သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၈)
သစ်ထူးလွင် |
- ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားအရေး ခုံသမာဓိရုံးအထိ တက်ရောက်ဖြေရှင်းမည်
- ကျေးလက်တွင် မိုဘိုင်းဖုန်းဘဏ်စနစ် ၀န်ဆောင်မှုပေးရန် စီစဉ်
- အစိုးရချပေးသည့် ဆင်းမ်ကတ် မှောင်ခိုဈေးကွက် ကြီးထွား
- တရားမဝင် လုပ်သားများကို မလေးရှားအာဏာပိုင် အကြီးအကျယ် နှိမ်နင်းမည်
- ဒဂုံတက္ကသိုလ် ကာယဗလ မောင်နှင့် ကာယ အလှမယ်ပြိုင်ပွဲ ကျင်းပ
- ရခိုင်ဒေသ ငါးအထိ အမိနည်းလာအောင် ဘယ်သူတွေ ဖန်တီးနေလဲ
- အထူးပြုလုပ်ထားသော တာရှည်ခံအရာများဖြင့်တည်သော မြို့တော်တွင် တာရှည်မခံသော ရှင်သန်ခြင်းတို့ နေထိုင်ကြလေသည်
- ဆက်သွယ်ရေးကွန်ရက် ရတစ်ချက် မရတစ်ချက်
- မိုင်းလားတွင် မြေပြို၊ ကားလမ်းပျက်စီး
-
မောင်တောနယ်စပ်တွင်ညမထွက်ရအမိ
န့်တင်းကျပ် -
ကျပ်သိန်းရှစ်ရာကျော်တန်းဖိုးရှ
ိ တရားမဝင်ဟန်းဆက်နှင့်လျှပ်စစ် ပစ္စည်းများ ရန်ကုန်လေဆိပ်နှင့်မြန်မာ့စက်မှု ဆိပ်ကမ်းတွင် ဖမ်းမိ - ဦးပိန်တံတား ပျက်စီးနေ၍ ဧည့်သည်များအတွက် စိုးရိမ်နေရ
- ဦးပိန်တံတားပေါ်၌ ဧည့်သည်များကို နှောင့်ယှက်သူများအား အရေးယူ
- နော်အုံးလှ ကို ထောင်ဒဏ် ၂နှစ် ချမှတ်လိုက်ပြီ
- သြဂုတ်လ (၃၁)ရက်နေ့ ထုတ် 90:00 Minutes Sports Journal
- သြဂုတ်လ (၂၉)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ(၂)၊ အမှတ်(၃၄)
- သြဂုတ်လ (၂၈)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၂၅
- ကြိမ်ဖူးဟင်းချို
- အခြေခံဥပဒေ သုံးသပ်ရေး ဦးရွှေမန်း ကြုံရမယ့် အဓိက ပြဿနာ
- မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ
- ထမင်းချက် အလုပ်ပေးမည်ဟု ဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေသည့် အိမ်ရှင်လင်မယားအား အရေးယူ
- စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ကို စစ်ဆေးအရေးယူရန် သူရဦးအောင်ကို လွှတ်တော်တင်
- ဂျီအက်စ် အမ်ဖုန်းလိုင်း ပြတ်တောက်မှု ရက်ပိုင်းအတွင်း ဖြစ်ပေါ်နေဦးမည်
- ယာဉ်မောင်းလိုင်စင် ပြုလုပ်ရာတွင် ၀န်ထမ်းများ ပါဝင်ပတ်သက်ပါက အမှုဖွင့် အရေးယူမည်ဟု ဦးစီးဌာနပြော
- ပြည်ပမှ အထောက်အပံ့ယူသည့် နိုင်ငံရေးပါတီကို ဖျက်သိမ်းပစ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က သတိပေး
Posted: 29 Aug 2013 05:05 AM PDT
ဟုန်ရှင်း အအေးခန်း စက်ရုံ အလုပ်သမား အဖွဲ့ခေါင်းဆောင် နှစ်ဦး အလုပ် ထုတ်ခံရသည့် ကိစ္စအား ခုံသမာဓိ ရုံးအဆင့်သို့ တက်ရောက်ဖြေရှင်း ရမည်ဖြစ်ကြောင်း အလုပ်သမား အဖွဲ့ ဥက္ကဋ္ဌဦးမင်းမင်းက ပြော သည်။ အဆိုပါကိစ္စနှင့် ပတ်သက် ၍ ဟုန်ရှင်း အလုပ်သမား စက်ရုံမှ အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး ကိုယ်စားလှယ်နှစ် ဦးအလုပ်ထုတ် ခံရခြင်းအပေါ် ဩဂုတ် ၂၈ရက် အထိ ရက်ပေါင်း ၁၉ရက်အထိ ဆန္ဒဖော်ထုတ်ခြင်းနှင့် ပတ်သက် ပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 04:58 AM PDT
ဘဏ်ခွဲမရှိတဲ့ ဝေးလံတဲ့ဒေသတွေမှာ ဘဏ်ရဲ့အခြေခံဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ပုဂ္ဂလိကဘဏ် လေးခုတို့က မိုးဘိုင်းဖုန်း ဘဏ်စနစ် (mobile banking) လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ပုဂ္ဂလိကဘဏ်လေးခုဖြစ်တဲ့ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ AGD ဘဏ်နဲ့ မြ၀တီ ဘဏ်တွေက ကျေးလက်ဒေသအထိ ဘဏ်လုပ်ငန်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုကို ပေးနိုင်ဖို့ မိုးဘိုင်းဖုန်း ဘဏ်စနစ်ကို ဖော်ဆောင်သွားဖို့ ရှိပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 04:54 AM PDT
အစိုးရက ခွဲတမ်းစနစ်နဲ့ လုပ်နေတဲ့ ၁၅၀၀ တန်ဖုန်းဆင်းမ်ကတ်ရဲ့ မှောင်ခိုဈေးကွက် ပြဿနာက ရန်ကုန်မြို့ရဲ့ ရပ်ကွက်တိုင်းမှာ ဖြစ်ပေါ်နေတာကြောင့် တကယ်လို အပ်သူတွေ ဖုန်းဆင်းမ်ကတ်ကို မသုံးစွဲနိုင် ဖြစ်နေပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ခွဲတမ်းနဲ့ရောင်းချပေးနေတဲ့ ၁၅၀၀ တန် ဆင်းမ်ကတ်တွေရဲ့ မှောင်ခိုဈေး ကွက်က တဖြည်းဖြည်းအရှိန်မြင့်လာပြီး ဆင်းမ်ကတ်တခုကို ကျပ် ၁၂၀,၀၀၀ ကနေ ၉၀,၀၀၀ လောက်အထိ ပေါက်နေပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 04:50 AM PDT
မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား လုပ်သား အရေအတွက် ငါးသိန်းခန့်အထိ ရှိသည်ဟု ခန့်မှန်းချက်များရှိရာ ယခင် နှိမ်နင်းမှုများထက် ပိုကြီးသော စစ်ဆင်ရေးဖြင့် ရှာဖွေ ဖမ်းဆီး နှိမ်နင်း သွားမည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။မလေးရှားနိုင်ငံအန သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 04:45 AM PDT
ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယအလှမယ် ပြိုင်ပွဲကို သြဂုတ်လ ၂၇ ရက်နေ့က ဒဂုံတက္ကသိုလ် အားကစားရုံတွင် ကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူ ၃၀ ဦး ယှဉ်ပြိုင်ခဲ့ကြောင်း ဒဂုံ တက္ကသိုလ် အားကစားမှူး ဦးညွန့်ဝင်းက ပြောကြားသည်။ ယင်းပြိုင်ပွဲသို့ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပညာ သင်ယူလျက် ရှိသည့် ကျောင်းသား ကျောင်းသူ များ ယှဉ်ပြိုင်ခဲ့ရာ ကာယဗလမောင် ပြိုင်ပွဲ၊ အငယ်တန်း ကာယအလှမယ် ပြိုင်ပွဲနှင့် အကြီးတန်း ကာယအလှမယ် ပြိုင်ပွဲများကို ကျင်းပခဲ့သည်ဟု ၎င်းက ဆိုသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 04:38 AM PDT
ငါးလုပ်ငန်း ဥပဒေ ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းကြောင့် ပင် ရခိုင်ပြည်နယ်တွင် ငါးဖမ်းဆီး ရရှိမှု ကျဆင်းရခြင်း ဖြစ်သည်ဟု ဒေသတွင်း ကွင်းဆင်း လေ့လာ ခဲ့ ကြသည့် ပျိုးပင် အဖွဲ့ နှင့် ရခိုင်သဟာယ အသင်းမှ သိရသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့ နယ်သို့ သုံးလတာ ကွင်း ဆင်း လေ့လာ ဆောင်ရွက်နေသည့် ရခိုင် သဟာယ အသင်းမှ ကိုသိန်းထွန်းအေး က ”ပင်လယ်ပြင်မှာ သယံ ဇာတ မထိန်းသိမ်းဘဲ ငါးအလွန်အကျွံ ဖမ်းတာက ဒေသခံ ရေ လုပ်သားတွေ အနေနဲ့ ငါးလုပ်ငန်း ဥပဒေ ဆိုတာ မသိဘူး” ဟု ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 04:32 AM PDT
ရန်ကုန်မြို့လယ်မှ
ဈေးဝယ်စင် တာကြီး တစ်ခု၏ မြေညီထပ်တွင် ထုံးစံ အတိုင်း လူများဖြင့်
စည်ကားလျက်ရှိနေ သည်။ အတွင်းသို့ ဝင်သွားသည်နှင့် မွှေး ပျံ့နေ သည့်
ကော်ဖီရနံ့၊ ထောပတ် ပေါက်ပေါက်ရနံတို့က နှာခေါင်းအတွင်း သို့ စူးရှစွာ
ဝင်ရောက်လာသည်။ မလှမ်းမကမ်းရှိ စင်မြင့်များပေါ်၌ အစီအရီ ခင်းကျင်းထားသော
အလှပြင် ပစ္စည်းများကို အမျိုးသမီးငယ် အများ အပြား စိတ်ဝင်တစားကြည့်ရှုနေသည်။
----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Aug 2013 12:24 AM PDT
ရေအောက်ဖိုင်ဘာဆက်ကြောင်း Sea-Me-We 3 ပြတ်တောက်ပြီးေ နာက် အင်တာနက်မြန်နှုန်းကျဆင်းခြင်းနှ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 12:12 AM PDT
ရှမ်းပြည်အရှေ့ပိုင်း
မိုင်းလား – ကျိုင်းတုံသွား ကားလမ်းပေါ်က ၀မ့်ရှို့ရွာအနီးမှာ ဩဂုတ်လ ၂၇
ရက်နေ့ ညပိုင်းက မြေပြိုမှုဖြစ်ပွားပြီး မောင်းနှင်လာတဲ့ကားတစီး
ကျွံကျသွားခဲ့ပါတယ်။
အဲဒီလမ်းဟာ ၂ ပိုင်းကျိုးပြတ်ပြီး အနီးနား နမ့်မ ချောင်းထဲက ရေတွေ ၀င်လာတဲ့အတွက် ယာဉ်အသွား အလာတွေ ပြတ်တောက်သွားခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူက တခြားမြေ လမ်းတခု ပြန်ဖွင့်ပေးတဲ့အတွက် ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီကျော်လောက်ကစပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်ကြော by ဒီဗွီဘီ (ဓာတ်ပုံ - မိုင်းလားဒေသခံ) |
||
Posted: 29 Aug 2013 12:05 AM PDT
မောင် တောနယ်စပ်ဒေသအတွင်း အ ကြမ်းဖက်တိုက်ခိုက်မှု ဖောက်ခွဲ မှုသတင်းများ ထွက်ပေါ်နေသည့် အတွက် ထုတ်ပြန်ထားသည့် ည မထွက်ရအမိန့်ကို တင်းကျပ်စွာ ဆောင်ရွက်နေကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။ ''အရင်တုန်းက ည၁ဝနာရီ ကျော်သွားရင်လဲ သွားလာလို့ရ သေးတယ်။ အခုရက်ပိုင်းအတွင်း မှာ ည၁ဝနာရီကျော်တာနဲ့ တွေ့ တဲ့လူကို ဖမ်းလာတာ တွေ့ရပါ တယ်။ အဲဒီလို ည၁ဝနာရီထက် ကျော်လွန်ပြီး သွားလာနေတဲ့အ တွက် တိုင်းရင်းသားလူငယ်ငါးဦး ထက်မနည်း ဖမ်းဆီးခံရတာတွေ့ ရပါတယ်''ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Aug 2013 12:01 AM PDT
ပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)မှ တရားမဝင်မို ဘိုင်းလ်ဖုန်းဟန်းဆက်နှင့် လျှပ်စစ် ဆက်စပ်ပစ္စည်းမျိုးစုံ ကျပ်သိန်း ရှစ်ရာကျော်ဖိုးအား ဖမ်းဆီးရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာန မှသိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများ မှာ ဩဂုတ် ၁ရက်မှ ၂၅ ရက်ထိ ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ မိုဘိုင်းဖုန်းဟန်းဆက် စုစု ပေါင်း ၁၀၈ လုံး၊ တန်ဖိုး ကျပ်သိန်း ၅၃ သိန်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံကျပ် သိန်း ၇၉၁ သိန်း စုစုပေါင်း ကျပ် သိန်း ၈၄၄ သိန်းဖိုးဖမ်းဆီးရမိခဲ့ ကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 11:46 PM PDT
နိုင်ငံခြားသားများ စိတ်ဝင်စားမှုအများ ဆုံးဖြစ်သော မန္တလေးမှ ဦးပိန်တံတား ကြီး၏ နေရာအချို့၌ အခန်းများ ပျက်စီး ချို့ယွင်းနေသည့် အတွက် လာရောက် ကြသော ခရီးသွားဧည့်သည်များ တံတားပေါ် လမ်းလျှောက်ရာတွင် ၎င်းတို့အတွက် စိုးရိမ်နေကြ ရကြောင်း သိရသည်။ "အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ တချို့နေရာ လေးတွေက အခြေအနေ တော်တော်လေး ဆိုးတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 11:41 PM PDT
မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့ နယ်အတွင်းရှိ ဦးပိန်တံတားပေါ်တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နှင့် ပြည်တွင်းမှ လာရောက် အနားယူ သူများကို စိတ်အနှောင့် အယှက်ဖြစ်စေ ရန် ပြုမူပြောဆို နေသူနှစ်ဦးအား တာဝန်ရှိသူများက ယခုလ ၂၃ ရက်နေ့ က အရေးယူ ဆောင်ရွက်ခဲ့ ရကြောင်းသိရသည်။ "အခုလို အရေးယူ ဆောင်ရွက်ရတာ ပထမဦးဆုံး အကြိမ်ပါပဲ။ ဧည့်သည်တွေကို စိတ်အနှောင့် အယှက်ဖြစ်အောင် ပြုမူပြောဆိုနေတဲ့ အတွက် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 11:18 PM PDT
ယနေ့မနက်(၁၀)နာရီခန့်တွင် နော်အုံးလှ အား မုံရွာထောင်ထဲမှ ခေါ်ထုတ်လာပြီး၊ နေ့လည်(၁၁း၃၀)တွင် မုံရွာတရားရုံးမှ ပုဒ်မ(၅၀၅/ခ)ဖြင့် ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြော သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Aug 2013 11:15 PM PDT
|
||
Posted: 28 Aug 2013 11:14 PM PDT
သြဂုတ်လ (၂၉)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ(၂)၊ အမှတ်(၃၄)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 11:13 PM PDT
|
||
Posted: 28 Aug 2013 10:33 PM PDT
ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။ အချိန်က နေ့လယ် ၂ နာရီထိုးခါနီးပြီ။ နေက အတော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော်နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည်မသိ။ သောင်ပြင်ပေါ်တွင် ငါးများ သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်ကူနေသည့် ကလေးတစ်ယောက်၏ခြေထောက်ကို သတိထားမိလိုက်သည်။ ကလေးမလေးက အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာရှိပြီး ခြေထောက်တွင် အမာရွတ်များမှာ အစင်းလိုက်အစင်းလိုက် ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲဟုမေးတော့ သူ့အဖေက ရခိုင်သံလား၊ ထားဝယ်သံလားတော့ မပြောတတ်။ ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား၊ ဆိုစကား နားမထောင်မလို့ ရိုက်တာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲဒီလိုရိုက်ပေးမှရတယ်ဟု ကျွန်တော့်ကို ပြန်ပြောသည်။ အဲဒီလူကြီး စကားဆုံးသွားတော့ ကလေးလေးရဲ့ခြေထောက်ကိုကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည်။ အဲဒီလောက်ငယ်တဲ့ ကလေးလေးတစ်ယောက်ကို အမာရွတ်တွေထင်သွားအောင် ရိုက်သင့်ရဲလား။ ကျွန်တော် ငယ်ငယ် ကျောင်းကပြန်လာပြီး ပုဆိုးလဲတော့ ကျွန်တော့်အစ်မက လှမ်းမေးသည်။ နင့်ခြေထောက်က အရာကြီးတွေက ဘာဖြစ်တာလဲတဲ့။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ အစ်မကထပ်မေးသည် နင် အရိုက်ခံထားရတာ မဟုတ်လားတဲ့။ မဟုတ်ပါဘူး စက်ဘီးလဲထားလို့ဟုလိမ်ပြီး ကျွန်တော်အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ အိမ်ပေါ်ရောက်တော့မှ ကျွန်တော့်ခြေသလုံးကို သေချာပြန်ကြည့်လိုက်သည်။ ခြေသလုံးမှာ အရှိုးလိုက်အရှိုးလိုက် အညိုအမည်းစွဲနေသည်။ အဲဒီတုန်းက ကျွန်တော်ငါးတန်းနှစ် ကျွန်တော်တို့ကျောင်းမှာ ကြိုသက်ဆိုသည့် ဘာသာရပ်တစ်ခုကို အလယ်တန်းကျောင်းသားဘ၀က သင်ရသည်။ မြန်မာနိုင်ငံလုံးတွင် ကြိုသက်ဘာသာသင်ရသည့်ကျောင်းမှာ ကျောင်းငါးဆယ်ခန့်သာရှိသည်ဟု ဆိုသည်။ ကြိုသက်ဘာသာသည် ယောက်ျားလေးများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံများကို သင်ကြားရသည်ဖြစ်ပြီး မိန်းကလေးများက အိမ်တွင်းမှုအခြေခံကိုသင်ရသည်။ မိန်းကလေးများ သင်ရသည့်ဘာသာနှင့် ယောက်ျားလေးများသင်ရသည့် ဘာသာကမတူပေ။ ထို့ကြောင့် ကြိုသက်ချိန်ရောက်ပြီဆိုလျှင် အခန်းနှစ်ခန်းပေါင်းကာ ယောက်ျားလေးသတ်သတ်၊ မိန်းကလေးသတ်သတ်ပေါင်းပြီး သီးခြားစီသင်ရသည်။ ကျွန်တော်က ဘီခန်းကဖြစ်သည်။ ကြိုသက်ချိန်ရောက်ပြီဆိုလျှင် ဘီခန်းက မိန်းကလေးများက စီခန်းသို့သွား၍ စီခန်းမှ ယောက်ျားလေးများက ကျွန်တော်တို့ဘီခန်းကိုလာပြီး စာသင်ရသည်။ ကျွန်တော်တို့ကျောင်းမှာ ထုံးစံက အတန်းတိုင်း ဘုရားညောင်ရေအိုးနှင့် ဆရာ၊ ဆရာမထိုင်သည့် စားပွဲပေါ်တွင် ဖန်ပန်းအိုးလေးတစ်လုံးရှိသည်။ ၀ါ၊ စိမ်း၊ နီ၊ ပြာ အသင်းခွဲထားပြီး ယောက်ျားလေးများက အသင်းကျသည့်နေ့တွင် သောက်ရေသွားခပ်ရသည်။ မိန်းကလေးများက အသင်းကျသည့်နေ့တွင် အခန်းကို တံမြက်စည်းလှည်းရသည်။ ပိုက်ဆံစုကာ ဘုရားပန်းအိုးနှင့် ဆရာ၊ ဆရာမ စားပွဲပေါ်က ပန်းအိုးလေးကို ပန်းထိုးပေးရသည်။ တစ်ရက်... ကြိုသက်ချိန်ရောက်တော့ မိန်းကလေးတွေက စီခန်းသို့ပြောင်းသွားပြီး စီခန်းကယောက်ျားလေးတွေက ဘီခန်းသို့ ရောက်လာကြသည်။ ကြိုသက်ချိန်ရဲ့ ထုံးစံအတိုင်း စာသင်မည့်ဆရာက ရောက်မလာသေးပေ။ ထိုအချိန်မှာ စီခန်းက စာလာသင်သည့် ကျောင်းသားများထဲမှ ဆရာ၊ ဆရာမ စားပွဲနှင့် နီးသူများက စားပွဲပေါ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းလေးများကို လက်ဖြင့်လှမ်းပြီး ပွင့်ဖတ်လေးတွေကို ခြွေကြသည်။ စီခန်းကယောက်ျားလေးတွေက ပန်းအိုးထဲက နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အဲဒီလိုလှမ်းလှမ်းပြီး ခြွေချနေတာကို ကျွန်တော်တို့ ဘီခန်းက မိန်းကလေးတွေက ဘယ်လိုသိသွားမှန်းမသိ မိန်းကလေးနှစ်ယောက်ရောက်လာပြီး ပန်းတွေကို လာယူသွားသည်။ အဲဒီလိုပန်းတွေကို ယူသွားချိန်မှာ ကျောင်းသားတွေက မယူရန်တားရင်းက ၀ိုင်းလုကြသည်။ အတန်းကြီးလာမှသာ မိန်းကလေးတွေ၊ ယောက်ျားလေးတွေက မျက်ထောင့်လေးတွေ ပေစောင်းပေစောင်းကြည့်ပြီး သူငယ်ချင်းအရမ်းခင်တယ်လို့ ဖြစ်သွားကြပေမယ့် ငါးတန်းခြောက်တန်းအရွယ်မှာတော့ ယောက်ျားလေးနဲ့ မိန်းကလေးသည် ရန်သူဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ကလည်း ယောက်ျားလေးပီပီ ဘာလို့ဒီလိုလာယူရမှာလဲဆိုပြီး ကျွန်တော်လည်း ယောကျာ်းလေးတွေဘက်က၀င်ပြီး ပန်းတွေကိုကူလုသည်။ အဲဒီလိုလုရင်းက မိန်းကလေးနှစ်ယောက်က ပန်းတွေကို လွှင့်ပစ်ထားခဲ့ပြီး ထွက်သွားသည်။ နောက်တော့ ကောင်မလေးတစ်ယောက်က ကြိုသက်ဆရာကို ငိုပြီးသွားတိုင်သည်။ ကျွန်တော်က သူ့ကျောကုန်းကို လက်သီးနဲ့ထိုးပါတယ်တဲ့။ အဲဒီတော့မှ ကြိုသက်ဆရာက ရောက်လာပြီး ကျွန်တော့်ကို အတန်းရှေ့ထွက်ရပ်ခိုင်းသည်။ အဖြစ်မှန်ကိုလည်းမမေး ဘယ်လိုဖြစ်ကြသည်လည်း မစုံစမ်း။ မင်း သူ့ကိုထိုးလားတဲ့ ကျွန်တော့်ကို လာမေးသည်။ ကျွန်တော်မှ မထိုးတာ ကျွန်တော်က မထိုးဘူးဆိုတော့ လက်ထဲက ကြိမ်လုံးကို စားပွဲပေါ်ကို နှစ်ချက်သုံးချက်လောက် ရိုက်လိုက်သည်။ အဲဒီလိုရိုက်လိုက်တော့ ကျွက်စီကျွက်စီပြောနေတဲ့စကားတွေ တိတ်သွားသည်။ အဲဒီလိုတိတ်သွားတော့မှ အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားကို ကြိမ်လုံးကြီးပြပြီး မေးသည်။ ဒီကောင်မလေးကျောကုန်းကို သူက လက်သီးနဲ့သွားထိုးတယ်ဆို ဟုတ်လားဆိုတော့ အဲဒီကောင်လေးက ဟုတ်ပါတယ်ဟု ဖြေသည်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည် နောက်တစ်ယောက်ကလည်း ဟုတ်ပါတယ်လို့ပဲဖြေသည်။ သူတို့ပြောတာ ဟုတ်တယ်တဲ့ မင်းဝန်ခံမှာလား ကြိမ်လုံးကြီးကိုပြပြီး ကျွန်တော့်ကိုမေးသည်။ မင်းဝန်မခံဘူးဆိုရင် ကျောင်းထွက်ရမယ်။ ကျောင်းထွက်ပြီးရင်တော့ ဘူတာရုံမှာ ကူလီသာထမ်းနေပေတော့ဟု ပြောသည်။ မင်းဝန်မခံဘဲ ကျောင်းထွက်မှာလား၊ ၀န်ခံပြီး အရိုက်ခံမှာလားတဲ့။ ကျွန်တော် ကျောင်းထွက်ရမှာတော့ ကြောက်ပါသည်။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က တွေးလိုက်မိသည်က ၀န်ခံလိုက်ရင် ရိုက်ခံရမည်၊ ၀န်မခံရင် ကျောင်းထွက်ရမည်။ ကျောင်းတော့မထွက်နိုင်။ အရိုက်ပဲခံတော့မည်ဟု ဆုံးဖြတ်ကာ ကျွန်တော် တကယ်မထိုးခဲ့ပေမယ့်လည်း ထိုးပါသည်ဟု ပြောလိုက်တော့သည်။ ၀န်ခံလိုက်ပြီဆိုတော့ စတိတ်စင်ပေါ်တက်ခိုင်းပြီး ပုဆိုးကိုဒူးခေါင်းထိ လှန်ခိုင်းသည်။ ပြီးတော့ လက်ညှိုးလောက်ရှိသော ကြိမ်လုံးဖြင့် ခြေသလုံးကို ငါးချက်လွှဲရိုက်သည်။ ဆယ်နှစ်သားအရွယ်မှာ လူကြီးအားဖြင့် လွှဲရိုက်ခံရသော ငါးချက်သည် တော်တော်နာသည်။ ကျွန်တော်ငိုချင်သည် ဒါပေမဲ့ မငိုမိအောင် မျက်ရည်ကိုထိန်းထားလိုက်သည်။ စာသင်ခန်းထဲမှာ ဒီတိုင်းကြိတ်ထိုင်နေပြီး အိမ်ပြန်ခဲ့လိုက်သည်။ အရိုက်ခံရချင်းနေ့က ခြေသလုံးမှာ အစင်းစင်းတွေ အပိန့်လိုက်အပိန့်လိုက်ဖြစ်ေ နောက်နေ့ရောက်တော့ အစင်းတွေပျောက်သွားပေမယ့် အညိုအမည်းစွဲပြီး ကျန်ရစ်ခဲ့သည်။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးမှာ အခုအထိ အရိုးစွဲနေကြတာက အိုးကောင်းတစ်လုံးဖြစ်လာအောင် နာနာရိုက်ရမယ်။ ကျွန်တော့်ငယ်ဘ၀က တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်ဖြစ်သည်။ ကျောင်းတွေ၊ ကျောင်းတွေမှာ မိဘတွေ၊ မိဘတွေမှာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်ထက် ဆိုးအောင်ရိုက်တာတွေ ဘယ်လောက်တောင်ရှိနေမလဲ။ အတိအကျမသိပေမယ့် အရွယ်နှင့်မမျှအောင် ရိုက်ခံနေကြရတာတွေကတော့ သေချာပေါက်ရှိမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် တချို့မိဘများက အရိုက်ကြမ်းသည်ဆိုသော ကျူရှင်များမှာပင် ရွှေ့ထားသည်ကို တွေ့ဖူးပါသည်။ ကျွန်တော်တို့လည်း ထိုကျူရှင်တွင်ပင် တက်ရပါသည်။ ဒီနေ့ မီးနင်းတွေအလွတ်ကျက်ခဲ့။ နောက်နေ့စာမေးလို့ တစ်လုံးမရလျှင် သစ်သားပေတံဖြင့် တစ်ချက်ရိုက်သည်။ တစ်ခါတစ်ရံတွင် ရိုက်ရင်းဖြင့် ထင်းရှူးသစ်သားပေတံကွဲသွားသည်ကိ ရေးသားသူ- စိုးဇေယျာထွန်း ဓာတ်ပုံ- စိုးဇေယျာထွန်း 7Day News Journal |
||
Posted: 28 Aug 2013 10:25 PM PDT
အခုဆိုရင် ပြည်ထောင်စု လွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပါပြီ။ ဖွဲ့စည်းထားပုံက လွှတ်တော်အသေးစား ပုံစံမျိုးပါ။ ကြံ့ခိုင်ရေးပါတီဝင်တွေက အများစု၊ တပ်မတော်သား ၂၅ ယောက်၊ ကျန်တာ အချိုးကျ၊ စုစုပေါင်း ၁၀၉ ယောက် ဖြစ်ပါတယ်။ အခု အသေးစိတ် ထပ်ပြီး ဖွဲ့စည်းမှုမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး အားလုံးကလည်း ကြံ့ခိုင်ရေးပါတီကချည်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကော်မတီ ဥက္ကဋ္ဌဟာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဆိုပေမယ့် သူရဦးရွှေမန်းရဲ့ အရိပ်လွှမ်းမိုးမှုက အဓိက ဖြစ်တယ်လို့ ယူဆကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Aug 2013 10:18 PM PDT
ရခိုင်ပြည်နယ်
မောင်တောမြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့်
ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီလူမျိုး ၇၄ ဦးကို
ပြစ်မှုကျူးလွန်မှုအလိုက် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ်၊ ခုနစ်နှစ်စသော
ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ ၂၁ရက်နေ့တွင်
ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 09:49 PM PDT
မုံရွာမြို့
နန္ဒ၀န် ရပ်ကွက်တွင် ယခုလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ငယ်လေး
တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည် ဟုဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက်
ခိုင်းစေ ခဲ့သဖြင့် အိမ်ရှင်လင်မယား အား ရဲတပ်ဖွဲ့မှ အရေးယူ ခဲ့ရကြောင်း
မုံရွာ အမှတ်(၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ပြောကြား သည်။ “
ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်..၊ ဒီအလုပ်ကို မလုပ်ဘူး
ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူ က ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 09:43 PM PDT
ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် အဂတိ လိုက်စားသည်ဟုဆိုကာ လွှတ်တော်သို့ တိုင်ကြားခံထားရသူ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို ထိရောက်သော စစ်ဆေး အရေးယူမှု ပြုလုပ်ပေးရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို က ပြည်သူ့လွှတ်တော်သို့ တင်ပြတောင်းဆိုလိုက်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Aug 2013 09:29 PM PDT
ဂျီအက်စ် အမ်ဖုန်းလိုင်းများ၏ စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှုဖြစ်ပေါ်နေ ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ဆက်သွယ်မှုလိုင်း ပြတ်တောက် မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရ သည်။ ယင်းကဲ့သို့ ဂျီအက်စ်အမ် လိုင်း နက်ဝေါ့ခ်တည်ဆောက် ထားသည့်နေရာများတွင် စက် ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သော ကြောင့် ဩဂုတ်၂ရရက် နံနက်ပိုင်းမှစတင် ၍ လိုင်းချွတ်ယွင်းမှုများဖြစ်ပေါ် ခဲ့ပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Aug 2013 09:22 PM PDT
ယာဉ်မောင်း လိုင်စင်ပြုလုပ်ရာတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ ၀န်ထမ်းများ ပါဝင် ပတ်သက်သည်ဆိုပါက တည်ဆဲ ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် သြဂုတ် ၂၇ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။ ယင်းသို့ အသိပေး ထုတ်ပြန်ရခြင်းမှာ လူမှုကွန်ယက်ဝဘ်ဆိုဒ် ဖေ့စ်ဘွတ်ပေါ်တွင် “Myanmar Car Market” စာမျက်နှာမှ “ယာဉ်မောင်းလိုင်စင် အပြီးအစီးရရန် ဆောင်ရွက်ပေးပါသည်”ဆိုသည့် ကြေညာချက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ခြင်းဖြစ်သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Aug 2013 09:06 PM PDT
နိုင်ငံရေး ပါတီများ နိုင်ငံခြား တိုင်းပြည်တစ်ခုခုမှ ငွေကြေး၊ ပစ္စည်း၊ အထောက်အပံ့များ ယူလျှင် ပါတီကို ဖျက်သိမ်း ပစ်သည်အထိ အရေးယူနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပါတီအသီးသီးသို့ သြဂုတ်၂၃ ရက်က သတိပေးစာများ ပေးပို့ခဲ့သည်။ နိုင်ငံရေး ပါတီများသည် ပါတီအနေဖြင့် သော်လည်းကောင်း၊ ပါတီလက်အောက်ရှိ အဖွဲ့ခွဲ အဆင့်ဆင့်အနေဖြင့် သော်လည်းကောင်း၊ ပါတီဝင် တစ်ဦးချင်း အနေဖြင့် သော်လည်းကောင်း ပြည်ပမှ အထောက်အပံ့များ ယူပါက --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment