Tuesday, August 6, 2013

တရားမျှတမှု ရရှိဖို့ ဆိုတာ ဒီမိုကရေစီ ရှိနေရုံနဲ့ မလုံလောက်

Mungdung La's photo.


  • လူကို မူတည်ပြီး နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ရောထွေးယှက်တင် ဖြစ်ကာ လူ နဲ့ နိုင်ငံရေး မကွဲရင် နိုင်ငံမှာ အကောင်းထက် အဆိုးဖြစ်ဖို့က ပိုများပါတယ်။ ဒီလို အခြေအနေမျိုးကို ဒီမိုကရေစီ အကျင့်၊ အလေ့အထ နဲ့ ဓလေ့ မရင့်သန်တဲ့ နိုင်ငံတွေမှာ များသောအားဖြင့် တွေ့ရ တတ်ပါတယ် ။
    ဒီမိုကရေစီစနစ် အမြစ်တွယ်နေပြီ ဖြစ်တဲ့ အနောက် နိုင်ငံကြီးတွေမှာ နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေး နဲ့ တသီးတခြား ဖြစ်နေပြီး “လူ” ကို ကိုးကွယ်တဲ့ ကိစ္စ မရှိသလောက် နည်းကာ “မူ” ကို သာကြည့် ဝေဖန်သုံးသပ် ၊ ဝါဒ ၊ လမ်းစဉ် နဲ့ ရပ်တည်ချက်ကိုသာ အလေးပေးစဉ်းစားတဲ့ နိုင်ငံရေး ဓလေ့သာ ရှင်သန်ပါတယ် ။ ဒါဟာ ပိုမိုကောင်းမွန် လွတ်လပ် ၊ မျှတတဲ့ လူ့ အဖွဲ့အစည်းဖြစ်ဖို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေအနေတခု ဖြစ်ပါတယ်။

    မြန်မာလူငယ်တွေ ဘာကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ အပူတပြင်း ကြိုးစားနေကြ ပါသလဲ ။ .....?????? ပျော်လို့ လား ။ မြန်မာပြည်ကကွ ဆိုပြီး ရင်ကော့ ခေါင်းမော့လို့ အမောက်ထောင်ပြချင်ကြလို့ လား ။ တက်မြေက် ကျွမ်းကျင်ထားတဲ့ ပညာရပ်တွေကို ပြည်ပမှာ ကြွားဝါး ပြသချင်လို့ များလား ။ ကျနော်ရဲ့ ဝေ့နေတဲ့ မေးခွန်းရဲ့ အဖြေကို သိနှင့် နေကြ မှာပါ ။

    အကြောင်းအရာ များစွာရှိသည့်အနက် အခြေခံကျသည့် အများစုမှာ အလုပ်လက်မဲ့ ၁၀၉/၁၁၀ ဘ၀မှ ရုန်းထွက်လိုမှု ၊ အလုပ်ရှိသော်လည်း ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေလို့မရတဲ့ ဝင်ငွေ အဆင့်အတန်း နိမ့်ကျ ဆုတ်ယုတ်နေမှု ၊ လစာနည်းပါးသည့် လုပ်ငန်းဌာန များတွင် အလုပ်ဟု ဆိုသော်လည်း တာဝန် ကျေပွန်စွာ မှန်မှန်ကန်ကန် လုပ်ဆောင်နေရရုံ သက်သက် မဟုတ်ပဲ ငွေမည်း ( သို့ ) လုပ်ပိုင်ခွင့် ရရာနေရာ၌ လုယက် တိုက်ခိုက် နေရာလုခြင်းများမှ လွတ်မြေက် ရုန်းထွက်လိုမှု ၊ စသည့် ရှိရှိသမျှ ဒုက္ခ ၊ ဆင်းရဲခြင်း အပေါင်းက လွတ်မြောက် ရုန်းထွက်လိုတဲ့ ဆန္ဒများနှင့် ပြည်ပနိုင်ငံများသို့ ကြုံရာ ရရာ အလုပ်လုပ်ကြရင်း မိသားစု စားဝတ်နေရေး ( သို့ ) ဘ၀တစ်ခု ထူထောင် လွတ်မြောက်ရေးအတွက် ရုန်းကန် ကြိုးစား ရပါတယ် ။ ဘာသာစကားနဲ့ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်း အစဉ်အလာ ၊ လူနေမှု အကျင့်စရိုက်တွေ မတူကွဲပြားတဲ့ ရေခြားမြေခြား တိုင်းတပါးမှာ နှစ်နဲ့ချီ အနေကြာလာမှ အသားကျမဲ့ အခြေအနေမှာ စိတ်ဖိစီးမှု မျိုးစုံကို ခါးစီးကြိတ်ခံရင်း အဆင်ပြေဆုံး ဖြစ်အောင် ကြိုးစား ရုန်းကန်နေကြ ပါတယ်။

    ဘ၀မျိုးစုံ ၊ အခြေအနေမျိုးစုံက ကိုယ့်အကြောင်းနဲ့ ကိုယ် ရုန်းကန်နေကြ ရပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတာ ၊ လုပ်ခလစာ နဲ့ အဆင်မပြေနိုင်တာ ဘာလို့လဲ ဒါတွေဟာ ဘယ်သူ့ကြောင့် လဲ။

    တရားခံက ရှင်းရှင်းလေး ပါ ။ ဒီ ပြဿနာတွေ ကြီးထွားလာစေတာ ပြေလည်အောင် ဘယ်လို ဖြေရှင်းမှုမှ မရှိပဲ ၊ တိုင်းပြည်အပေါ် စေတနာတရားထားပြီး အမှန်အတိုင်း ဖြေရှင်းမှု မရှိပဲ ကိုယ်ကျိုးကြည့် ဖိနှိပ်ရက်စက်စွာ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ခေါ် ပြည်သူ့ အာဏာလုတဲ့ အစိုးရကြောင့် ပါ ။

    တရားမျှတမှု ရရှိဖို့ ဆိုတာ ဒီမိုကရေစီ ရှိနေရုံနဲ့ မလုံလောက် သေးဘူး ။ ဒီမိုကရေစီဆိုတာ လူသားရဲ့ အခြေခံ အခွင့်အရေး သာလျင် ဖြစ်တယ် ။ အဲ့ဒီ အခြေခံ အခွင့်အရေး နဲ့ လူ့ အခွင့်အရေး ဖွံ့ဖြိုး တိုးတက်မှုကို အပြန်အလှန် ချိတ်ဆက် ထားမှသာ လူ့ ဂုဏ်သိက္ခာကို ပြည့်ဝစေမှာ ၊ တရားမျှတမှုကို ရှာဖွေပေးရာ ရောက်မှာ ဖြစ်တယ် ။ လူ့ အခွင့်အရေးလို့ ဆိုရာမှာလည်း နိုင်ငံသား အခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ၊ ဆန္ဒထုတ်ဖော်ခွင့် ၊ အဖွဲ့အစည်း ဖွဲ့စည်းခွင့် အပြင် အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ အစားအစာ ၊ နေအိမ် ၊ ဘ၀လုံခြုံမှု အခွင့်အရေး တွေကိုလည်း အပြည့်အ၀ ပေးအပ်ထားဖို့ လိုတယ် ။

    Aung Kyi Oo ( Aung Oo ) ၊ Photo - Yamadaw Aungsein

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...