Saturday, August 31, 2013

စိတ်ထားကောင်းအောင်ဘယ်လိုနေကြမလဲ

August 31, 2013 at 6:56am

  1.             လူတိုင်းဟာ စိတ်ထားကောင်းရင်ကံကောင်းမယ် ဆိုတဲ့အဆိုကို လက်ခံယုံကြည်ကြ ပါတယ်။ဗုဒ္ဓဘာသာမှမဟုတ်ကျန်ဘာသာများမှာလည်းစိတ်ထားကောင်းကောင်းထားကြရန် ဆုံးမသွန်သင်ထားသည်များရှိပါတယ်။ မည်သူမဆို မိမိကိုယ်ကိုစိတ်ထားမကောင်းသူ စိတ် ပုတ် စိတ်ယုတ်ရှိသူလို့ထင်မထားကြပါဘူး တခါတစ်ရံတော့ ငါတို့ကတော့ဘယ်သူ့ လောက် တော့ စိတ်ထားမကောင်းနိုင်ဘူး ဘယ်သူကတော့ငါ့ထက်စိတ်ကောင်းတယ်လို့ နှိုင်းယှဉ်ပြော ဆိုမှု တော့ ရှိတတ်ကြပါတယ်။ ဆိုလိုရင်းကလူတိုင်းသည် မိမိကိုယ်ကို စိတ်ထားကောင်း သူများအဖြစ် သာတွေးထားလေ့ ရှိတတ်တာပါပဲ။
  2.           တကယ်တော့စိတ်ထားကောင်းဖို့အတွက်က သူတော်ကောင်းအဖြစ်မွေး ဖွားလာသူ (ဘ၀အဆက်ဆက်ကပါရမီဖြည့် ကျင့် လာသူ )တွေကလွဲပြီး ကျန်သူတွေကမွေးကတည်းကစိတ် ထားကောင်းသူများမဖြစ်နိုင်ပါဘူး။ အသိပညာရင့်သန် လာတဲ့အခါစိတ် ထားကောင်းကောင်း ထားရမယ်ဆိုတဲ့ ယုံကြည်သဒ္ဓါစိတ်ဝင်လာတဲ့အခါစိတ်ထားကောင်း ထားတတ်ကြတာပါ။ ဒါကြောင့်စိတ်ထားကောင်းထားလိုသူဟာ မွေးရာပါဖြစ်လာနိုင်တာမဟုတ်ပဲ့ လေ့ကျင့်ဆည်းပူး ယူရပါတယ် ။ စိတ်ထားကောင်း ထား ရန်အတွက် စိတ် ဆိုသည်မှာ အဘယ်နည်းနှင့် ကောင်း သည် ဆိုသည်မှာ အဘယ်နည်းဆိုသည့် စကားလုံးနှစ်ရပ်၏ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုဦးစွာသိ ရှိထားရန်လိုအပ်ပါသည်။
  3.         “ ပါပသ္မိံရမတိ မနော” (စိတ်၏ပကတိသဘောသည်မကောင်းမှုအကုသိုလ်၌သာ မွေ့လျော်ပျော်ပိုက်သည်) ဟုမြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။ လူတို့၏ခန္ဒာ တွင် အကြမ်းခွဲသော်ခန္ဒာ(၅)ပါးအနက် ရုပ် နှင့်ဆိုင်သောခန္ဒာ(၁)ပါး နာမ်နှင့်ဆိုင်သောခန္ဒာ (၄)ပါးရှိပါသည် နာမ်နှင့်ဆိုင်သောခန္ဒာများသည်စိတ်ကို ကိုယ်စားပြုပါသည် ။ တနည်းဆိုသော် စိတ်နှင့်ရုပ်သည်အပြန်အလှန်အမှီပြုလွှမ်းမိုးနေကြသော်လည်း စိတ်၏လွှမ်းမိုးမှုသည်ပို များ  သည်ဟုဆို နိုင်ပါသည်။နေ့စဉ်ပြုမူပြောဆိုနေသမျှတွင်စိတ်၏စေစားချက်များကိုရုပ်ခန္ဒာကိုယ် ကလိုက်ပါဆောင်ရွက်နေခြင်းဖြစ် ပါသည်။ စိတ်ကိုထပ်မံခွဲစိတ်လျှင် စိတ်နှင့်စေတသိတ် ကိုရပါသည် အသေးစိတ်သိလိုပါက အဘိဓမ္မာတွင်ထပ်လေ့လာရမည်ဖြစ်ပြီး ရှည်လျားလွန်း  မည်စိုး၍ ချန်လှပ်ထားခဲ့ပါမည်။ စိတ်ကိုလှုံ့ဆော်သည်မှာ စေတနာ(စေ့ဆော်တိုက်တွန်းတတ် သောတရား)ြ ဖစ် ပါသည်။ ထို့ကြောင့်စေတနာကောင်းထားရမည်ဟုအလွယ်သိမှတ်ကြခြင်း ဖြစ်ပါသည်။
  1.           ကောင်းသည်ဆိုသည့်အဓိပ္ပါယ်မှာများစွာရှိနိုင်သော်လည်းစိတ်နှင့်ပတ်သတ်သော စံနှုန်းမှာ ကိလေသာ(တပ်မက် တွယ်ငြိစေ တတ်သော တရားများ )ကင်းသောစိတ် အကုသိုလ်နှင့်မယှဉ်သော(ကုသိုလ်စိတ်)ကိုသာလျှင်ကောင်း သည် (ကောင်းသောစိတ်)ဟုဆို ပါသည်။ ထို့ကြောင့် ကိလေသာ၊အကုသိုလ်နှင့်ကုသိုလ်ဆိုသည်ကိုပါခွဲခြားသိရန်လိုအပ်ပါသည်။ ထိုအချက်များကိုခွဲခြားသိရန်မှာမူ ကျယ်ပြန့်စွာထပ်မံရှင်းပြ ရန်လိုမည်ဖြစ်သဖြင့်ချန်လှပ် ထားပါဦးမည်။ 
  2.                သာမန်လူတို့အဖို့စိတ်ထားကောင်းရန်မှာလေ့ကျင့်ယူရမည်ဖြစ်ပြီးအချိန်တိုင်းအကု သိုလ်ကင်းရန် ကိလေသာကင်းရန်နေထိုင်နိုင်ရန်မလွယ်ကူနိုင်ပါ။ရုပ်ရှင်မင်းသားကြီးဦး  ကျော်ဟိန်းဘ၀ မှ သာဿနဘောင်ဝင်သွားသော ဦးကိတ္တိသာရ ထုတ်ဝေသောစာအုပ် ခေါင်းစဉ် ခေတ္တငှါးသုံးရသော် အသိနှင့် သတိ ကပ်နေရန်လိုအပ်ပါသည်။ အကောင်းအဆိုး ခွဲခြားသိသောဥာဏ်(အသိ)လေးရှိနေပြီး အဲဒီအသိလေးကိုကျင့်နိုင်ရန်တွန်းအားပေးသော (သတိ)လေးကပ်နေလျှင် သာမန်ပေါ့ပေါ့ဆဆနေသူထက်ပို၍ စိတ်ကောင်းရှိပို၍ ကုသိုလ်ရ နေမှာဖြစ်ပါတယ်။ဒါ့ကြောင့်နေ့စဉ်ဘ၀၏ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် စိတ် ထားကောင်းသူတစ်ဦးအဖြစ်ရပ်တည်လိုပါက မိမိ၏အပြုအမူတိုင်းကို မိမိဘာသာစောင့် ကြည့်နှလုံးသွင်းနေရန်လိုအပ်ပါမည်။ အချို့ကဆိုပါတယ် ငါတို့က စကားတော့ချိုချိုမပြော တတ်ဘူးစိတ်တော့ဖြူတယ်စသဖြင့် တချို့ကတော့ကိုယ်အမူအရာကြမ်းတမ်းပေမယ့် စိတ်ကောင်းရှိပါတယ်စသဖြင့်ပြော တတ်ကြ ပါတယ် တခါတရံမှန်တတ်ပေမယ့်အမြဲမမှန်ပါဘူး မိမိလုပ်တဲ့လုပ်ရပ်တိုင်းမှာစိတ်၏စေစားချက် မပါပဲလုပ်မိတာ ရှားပါတယ်ကယကံရှင်ကိုယ်တိုင် သတိမထားမိခင်မှာဖြစ်သွားတဲ့စိတ်တွေအများကြီးပါ။စိတ်ဟာလက်ဖြစ်တစ်တွတ်လျှပ်တစ်ပြတ်အတွင်းမှာကုဋေတစ်သိန်းခန့်ဖြစ်ပျက်တယ်လို့ကျမ်းဂန်တွေမှာဆိုပါတယ်။လုပ်ရပ်ပေါ်မှာ ကြည့်ဆုံးဖြတ်တာထက်စိတ်ရင်းစေတနာကို(ရည်ရွယ်ချက်)ကြည့်ပြီးဆုံးဖြတ်ရပါတယ် ဥပမာအားဖြင့် နာကျင်အောင်လုပ်တာခြင်းအတူတူ ဆရာဝန်ကခွဲစိတ်ပေးတာနှင့် လူဆိုးလူမိုက်ကဓါှးနင့်ထိုးတာ မတူပါဘူး ဆရာဝန်က ကုသိုလ်ရပြီးလူမိုက်က အကုသိုလ်ပါ နာကျင်အောင်ရိုက်နှက်တာခြင်းအတူတူ ဆရာမိဘက အကုသိုလ်မဖြစ်ပဲ လူဆိုးကသာ အကုသိုလ်ဖြစ်တာပါ ဒါ့ကြောင့်လုပ်ရပ်နှင့်ဖေါ်ပြတာထက် စိတ်ရင်းစေတနာကောင်းထား တာသာလျှင် အကျိုးသက်ရောက် မှုကောင်းရနိုင်တယ်ဆိုတာပေါ်လွင်ပါတယ်။ ဒါကြောင့် စိတ်ကောင်းထားရန်နေ့စဉ်လေ့ကျင့် သွားခြင်းဖြင့် အလိုအလျှောက်လှုပ်ရှားမှုအဖြစ်(second nature)အဖြစ်သို့ရောက်သွားရင်အမှန်တကယ် စိတ်ကောင်းရှိသူတစ်ယောက်ဖြစ် လာမှာပါ အမှုမဲ့အမှတ်မဲ့နေသွားရင်ဖြစ်မလာနိုင်ပါဘူး ။
  3.           သာမန်အားဖြင့်မကောင်းမှုတွေမလုပ်ရင်ကုသိုလ်ရတယ်ထင်ကြပါတယ်ဥပမာအိပ်နေရင်မကောင်းတာတွေမလုပ်ဘူး ဆိုပေမယ့်ကျိုးစားအားထုတ်မှုမရှိတဲ့မောဟစိတ် သာရှိတဲ့အတွက်ကုသိုလ်မရပါဘူး ကျန်အချိန်တွေမှာလည်း ကောင်းသော အာရုံတစ်ခုမှာမစူး စိုက်နိုင်သရွေ့ ပြန့်လွင့်နေသောစိတ်ဟာ အကုသိုလ်ဘက်ကိုသာ အလေးသာပါတယ် ဒါ့ကြောင့်စိတ် တည်ငြိမ်အောင် သမထအကျင့်တွေကျင့်ရင်း ကုသိုလ်ရထိုမှတဆင့် ၀ိပဿနာ ဖက်ကိုပါကျိုးစားအားထုတ်ကြတာပါ။အဆို အမိန့်တစ်ခုမှာနွားမသည်လူတို့အားနေ့စဉ် နွားနို့ကိုပေး သော်လည်းအသိစိတ် စေတနာမပါသဖြင့် ဒါနအကျိုးမရနိုင် နွားထီးသည် လူတို့ကဲ့သို့ သူ့အသက်မသတ် သူ့ဥစ္စာမခိုး လိမ်မပြော သူအိမ်ယာမပြစ်မှား သေရည် သေရက်မသောက် သော်လည်း အသိမပါ(စေတနာ)မပါသဖြင့် သီလအကျိုး မခံစားရ နိုင်လို့ဆိုပါတယ်။
  4.             သူတပါး၏အကျိုးကိုဆောင်ရွက်နေခြင်း(သို့) သူတပါးအကျိုးပျက်စီးအောင်မလုပ်  ခြင်းတွေက သာမန်စိတ်ကောင်း ရှိမှုကိုသာဖေါ်ပြနိုင်ပြီး အမှန်တကယ် စိတ်ရင်း ကောင်းထား လိုသော ယုံကြည်သဒ္ဓါရှိသူများအနေဖြင့် စိတ်ရင်းကောင်းကိုရှာဖွေ သိရှိကာနေ့စဉ် မွေးမြူ သွားရန် လိုအပ်ပါကြောင်းစကားလက်ဆောင်ပါးပါရစေ။
  5.     ဒီအယူအဆတွေဟာကျွန်တော်ကိုယ်ပိုင်အတွေးအခေါ်ဖြစ်တဲ့အတွက်ပြည့်စုံချင်မှပြည့်စုံမှာပါ လိုအပ်သည်များရှိပါက ဖြည့်စွက်ပြင်ဆင်ပေးနိုင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...