Friday, August 23, 2013

အမေရိကန်ကောလိပ် သိသင့်စရာများ (နိဂုံး)

August 21, 2013 at 1:00am
ကျနော် အမေရိကန်ကောလိပ်အကြောင်းရေးတဲ့ စာထဲမှာ ထည့်ပြောထားတဲ့ Profit Uni တွေအကြောင်းကို ရေးပေးချင်ပါတယ်။ ရတဲ့အချိန်ထဲက ကြိုးစားပြီး ရေးပေးသွားမယ်။ တခုပြောချင်တာက အပြင်ကျောင်းတွေ နှင့် Profit Uni တွေအကုန်လုံးကို မကောင်းဘူးလို့ ဆိုချင်တာမဟုတ်ဖူး။
အပြင်ကျောင်းတွေမှာ နိုင်ငံခြားကနေ ပညာရည်ချွန်ဆုရပြီး ပညာတော်သင်ရတာတွေလည်း ရှိမယ်။ သို့သော် ဒါတွေက လူတိုင်းအတွက် အစီစဉ်တွေ မဟုတ်ဘူး။ Super awesome တွေ အတွက်သာ ဖြစ်လို့ ကျနော်လည်း အတိကျ မသိတာကို ထည့်မရေးလိုပါဘူး။

ကျနော်ရေးတာ State Uni တွေအကြောင်းကို ကိုယ်တွေ့ ၀င်တိုးနိုင်တဲ့ လမ်းကို ညွှန်ပြချင်တာပါ။ ကျနော်တို့ပြည်နယ် ကျနော်တို့မြို့မှာ ကျနောလုပ်ပေးတာ ဆယ်ဂဏန်းကျော်သွားပြီ ဖြစ်သလို အခြားပြည်နယ်တွေကို လှမ်းပြီး ကူညီလုပ်ဆောင်ပေးတာ လေးငါးယောက်ရှိပါပြီ။ ဒါကြောင့် ယုံကြည်မှုအပြည့်နဲ့တင်ပြပေးတာဖြစ်ပြီး။

 နိုင်ငံခြားက ကျောင်းလာတက်သူများ အတွက်တော့ ကျနော်မှာ အားနည်းတယ်။ ဒီတော့ အခြေခံအတွက်သာ အကြံပေးနိုင်မယ်။ ဘာလို့လည်းဆိုတော့ Transfer လုပ်နိုင်တဲ့ အခွင့်လမ်းတွေက အလွန်ကွာဟလို့ ကျနော်မပြောနိုင်တာပါ။

အဓိက Real-world career မှာ ကျောင်းတကျောင်းက ဘယ်လောက် အာမခံလို့ ရလည်း ဆိုတဲ့ အချက်က ကျောင်းတက်ခြင်းရဲ့ အဓိက ရည်ရွယ်ခြင်း ဖြစ်လို့ ကျောင်း ရွေးချယ်ခြင်းကို သတိပြုစေချင်တယ်။ အပြင်ကျောင်းတွေမှာ မိမိ career နှင့် ကိုယ်ညီတဲ့ ကျောင်းမျိုးတွေ ရှိသလို။ နာမည်ကြီးပြီး သုံးမရတဲ့ ကျောင်းတွေလည်းရှိပါတယ်။ နောက်ဆုံးဗျာ အမေရိကန်မှာ အခြေချထားပြီး အဲဒီလိုကျောင်းတွေမှာ ကျောင်းပြီးလို့ အပြင်မှာ လုပ်ငန်းခွင်အတွက် အထောက်ကူ မပြုတာမျိုးကို လက်တွေ့ရင်ဆိုင်နေရတဲ့သူတွေ အများကြီးရှိတယ်။ ကျနော်ရင်းနှီးတဲ့လူ နှစ်ယောက်တောင် ဒီလိုဖြစ်စဉ်နှင့် ရင်ဆိုင်နေရတာရှိတယ်။ အခြေချထားတဲ့ လူတွေအတွက် ကျောင်းရွေးချယ်မှုက သိပ်အရေးကြီးတယ်။ နိုင်ငံခြားက လာတက်တဲ့လူတွေမှာလည်း အရေးကြီးနိုင်သော်လည်း မိခင်နိုင်ငံကို ပြန်ပြီး အလုပ်လုပ်မယ်ဆိုရင် ကျောင်းရဲ့ အာမခံချက်က ဒီမှာလုပ်တဲ့ လူလောက် အခက်ခဲမရှိတော့ဘူးလေ။ နိုင်ငံခြားဘွဲ့ရဆိုတဲ့ အဆင့်က နိုင်ငံငယ်တွေမှာ သြဇာကြီးမားလှပါတယ်။ ဒီတော့ ကျနော်တင်ပြတာသည် အများစုက အခြေချထားပြီးသား လူတွေ အတွက်ဖြစ်ပြီး။ နိုင်ငံခြားက လာရောက်သူများ အတွက်ကိုတော့ အခြေခံ အထောက်ကူပြုမှုကိုတော့ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ PBS မှတင်ပြထားတဲ့ Profit Uni တွေအကြောင်း Documentary ကိုကြည့်ရန် လင့်ဖြစ်ပါတယ်။

ကျနော်ဆက်ပြီး အခြေချပြီးသားသူတွေ အတွက် Aid လျှောက်ဖို့နှင့် အခြားလိုအပ်ချက်တွေကို ရှင်းပြပေးပါမယ်။ ဒီနေရာမှာ တခုရှင်းပြချင်တယ်။ ကျနော်တင်ပြတာ ကိုယ့်လူမျိုးတွေ ခက်ခဲနေတဲ့ အခက်ခဲကို ကျော်လွှားနိုင်ဖို့ ကျနော်ဖြတ်သန်းထားတဲ့ လမ်းတခုကို အထောက်ပံ့ဖြစ်စေရန် အသိလမ်း ဖွင့်ပေးခြင်းသာ ဖြစ်ပါတယ်။ ကျနော်တင်ပြမှုသည် လိုအပ်နေသူတွေ အတွက် ဖြစ်ပြီး။  ဘာလို့လည်းဆိုတော့ ကျနော်လည်း အခြေခံက စပြီး တက်လာတဲ့ လူတယောက်မို့လို့ ကိုယ်ချင်းစာပါတယ်။ ရေတခွက်လိုပေါ့ဗျာ လိုအပ်နေတဲ့ ဆာလောင်နေသူများ သောက်သွားကြပါ။ ပြည့်လျံနေသူတွေ အနေနဲ့တော့ အသုံးမ၀င်တဲ့ အတွက် ကျော်သွားစေချင်ပါတယ် ကျေးဇူးပါ။




အခြေချပြီးသား ကျောင်းတက်လိုသူများ 


ကျောင်းတက်မည့်သူက အသက် ၂၁ နှစ်ပြည့်ပြီးသူဆိုရင်   GED မအောင်ထားလည်း Academic required အတန်းတွေတက်လို့ရတာမို့။ ကြိုးစားခွင့်ဖို့ အခွင့်လမ်းရှိပါတယ်။ ကျနော်ဆို ရောက်ခါစက မြန်မာပြည်မှာ ဘွဲ့မရထားရင် GED ဖြေရမယ်ဆိုပြီး အချွန်နဲ့မတဲ့ သူနှင့် ကြုံရပါတယ်။ တကယ်လို့သာ ဒီအသက်ကြီးနဲ့ GED ၀င်ဖြေရင် အချိန်တွေလည်း ကုန်ပြီး လူလည်းပန်း ငွေလည်းကုန်အုန်းမှာပါ။ အဓိက လူအတော်ပန်းမှာ။  အခုကျနော်တင်ပြမည့်လမ်းက GED ကို  Academic required အတန်းတွေနှင့် ကျော်လွှားသွားပြီး။ မိမိဘာသာရပ်ကို တက်နေရင်း Academic required classes ကို တခုချင်းစီတက်သွားရင်းဖြင့် ကိုယ်ရဲ့ ဒီဂရီ credits လည်းပြည့် Academic required တွေလည်းပြီး ငွေရော အချိန်ရောပါ သိပ်ကိုသက်သာပါတယ်။ လူတော့ မသက်သာပါ သို့သော် ကြိုးစားခွင့်ရတာကိုက အဖိုးတန်လှပါတယ်။ ကျနော်တင်ပြမှုတွေကတော့ State Uni နှင့် Community college တွေအတွက် ပိုပြီး တိကျနိုင်ပြီး။ အပြင်ကျောင်းတွေနဲ့ ကွာခြားနိုင်ပါတယ်။ ကျနော် နှစ်သက်တဲ့ အကြံပေးရမယ်ဆိုရင် Community college (CC) တွေမှာ စပြီးတက်ရင် အများကြီး စရိတ်သက်သာပါတယ်။ State Uni နှင့် CC တောင် ဈေးကအလွန်ကွာပါတယ်။ State Uni မှာ one credit ကို ဒေါ်လာ ၃၂၀ ပတ်ဝန်းကျင်လောက်ကျနိုင်ပေမယ့် CC မှာတော့ တရာအောက်သာရှိပါတယ်။ နိုင်ငံခြားက ကျောင်းလာတက်သူတွေ အတွက်တောင် CC မှာ အပြင်ကျောင်းထက် ဈေးသက်သာပါတယ်။ ကျောင်းတက်ဖို့ အဆင့် (၅) ဆင့်နှင့် တင်ပြပေးပါမယ်။

(၁) ကျောင်းအပ် အတန်းအပ်ရန် ပြင်ဆင်ခြင်း

အရင်ဆုံး ကျောင်းရွေးချယ်မယ်။ ကိုယ်နေတဲ့ Country မှာရှိတာတွေထဲက ကြိုးစားပြီးရွေးချယ်ပါ။ ဘာလို့လည်းဆိုတော့ Resident ဆိုရင် State facility tax fee တွေ သက်သာပါတယ်။ အဲဒါလည်းလျော့တွက်လို့မရဘူး Full semester မှာ အကြမ်းဖျဉ်း ဒေါ်လာ ၃၀၀ လောက်ရှိတယ်။ တနှစ်လုံးအပြည့်တက်ရင် ဒေါ်လာ ၉၀၀ ကနေ တထောင်စွန်းစွန်း သက်သာသွားနိုင်ပါတယ်။ ကဲ ကျောင်းကိစ္စ ပြန်ဆက်ရအောင် ရွေးချယ်လိုက်တဲ့ကျောင်းမှာ Register လုပ်လိုက်ပါ။ ဒီလိုလုပ်လိုက်ရင် ကျောင်းဝင်နံပတ်ရလာမယ်။ ကျောင်းဝင်နံပတ်ရရင် အတန်းအပ်ဖို့ ပြင်ရမယ်။ အတန်းအပ်ဖို့အတွက် Entrance ဖြေတဲ့အခါမှာ အင်္ဂလိပ်စာနှင့် သချာင်္ကိုသာ ဖြေပါ။ အခြားဘာသာရပ်တွေကို သွားမထိပါနဲ့အုန်း။ သချာင်္မနိုင်ရင် သချာင်္လည်း ထားလိုက်ပါ။ အင်္ဂလိပ်စာကို ဖြေပြီး ကိုယ့် ESL level ကိုယူလိုက်ပါ။ ဒီနေရာမှာကိုယ့်တင်ပြနိုင်တဲ့ ဘွဲ့လက်မှတ်များရှိလည်း ESL level ကိုယူရမှာဖြစ်ပါတယ်။ ( ဒီနေရာမှာ အမေရိကန်ပေါက်ဖွားသူများလည်း Academic writing ကိုဖြေရပါတယ်။)   များသောအားဖြင့် Semester တခုမှာ နှစ်ကြိမ်ဖြေပိုင်ခွင့်ရှိပြီး အမှတ်အများဆုံးကို ယူပါတယ်။ ဒီတော့ကြိုးစားပြီး နှစ်ကြိမ်ဖြေလိုက်ပါ။

ESL အမှတ်ရလာပြီဆိုရင် အတန်းအပ်ဖို့ အတွက် ကျောင်းတွေအများစုက Orientation လုပ်ရပါတယ်။ Orientation  ပြီးမှ Entrance အမှတ်စာရင်းနှင့် ကိုယ်တိုင် အင်တာနက် စာမျက်နှာပေါ်က ဖြစ်စေ ( ဒါမှမဟုတ်) ကျောင်းက Enrollment Services
ကိုသွားပြီး အတန်းအပ်လိုက်ပါ။ ဒီလိုအပ်လိုက်တဲ့အခါမှာ ကျောင်းအီးမေလ်းအကောင့်နှင့် အတူ ကျောင်းအကောင့်ကို ရရှိလာမှာဖြစ်တယ်။ အချို့ကျောင်းတွေမှာ အတန်းအပ်မှ ကျောင်းအကောင့်ရတယ်။ တချို့ကျောင်းတွေက ကျောင်းအပ် လိုက်တာနဲ့ ရပြီ။ နည်းနည်းကွဲပြားမှုရှိပါတယ်။


(၂) Student Aid လျှောက်ရန်

ကျောင်းဝင်ကြေးအတန်းကြေးပေးဖို့အတွက် အစိုးရထံမှာ ကိုယ့်ရပိုင်ခွင့်ကို လျှောက်ရပါတော့မယ်။ ဒီတော့ ကျနော်လျှောက်ပုံလျှောက်နည်းကို တင်ပြပေးမယ်။ သိထားပြီးရင် ကိုယ့်တိုင်လျှောက်လို့ရတယ်။ ကိုယ်တိုင်မလျှောက်ချင်ရင် admission team ကိုသွားပြီး လုပ်ခိုင်းပါ။ ကိုယ့်ရဲ့ Privacy တွေပါလို့  admission team ကလည်း ဒါလုပ် ဒါလုပ်ဆိုပြီးတော့ဘဲ ညွှန်ကြားပါလိမ့်မယ်။ ကိုယ်တိုင်လုပ်ရပါတယ်။ ဒီတော့ ကျနော်ရှင်းပြထားတာလေးကို မှတ်ထားရင် လွယ်ကူသွားမယ်လို့ မျော်လင့်ပါတယ်။ ပထမဆုံးကျောင်းတက်မည့်သူများ Academic required တောင် မတက်သေးသူများကို စေတနာနဲ့အကြံပေးရရင် Loan ကို လုံးဝမယူသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ ESL နှင့် Academic required တွေမှာ ကိုယ့်အချိန်က ဘယ်လောက်ကုန်မယ်ဆိုတာ မှန်းရခက်ပါတယ်။ ဒီတော့ Student Loan ကိုသတိထားပါလို့ မှာချင်ပါတယ်။


Aid လျှောက်ရမည့် အစိုးရ စာမျက်နှာက www.fafsa.edu.gov
ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ Federal aid စာမျက်နှာဖြစ်ပြီး ဒီနေရာက လွဲလို့ အခြားစာမျက်နှာတွေမှာ ကိုယ့်အချက်လက်ကို မပေးပါနှင့်။  ဒီနေရာမှာ လျှောက်တဲ့အခါမှာ လိုအပ်မည့် စာရွတ်စာတမ်းများမှာ
  •  မိမိတက်မည့်ကျောင်း၏ School code ( ကျောင်း  Enrollment center မှာ ဖေါ်ပြထားလေ့ ရှိတယ်။ ကျောင်းအင်တာနက် စာမျတ်နှာမှာလည်း ဖေါ်ပြထားပါတယ်) 
  •  မိမိ၏ ဆိုရှယ်နံပတ် ကိုးလုံး
  • State ID နံပတ်နှင့်မိမိအိမ်လိပ်စာ၊ ဖုန်းနံပတ်နှင့် အီးမေလ်း တို့လိုအပ်ပါတယ်။ အီးမေလ်းကို ကျောင်းအတန်းအပ်လိုက်တုန်းက ရတဲ့ ကျောင်းအီးမေလ်းပေးရင် ပိုသင့်တော်ပြီး လုံခြုံပါတယ်။
  • Federal Student Pin ( ဂဏန်း လေးလုံး သို့မဟုတ် ခြောက်လုံးရှိနိုင်သည်။) FAFSA မှာ အချက်လက်တွေ ဖြည့်ပြီး တင်လိုက်တာနှင့် Federal Pell Grant မိမိကို ဘယ်လောက်ထောက်ပံ့မယ်ဆိုတာ ချက်ချင်းဖေါ်ပြပါတယ်။ အီးမေလ်းထဲလည်းဝင်လာပါတယ်။ မိမိက Paperless မလုပ်ထားရင် စာတိုက်ကနေလည်း သုံးလေးရက်နေရင် အကြောင်းကြားစာ ရောက်လာပါတယ်။

 (၃) Federal Student Pin

အဲဒီမှာ အပေါ်က အားလုံးအဆင်သင့် ရှိပြီးသားဖြစ်မှာပါ။ Federal Student Pin ကိုတော့ ဘာကြီးလဲလို့ မေးမှာဘဲ။ Federal Student Pin ဆိုတာ အစိုးရနှင့် ကျောင်းသား ငွေရေးကြေးရေး လုပ်တဲ့အခါမှာ လက်မှတ်ထိုးတဲ့ individual access code ဖြစ်ပါတယ်။  Federal Student Pin က တနည်းအားဖြင့် ကျောင်းသားအတွက် ဆိုရှယ်နံပတ်တခုလိုပါ။ အဲဒီ့ Pin ကို မည်သူ့ကိုမှ မပေးပါနဲ့ မိမိနဲ့သာသက်ဆိုင်ပြီး မိမိကိုယ်တိုင် နှိပ်ရန်သာဖြစ်ပါတယ်။ ဒီလောက်ဆို Federal Student Pin ကိုသိပြီဆိုတော့ အဲဒီ့ Pin ဘယ်က ရမလဲ။ www.pin.edu.gov
ဆိုတဲ့ Federal Pin စာမျက်နှာမှာ မိမိအမည် မွေးသက္ကရာဇ် ဆိုရှယ်နံပတ် အိမ်လိပ်စာ စသည်တို့ဖြင့် တင်ပြပြီး မိမိနှစ်သက်ရာ နံပတ် ရွေးချယ်ခွင့်ရှိပါတယ်။ ဒီလောက်ဆို Federal Student Pin လုပ်ဖို့လွယ်ကူပြီထင်ပါရဲ့။
(၄) Master Promissory Note 

ဒီအဆင့်ကတော့ Student loan ယူမယ့်သူတွေ လုပ်ရမည့်အဆင့်ပါ။ Federal Pell Grant သာယူမည့် ကျောင်းသားအတွက်မလိုပါဘူး။ ပြည်ထောင်စုအစိုးရနှင့် ကျောင်းသားအကြား ၀န်ခံကတိပြုခြင်းဖြစ်ပါတယ်။ Student loan က အခြေချနေထိုင်သူအတွက် လွယ်လွယ်လေးရပါတယ်။ ဒါပေမယ့် လွယ်လွယ်လေး မယူစေချင်ပါဘူး သေသေချာချာစဉ်းစားပါ။  လိုအပ်တယ် ပြန်ဆပ်နိုင်မယ်ဆိုရင်တော့ ယူနိုင်ပါတယ်။ ဘွဲ့မရသေးသူတဦးကို Student loan က တနှစ်ကို ဒေါ်လာ တသောင်းခွဲလောက်ချေးပေးပါတယ်။ ဘွဲ့ရပြီး ခြောက်လမှ စပြီးပြန်ဆပ်ရပါတယ်။  သူ့ကိုလုပ်ရမည့်စာမျက်နှာက https://studentloans.gov/myDirectLoan/index.action မှာ လုပ်နိုင်ပါတယ်။

(၅) ကျောင်းသားကပ် နှင့် ဘဏ်  

ဒါကတော့ ကျောင်းတက်ဖို့ကြိုးစားသူရဲ့ Happy ending ပါ ကျနော့်တုန်းကဆို  ပြုံးတာများ ပါးစပ်က နားရွတ်ချိတ်တယ်။ ကျောင်းသားကပ်နှင့် ကျောင်းဘဏ်ကပ်ပြား လုပ်ဖို့လိုပါတယ်။ ကျောင်အများစုက ချိတ်ဆက်ထားတဲ့ ဘဏ်များရှိပြီး Federal Pell Grant နှင့် Student loan များကို အဲဒီ့ဘဏ်အကောင့်ထဲကို ပြည်ထောင်စုအစိုးရက ကျောင်းဝင်ကြေး အတန်းကြေးများ ပေးပြီး လက်ကျန်ငွေကို ထည့်ပေးပါတယ်။ အကယ်လို့ မိမိသုံးနေတဲ့ ပြင်ပက ဘဏ်အကောင့်နှင့် လုပ်မယ်ဆိုရယ် ငွေရရှိဖို့ အချိန်က နောက်ကျပါတယ်။ ဒီတော့ ကျောင်းက ချိတ်ဆက်ထားတဲ့ ဘဏ့်အကောင့်ကို ရဖို့အတွက် ကျောင်းက Financial department ကို သွားပါ။ အချို့ကျောင်းတွေက သွားစရာမလိုပါဘူး   Federal Pell Grant လျှောက်လိုက်တာနဲ့ မိမိအိမ်ကို စာတိုက်မှနေပြီး ဘဏ်ကပ်ပို့ပေးလိုက်ပါတယ်။

ကျောင်းသားကပ်ကိုတော့ Enrollment center သို့သွားရောက်ပြီး မိမိကျောင်းဝင်အမှတ်နှင့် State ID ဒါမှမဟုတ် ကားလိုင်စင်ပြပြီး ကျောင်းသားကပ်လုပ်နိုင်ပါပြီ။ ကျောင်းသားကပ်က ကျောင်းတခုနှင့် တခု အသုံးပြုပုံမတူပါ။ ကျနော်တို့ ပြည်နယ်မှာတော့ ကျောင်းသားကပ်ထဲ ငွေထည့်လိုက်ရတယ်။ ယဉ်ရပ်နားခပေးလို့ရတယ်။ စာကြည်တိုက် ကျောင်းကွန်ပြူတာ အသုံးပြုရန် အသုံးဝင်ပါတယ်။ ကျောင်းသာကပ်ပ ပြင်ပမှာလည်း အသုံးဝင်တာကြောင့် လိုအပ်ပါတယ်။ အများသုံးသယ်ယူပို့ဆောင်ရေးများမှာ ကျောင်းသားကပ်ဖြင့် လျော့ဈေးရပါတယ်။ ကျောင်းသုံးပစ္စည်းနှင့်စာအုပ်များ ၀ယ်ယူရာမှာ ကျောင်းသားကပ်ဖြင့်လျော့ဈေးရပါတယ် ဒါကြောင့် ကျောင်းသားကပ်သည်လည်း အသုံးတည့်ပါတယ်။   ဒီလောက်ဆိုရင် လမ်းမရှိသေးသူများအဖို့ အထောက်ကူုဖြစ်ပြီလို့ မျော်လင့်ပါတယ်။ ကျနော်လည်း ပညာရေး အခွင့်လမ်းပိတ်ခဲ့လို့ အခုမှ ကြိုစားရသူ တဦးအနေနှင့် အခြားအခွင့်လမ်းရှိသူ အချိန်ရှိသေးသူများအတွက် တဖက်တလမ်းက အကျိုးပြုနိုင်အောင် ကျနော်လက်လှမ်းမှီသလောက် ကြိုးစားတင်ပြခြင်းဖြစ်တယ်။ ဒါကြောင့် ကျနော်ဖေါ်ပြချက်များ အသုံးဝင်မည်ဆိုပါက ကျနော်ဝမ်းသာပါတယ်။  

ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း
(လိုအပ်တဲ့ Required credits အတွက် အကြံပြုချက်တွေကို ဒီတပုဒ်ထဲမှာဘဲ ပြန်ဆက်ထည့်သွားပါမယ်။)
 
ဒုတိယပိုင်းကို ဒီမှာနှိပ်ပြီး ဖတ်နိုင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...