Friday, August 30, 2013

အတိုက်အခံဆိုသည်မှာ ဘာလဲ

August 29, 2013 at 4:30am
ထက်မြက်
၂၉။၈။၂၀၁၃
ဆန့်ကျင်ဘက် အတိုက်အခံ မရှိဘဲ တစ်သွေးတည်း၊ တစ်သံတည်း၊ တစ်ခုတည်း ရှိနေလျှင် မည်သည့် အခါမှ တိုးတက်ကြီးပွားခြင်းရှိလိမ့်မည် မဟုတ် ပေ။ မိမိ၏စဉ်းစားတွေးခေါ်မှုထဲမှာ ပင်လျှင် အကောင်းရော၊ အဆိုးရော၊ ဆုတ်ယုတ်မှုရော၊ တိုးတက်မှုရောအမြဲ ဒွန်တွဲနေတတ်ပါ သည်။ ထို့ကြောင့် အတွေ့အကြုံနှင့် လက်တွေ့ ဖြစ်ပေါ်မှု မှနေ အမှန်ကို ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

‘အတိုက်အခံဆိုသည်မှာ နိုင်ငံ ရေးအုပ်စု၊ နိုင်ငံရေးပါတီ သို့မဟုတ် အဖွဲ့အစည်းမဟုတ်သော တစ်သီးပုဂ္ဂလ နှင့် လူအုပ်စုများဖြစ်ပြီး သူတို့သည် အစိုးရ ပြောင်းလဲရေးနှင့် အစိုးရ၏ မူ ဝါဒများ ပြောင်းလဲရေးအတွက် လှုပ်ရှား ဆောင်ရွက်နေသူများ ဖြစ်၏။
တချို့ နိုင်ငံများတွင် အတိုက်အခံများအတွက် တရားဝင်နေရာ သတ်မှတ်ပေး ထားသည်။ ထိုအတိုက်အခံတို့က ရွေးကောက်ပွဲ တွင် မဲအများစုရရှိပါက အစိုးရအဖွဲ့ သစ်ဖြစ်နိုင်သည်ဟု လက်ရှိအစိုးရက မျှော်မှန်းထားသောကြောင့် သူတို့ကို အတိုက် အခံ နေရာပေးထားခြင်းဖြစ် သည်။
ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိသူက အစိုးရနေရာယူရပြီး မဲ အနည်းငယ်ရရှိသူက အတိုက်အခံ နေရာရလေသည်။ ထိုနိုင်ငံများ တွင် နှစ်ပါတီစနစ်ကို ကျင့်သုံးကြခြင်းဖြစ်၏။

ယူကေနိုင်ငံ၌ အကြီးဆုံးသော အတိုက် အခံပါတီ ခေါင်းဆောင်ကို တရားဝင် အတိုက်အခံပါတီ ခေါင်း ဆောင်အဖြစ် သတ်မှတ်ကာ ဥပဒေအရ လစာနှင့် ရပိုင်ခွင့်များ ကို ပေးထားလေသည်။ အစိုးရ၏ ကြေညာချက်များကိုလည်း အတိုက်အခံက ပါလီမန်ထဲ တုံ့ပြန် ဝေဖန်ခွင့်ရှိသည်။
မီဒီယာများကို လည်း ပြောပိုင်ခွင့်ရှိလေ သည်’ ဟု နိုင်ငံရေး အဘိဓာန်တစ်စောင်တွင် ရေးသား ထားသည်ကို ဖတ်ရပါသည်။ အတိုက် အခံဆိုသည်မှာ အဆန်းတကြယ် မဟုတ်ပါ။ ရိုးရိုးသားသား ပြောရလျှင် အစိုးရကို ဆန့်ကျင်သူမှန်သမျှ အတိုက် အခံဖြစ်ပါသည်။
အစိုးရနှင့် သဘောထား ကွဲလျှင် အတိုက်အခံသာ ဖြစ်ပါသည်။ အတိုက်အခံဟူသော ဝေါဟာရကို မကြိုက်လျှင် အစိုးရနှင့် လုံးဝသဘောထား မကွဲလွဲပါနှင့်။
ထို့ကြောင့် အတိုက်အခံ ဟူသော ဝေါဟာရကို မသုံးပါနှင့်ဟု ပြောသည်မှာ အလွန်ရယ်စရာကောင်း လှပေသည်။

Opposition, Opposit ion-party စသည်တို့မှာ အတိုက်အခံ၊ အတိုက်အခံပါတီဟု အဓိပ္ပာယ်ရလေ သည်။ ထိုဝေါဟာရများနှင့် ထိုသို့ ဆန့်ကျင် ဘက် နိုင်ငံရေး သမားများမှာ အရင်းရှင်စနစ် စတင်ကတည်းက ဖြစ်ပါသည်။
ပဒေသရာဇ်ခေတ်က ဆို လျှင် အတိုက်အခံဟု မခေါ်၊ သူပုန်ဟု ခေါ်ကြသည်။ ဘုရင်ကို ပုန်ကန်သူ၊ ဘုရင်ကို ထောင်ထားခြားနားသူများကို ပုန်ကန်ခြားနားသူများအဖြစ် သတ်မှတ် လေသည်။
စင်စစ်သူတို့လည်း ဘုရင်ကို အတိုက်အခံပြု၍ သူတို့ အာဏာရလို သူများဖြစ် ၏။ ဘုရင်စနစ်ကို ဖြိုချသူများ မဟုတ်ပေ။ သို့သော် ကျေးကျွန်တော်လှန် ရေးသမားခေါင်းဆောင် စပါတာကတ် လိုလူမျိုး၊ ပြင်သစ်ဘုံအဖွဲ့က ဘုရင်စနစ် ကို ချေမှုန်း လိုသူများမှာမူ မိမိတို့ အာဏာရလိုမှုအတွက် မဟုတ်ဘဲ ပြည်သူလူထုဘက်မှနေ ရက်စက်သော ဘုရင်စနစ်ကို ထောင်ထားခြားနား သူများ ဖြစ်ပါသည်။

သို့သော် ဒီမိုကရေစီ ပေါ်ထွန်းစ အရင်းရှင်စနစ်၌မူ အရင်းရှင်အစိုးရကို ဆန့်ကျင်သူများအား ထောင်ထားခြား နားသူများဟု မခေါ်နိုင်။ သူသေကိုယ် သေ တိုက်ခိုက်သူများ ကို သူပုန်များ တော်လှန်ရေးသမားများဟု ခေါ်နိုင် သော်လည်း အစိုးရကို ဆန့်ကျင်သော၊ ဆန့်ကျင်အောင် တိုက်တွန်းလှုံ့ဆော်သူ များကိုမူ အတိုက်အခံ များဟု ခေါ်လေ သည်။ နိုင်ငံရေးဖြစ်စဉ်အရ အတိုက် အခံမှာ ရှိကိုရှိရမည်။ ရှိလည်းရှိသင့် သော ဝေါဟာရလည်းဖြစ်၊ နိုင်ငံရေး သမားလည်းဖြစ်ပေသည်။ မြန်မာစကား တွင် အတိုက်အ ခံရှိမှ အောင်မြင်တိုး တက်သည်ဆိုသော ယုံကြည်မှုလည်း ရှိ ကြပေသည်။ သဘာဝတရားအရ အဖို နှင့် အမ ပေါင်းစည်းမှုကြောင့် ဖြစ်ပေါ် တိုးတက်မှုများကို အားလုံးအသိဖြစ်ပါ သည်။ လျှပ်စစ်ဖြစ်ပေါ်မှုတွင်လည်း Positive ၊ Negative ပေါင်းစည်း၍ electricity လျှပ်စစ်ဖြစ်လာသည်ကို လည်း မမေ့အပ်ကြပေ။

မြန်မာနိုင်ငံ၏ ပါလီမန်ခေတ်တွင် အတိုက်အခံများ သည် အလွန်သြဇာကြီးလေသည်။ ဖဆ ပလအစိုးရက အတိုက်အခံ အမတ်များ ကို သီးသန့်နေရာ၊ သီးသန့်အခွင့်အရေး များ ပေးပါသည်။ နိုင်ငံခြားခေါင်းဆောင် များလာလျှင်လည်း အတိုက်အခံ ခေါင်း ဆောင်များနှင့် သီးခြားတွေ့ဆုံလေ့ရှိ ၏။ အတိုက်အခံများသည် အစိုးရမဖြစ် သည့်တိုင် တိုင်းပြည်အတွက် တိုးတက် ရာတိုးတက်ကြောင်း ဆောင်ရွက်သော အဖွဲ့အစည်းအဖြစ် အစိုးရက ယူဆ သည်။ ကောင်းမွန်သောအကြံဥာဏ် များကို လည်း ပေးလေ့ရှိ ပါသည်။

ဥရော ပပါလီမန်များ၌မူ အတိုက်အခံအမတ် များကို နေရာချထားပေးရာ၌ပင် လက်ဝဲဘက်၊ လက်ယာဘက် စသည် ဖြင့် နေရာချ ထားပေးလေ့ ရှိပါသည်။ ပါလီမန်မိခင်ဟုခေါ်သော ဗြိတိသျှ ပါလီမန်၌ပင်အတိုက်အခံခေါင်းဆောင် ကို လစာသီးသန့်ပေးသလို အိမ်၊ ကား၊ အသုံးစရိတ်စသည်ဖြင့် အစိုးရကဥပဒေ သတ်မှတ်ပြီး အတိုက်အခံအတွက်သီးသန့် ကုန်ကျစရိတ်ကို သတ်မှတ်ကာ တာဝန် ယူလေသည်။ အတိုက်အခံဆိုသော ဝေါ ဟာရကို သုံးလိုက်သည်နှင့် အစိုးရအား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမြဲဆန့်ကျင်နေသည်ဟု ယူဆသူသည် အတိုက်အခံဆိုသည်ကို မသိသော၊ နိုင်ငံရေးဆန့်ကျင်ဘက်ကို သဘော မပေါက်၍လည်းကောင်း၊ သဘောပေါက် ပါလျက် တမင်ပစ်ပယ်လို၍လည်းကောင်း ပြောဆိုခြင်းဖြစ်ပါသည်။

ယခု အာဏာရလာသော ကြံ့ဖွံ့ အစိုးရလက်ထက်တွင် လွှတ်တော်ထဲ၌ ကြံ့ဖွံ့ပါတီထဲမှ မဟုတ်ဘဲ အစိုးရအဖွဲ့ တွင် မပါဝင်သော တခြားနိုင်ငံရေးပါတီ အားလုံးမှာ အတိုက်အခံများ ဖြစ်ပါ သည်။ မဆလတစ်ဖြစ်လဲ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ တစည ပါတီ စထောင်ကတည်းက စစ်အစိုးရ ကို ဆန့်ကျင်ခြင်းမရှိခဲ့သလို ယခုအရပ် သားအစိုးရပြောင်းလဲလာသည့်အခါ တွင်လည်း အစိုးရနှင့် ထိပ်တိုက် ဥပဒေ ပြုရေးက အစ ဆန့်ကျင်ကန့်ကွက်ခြင်း မရှိခဲ့။ သို့သော် တချို့သဘောထားများ မတူလျှင် မတူသလို ကန့်ကွက် ပြောဆို ခြင်းများလည်းရှိနိုင်ပါသည်။ ထို့အတွက် တစညပါတီကို အတိုက်အခံပါတီဟု ပြောနိုင်သည်။ ထို့ပြင် NDF လို၊ အမျိုးသားဒီမိုကရေစီပါတီသစ်လို ပါတီ များမှာလည်း အတိုက်အခံပါတီများပင် ဖြစ်၏။

NLD ပါတီဆိုလျှင် အလွန်အင်အားကြီးသော အတိုက်အခံပါတီ ကြီးဟု သတ်မှတ်ရပေမည်။ တိုင်းရင်း သားလူမျိုးစုပါတီများဆိုလျှင် အစိုးရ၏ မူဝါဒအတော်များများကို ကန့်ကွက်ကြ လေသည်။
ထိုကဲ့သို့ အစိုးရနှင့် သဘော ထား တူညီ သည် ဖြစ်စေ၊ မတူညီသည် ဖြစ်စေ အစိုးရ၏လုပ်ရပ်များကို ဝေဖန် သူများမှာ နည်းနည်းပင် ဝေဖန်ဝေဖန်၊ များများပင် ဝေဖန်ဝေဖန် အတိုက် အခံပင် ဖြစ်သည်။
အတိုက် အခံဆို သည်မှာ အမြဲဆန့်ကျင် ဝေဖန်နေသူ၊ ကောင်းကောင်း၊ ဆိုးဆိုး အမြဲဆန့်ကျင် ဘက်တွင်ရှိသူ၊ တစ်နည်းပြောရလျှင် ပုန်ကန်သူဟု သတ်မှတ်သူ များမှာ နိုင်ငံ ရေးပါးမဝရာ ကျလေသည်။
အတိုက် အခံသည် အစိုးရနှင့်လည်း လက်တွဲ လုပ်ကိုင်လေသည်။ ထိုသို့ အစိုးရနှင့် လက်တွဲလုပ်ကိုင်နေ၍ အတိုက် အခံဟု မသတ်မှတ်၍လည်း မရပေ။ အစိုးရနှင့် တစ်ဖွဲ့တည်းသား အစိုးရလူဟုလည်း သတ်မှတ်၍မရပေ။ အတိုက်အခံတို့ သည် တိုင်းပြည်၏ အကျိုးစီးပွားအ တွက် အစိုးရ၏ အမှားများ၊ ချို့ယွင်းချက်များ ကို ထောက်ပြဝေဖန် ဆန့်ကျင်မှု ရှိနေ ရပါမည်။

”အတိုက်အခံရှိမှ တိုးတက်သည်” ဆိုသော စကားမှာ အမှန်ဖြစ်၏။ ”ဆန့် ကျင်ဘက်တို့၏ ပေါင်းစည်းမှု” ဆိုသည့် သဘောတရားမှာလည်း အမှန်ဖြစ်၏။ Positive နှင့် Negative ပေါင်းစည်း ၍ လျှပ်စစ်ဓာတ်ဖြစ်ပေါ်လာသည်မှာ လည်း အမှန်ဖြစ်၏။ အဖိုနှင့်အမပေါင်း စည်း၍ မျိုးဆက်များ ဖြစ်ပေါ်လာရသည် မှာလည်း အမှန်ဖြစ်၏။ ထို့ကြောင့် အတိုက်အခံမရှိရဟူသော သဘောမှာ မှားသည်။ ဆန့်ကျင်ဘက် အတိုက်အခံ မရှိဘဲ တစ်သွေးတည်း၊ တစ်သံတည်း၊ တစ်ခုတည်း ရှိနေလျှင် မည်သည့်အခါမှ တိုးတက်ကြီးပွားခြင်းရှိလိမ့်မည်မဟုတ် ပေ။ မိမိ၏စဉ်းစားတွေးခေါ်မှုထဲမှာ ပင်လျှင် အကောင်းရော၊ အဆိုးရော၊ ဆုတ်ယုတ်မှုရော၊ တိုးတက်မှုရောအမြဲ ဒွန်တွဲနေတတ်ပါ သည်။ ထို့ကြောင့် အတွေ့အကြုံနှင့် လက်တွေ့ ဖြစ်ပေါ်မှု မှနေ အမှန်ကို ရှာဖွေတွေ့ရှိခြင်း ဖြစ် သည်။

ပါလီမန်ခေါ် လွှတ်တော်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားတိုးတက်မှုကို ဖော်ဆောင်ရာ၊ ထိုနိုင်ငံ၏ အကောင်း အဆိုးကို ဆုံးဖြတ်ပေးရာ၌ ထိပ်ဆုံးတွင် ရှိသောနေရာဖြစ် ပါသည်။ လွှတ်တော် အမတ်များမှာ ပြောသမျှ ခေါင်းညိတ်နေ ပြီး အာဏာရှင်တို့၏ လွှတ်တော်ဖြစ် သွားသည်။ လွှတ်တော်ထဲတွင် အတိုက် အခံများ ရှိရပေမည်။ တိုင်းပြည်၏ အရေးကြီးအချက်များကို လက်ခံဆွေး နွေးရလေသည်။

အစိုးရအဖွဲ့က တင် သွင်းတိုင်း လက်ခံရမည်မဟုတ်။ အတိုက်အခံမရှိဘဲ အစိုးရတင် သွင်း တိုင်း ခေါင်းညိတ်လျှင် မဆလလွှတ် တော်နှင့် ဘာထူးတော့မည်နည်း။ ထို့ကြောင့် အစိုးရအဖွဲ့၏ ပါတီမဟုတ် သော NLD ပါတီနှင့် အခြားပါတီများမှာ အတိုက်အ ခံပါတီဖြစ်သည်နှင့်အညီ တင်သွင်းလာသော ဥပဒေများကို ဝေဖန်ထောက်ပြကာ မှန်လျှင်မှန်သလို၊ မှားလျှင်မှားသလို ဝေဖန်ပြီး လုပ်ဆောင် မှသာလျှင် ပြည်သူ့ဘဏ္ဍာကို ရယူနေသော လွှတ်တော်အမတ်များ တာဝန် ကျေရာ ကျပေမည်။

ယခုဖြစ်ပေါ်နေ သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်မှ မဆွေးနွေးဘဲ အားလုံးသဘော တူလိုက်ခြင်းမျိုး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ကို တက်တက်ကြွကြွ မလုပ်ဆောင်ခြင်း မျိုး၊ မှတ်ပုံတင်ဥပဒေကို လွှတ်တော် အမတ်များက မဆိုင်သလို လုပ်နေခြင်းမျိုးမှာ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်နေ သလို ဖြစ်နေပါသည်။ အရေး ကြီးသည်မှာ အတိုက်အခံအမတ်များသည် ပြည်သူကို ထောက်ထားစာနာ ရမည်။ ငါတို့သည် ပြည်သူက တင် မြှောက် ထားပြီး ပြည်သူကို အမြဲအလေး ထားရမည်။ ဥပဒေပြုရန်နှင့် အစိုးရကို ထောက်ပြဝေဖန်ရန် တာဝန်ရှိ၏။ ထို့ကြောင့် အတိုက်အခံဆိုသည်မှာ မလွဲမသွေ ရှိရမည် ဖြစ်ပေသည်။

ထက်မြက်

ထက်မြက်
မူရင်း--opular Myanmar News Journal
ဖော်ဝပ်မေးလ်မှ ၇ရှိပါသည် (ဟစ်တိုင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...