင်နေရ
- အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ
- အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်း ဖေါ်ထုတ်ဖမ်းဆီးရမိ
- သြဂုတ်လ (၂၆)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၄) အမှတ် (၆၀)
- သြဂုတ်လ (၂၇)ရက်နေ့ ထုတ် ၇ရက် ဈေးဝယ်လမ်းညွန် ဂျာနယ် အတွဲ(၄) အမှတ် (၃)
- သြဂုတ်လ (၃၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ် (၂၅)
- သြဂုတ်လ (၃၀)ရက်နေ့ ထုတ် Auto World Journal Vol 2 Issue 32
- တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိ၍ ရမ်းဗြဲတွင် တကိုယ်တော် ဆန္ဒပြ
- ဆေးရုံတွင် ဆရာဝန်မရှိ၍ လူနာများ ဆေးကုသရန် အခက်အခဲဖြစ်
- ထန်းကုန်း ပဋိပက္ခ ဖမ်းဆီးခံထားရသော အမျိုးသားတစ်ဦး သေဆုံး
- ၁၅ နှစ်အရွယ် ကလေးစစ်သား တပ်မတော်က အိမ်ပြန် မပို့ဟုဆို
- မြောက်ကိုရီးယားသူလျှိုများ တောင်ကိုရီးယားပေါ့(ပ်)ဂီတနှင့် အကများသင်ယူနေရ
- တောင်ဥက္ကလာ ဓားနဲ့ ပါးကို ခြစ်တဲ့ အမှုပေါ်ပြီ
- လိုင်းကား ယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များအား စကေဘာဖြင့်ထိုးခဲ့
- သိမ်းထားသည့်မြေများကို အသုံးမလိုတော့ပါက အချိန်မဆွဲဘဲ ပြန်ပေးရန် သမ္မတထံ ဦးရွှေမန်း တောင်းဆို
- မြေယာ ပြဿနာ အစိုးရဖြေရှင်းပုံ နှေးကွေးဟု သူရဦးရွှေမန်း ဝေဖန်
- မလေးရှားက တရားမဝင် အလုပ်သမားတွေ ပြန်ပို့မယ့် ကိစ္စကို ဝေဖန်ပြီ
- မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့် ၄ နှစ်သမီးငယ်သေဆုံး
- မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်ြဖတ်ဖို့ ကန်ဝန်ကြီးပြော
- ကျိုင်းတုံ မြို့နယ် ရေကြီးမှု ဒေသခံကြုံရ
Posted: 30 Aug 2013 07:10 AM PDT
လတ်ဆတ်တဲ့ သစ်သီးဝလံ တွေကို စားသုံးရင် ဆီးချို ရောဂါ တစ်မျိုး ဖြစ်ပွားနိုင်ခြေ သိသိသာသာ ကျဆင်းကြောင်း သုတေသီ တွေက တွေ့ရှိခဲ့ပါတယ်။ ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး စတဲ့ သီးနှံတွေကို မှီဝဲသူ တွေဟာ နံပါတ် ၂ အမျိုးအစား ဆီးချိုဘေးက ကင်းဝေးအောင် ကာကွယ်နိုင်ခဲ့ကြောင်း လူ ပေါင်း ၂ သိန်းကို နှစ် အစိတ်လောက် သုတေသန ပြုပြီး သိရှိခဲ့တာပါ။ ဖရဲသီးနဲ့ စတော်ဘယ်ရီ သီးတွေ စားလို့တော့ ဆီးချို အတွက် ဘာမှ ထူးထူးခြားခြား အာနိသင် မရှိဘူး လို့လည်း ဆိုပါတယ်။ သစ်သီး ဖျော်ရည်တွေ သောက်ရင်တော့ ဆီးချို ဖြစ်ဖို့ အန္တရာယ် ပိုများတယ် ဆိုတာကိုလည်း လေ့လာ တွေ့ရှိ ခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) |
||
Posted: 30 Aug 2013 06:06 AM PDT
ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို (၃)ကြိမ်အထိ ပြုလုပ်ပြီး ကျေးရွာလူထု အကြိုက် အုပ်ချုပ်ရေးမှူးကို တင်မြှောက် နိုင်သော်လည်း ရွေးချယ်ပွဲ ရလာဒ်အား မြို့နယ်အာဏာပိုင်များက ထပ်မံငြင်းဆန်မည်ကို ရွာလူထုက စိုးရိမ်နေ တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာတွင် ဒေသခံများ ကြိုက်နှစ်သက်၍ တင်မြှောက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အား မြို့နယ်မှ အကြောင်းပြချက်မရှိပဲ တာဝန်မှရပ်စဲခဲ့သည်။ အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ရာတွင် ကျေးရွာဒေသခံ တို့သည် တာဝန်မှရပ်စဲသွားသည့် အုပ်ချုပ်ရေးမှူးကိုသာ ပြန်လည်တင်မြှောက်လိုကြ၍ သြဂုတ်လ ၄-ရက်နေ့ကပြုလုပ်ခဲ့သော အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ပွဲကို ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြသည့်အတွက် ရွေးချယ်ပွဲ မဖြစ်မြောက်ပဲ ပျက်ပြားခဲ့ရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 05:20 AM PDT
ဆီးရီးယားအရေးကြောင့် ကမ္ဘာ့ရွှေဈေးကွက် မြင့်တက်လာမှုနဲ့အတူ မြန်မာ့ရွှေဈေးကွက်လည်း အခုတပတ်အတွင်း မြင့်တက်နေပါတယ်။ ဆီးရီးယားနိုင်ငံက ဓာတုလက်နက်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀၀၀ ကျာ် သေခဲ့ရပြီးတဲ့နောက် အမေရိကန်နဲ့ ဗြိတိန်တို့က ဆီးရီးယားကိစ္စကို စစ်ရေးအရစွက်ဖက်ဖို့ ပြင်ဆင်မှုလုပ်လာပြီး အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ် ဖြစ်လာတာနဲ့အတူ ကမ္ဘာ့ရွှေဈေးထိုးတက်လာတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 05:13 AM PDT
လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။ အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း ကြေညာခဲ့သည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 05:08 AM PDT
ပြောင်းလဲ လာသော လူမှုဖူလုံရေး ပုံစံများ အရ တချို့သော သက်ကြီးရွယ် အိုများသည် ငွေကြေးပြည့်စုံကြ သော်လည်း လူမှုရေးအရ အထီး ကျန်ခြင်း (Social Loneliness)ကို ရင်ဆိုင်နေရသည့် အတွက် လူ မှုဝန်ထမ်း ဦးစီးဌာနမှ သက်ကြီး ရွယ်အိုများ အတွက် နေ့ပိုင်းစောင့် ရှောက်မှုဂေဟာကို အောက်တို ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 04:32 AM PDT
ရန်ကုန်- ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံး နေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်း ထန်စွာရွာသွန်းကာ ကာလကြာရှည် ရေ၀ပ်နေမှုများကြောင့် မြွေ ဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ် ကျောင်းသားများက ပြော သည်။ “တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာ နေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 04:28 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။ “လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာမိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြတဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 04:14 AM PDT
၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊(၄၆)နှစ်၊(ဘ)ဦ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 03:53 AM PDT
သြဂုတ်လ (၂၆)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၄) အမှတ် (၆၀)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 03:52 AM PDT
သြဂုတ်လ (၂၇)ရက်နေ့ ထုတ် ၇ရက် ဈေးဝယ်လမ်းညွန် ဂျာနယ် အတွဲ(၄) အမှတ် (၃)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 03:49 AM PDT
သြဂုတ်လ (၃၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ် (၂၅) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Aug 2013 03:46 AM PDT
|
||
Posted: 29 Aug 2013 11:05 PM PDT
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် အမျိုးသား တစ်ဦးက ပိုစတာ တစ်ခုကို ကိုင်ဆောင်ပြီး တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ အမြန်ဆုံး ချပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ကာ တောင်းဆိုသွားသည်ဟု သတင်း ရရှိသည်။ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိသည်မှာ ၃ လခန့် ကြာမြှင့်နေပြီ ဖြစ်သဖြင့် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထွန်းထွန်းဦးမှ ဆရာဝန်များကို အမြန်ဆုံး ချထားပေးရန် တောင်းဆိုသွားသည်ဟု လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ကိုသန်းဝင်းက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Aug 2013 11:02 PM PDT
ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်မရှိသည့်အတွက် ဆေးရုံသို့ လာရောက် ကုသနေကြသည့် လူနာများမှာ အခက်အခဲကြုံတွေ့နေကြရသည်ဟု ဘောလခဲမြို့မှ အသက်သုံးဆယ်ခန့်အရွယ် ဒေသခံ အမျိုးသမီးတဦးက ပြောသည်။ ဆေးရုံသို့ ရောက်ရှိလာကြသည့် လူနာများကို ဆေးမကုသပေးနိုင်သည့်အတွက် လူနာများတခြားမြို့သို့ သွားရောက် ကုသနေကြရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 10:32 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့ ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အကြမ်းဖက်မှု ဆောင်ရွက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရသူ ၁၁ ဦးမှ အသက် ၄၀ နှစ်အရွယ် ဦးဆန်းချိုမှာ ဝမ်းလျှော၍ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် သေဆုံး သွားကြောင်း ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယ ရဲမှူးကြီး အုန်းလှိုင်ထံမှ စုံစမ်း သိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 10:27 PM PDT
အုပ်ထိန်းသူ မိဘများ၏ သဘောတူညီမှု မရှိဘဲ တပ်မတော် တပ်ရင်း တစ်ရင်းဖြစ်သည့် ခြေမြန် တပ်ရင်း ၄၂၀ ၏ စစ်သားအဖြစ် စုဆောင်းခံရသူ အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦးကို နေအိမ်သို့ ပြန်လည် ပို့ဆောင် ပါရန် အဆိုပါ တပ်ရင်းထံ မိဘများက တောင်းဆိုထားသော် လည်း ပြန့်ပို့ပေးခြင်း မရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 10:22 PM PDT
မြောက်ကိုရီးယားနိုင်ငံ၏ သူလျှိုတစ်ဦးဖြစ်သော ကင်ဒုန် ဆစ်သည် ထင်ရှားသော ဗုံးပြု လုပ်သောသင်တန်းများကဲ့သို့ပင် တောင်ကိုရီးယားပေါ့(ပ်)တေးသီ ချင်းအပုဒ် ၁၀ဝနှင့် အကလှုပ်ရှား မှုများကို သင်တန်းတွင်အပြင်း အထန်ကျက်မှတ်လေ့ကျင့်ခဲ့ရ ကြောင်း သိရသည်။ မြောက်ကိုရီးယား၏ အထူး ထောက်လှမ်းရေး သူလျှိုဖြစ်သော ကင်ဒုန်ဆစ်သည် ယခုအခါ သူ၏ ဘဝမှတ်တမ်းစာအုပ်ထဲတွင် မြောက်ကိုရီးယားစပိုင်အေဂျင်စီ လုပ်ငန်းတချို့ကို မကွယ်မဝှက် ဖွင့်ဟလာခဲ့ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 10:04 PM PDT
ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။ အိမ်နီးချင်း ရန်ငြိုးထားပြီး ဒေါ်ချိုချိုဝင်း နှင့် အိမ်နီချင်းဖြစ်သူ ဦးလှဌေး (မုန့် မျိုးစုံလုပ်ငန်း) က လူငှားရမ်း စေခိုင်း ခဲ့တာလို့ သိရပါတယ်။ ကိုယ်တိုင်မလုပ်ဘဲ လူငှားပြီး လုပ်ခိုင်းတာကြောင့် ကြားက ပူးပေါင်း ပါဝင်သူ အပါအ၀င် တရားခံ (၅)ဦး ဖမ်းဆီးထားကြောင်း သိရပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Aug 2013 09:33 PM PDT
၂၉.၈.၂၀၁၃ရက်နေ့
၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊
ဒုတပ်ကြပ် နေလင်းအောင်၊ တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊
ပင်ရွှေညောင်လမ်းနှင့်
လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/------ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့် မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့ပါသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 09:14 PM PDT
အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရက ပိုင်ရှင်လယ်သမားများအား အမြန်ပြန်ပေးရန် ဦးရွှေမန်းက သမ္မတထံသို့ ဩဂုတ် ၂၉ ရက်တွင် သဝဏ်လွှာ ပေးပို့လိုက်သည်။ "ဆင်းရဲနွမ်းပါးပြီး သိရှိနားလည်မှုအား နည်းသော တောင်သူလယ်သမားများအပေါ် စာနာစိတ်ထားရှိ ဆောင်ရွက် ပေးလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသဖြင့်" ထိုသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သည့် ဦးရွှေမန်းက ထည့်သွင်းရေးသားထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 08:58 PM PDT
တောင်သူ လယ်သမားများထံမှ အာဏာပိုင် အဖွဲ့အစည်း အသီးသီးက သိမ်းယူထားသည့် မြေယာ ပြဿနာများနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေး အစိုးရ အဖွဲ့အစည်း အဆင့်ဆင့် ဆောင်ရွက် ဖြေရှင်းပေးမှု များသည် နှေးကွေးလွန်းကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားစဉ် ဝေဖန် ပြောကြားခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 08:11 PM PDT
မလေးရှား
နိုင်ငံမှာ ပြည်ပကနေ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်သူ ငါးသိန်းကျော်ကို
နေရပ်ပြန်ပို့မယ့် အစိုးရ အစီအစဉ်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက
ဝေဖန်လိုက်ပါတယ်။ အခုလို ပြည်ပ လာရောက် အလုပ်လုပ်သူတွေထဲက အများစုဟာ
လူကုန်ကူး သမားတွေရဲ့ ဖျားယောင်း ခံရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Aug 2013 08:08 PM PDT
တရုတ်နိုင်ငံမှာ မြေယာပိုင်ဆိုင်မှုအတွက် အငြင်းအခုန်ဖြစ်ရာက ဘူဒိုဇာနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားခဲ့သလို၊ ဒီဖြစ်ရပ်အတွက် အင်တာနက် အွန်လိုင်းပေါ်မှာ လည်း ဒေါသတကြီး တုန့်ပြန်မှုတွေ ပေါ်ပေါက်လာပါတယ်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်မှာ သေဆုံးသူ မိန်းကလေးငယ် မိသားစုနေထိုင်ရာ နေရာအနီး မြေညှိနေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားတွေကို တားဆီးဖို့ မိဘတွေက ကြိုးပမ်းရင်း ဗုဒ္ဓဟူးနေ့ကပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Aug 2013 08:05 PM PDT
အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ၀န်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲပြင်ပ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) နဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ သြဂုတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ခဏတာ တွေ့ဆုံခဲ့ကြတာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 07:59 PM PDT
ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် က ရွာပေါင်း ၁၂ရွာ၊ အိမ်ခြေပေါင်း ၁ဝဝ ကျော် ရေလွှမ်းမိုးမှု နဲ့ ကြုံနေရတဲ့ အတွက် နေထိုင် စားသောက်ဖို့ အခက်အခဲ တွေ နဲ့ တွေ့ကြုံ နေရပါတယ်။ လယ်ဧက ပေါင်း ၂ဝဝဝ နီးပါး ရေမြုပ်သွားတဲ့ အတွက် လုံးဝ ပျက်စီးတဲ့ လယ်ဧက ၂ဝဝ ကျော် ရှိပါတယ်။ ကျိုင်းတုံမြို့နယ် အနောက်မြောက်ဖက် ရှိ ကတ်ထိုက်၊ ကတ်တောင် အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ က လူတွေ ဟာ တောင်ကုန်း တောင်စောင်း တွေပေါ်မှာ ဖြစ်သလို တဲထိုးနေရတဲ့ အကြောင်း ဒေသခံ က ဘီဘီစီ ကို ပြောပြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment